အစိုးရနှင့် ဆက်ဆွေးနွေးရန် PPST အလုပ်အဖွဲ့ ဖွဲ့စည်း (သတင်းဓာတ်ပုံ)

သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်။

PPST အစည်းအဝေးကို မူလက သြဂုတ်လ ၂၁ ရက်ကနေ ၂၄ ရက်နေ့အထိသာ ကျင်းပပြုလုပ်မည် သိရသော်လည်း ဆွေးနွေးမှုများ မပြီးပြတ်သည့်အတွက် သြဂုတ်လ ၂၅ ရက်နေ့တွင် တစ်ရက်ထပ်တိုးကာ နောက်ဆုံးရက်အဖြစ် ကျင်းပပြုလုပ်နေကြသည်။

NMG 7

အစည်းအဝေးတွင် အစိုးရက အဆိုပြုထားသည့် အချက် ၄ ချက်ပါသောthe way forward for peace process ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်မယ့် လမ်းကြောင်းများဆိုသည့် ကိစ္စရပ်များကို ဆွေးနွေးရန် ၁၀ ဦးပါသည့် အလုပ်အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ကြပြီး ၎င်းအလုပ်အဖွဲ့ကို RCSS/SSSA မှ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းငင်းက ဦးဆောင်မည်ဟု သိရသည်။

NMG 1

အစိုးရဖက်မှ အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကို တော်လှန်ရေး အဖွဲ့အစည်းများထံ အဆိုပြုတင် ပြဆွေးနွေးလာသည့် အကြောင်းအရာများမှာ NCA အကောင်အထည်မှုဆိုင်ရာ ကိစ္စရပ်များ၊ ၂၀၂၀ မတိုင်ခင် နှင့် ၂၀၂၀ ပြီးနောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် အခြေခံမူရေးဆွဲရေး ကိစ္စရပ်များနှင့် NCA ထိုးပြီးနောက်ပိုင်း ကြားကာလဆိုင်ရာ ကိစ္စရပ်တို့ ဖြစ်သည်။

NMG 6

PPST ကို သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၈ ဖွဲ့ဖြင့်သာ ဖွဲ့စည်း ခဲ့ကြပြီး NLD အစိုးရလက်ထက်တွင် လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူးဒီမိုကရက်တစ် အစည်းအရုံး LDU တို့မှာ PPST အဖွဲ့ဝင်အဖွဲ့အစည်း မဟုတ်သော်လည်း PPST က ကျင်းပပြုလုပ်သည့် အစည်းအဝေးများကို လေ့လာသူများအဖြင့် တက်ရောက်ခဲ့ကြသည်။

NMG 4

ယခုကျင်းပသည့် PPST ၏ အစည်းအဝေးတွင် ၄ ရက်မြောက်နေ့၌ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုက ရက်တစ်အစည်းအရုံး LDU တို့ကို PPST ၏ အဖွဲ့ဝင် အဖွဲ့အစည်းများအဖြင့် လက်ခံအတည်ပြုလိုက်သည်အတွက် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၁၀ ဖွဲ့လုံး PPST အဖွဲ့ဝင် အဖွဲ့အစည်းများ ဖြစ်လာသည်။

NMG 5

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသား အစည်း အရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမို ရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။

NMG 2

NMG 8