တိကျသည့် ဆွေးနွေးမှု ရလာဒ်များပေါ်ထွက်ရန် စစ်ရှောင်များမျှော်လင့်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်။
ကေအိုင်အို အပါအဝင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ နှင့် အစိုးရ၊ တပ်မတော်တို့ လာမည့် တွေ့ဆုံနွေးဆွေး ပွဲတွင် တိကျသေချာသည့် ရလာဒ်ကောင်းများထွက် ပေါ်စေလိုသည်ဟု ကချင်ပြည်နယ်ရှိ စစ်ဘေး ရှောင်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဘာသာရေး ခေါင်းဆောင်များက ပြောသည်။
ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးမှာ ကေအိုင်အို အပါအဝင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့၏ ပဏာမ အပစ်ရပ်စာချုပ် Bilateral လက်မှတ်ရေး ထိုးနိုင်ရေးအပေါ် မူတည်နေသည့်အတွက် အောက်တိုဘာလ အတွင်း ပြုလုပ်မည့် တွေ့ဆုံဆွေးနွေးပွဲတွင် အပစ်ရပ် လက်မှတ်ရေးထိုးနိုင်သည့်အထိ ဆွေးနွေးပေးစေချင်သည်ဟု စစ်ဘေးရှောင်များက ပြောသည်။
မြစ်ကြီးနားမြို့ ၊ မော်တောင်းကျေးရွာရှိ ဂျော်မဆတ်စစ်ဘေးရှောင်စခန်းက စခန်း ဒု-တာဝန်ခံ ဦးမုန်ဘန်က “အခု နောက်ထပ် ဆွေးနွေးမယ်ဆိုရင်လည်း နှစ်ဖက်ကနေ တိတိကျကျ ရနိုင်တဲ့အဖြေပေါ့နော် ရရှိအောင် ဆွေးနွေးစေချင်တယ်” ဟုပြောသည်။
အစိုးရ၊ တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့တို့ ပြီးခဲ့သည့် ကျိုင်းတုံဆွေးနွေးပွဲကို အများကြီး မျှော်လင့်ထားသော်လည်း တစ်စုံတစ်ရာ တိကျသေချာသည့် အဖြေ ထွက်မလာသည့် အတွက် ဆွေးနွေးပွဲအပေါ် စိတ်ပျက်ခဲ့ရသည်ဟု ဦးမုန်ဘန်က ဆက်ပြောသည်။
“ဘယ်နှစ်ခါဆွေးနွေး ဆွေးနွေး၊ ဆွေးနွေးပွဲ ဘယ်နှစ်ခါလုပ်လုပ် အဲ့လိုမျိုး တိကျတဲ့အဖြေတစ်ခုခုက မရရှိနိုင်ဘူး ဆိုတော့ ကျနော်တို့ လည်း စိတ်ပျက်လာတယ်လို့ ပြောရမှာပေါ့နော်။ ဘာအဓိပ္ပာယ် မရှိတဲ့ ဆွေးနွေးပွဲ လို့ပဲ ခံစားမိလာတာပေါ့နော်” ဟု ပြောသည်။
ထို့ကြောင့် နှစ်ဖက်ဆွေးနွေးဖက်များအနေဖြင့် အဖြေမရသည့် ဆွေးနွေးပွဲများ မလုပ်ရန်နှင့် စစ်ဘေးရှောင် များ၏ ဘဝကို စာနာနားလည်ပေးရန် တောင်းဆိုသည်။
“ကျနော်တို့ စစ်ရှောင်ပြည်သူတစ်ယောက်အနေနဲ့ တောင်းဆို ချင်တာက အဖြေမရတဲ့ ဆွေးနွေးပွဲက မလုပ် စေ ချင်ဘူးပေါ့။ ကျနော်တို့ အများကြီးမျှော်လင့်ခဲ့ပါတယ်။ ကျိုင်းတုံဆွေး နွေး ပွဲလည်း မျှော်လင့်ချက် ရမှာပဲ ဆိုပြီးမှ အများကြီးစောင့်ကြည့်မိတာပေါ့နော်။ စောင့်ကြည့် တယ်၊ ဒါပေမယ့် တကယ့်အဖြေက မရရှိဘူး။”
မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ ကျိုင်းတုံမြို့တွင် ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲ အပြီး သတင်းမီဒီယာများအား ဖြေကြားရာတွင် အောက်တိုဘာလ တွင် ထပ်မံတွေ့ဆုံဆွေးနွေးကြရန် နှင့် ဆွေးနွေးပွဲပြုလုပ်မည့်နေရာ နှင့် အချိန်ကို ဆက်လက် ညှိနှိုင်းရန် သဘောတူထားကြသည်ဆိုသည်။
သို့သော် ယနေ့အချိန်အထိ တွေ့ဆုံဆွေးနွေးမည့်နေရာနှင့် အချိန်ကို နှစ်ဖက်ဆွေးနွေးဖက်များက ထုတ် ဖော်ပြောဆိုလာခြင်း မရှိသေးပေ။
ကချင်ဒေသစစ်ဘေးရှောင်များ နေရပ်ပြန်ရေးမှာ ကေအိုင်အိုအပါအဝင် မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့အ စည်းများနှင့် အစိုးရ၊ တပ်မတော်တို့ အပစ်ရပ် လက်မှတ်ထိုးသည့် အပေါ်တွင် မူတည်နေသည်ဟု ကူညီ စောင့် ရှောက် ရေးကော်မတီ KHCC အဖွဲ့ မှ ခေါင်းဆောင်တစ်ဦးလည်းဖြစ်၊ ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ လည်းဖြစ်သည့် Rev. ဒေါက်တာ ခါလမ်ဆမ်ဆွန် က ပြော သည်။
“၂၀၁၁ က စတဲ့ စစ်ပွဲကြောင့် စစ်ပြေးနေရတဲ့ ပြည်သူတွေဟာ ကျနော်တို့ရဲ့ အသင်းသူ/သားများဖြစ်ပါ ပါတယ်။ အခု အဓိက စစ်ရှောင် IDPs များ နေရပ်ပြန်ရေးပဲဖြစ်ပါတယ်။ NRPC နဲ့ နှစ်ခါတွေ့ ဆုံပြီး ရွာ ၁၇ ရွေးချယ်ပြီး ပြန်ဖို့ဆွေးနွေးခဲ့တယ်။ နယ်စပ်ရော၊ အစိုးရထိန်းချုပ်နေရာရော IDPs တွေ အားလုံး ပြန်ရေးပဲ ဖြစ်တယ်။ သို့သော် အပစ်အခတ် ရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးမှ စစ်ရှောင်တွေ နေရပ်ပြန်လို့ ရမှာဖြစ် တယ်။ IDPs နေရပ်ပြန်နိုင်မှ ငြိမ်းချမ်းရေး ဖြစ်ပေါ်လာမှာ ဖြစ်တယ်။ IDPs နေရပ်ပြန်ရေးဟာ အရေးကြီး ပါတယ်။”
သို့သော်လည်း KIO/KIA အပါအဝင် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ နှင့် အစိုးရ၊ တပ်မတော်တို့ ပဏာမ အပစ်ရပ်စာချုပ် လက်မှတ်ထိုးနိုင်ရေးမှာ တစ်ဆို့နေဆဲဖြစ်သည်။
နှစ်ဖက်ကြား တစ်ဆို့နေသည့် အဓိကအချက်မှာ တပ်နေရာချထားရေးကိစ္စရပ်နှင့် လက်မှတ်ရေးထိုးပြီးပါက ပဋိပက္ခဖြေရှင်းရာတွင် ကြားနေစောင့်ကြည့်မည့် အဖွဲ့ ဖွဲ့စည်းရေးတို့ ဖြစ်သည်ဟု မြောက်ပိုင်းမဟာမိတ် အဖွဲ့ က ခေါင်းဆောင်များက ပြောသည်။
မြစ်ကြီးနားမြို့သို့ စစ်ဘေးတိမ်းရှောင်လာသည့် ဦးဆိုင်းခွန်က “ကျနော်တို့ လုပ်ကိုင်စားသောက်တဲ့ အခါ အေးအေးချမ်းချမ်းနဲ့ လုပ်ကိုင်စားသောက်ချင်တယ်။ တရားဝင် လုပ်ငန်းတွေ လုပ်ချင်တယ်။ ဒါပေမယ့် အခုချိန်ထိ ရေရေရာရာ ဘာမှလည်း မတွေ့ရသေးဘူး။ အပစ်လည်း မရပ်သေးဘူး။ ရွာထဲမှာလည်း စစ်သား တွေရှိနေသေးတယ်။ အခုချိန်ထိ တရားဝင်လုပ်ငန်းလည်း လုပ်ကိုင် ဖို့မရှိသေးဘူး။ နောက်မိသားစု၊ ကလေး တွေရဲ့ ရှေ့ရေး၊ ပညာရေး၊ တအားစိုးရိမ်တယ်။ ကလေး တွေရဲ့ ပညာရေးအတွက် အဓိက ငွေရေး ကြေးရေး လိုတယ်။ ငွေရေးကြေးရေးရဖို့အတွက် လုပ်ငန်းရှိဖို့လို တယ်။ လုပ်ငန်းက ဘာမှမရှိဘူး” ဟု ပြောသည်။
နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းများ ညှိနှိုင်းမှု တစ်စုံတစ်ရာ ရရှိကာ ပဏာမအဆင့် အပစ်ရပ်လက်မှတ် ထိုပြီးနောက် ဒေသအတွင်း လုံခြုံရေးအရ စိတ်ချရသည့် အခြေအနေမျိုးရောက်မှသာ စစ်ဘေးရှောင်များအ နေဖြင့် နေရပ်ပြန်ချင်သည်ဟု ပြောသည်။
နှစ်ဖက်တွေ့ဆုံမှုများ ကြန့်ကြာနေရခြင်းသည် နိုင်ငံတ ကာ ဖိအားများပေးနေသောကြောင့်သာ တွေ့ဆုံဆွေးနွေးပွဲများ လုပ်ဆောင်နေခြင်းကြောင့်ဖြစ်ကြောင်း ကချင်လူ မှုဖွံ့ ဖြိုးရေးကွန်ရက်အဖွဲ့ KDNG) အထွေထွေအတွင်းရေးမှူး ကိုစာဂျီးက သုံးသပ်ပြောဆိုသည်။
“အဖြေမရှိတဲ့ပုဒ်စာ သင်္ချာတွက်နေတယ်လို့ပဲ မြင်နေရတယ်။ အဖြေမရှိတဲ့ဆွေးနွေးပွဲလုပ်နေတယ် ဘယ် တော့မှ အဖြေထွက်လာမှာမဟုတ်ဘူး။ တကယ်တော့ စစ်မှန်တဲ့ငြိမ်းချမ်းရေး လိုချင်တယ် ဆိုတဲ့ဥစ္စာမတွေ့ ရှိရဘူး။ အားလုံးက သယံဇာတအရင်းအမြစ် ပြည်သူလူထုကို သိပ်ဂရုမစိုက်တဲ့အ ခြေအနေ၊ သူတို့ခေတ် မှာပဲသူတို့ ဘယ်သူသေသေ ငါမသေရင်ပြီးရော၊ ငါ့ခေတ်မှာ ငါကောင်းစားရင်ပြီးရောဆိုတဲ့ အနေအထားကို တွေ့ရှိရတယ်။ အချိန်ကုန်၊ ငွေကုန်၊ ပင်ပန်း၊ တရုတ်က ဖိအားပေးလို့၊ နိုင်ငံ ဖိအားပေးလို့ ဟန်ပြလုပ်ပြနေတဲ့ အပိုင်းမှာ ရှိတယ်။”
အစိုးရ၊ တပ်မတော်နှင့် Bilateral အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းနေသည့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA၊ ရက္ခိုင့်တပ်တော် ULA/AA၊ တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA နှင့် မြန်မာအမျိုးသားများ ဒီမိုကရက်တစ်တပ်ပေါင်းစု တပ်မ တော် (MNTJP/MNDAA-ကိုးကန့်) တို့ ဖြစ်ကြသည်။
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC တို့ ယခု နှစ် ဧပြီလ ၃၀ ရက်နေ့က ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် တစ်ကြိမ်၊ သြဂုတ်လ ၃၁ ရက်နေ့က ကျိုင်းတုံမြို့ တွင် တစ်ကြိမ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း ကျိုင်းတုံမြို့တွင် တစ်ကြိမ် တွေ့ဆုံဆွေး နွေးခဲ့ကြ သည်။
စက်တင်ဘာလ ၁၇ ရက်နေ့က တွေ့ဆုံမှုတွေ NRPC မှ တာဝန်ရှိသူများအပါအဝင် တပ်မတော် ဆွေး နွေး ညှိနှိုင်းရေးအဖွဲ့မှ ဒု-ဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သည့် အဆင့်မြင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သော်လည်း Bilateral အပစ်ရပ်လက်မှတ် ရေးထိုးနိုင်သည့်အထိ ဆုံးဖြတ်ချက် မကျခဲ့ပေ။
……………………………………….
