တိုင်းရင်းသား ဘာသာ သတင်း အစီအစဉ် ( မြန်မာဘာသာ) ၁၄ – ၁၀ – ၂၀၁၉ ။

၂၀၂၀ မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ ဖက်ဒရယ် မူဝါဒနဲ့ပတ်သက်တဲ့ အခြေခံ အုတ်မြစ်တွေကို ချမှတ်နိုင်ဖို့လိုအပ်တယ်လို့ အပစ်ရပ်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ယာယီ အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ကချင်ပြည်နယ်မှာတော့ စစ်ဘေးရှောင်စခန်းက မသန်စွမ်းသူတွေရဲ့ လက်မှုထုတ်ကုန်တွေအတွက် ဈေးကွက်ဖန်တီးပေးဖို့ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။

နှစ်ပေါင်း ၂ဝ ကျော် အခြေခံကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ နယ်လှည့် ကျောပိုးအိတ်လုပ်သားအဖွဲ့အနေနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ အခြေခံကျန်းမာရေး ဝန်ဆောင်မှုတွေကို ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။