ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ် အပိုင်း(၃၇)
၂၀၁၀ ခုနှစ်လောက်ကစပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်နေတယ်လို့ ပြောဆိုခဲ့ပေမယ့် တိုင်းရင်းသားပြည်နယ်တွေမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်လာတာ ဒီနေ့အချိန်ထိလို့ ဆိုရမှာပါ။ ပြည်တွင်းစစ်မီးကလည်း အချိန်တိုအတွင်း ငြိမ်းနိုင်မယ့် အလားလာမတွေ့ရသေးသလို တိုင်းရင်းသားပြည်သူတွေကလည်း လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုးကို ခါးစည်းခံနေရကြရပါတယ်။
“နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားတဲ့ဥပဒေ တနည်းအားဖြင့် စစ်ဥပဒေလို့လည်း ခေါ်ကြတယ်၊ စစ်ဥပဒေဆိုတာကတော့ စစ်တိုက်တဲ့အခါမှာ ဘက်နှစ်ဘက်လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေပဲ။ အဲ့ဒါတွေရဲ့ အသေးစိတ်ကို သက်ဆိုင်ရာ တိုင်းပြည်မှာ စစ်ဘက်ဆိုင်ရာဥပဒေ အဖြစ်နဲ့ ပြဌာန်းရတယ်။ အဲ့တော့ လက်တွေ့ ပြဿနာက ဘာလဲဆိုတော့ နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားတဲ့ဥပဒေ စစ်ဥပဒေကို မြန်မာနိုင်ငံက အတည်ပြုလက်မှတ်ရေးထိုးထားသော်ငြားလည်းပဲ အဲ့ဒါကို ကနေ့အချိန်မှာ မှိန်ထားလိုက်ပြီ။ လက်ရှိ တက်နေတဲ့ NLD အစိုးရကရော မြန်မာစစ်ခေါင်းဆောင်တွေကရော ဘယ်တုန်းကမှ ဒါကို ထုတ်ဖော်ပြီးတော့ အတည်ပြုပြောကြားတာ မရှိတော့ဘူး။ ဒါတစ်ချက် ပိုဆိုးတာကတော့ ခုနကပြောတဲ့ စစ်ဘက်ဆိုင်ရာဥပဒေကိုလည်းပဲ လွှတ်တော်က ပြဌာန်းပေးခြင်းမရှိဘူး။ အဲ့တော့ လွှတ်တော်က ပြဌာန်းမပေးသော်လည်းပဲ နိုင်ငံတကာဥပဒေက မြန်မာနိုင်ငံအပေါ် သက် ရောက်တယ်။ အတည်ဖြစ်တယ်။ အဲ့ဒါအရဆိုရင် ဘက်နှစ်ဘက်စစ်တိုက်တဲ့အခါမှာ အဲ့ဒီနိုင်ငံတကာ စစ်ဥပဒေကို လိုက်နာရတယ်။” ဦးအောင်ထူး (လူ့အခွင့်ရေးရှေ့နေ) ဥပဒေအထောက်အကူပြုကွန်ရက်-LAN
ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထား တာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ရး၄၅ မှာ အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့်ပေး နေပြီဖြစ်ပါတယ်။
တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို တနလာၤနေ့ မနက် – ၉း၄၅၊ ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅ ကြာသာပတေးနေ့ – ည ၁၀း၄၅ တို့မှာ Mizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။