NRPC နှင့် RCSS ခေါင်းဆောင်များ အလွတ်သဘောတွေ့ဆုံ(သတင်းဓာတ်ပုံ)

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိနေသည့် အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အဖွဲ့မှ အငြိမ်းစား ဒုတိယ ဗိုလ်ချူပ်ကြီး ခင်ဇော်ဦး ဦးဆောင်သည့် အဖွဲ့နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တို့ ယနေ့ သြဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ Kham Mon Lanna Hotel တွင် အလွတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ယနေ့အလွတ်သဘောဆွေးနွေးပွဲတွင်ငြိမ်းချမ်းရေး ရှေ့ဆက်သွားနိုင်ရန်အတွက် လိုအပ်သည့် bilitral ညှိနိုင်းမှုများကို အဓိကထား ဆွေးနွေးသွားရန်ရှိသည်ဟု သိရသည်။

ဆွေးနွေးပွဲသို့ RCSS/SSA မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွတ်စစ် နှင့်အတူ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းငင်း၊ ဗိုလ်မှူးကြီး ဆောင်းဟန်၊ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဟန်၊ ဗိုလ်မှူး စိုင်းစိဏ်းသျှဲန်မိုင်၊စိုင်းလျန်း တို့တက်ရောက်ခဲ့ကြသည်။

အစိုးရဖက်မှ အငြိမ်းစား ဒုတိယ ဗိုလ်ချူပ်ကြီး ခင်ဇော်ဦး၊ ဦးလှမောင်ရွှေ၊ ဦးဇော်ဋ္ဌေး၊ ဦးမိုးဇော်ဦး၊ ဒေါက်တာ ကျော်ရင်လှိုင်၊ ဦးကျော်လင်းဦး တို့ တက်ရောက်ခဲ့ကြသည်။