တပ်မတော်နှင့် KIA အကြား ကချင်ပြည်နယ်တွင် ယခုနှစ်အတွင်း ပထမဆုံး တိုက်ပွဲ ဖြစ်ပွား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်။
ယခုနှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် ကချင်ပြည်နယ် အတွင်းတွင် ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် တပ်မတော်တို့ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲများ ၉ လ နီးပါးခန့် ရပ်တန့် ခဲ့ ရာမှ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် အောက်တိုဘာလ ဒုတိယအပတ်အတွင်း တဖန်ပြန်လည်ဖြစ်ပွားလာဖြင်းဖြစ်သည်ဟု KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော် ဘူက ပြောသည်။
“အဲဒါကတော့ ဟို တပ်ရင်း ၅ ဖက်မှာ ဖြစ်တယ်လို့တော့ ကြားပါတယ်။ ဒါပေမယ့် အဲဒါကတော့ သူ့ရဲ့ဖြစ်စဉ်တွေ ကတော့ ဘာမှမသိရသေးဘူး။ ဖြစ်တယ်ဆိုတာ အဲလောက်ပဲ ကျနော် ကြားပါတယ်။ ၂၀၁၉ မှာတော့ တိုက်ပွဲ မဖြစ်ဘူးခင်ဗျား။ ကြာတယ်လို့ ပြောရမှာပေါ့။ ၉ လလောက်တော့ ကြာပြီ” ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။
သို့သော်လည်း အဆိုပါ တိုက်ပွဲနှင့် ပတ်သက်၍ အသေးစိတ်မသိရသေးဘူးဟုလည်း ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။
“သူတို့ပြောတာ တပ်ရင်း ၅ နယ်မြေပြောတယ် တပ်ရင်း ၅ ဆိုတာကတော့ ကျနော်တို့ သံလမ်းနှင့် ဒီ ဧရာ၀ တီမြစ်ကြားမှာပေါ့။ စဉ့်ကူနဲ့ နည်းနည်းကပ်တယ်။ ၁၄ ရက်နေ့မှာ ဖြစ်တယ်လို့ပြောတယ်။”
မိုင်းညှင်းခရိုင်အတွင်းရှိ၊ KIA တပ်မဟာ (၅) လက်အောက်ခံတပ်ရင်းဖြစ်သည့် တပ်ရင်း(၅)နယ်မြေတွင်း အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက အစိုးရတပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
နှစ်ဆန်းပိုင်း တပ်မတော်မှ တစ်ဖက်သတ် အပစ်အခတ် ရပ်စဲကြောင်းကြေညာသည့် အချိန်မှ စ၍ တိုက်ပွဲများ ရပ်တန့်နေခဲ့ရာမှ စက်တင်ဘာလအတွင်းက အပစ်ရပ် ကာလ ကုန်ဆုံးပြီးနောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် တပ်မတော်တု့ိအကြား ၂၀၁၉ ခုနှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ပွားသည့် တိုက်ပွဲဖြစ်သည်။
တဖက်တွင်လည်း KIO/KIA အပါအဝင် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ နှင့် အစိုးရ၊ တပ်မတော်တို့ ပဏာမ အပစ်ရပ်စာချုပ် လက်မှတ်ထိုးနိုင်ရေးအတွက် ဆွေးနွေးလျှက်ရှိသည်။