Unicode..
တိက်သည့္ ေဆြးေႏြးမႈ ရလာဒ္မ်ားေပၚထြက္ရန္ စစ္ေရွာင္မ်ားေမွ်ာ္လင့္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၁၆ ရက္။
ေကအိုင္အို အပါအ၀င္ ေျမာက္ပိုင္းမဟာမိတ္ ၄ ဖြဲ႔ ႏွင့္ အစိုးရ၊ တပ္မေတာ္တို႔ လာမည့္ ေတြ႕ဆုံေႏြးေဆြး ပြဲတြင္ တိက်ေသခ်ာသည့္ ရလာဒ္ေကာင္းမ်ားထြက္ ေပၚေစလိုသည္ဟု ကခ်င္ျပည္နယ္ရွိ စစ္ေဘး ေရွာင္မ်ား၊ အရပ္ဘက္အဖြဲ႕အစည္းမ်ားႏွင့္ ဘာသာေရး ေခါင္းေဆာင္မ်ားက ေျပာသည္။
ကခ်င္ျပည္နယ္ရွိ စစ္ေဘးေရွာင္မ်ား ေနရပ္ျပန္ႏိုင္ေရး၊ ျပည္တြင္းၿငိမ္းခ်မ္းေရးမွာ ေကအိုင္အို အပါအ၀င္ ေျမာက္ပိုင္းမဟာမိတ္ ၄ ဖြဲ႔ႏွင့္ အစိုးရ၊ တပ္မေတာ္တို႔၏ ပဏာမ အပစ္ရပ္စာခ်ဳပ္ Bilateral လက္မွတ္ေရး ထိုးႏုိင္ေရးအေပၚ မူတည္ေနသည့္အတြက္ ေအာက္တိုဘာလ အတြင္း ျပဳလုပ္မည့္ ေတြ႕ဆံုေဆြးေႏြးပြဲတြင္ အပစ္ရပ္ လက္မွတ္ေရးထိုးႏိုင္သည့္အထိ ေဆြးေႏြးေပးေစခ်င္သည္ဟု စစ္ေဘးေရွာင္မ်ားက ေျပာသည္။
ျမစ္ႀကီးနားၿမိဳ႕ ၊ ေမာ္ေတာင္းေက်းရြာရွိ ေဂ်ာ္မဆတ္စစ္ေဘးေရွာင္စခန္းက စခန္း ဒု-တာဝန္ခံ ဦးမုန္ဘန္က “အခု ေနာက္ထပ္ ေဆြးေႏြးမယ္ဆုိရင္လည္း ႏွစ္ဖက္ကေန တိတိက်က် ရႏုိင္တဲ့အေျဖေပါ့ေနာ္ ရရွိေအာင္ ေဆြးေႏြးေစခ်င္တယ္” ဟုေျပာသည္။
အစိုးရ၊ တပ္မေတာ္ႏွင့္ ေျမာက္ပိုင္း မဟာမိတ္ ၄ ဖြဲ႔တို႔ ၿပီးခဲ့သည့္ က်ိဳင္းတံုေဆြးေႏြးပြဲကို အမ်ားႀကီး ေမွ်ာ္လင့္ထားေသာ္လည္း တစ္စံုတစ္ရာ တိက်ေသခ်ာသည့္ အေျဖ ထြက္မလာသည့္ အတြက္ ေဆြးေႏြးပြဲအေပၚ စိတ္ပ်က္ခဲ့ရသည္ဟု ဦးမုန္ဘန္က ဆက္ေျပာသည္။
“ဘယ္ႏွစ္ခါေဆြးေႏြး ေဆြးေႏြး၊ ေဆြးေႏြးပြဲ ဘယ္ႏွစ္ခါလုပ္လုပ္ အဲ့လိုမ်ိဳး တိက်တဲ့အေျဖတစ္ခုခုက မရရွိႏုိင္ဘူး ဆုိေတာ့ က်ေနာ္တုိ႔ လည္း စိတ္ပ်က္လာတယ္လို႔ ေျပာရမွာေပါ့ေနာ္။ ဘာအဓိပၸာယ္ မရွိတဲ့ ေဆြးေႏြြးပြဲ လို႔ပဲ ခံစားမိလာတာေပါ့ေနာ္” ဟု ေျပာသည္။
