အပစ်ရပ် ကြေညာထားသည့် တပ်မတော်နှင့် TNLA တိုက်ပွဲများကြောင့် ရွာသား ၇၀၀ ကျော် ထွက်ပြေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်။
တပ်မတော်နှင့် တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA တို့ အကြား ဖြစ်ပွား နေသည့် တိုက်ပွဲများကြောင့် ဒေသခံ ၇၀၀ နီးပါးခန့် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေသည်ဟု ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော် ကပြောသည်။
“ဒုက္ခသည်က နမ့်ဆန်မြို့ ဇယန်းကြီး ဘုန်းကြီးကျောင်းမှာကတော့ ၃၆၉ ယောက်ကတော့ ရောက်နေပြီး ဒါပေမယ့် ဘုရားကြီး အုပ်စုဘုန်းကြီးကျောင်းမှာလည်း ရောက်နေတယ်။ အားလုံးက ၇၀၀ ဝန်းကျင်လောက်ရှိ နေတယ်” ဟုပြောသည်။
လက်ရှိတွင် စစ်ဘေးရှောင်များအတွက် အခြေခံ စားသုံးကုန်များနှင့် လူသုံးကုန်များလိုအပ်နေသည်ဟု ဦးသိန်း ဇော်က ဆက်ပြောသည်။
“အဓိကကတော့ ထိခိုက်ဒဏ်ရာ ရတဲ့လူတွေကတော့ ဒါ ဆေးဝါး ကသမှုအပိုင်းတွေကတော့ ကျနော်တို့ လိုအပ် သလို စားဖို့သောက်ဖို့လည်း ကျနော်တို့ လိုအပ်တယ်။ အဓိကက စားဖို့သောက်ဖို့ပါပဲ။ ပြီးရင် ဒီအချိန်မှာ ကျ တော့ နေရာထိုင်ခင်း မိုးတွင်းကာလ ဖြစ်တဲ့အခါကျတော့ ဒီအတိုင်းပဲ ကိုယ်ရုန်းလွတ်ပြီး ထွက်ပြေးနေတဲ့ လူ တွေ က တော့ ဘယ်လိုပဲဖြစ်ဖြစ် အိပ်ရာ လိပ်တွေကတော့ သယ်လာတာ မဟုတ်ပါဘူးပေါ့နော။ ဘုန်းကြီးကျောင်းမှာရှိနေတဲ့ အခင်းလောက်နဲ့ပဲ ဒီအတိုင်း အိပ်နေတာပေါ့နော”
နမ့်ဆန်မြို့ရှိ ဇယန်းကြီး ဘုန်းကြီးကျောင်းကို ရောက်ရှိနေသည့် ဒေသခံများကို လူမှုကူညီရေးအဖွဲ့များနှင့် ဒေသ ခံများက စားဝတ်နေရေးအတွက် ကူညီလုပ်ဆောင်ပေးနေသော်လည်း ဘုရားကြီး အုပ်စုဖက်သို့ ရောက်ရှိ နေ သည့် ဒေသခံများမှာ ကူညီမှု မရောက်ရှိသေးသည့်အတွက် အကူအညီများ လိုအပ်နေသည်ဟု ရှမ်းပြည်နယ်လွှတ် တော်ကိုယ် စားလှယ်က ပြောသည်။
“မြိုပေါ်မှာကျတော့ မြို့ပေါ်မှာ ရှိနေတဲ့ လူမှု ကူညီရေး အသင်းတွေရယ် အဲဒီမှာ လုပ်ငန်းရှင်တွေရယ် စေတနာ ရှင်တွေကတော့ ဆန်၊ဆီ၊ဆားတွေ လာပေးကြတယ်။ မြို့ပေါ်မှာရှိတဲ့ လူမှု့ကူညီရေးအသင်းတွေက ဝိုင်းဝန်း ပြီးမှ သူတို့ကို ချက်ပြုတ်ကျွေးမွေးတဲ့ဟာတွေရှိတယ် ခင်ဗျား။ ဘုရားကြီးဖက်က အခြေအနေက ရပ်ရွာအနေနဲ့ ဝိုင်းပြီး မှ ချက်ကျွေးနေတာပဲ သိရတယ်။ ဒါပေမယ့် တစ်ဦးတစ်ယောက်မှ လာရောက်လှူဒါန်းခြင်း ပံ့ပိုးခြင်းတော့ မရှိဘူး ပေါ့နော ဒါသွားဖို့လာဖို့က အခြေအနေ မပေးတဲ့အခါကျတော့ သွားမယ့်လူလည်း မရှိသေးပါဘူးခင်ဗျား”
စက်တင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်နေ့တို့တွင် တပ်မတာ်နှင့် PSLF/TNLA တို့ အကြား နမ့်ဆန်မြို့ရှိ တောင် ရိုးဘုရားတောင်ပေါ်တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ကျေးရွာအတွင်းသို့လည်း လက်နက်ကြီးများ ကျရောက် ပေါက်ကွဲသည့်အတွက် အဆိုပါဒေသအနီးတစ်ဝိုက်ရှိ ဒေသခံများမှာ ဘေးလွတ်ရာ သို့ ထွက်ပြေးတိမ်း ရှောင်လာကြခြင်းဖြစ်သည်။
ယနေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ပန်တူအူရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အသက် ၆၅ နှစ် အရွယ်ရှိ ဒေသခံတစ်ဦး လက်နက်ကြီး ကျည်ထိမှန်ကာသေဆုံးသွားသည်ဟု သိရသည်။
နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထုကို သနားငှဲ့ညာသောအားဖြင့် တိုက်ပွဲများကို ရပ်တန့်ပေးရန် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်က တောင်းဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများမှ အပစ်ရပ်ထားသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
တိုက်ပွဲကြောင့် ဒေသခံများမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကြောင့် ကြောက်စိတ်များ ပိုမိုကြီးထွား လာနေပြီး ကျီးလန့်စာ စားဘဝဖြင့် နေထိုင်သွားလာနေရသည်ဟု ဆိုသည်။