တပ်နေရာချထားရေးကိစ္စရပ်နှင့် လက်မှတ်ရေးထိုးပြီးပါက ပဋိပက္ခဖြေရှင်းရာတွင် ကြားနေစောင့်ကြည့်မည့် အဖွဲ့ ဖွဲ့စည်းရေး ကိစ္စတို့ကြောင့် လက်မှတ်ထိုးနိုင်ရေး တစ်ဆို့နေသည်ဟုလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ က ခေါင်းဆောင်များက ပြောဆိုထားသည်။
မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ ကျိုင်းတုံမြို့တွင် ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲ အပြီး သတင်းမီဒီယာများအား ဖြေကြားရာတွင် အောက်တိုဘာလ တွင် ထပ်မံတွေ့ဆုံဆွေးနွေးကြရန် နှင့် ဆွေးနွေးပွဲ ပြုလုပ်မည့်နေရာ နှင့် အချိန်ကို ဆက်လက် ညှိနှိုင်းရန် သဘောတူထားကြသည်ဟု သိရသည်။
သို့သော် ယနေ့အချိန်အထိ တွေ့ဆုံဆွေးနွေးမည့်နေရာနှင့် အချိန်ကို နှစ်ဖက်ဆွေးနွေးဖက်များက ထုတ် ဖော်ပြောဆိုလာခြင်း မရှိသေးသလို၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့များ၏ နယ်မြေများဖြစ်သည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။
………………………………
Zawgyi…
တပ္မေတာ္ႏွင့္ KIA အၾကား ကခ်င္ျပည္နယ္တြင္ ယခုႏွစ္အတြင္း ပထမဆံုး တိုက္ပြဲ ျဖစ္ပြား
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာ ၁၆ ရက္။
ယခုႏွစ္အတြင္း ပထမဆံုး အၾကိမ္အျဖစ္ ကခ်င္ျပည္နယ္ အတြင္းတြင္ ကခ်င္ျပည္ လြတ္လပ္ေရး တပ္မေတာ္ (KIA) ႏွင့္ တပ္မေတာ္တို႔ အၾကား တိုက္ပြဲ ျဖစ္ပြားခဲ့သည္။
တုိက္ပြဲမ်ား ၉ လ နီးပါးခန္႔ ရပ္တန္႔ ခဲ့ ရာမွ ကခ်င္ျပည္နယ္၊ မိုးညွင္းၿမဳိ႕နယ္တြင္ ေအာက္တုိဘာလ ဒုတိယအပတ္အတြင္း တဖန္ျပန္လည္ျဖစ္ပြားလာျဖင္းျဖစ္သည္ဟု KIO/KIA သတင္းႏွင့္ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မွဴးႀကီးေနာ္ ဘူက ေျပာသည္။
“အဲဒါကေတာ့ ဟို တပ္ရင္း ၅ ဖက္မွာ ျဖစ္တယ္လို႔ေတာ့ ၾကားပါတယ္။ ဒါေပမယ့္ အဲဒါကေတာ့ သူ႔ရဲ႕ျဖစ္စဥ္ေတြ ကေတာ့ ဘာမွမသိရေသးဘူး။ ျဖစ္တယ္ဆိုတာ အဲေလာက္ပဲ က်ေနာ္ ၾကားပါတယ္။ ၂၀၁၉ မွာေတာ့ တိုက္ပြဲ မျဖစ္ဘူးခင္ဗ်ား။ ၾကာတယ္လို႔ ေျပာရမွာေပါ့။ ၉ လေလာက္ေတာ့ ၾကာၿပီ” ဟု ဗိုလ္မွဴးႀကီးေနာ္ဘူ က ေျပာသည္။