ထို႔ေၾကာင့္ ႏွစ္ဖက္ေဆြးေႏြးဖက္မ်ားအေနျဖင့္ အေျဖမရသည့္ ေဆြးေႏြးပြဲမ်ား မလုပ္ရန္ႏွင့္ စစ္ေဘးေရွာင္ မ်ား၏ ဘ၀ကို စာနာနားလည္ေပးရန္ ေတာင္းဆိုသည္။
“က်ေနာ္တုိ႔ စစ္ေရွာင္ျပည္သူတစ္ေယာက္အေနနဲ႔ ေတာင္းဆို ခ်င္တာက အေျဖမရတဲ့ ေဆြးေႏြးပြဲက မလုပ္ ေစ ခ်င္ဘူးေပါ့။ က်ေနာ္တို႔ အမ်ားႀကီးေမ်ွာ္လင့္ခဲ့ပါတယ္။ က်ိဳင္းတံုေဆြး ေႏြး ပြဲလည္း ေမ်ွာ္လင့္ခ်က္ ရမွာပဲ ဆုိၿပီးမွ အမ်ားႀကီးေစာင့္ၾကည့္မိတာေပါ့ေနာ္။ ေစာင့္ၾကည့္ တယ္၊ ဒါေပမယ့္ တကယ့္အေျဖက မရရွိဘူး။”
ေျမာက္ပိုင္း မဟာမိတ္ ၄ ဖြဲ႔ႏွင့္ အစိုးရ၊ တပ္မေတာ္တို႔ က်ိဳင္းတံုၿမိဳ႕တြင္ ျပဳလုပ္သည့္ ေတြ႕ဆံုေဆြးေႏြးပြဲ အၿပီး သတင္းမီဒီယာမ်ားအား ေျဖၾကားရာတြင္ ေအာက္တိုဘာလ တြင္ ထပ္မံေတြ႕ဆံုေဆြးေႏြးၾကရန္ ႏွင့္ ေဆြးေႏြးပြဲျပဳလုပ္မည့္ေနရာ ႏွင့္ အခ်ိန္ကို ဆက္လက္ ၫွိႏႈိင္းရန္ သေဘာတူထားၾကသည္ဆိုသည္။
သို႔ေသာ္ ယေန႔အခ်ိန္အထိ ေတြ႕ဆံုေဆြးေႏြးမည့္ေနရာႏွင့္ အခ်ိန္ကို ႏွစ္ဖက္ေဆြးေႏြးဖက္မ်ားက ထုတ္ ေဖာ္ေျပာဆိုလာျခင္း မရွိေသးေပ။
ကခ်င္ေဒသစစ္ေဘးေရွာင္မ်ား ေနရပ္ျပန္ေရးမွာ ေကအိုင္အိုအပါအ၀င္ ေျမာက္ပိုင္း လက္နက္ကိုင္ အဖြဲ႔အ စည္းမ်ားႏွင့္ အစိုးရ၊ တပ္မေတာ္တို႔ အပစ္ရပ္ လက္မွတ္ထိုးသည့္ အေပၚတြင္ မူတည္ေနသည္ဟု ကူညီ ေစာင့္ ေရွာက္ ေရးေကာ္မတီ KHCC အဖြဲ႕ မွ ေခါင္းေဆာင္တစ္ဦးလည္းျဖစ္၊ ကခ်င္ႏွစ္ျခင္း ခရစ္ယာန္ အဖြဲ႕ခ်ဳပ္၏ ဥကၠ႒ လည္းျဖစ္သည့္ Rev. ေဒါက္တာ ခါလမ္ဆမ္ဆြန္ က ေျပာ သည္။
“၂၀၁၁ က စတဲ့ စစ္ပြဲေၾကာင့္ စစ္ေျပးေနရတဲ့ ျပည္သူေတြဟာ က်ေနာ္တုိ႔ရဲ႕ အသင္းသူ/သားမ်ားျဖစ္ပါ ပါတယ္။ အခု အဓိက စစ္ေရွာင္ IDPs မ်ား ေနရပ္ျပန္ေရးပဲျဖစ္ပါတယ္။ NRPC နဲ႔ ႏွစ္ခါေတြ႕ ဆံုၿပီး ရြာ ၁၇ ေရြးခ်ယ္ၿပီး ျပန္ဖို႔ေဆြးေႏြးခဲ့တယ္။ နယ္စပ္ေရာ၊ အစိုးရထိန္းခ်ဳပ္ေနရာေရာ IDPs ေတြ အားလံုး ျပန္ေရးပဲ ျဖစ္တယ္။ သို႔ေသာ္ အပစ္အခတ္ ရပ္စဲေရးစာခ်ဳပ္မွာ လက္မွတ္ထိုးမွ စစ္ေရွာင္ေတြ ေနရပ္ျပန္လုိ႔ ရမွာျဖစ္ တယ္။ IDPs ေနရပ္ျပန္ႏို္င္မွ ၿငိမ္းခ်မ္းေရး ျဖစ္ေပၚလာမွာ ျဖစ္တယ္။ IDPs ေနရပ္ျပန္ေရးဟာ အေရးႀကီးပါတယ္။”
