ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ် အပိုင်း ( ၃၈)
သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ အပစ်ရပ်ပြီး နိုင်ငံရေး အာမခံချက်တွေနဲ့အတူ ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်မှသာ လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခများနှင့် ဆက်စပ်နေတဲ့ စစ်ဘေးရှောင်ပြသာနာများကို အဆုံးသတ်နိုင်လိမ့်မယ်လို့ တိုင်းရင်းသားခေါင်းဆောင် တွေနဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။
“ဒီလိုမျိုးနေရာမှာ လုပ်ကိုင် စားသောက်ရတာလည်း ဘာမှလည်း အဆင်မပြေဘူး။ အခု NGO တွေ ထုတ်ပေးနေလို့သာ အသက်ရှင်ရတာ ကိုယ့်ရဲ့ ရည်မှန်းချက်ဆိုတာ ဘာတစ်ခုမှ ထားလို့ မရဘူး။ ဒီလအတွက် နောက်လအတွက် NGO တွေ ဆန်ထုတ်ပေးရင်စားမယ် ဒီလောက်ပဲ ရှိတော့တယ်။ ကျမတို့မှာ ရှေ့ရေး ဘာလုပ်ရမယ် ဘာကိုင်ရမလဲ ဘာစီးပွားရေး လုပ်ရမလဲဆိုတာကလည်း ရှေ့ရေးဘာမှစဉ်းစားလို့ မရဘူးဖြစ် နေတယ်။ အဲတော့ အားလုံး ပြန်ချင်တယ် ပြန်တဲ့အခါမှာလည်း ပစ်စလက်ခတ် မပြန်ချင်ဘူး နှစ်ဖက် အစိုးရ ကောင်း ကောင်းညှိနှိုင်း ပြီးမှ အာမခံချက် ကောင်းကောင်းပေးတဲ့နေ့ အားလုံးပြန်မယ်” ဒေါ်ခါတွမ် ဂျေယန့် IDPs စခန်း (ပန်ဆောင်ကျေးရွာ)
ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထား တာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ရး၄၅ မှာ အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့်ပေး နေပြီဖြစ်ပါတယ်။
တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို တနလာၤနေ့ မနက် – ၉း၄၅၊ ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅ ကြာသာပတေးနေ့ – ည ၁၀း၄၅ တို့မှာ Mizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။