တိုင်းရင်းသား ဘာသာ သတင်း အစီအစဉ် (မြန်မာဘာသာ) ၇-၁၀-၂၀၁၉ ။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ကချင်ခရစ်ယာန်အသင်းတော်ပိုင် အသက်သာသစ်သမ္မာကျမ်းစာသင်တန်း နေရာကို စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ က အကြောင်းပြချက်မရှိဘဲ ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။
ရှမ်းပြည်နယ်မှာရှိတဲ့ ညောင်ရွှေဟော်နန်းကို ပြန်လည်ရရှိဖို့ ညောင်ရွှေစော်ဘွား ကြီးရဲ့သမီးတော်က နိုင်ငံတော်သမ္မတဆီကို ၅ ကြိမ်မြောက် စာပေးပို့တောင်း ဆိုခဲ့ပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့ကို ထွက်ပြေးခိုလှုံနေကြတဲ့ ရသေ့တောင်မြို့နယ်က အငူမော်ကျေးရွာသား ၁ဝဝ ကျော်ဟာ စားဝတ်နေရေး အခက်အခဲကြုံနေရပါတယ်။