သို႔ေသာ္လည္း KIO/KIA အပါအဝင္ ေျမာက္ပိုင္း မဟာမိတ္ ၄ ဖြဲ႕ ႏွင့္ အစိုးရ၊ တပ္မေတာ္တို႔ ပဏာမ အပစ္ရပ္စာခ်ဳပ္ လက္မွတ္ထိုးႏုိင္ေရးမွာ တစ္ဆို႔ေနဆဲျဖစ္သည္။
ႏွစ္ဖက္ၾကား တစ္ဆို႔ေနသည့္ အဓိကအခ်က္မွာ တပ္္ေနရာခ်ထားေရးကိစၥရပ္ႏွင့္ လက္မွတ္ေရးထိုးၿပီးပါက ပဋိပကၡေျဖရွင္းရာတြင္ ၾကားေနေစာင့္ၾကည့္မည့္ အဖြဲ႕ ဖြဲ႕စည္းေရးတို႔ ျဖစ္သည္ဟု ေျမာက္ပိုင္းမဟာမိတ္ အဖြဲ႕ က ေခါင္းေဆာင္မ်ားက ေျပာသည္။
ျမစ္ႀကီးနားၿမိဳ႕သို႔ စစ္ေဘးတိမ္းေရွာင္လာသည့္ ဦးဆုိင္းခြန္က “က်ေနာ္တုိ႔ လုပ္ကိုင္စားေသာက္တဲ့ အခါ ေအးေအးခ်မ္းခ်မ္းနဲ႔ လုပ္ကိုင္စားေသာက္ခ်င္တယ္။ တရားဝင္ လုပ္ငန္းေတြ လုပ္ခ်င္တယ္။ ဒါေပမယ့္ အခုခ်ိန္ထိ ေရေရရာရာ ဘာမွလည္း မေတြ႕ရေသးဘူး။ အပစ္လည္း မရပ္ေသးဘူး။ ရြာထဲမွာလည္း စစ္သား ေတြရွိေနေသးတယ္။ အခုခ်ိန္ထိ တရားဝင္လုပ္ငန္းလည္း လုပ္ကို္င္ ဖို႔မရွိေသးဘူး။ ေနာက္မိသားစု၊ ကေလး ေတြရဲ႕ ေရွ႕ေရး၊ ပညာေရး၊ တအားစိုးရိမ္တယ္။ ကေလး ေတြရဲ႕ ပညာေရးအတြက္ အဓိက ေငြေရး ေၾကးေရး လိုတယ္။ ေငြေရးေၾကးေရးရဖုိ႔အတြက္ လုပ္ငန္းရွိဖို႔လို တယ္။ လုပ္ငန္းက ဘာမွမရွိဘူး” ဟု ေျပာသည္။
ႏွစ္ဖက္လက္နက္ကိုိင္အဖဲြ႕အစည္းမ်ား ညွိႏိႈင္းမႈ တစ္စံုတစ္ရာ ရရွိကာ ပဏာမအဆင့္ အပစ္ရပ္လက္မွတ္ ထုိၿပီးေနာက္ ေဒသအတြင္း လံုၿခံဳေရးအရ စိတ္ခ်ရသည့္ အေျခအေနမ်ိဳးေရာက္မွသာ စစ္ေဘးေရွာင္မ်ားအ ေနျဖင့္ ေနရပ္ျပန္ခ်င္သည္ဟု ေျပာသည္။
ႏွစ္ဖက္ေတြ႕ဆံုမႈမ်ား ၾကန္႔ၾကာေနရျခင္းသည္ ႏုိင္ငံတ ကာ ဖိအားမ်ားေပးေနေသာေၾကာင့္သာ ေတြ႕ဆံုေဆြးေႏြးပြဲမ်ား လုပ္ေဆာင္ေနျခင္းေၾကာင့္ျဖစ္ေၾကာင္း ကခ်င္လူ မႈဖြံ႕ ၿဖိဳးေရးကြန္ရက္အဖြဲ႕ KDNG) အေထြေထြအတြင္းေရးမွဴး ကိုစာဂ်ီးက သံုးသပ္ေျပာဆိုသည္။
