ရှမ်းမြောက်တိုက်ပွဲနဲ့ စစ်ဘေးရှောင်နောက်ဆုံး အခြေအနေ။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် သြဂုတ်လ ၁၅ ရက်မှ စတင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ယနေ့အထိတိုက်ပွဲများ ပြင်းထန်စွာဆက်လက်ဖြစ်ပွားနေပြီး စစ်ဘေးရှောင်များလည်း တစ်ရက်ထက်တစ်ရက် များလာနေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများက ပြောပါတယ်။ လက်ရှိအချိန်အထိ စစ်ဘေးရှောင်ဦးရေ ဘယ်လောက်ရှိနေပြီလဲ။ ဘာတွေ အဓိ ကလိုအပ်နေသလဲ၊ ရှမ်းပြည် နယ်မြောက်ပိုင်း လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (HST-NSS) က အစိုးရနဲ့ သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဘာတွေများတောင်းဆိုထားကြပါသလဲ။ HST-NSS ပြောရေးဆိုခွင့်ရှိသူ ဦးဟောင်းဒေါင်ကို သတင်းနှင့် မီဒီယာကွန်ရက်က ဆက်သွယ်မေးမြန်းထားပါတယ်။ ရုပ်သံမှာ ကြည့်ရှု့နိုင်ပါတယ်။