ရှစ်ကြိမ်မြောက် မိုင်းပေါက်ကွဲမှု ရေဖြူတွင် ဖြစ်ပွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်။

တင်္နသာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာ အနီးပတ်ဝန်းကျင်တွင် တစ်နှစ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှု ၈ ကြိမ်ခန့် ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါဒေသရှိ ကွမ်းသီးခြံတစ်ခြံတွင် အောက်တိုဘာလ ၈ ရက်နေ့က မြေမြှုပ်မိုင်းပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ပြီး ၎င်းခြံအတွင်းရှိ နိုင်မွန်ချမ်းဆိုသူ၏ ဘယ်ဘက်ခြေထောက်တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

“(အောက်တိုဘာ ၈) ညနေပိုင်းလောက်မှာ မြေမြုပ်မိုင်းပေါက်ကွဲမှု ထပ်ဖြစ်တယ်၊ ပေါက်သွားတာကခြံထဲမှာ အခုပေါက်ကွဲတဲ့နေရာကလည်း အရင်က ပေါက်ကွဲခဲ့တဲ့နေရာ၊ အနီးအနားတဝှိုက်မှာပဲ၊ မိုင်းကတော့ လက်လုပ်မိုင်းတွေ ဖြစ်တယ်” ဟု အလယ်စခန်းကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်တင်စခန်း က ပြောသည်။

ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီးတဝှိုက်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ အောက်တို ဘာလ ၁၅ ရက်နေ့မှစတင်၍ ယခုလအထိ ဒေသခံများ လုပ်ကိုင်စားသောက်နေသည့် ဥယျာဉ်ခြံ၊ ဒေသခံများ သွားလာအသုံးပြုနေသည့် လမ်းများတစ်လျှောက်တွင် မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှု ဖြစ်စဉ်များ စတင်ဖြစ်ပွားလာခဲ့ကာ တစ်နှစ်အတွင်း မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှု ၈ ကြိမ်ခန့် ဖြစ်ပွားခဲ့သည်။

အဆိုပါ မြေမြှုပ်မိုင်းများပေါက်ကွဲမှုကြောင့် လူသေဆုံးမှုမရှိခဲ့သော်လည်း ခြေထောက်ဖြတ်တောက်ရသည်အထိ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့သည်။

“မိုင်းနင်းမိတာတို့ ပေါက်တာတို့က ကျနော်တို့ဆီမှာမရှိခဲ့ဖူး။ ဒီ ၂၀၁၈ မှာမှ ဒီလိုအဖြစ်မျိုးတွေ ရှိလာခဲ့တယ်၊ ဆက်တိုက်ကို ဖြစ်လာခဲ့တယ်၊ ကျနော်တို့မှာက ခြံပဲလုပ်ကြတယ်လေ ခြံသွားလည်း နင်းမိတယ် လမ်းသွားလည်း နင်းမိတော့ အကုန်လုံးက ကြောက်ကုန်ကြတာပေါ့။ ဒါပေမယ့်လည်း ကြောက်ကြောက်နဲ့ပဲ လုပ်နေရတယ်” ဟု ရေဖြူဒေသခံ ဦးအောင်က ပြောသည်။

မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားသည့်ဒေသတွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့တို့အကြား အငြင်းပွားမှုဖြစ်ပွားနေသည့် ဒေသလည်း ဖြစ်သည်။

သို့သော်လည်း ဒေသအတွင်းဖြစ်ပွားနေသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုများနှင့် ပတ်သက်၍ နှစ်ဖက်စလုံးက ငြင်းဆိုထားကြသည်။

ရေဖြူမြို့နယ်အတွင်း ဖြစ်ပွားနေသည့် မြေမြှုပ်မိုင်းကိစ္စများကို ဖြေရှင်းနိုင်ရန် အစိုးရကို တင်ပြထားကြောင်းနှင့် KNU နှင့်လည်း ညှိနှိုင်းဆွေးနွေးနေကြောင်း မွန်ပြည်သစ်ပါတီ ဗဟို နိုင်ငံရေးဌာနမှ ဒု-တာဝန်ခံ နိုင်အောင်မငေး က ပြောသည်။

မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်းလက်အောက်ရှိ မြို့နယ်တပ်ဖွဲ့ခွဲနှင့် KNU တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၀ တို့ လှုပ်ရှားရာ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်အတွင်းတွင် နယ်မြေအငြင်းပွားမှု၊ KNU မှ သစ်ထုတ်လုပ်နေမှုများကြောင်း ၂၀၁၆/၂၀၁၇ ခုနှစ်အတွင်းတွင် ၆ ကြိမ်ထက်မနည်း ထိတွေ့ ပစ်ခတ်မှုများ ရှိခဲ့သည်။

…………………………………….

Zawgyi…

ရွစ္ၾကိမ္ေျမာက္ မိုင္းေပါက္ကြဲမႈ ေရျဖဴတြင္ ျဖစ္ပြား

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာ ၁၆ ရက္။

တနၤသာရီတုိင္းေဒသႀကီး၊ ေရျဖဴၿမိဳ႕နယ္ အလယ္စခန္းေက်းရြာ အနီးပတ္ဝန္းက်င္တြင္ တစ္ႏွစ္အတြင္း ေျမျမွဳပ္မိုင္းေပါက္ကြဲမႈ ၈ ႀကိမ္ခန္႔ ျဖစ္ပြားခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

အဆိုပါေဒသရွိ ကြမ္းသီးၿခံတစ္ၿခံတြင္ ေအာက္တိုဘာလ ၈ ရက္ေန႔က ေျမျမွဳပ္မိုင္းေပါက္ကြဲမႈ ထပ္မံျဖစ္ပြားခဲ့ၿပီး ၎ၿခံအတြင္းရွိ ႏိုင္မြန္ခ်မ္းဆိုသူ၏ ဘယ္ဘက္ေျခေထာက္တြင္ ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္။