“အေျဖမရွိတဲ့ပုဒ္စာ သခ်ၤာတြက္ေနတယ္လို႔ပဲ ျမင္ေနရတယ္။ အေျဖမရွိတဲ့ေဆြးေႏြးပြဲလုပ္ေနတယ္ ဘယ္ ေတာ့မွ အေျဖထြက္လာမွာမဟုတ္ဘူး။ တကယ္ေတာ့ စစ္မွန္တဲ့ၿငိမ္းခ်မ္းေရး လိုခ်င္တယ္ ဆိုတဲ့ဥစၥာမေတြ႕ ရွိရဘူး။ အားလံုးက သယံဇာတအရင္းအျမစ္ ျပည္သူလူထုကို သိပ္ဂရုမစိုက္တဲ့အ ေျခအေန၊ သူတို႔ေခတ္ မွာပဲသူတို႔ ဘယ္သူေသေသ ငါမေသရင္ၿပီးေရာ၊ ငါ့ေခတ္မွာ ငါေကာင္းစားရင္ၿပီးေရာဆိုတဲ့ အေနအထားကို ေတြ႕ရွိရတယ္။ အခ်ိန္ကုန္၊ ေငြကုန္၊ ပင္ပန္း၊ တရုတ္က ဖိအားေပးလို႔၊ ႏုိင္ငံ ဖိအားေပးလို႔ ဟန္ျပလုပ္ျပေနတဲ့ အပိုင္းမွာ ရွိတယ္။”
အစိုးရ၊ တပ္မေတာ္ႏွင့္ Bilateral အပစ္ရပ္စာခ်ဳပ္ ခ်ဳပ္ဆုိႏိုင္ရန္ ညွိႏိႈင္းေနသည့္ ေျမာက္ပိုင္းမဟာမိတ္ ၄ ဖြဲ႕ မွာ ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO/KIA၊ ရကၡိဳင့္တပ္ေတာ္ ULA/AA၊ တအန္း(ပေလာင္) အမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ PSLF/TNLA ႏွင့္ ျမန္မာအမ်ိဳးသားမ်ား ဒီမိုကရက္တစ္တပ္ေပါင္းစု တပ္မ ေတာ္ (MNTJP/MNDAA-ကိုးကန္႔) တို႔ ျဖစ္ၾကသည္။
ေျမာက္ပို္င္းမဟာမိတ္ ၄ ဖြဲ႕ ႏွင့္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန NRPC တို႔ ယခု ႏွစ္ ဧၿပီလ ၃၀ ရက္ေန႔က ရွမ္းျပည္နယ္၊ မူဆယ္ၿမိဳ႕တြင္ တစ္ႀကိမ္၊ ၾသဂုတ္လ ၃၁ ရက္ေန႔က က်ိဳင္းတံုၿမိဳ႕ တြင္ တစ္ႀကိမ္၊ စက္တင္ဘာလ ၁၇ ရက္ေန႔ကလည္း က်ိဳင္းတံုၿမိဳ႕တြင္ တစ္ႀကိမ္ ေတြ႕ဆံုေဆြး ေႏြးခဲ့ၾက သည္။
စက္တင္ဘာလ ၁၇ ရက္ေန႔က ေတြ႕ဆံုမႈေတြ NRPC မွ တာဝန္ရွိသူမ်ားအပါအဝင္ တပ္မေတာ္ ေဆြး ေႏြး ညွိႏိႈင္းေရးအဖြဲ႕မွ ဒု-ဗိုလ္ခ်ဳပ္ႀကီး ရာျပည့္ဦးေဆာင္သည့္ အဆင့္ျမင့္ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾက ေသာ္လည္း Bilateral အပစ္ရပ္လက္မွတ္ ေရးထိုးႏိုင္သည့္အထိ ဆံုးျဖတ္ခ်က္ မက်ခဲ့ေပ။