သို႔ေသာ္လည္း အဆိုပါ တိုက္ပြဲႏွင့္ ပတ္သက္၍ အေသးစိတ္မသိရေသးဘူးဟုလည္း ဗိုလ္မွဴးႀကီးေနာ္ဘူ က ေျပာသည္။
“သူတို႔ေျပာတာ တပ္ရင္း ၅ နယ္ေျမေျပာတယ္ တပ္ရင္း ၅ ဆိုတာကေတာ့ က်ေနာ္တို႔ သံလမ္းႏွင့္ ဒီ ဧရာ၀ တီျမစ္ၾကားမွာေပါ့။ စဥ့္ကူနဲ႔ နည္းနည္းကပ္တယ္။ ၁၄ ရက္ေန႔မွာ ျဖစ္တယ္လို႔ေျပာတယ္။”
မိုင္းညွင္းခရိုင္အတြင္းရွိ၊ KIA တပ္မဟာ (၅) လက္ေအာက္ခံတပ္ရင္းျဖစ္သည့္ တပ္ရင္း(၅)နယ္ေျမတြင္း ေအာက္တုိဘာလ ၁၄ ရက္ေန႔ နံနက္ပိုင္းက အစိုးရတပ္မေတာ္ႏွင့္ တုိက္ပြဲျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။
ႏွစ္ဆန္းပိုင္း တပ္မေတာ္မွ တစ္ဖက္သတ္ အပစ္အခတ္ ရပ္စဲေၾကာင္းေၾကညာသည့္ အခ်ိန္မွ စ၍ တိုက္ပြဲမ်ား ရပ္တန္႔ေနခဲ့ရာမွ စက္တင္ဘာလအတြင္းက အပစ္ရပ္ ကာလ ကုန္ဆံုးၿပီးေနာက္ပိုင္း ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ႏွင့္ တပ္မေတာ္တု႔ိအၾကား ၂၀၁၉ ခုႏွစ္အတြင္း ပထမဆံုးအႀကိမ္ ျဖစ္ပြားသည့္ တိုက္ပြဲျဖစ္သည္။
တဖက္တြင္လည္း KIO/KIA အပါအဝင္ ေျမာက္ပိုင္း မဟာမိတ္ ၄ ဖြဲ႕ ႏွင့္ အစိုးရ၊ တပ္မေတာ္တို႔ ပဏာမ အပစ္ရပ္စာခ်ဳပ္ လက္မွတ္ထိုးႏုိင္ေရးအတြက္ ေဆြးေႏြးလ်ွက္ရွိသည္။
တပ္္ေနရာခ်ထားေရးကိစၥရပ္ႏွင့္ လက္မွတ္ေရးထိုးၿပီးပါက ပဋိပကၡေျဖရွင္းရာတြင္ ၾကားေနေစာင့္ၾကည့္မည့္ အဖြဲ႕ ဖြဲ႔စည္းေရး ကိစၥတို႔ေၾကာင့္ လက္မွတ္ထိုးႏုိင္ေရး တစ္ဆို႔ေနသည္ဟုလည္း ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ က ေခါင္းေဆာင္မ်ားက ေျပာဆိုထားသည္။
ေျမာက္ပိုင္း မဟာမိတ္ ၄ ဖြဲ႔ႏွင့္ အစိုးရ၊ တပ္မေတာ္တို႔ က်ိဳင္းတံုၿမိဳ႕တြင္ ျပဳလုပ္သည့္ ေတြ႕ဆံုေဆြးေႏြးပြဲ အၿပီး သတင္းမီဒီယာမ်ားအား ေျဖၾကားရာတြင္ ေအာက္တိုဘာလ တြင္ ထပ္မံေတြ႕ဆံုေဆြးေႏြးၾကရန္ ႏွင့္ ေဆြးေႏြးပြဲ ျပဳလုပ္မည့္ေနရာ ႏွင့္ အခ်ိန္ကို ဆက္လက္ ၫွိႏႈိင္းရန္ သေဘာတူထားၾကသည္ဟု သိရသည္။
သို႔ေသာ္ ယေန႔အခ်ိန္အထိ ေတြ႕ဆံုေဆြးေႏြးမည့္ေနရာႏွင့္ အခ်ိန္ကို ႏွစ္ဖက္ေဆြးေႏြးဖက္မ်ားက ထုတ္ ေဖာ္ေျပာဆိုလာျခင္း မရွိေသးသလို၊ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕မ်ား၏ နယ္ေျမမ်ားျဖစ္သည့္ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္ေျမာက္ပိုင္းႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ တုိက္ပြဲမ်ား ျဖစ္ပြားလ်ွက္ရွိသည္။