PPST အစည်းအဝေး စတင်ကျင်းပ (သတင်းဓာတ်ပုံ)

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်။

NCA အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သြဂုတ် ၂၁ ရက်နေ့ ယနေ့တွင် စတင်ကျင်းပ နေကြသည်။

အစည်းအဝေးကို NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်နေကြပြီး သြဂုတ်လ ၂၁ ရက်မှ ၂၄ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဟု သိရသည်

အစည်းအဝေးတွင် လက်ရှိ တစ်ဆို့နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရန် အပြင် ၂၀၂၀ မတိုင်ခင်နှင့် ၂၀၂၀ အလွန် လုပ်ဆောင်မည့် ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ်များနှင့် အစိုးရကဖက်က အဆိုပြုထားသည့် the way forward for peace process ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်မယ့် လမ်းကြောင်းများစသည်တို့ကို ဆွေးနွေးကြမည်ဟု သိရသည်။

ထို့အပြင် ပြီးခဲ့သည့် မေလ ၁၄ ရက်ကနေ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့်တစ်နိုင်ငံံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ စတုတ္ထအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး(ပထမပိုင်း) မှ မပြီးပြတ် သေးသည့် PPST မှ PPCM သို့ ပြောင်းလဲ ဖွဲ့စည်းမည့် ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေး ကြမည်ဖြစ်သည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသား အစည်း အရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမို ရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။