“(ေအာက္တိုဘာ ၈) ညေနပိုင္းေလာက္မွာ ေျမျမဳပ္မိုင္းေပါက္ကြဲမႈ ထပ္ျဖစ္တယ္၊ ေပါက္သြားတာကၿခံထဲမွာ အခုေပါက္ကြဲတဲ့ေနရာကလည္း အရင္က ေပါက္ကြဲခဲ့တဲ့ေနရာ၊ အနီးအနားတဝိႈက္မွာပဲ၊ မုိင္းကေတာ့ လက္လုပ္မိုင္းေတြ ျဖစ္တယ္” ဟု အလယ္စခန္းေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ႏိုင္တင္စခန္း က ေျပာသည္။

ေရျဖဴၿမိဳ႕နယ္ အလယ္စခန္းေက်းရြာအနီးတဝိႈက္တြင္ ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ ၁၅ ရက္ေန႔မွစတင္၍ ယခုလအထိ ေဒသခံမ်ား လုပ္ကိုင္စားေသာက္ေနသည့္ ဥယ်ာဥ္ၿခံ၊ ေဒသခံမ်ား သြားလာအသံုးျပဳေနသည့္ လမ္းမ်ားတစ္ေလ်ွာက္တြင္ ေျမျမွဳပ္မိုင္းနင္းမိ ေပါက္ကြဲမႈ ျဖစ္စဥ္မ်ား စတင္ျဖစ္ပြားလာခဲ့ကာ တစ္ႏွစ္အတြင္း ေျမျမွဳပ္မိုင္းနင္းမိေပါက္ကြဲမႈ ၈ ႀကိမ္ခန္႔ ျဖစ္ပြားခဲ့သည္။

အဆိုပါ ေျမျမွဳပ္မိုင္းမ်ားေပါက္ကြဲမႈေၾကာင့္ လူေသဆံုးမႈမရွိခဲ့ေသာ္လည္း ေျခေထာက္ျဖတ္ေတာက္ရသည္အထိ ထိခိုက္ဒဏ္ရာရရွိမႈမ်ား ရွိခဲ့သည္။

“မိုင္းနင္းမိတာတို႔ ေပါက္တာတို႔က က်ေနာ္တို႔ဆီမွာမရွိခဲ့ဖူး။ ဒီ ၂၀၁၈ မွာမွ ဒီလိုအျဖစ္မ်ဳိးေတြ ရွိလာခဲ့တယ္၊ ဆက္တိုက္ကို ျဖစ္လာခဲ့တယ္၊ က်ေနာ္တို႔မွာက ၿခံပဲလုပ္ၾကတယ္ေလ ၿခံသြားလည္း နင္းမိတယ္ လမ္းသြားလည္း နင္းမိေတာ့ အကုန္လံုးက ေၾကာက္ကုန္ၾကတာေပါ့။ ဒါေပမယ့္လည္း ေၾကာက္ေၾကာက္နဲ႔ပဲ လုပ္ေနရတယ္” ဟု ေရျဖဴေဒသခံ ဦးေအာင္က ေျပာသည္။

ေျမျမွဳပ္မိုင္းေပါက္ကြဲမႈျဖစ္ပြားသည့္ေဒသတြင္ မြန္ျပည္သစ္ပါတီ (NMSP) ႏွင့္ ကရင္အမ်ဳိးသားအစည္းအ႐ုံး (KNU) တပ္ဖြဲ႔တို႔အၾကား အျငင္းပြားမႈျဖစ္ပြားေနသည့္ ေဒသလည္း ျဖစ္သည္။

သို႔ေသာ္လည္း ေဒသအတြင္းျဖစ္ပြားေနသည့္ ေျမျမွဳပ္မိုင္း ေပါက္ကြဲမႈမ်ားႏွင့္ ပတ္သက္၍ ႏွစ္ဖက္စလံုးက ျငင္းဆိုထားၾကသည္။

ေရျဖဴၿမိဳ႕နယ္အတြင္း ျဖစ္ပြားေနသည့္ ေျမျမွဳပ္မိုင္းကိစၥမ်ားကို ေျဖရွင္းႏိုင္ရန္ အစိုးရကို တင္ျပထားေၾကာင္းႏွင့္ KNU ႏွင့္လည္း ညွိႏႈိင္းေဆြးေႏြးေနေၾကာင္း မြန္ျပည္သစ္ပါတီ ဗဟို ႏိုင္ငံေရးဌာနမွ ဒု-တာဝန္ခံ ႏိုင္ေအာင္မေငး က ေျပာသည္။

မြန္ျပည္သစ္ပါတီ ထားဝယ္ခ႐ုိင္ အမွတ္ (၂) တပ္ရင္းလက္ေအာက္ရွိ ၿမိဳ႔နယ္တပ္ဖြဲ႔ခြဲႏွင့္ KNU တပ္မဟာ ၄ လက္ေအာက္ခံ တပ္ရင္း ၁၀ တို႔ လႈပ္ရွားရာ တနသၤာရီတိုင္းေဒသႀကီး ေရျဖဴၿမိဳ႕နယ္အတြင္းတြင္ နယ္ေျမအျငင္းပြားမႈ၊ KNU မွ သစ္ထုတ္လုပ္ေနမႈမ်ားေၾကာင္း ၂၀၁၆/၂၀၁၇ ခုႏွစ္အတြင္းတြင္ ၆ ႀကိမ္ထက္မနည္း ထိေတြ႕ ပစ္ခတ္မႈမ်ား ရွိခဲ့သည္။