ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲကြောင့် သေဆုံး ဒဏ်ရာရမှုများရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ နယ်တွင် တပ်မတော်နှင့် တအန်း(ပလောင်) အမျိုးသား လွတ် မြောက်ရေး တပ်မတော် PSLF/TNLA တို့ကြား အောက်တိုဘာလ ၁၆ ရက်နေ့ (ယနေ့)တွင် တိုက်ပွဲဖြစ် ပွားခဲ့ပြီး နှစ်ဖက်ကျဆုံးမှုများ ရှိခဲ့ပြီး ဒေသခံအချို့လည်း ထွက်ပြေးတိမ်ရှောင်နေရသည် ဟု PSLF/TNLA နှင့် ဒေသခံများက ပြောသည်။

ယနေ့ နံနက်ပိုင်း ၆ နာရီကျော် အချိန်တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ မန်စပ်ကျေးရွာနှင့် နောင်ပိတ်ကျေး ရွာကြားတွင် တပ်မတော်မှ တပ်မ ၉၉ ၊ ခမရ ၁၅ တပ်များနှင့် TNLA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တ အန်းတပ်မှ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရရှိကာ တပ်မတော်ဘက်ကလည်း ၃ ဦးသေ၊ တစ်ဦး ဒဏ်ရာရ ရှိခဲ့ သည်ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။

သို့သော် တပ်မတော်ဖက်မှ ကျဆုံးမှုကို သီခြား အတည်ပြုချက်ရယူနိုင်ရန် တပ်မတော် သတင်းမှန်ပြန်ကြား ရေးအဖွဲ့ကို ဆက်သွယ်၍ မရသေးပေ။

တိုက်ပွဲဖြစ်ပွားသည့် အခြေအနေနှင့်ပတ်သက်၍ ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ဒီတိုက်ပွဲဖြစ်တဲ့ အနီးတစ်ဝိုက်တော့ လက်နက်ကြီးကျတာတွေ ကြားရတယ်။ တိုက်ပွဲ နှစ်ဘက်ဖြစ်တဲ့ ပုံစံမျိုး ပေါ့၊ နေရာက မြို့ နဲ့သိပ်မဝေးဘူး၊ မြို့ နားလေးပါပဲ၊ လက်နက်ကြီးတွေ တောက်လျှောက်ပစ် တာမျိုးတော့ မဟုတ်ဘူး သေနတ်တွေတော့ ပစ်ကြတာ ၁ နာရီကျော်တော့ ကြားနေရတယ်” ဟု ကွတ်ခိုင် ဒေသခံ က ပြောသည်။

အဆိုပါတိုက်ပွဲကြောင့် အနီးအနားကျေးရွာမှ ဒေသခံအချို့ ကွတ်ခိုင်မြို့ ၊ ရပ်ကွက် ၂ သို့ ထွက်ပြေးတိမ်း ရှောင်နေကြရသည်ဟု မန်စပ်ကျေးရွာက ဒေသခံများ က ပြောသည်။

“ခဏလေးပဲ ဖြစ်တာ အချိန်တော့ တိကျမကြည့်မိဘူး ၆ နာရီကျော် ၇ နာရီခွဲ လောက်ပဲ၊ အခုတော့ ဘာမှ မဖြစ်တော့ဘူး၊ မန်စပ်ရွာနဲ့နောင်ပိတ်ရွာကြားမှာ ဖြစ်တာပေါ့။ လက်နက်ကြီး လက်နက်ငယ် သုံးတာတော့ ကြားတယ်၊ ဘယ်ဘက်သုံးတော့ မသိဘူး၊ ရွာမှာတော့ ဘာမှ မဖြစ်ဘူး၊ ဒီမနက်မှာ တချို့ မြို့ (ကွတ်ခိုင်) ဘက်ထွက်သွားတာတွေ ရှိတယ်၊ အခုတော့ တစ်ချို့တွေ ပြန်လာကြပြီ။ ကလေးအမေတွေနဲ့ ကလေးတွေ တော့ မလာသေးဘူး” ဟု မန်စပ်ကျေးရွာက ဒေသခံတစ်ဦး က ပြောသည်။

တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့ရှိ မသန်စွမ်းကျောင်းနှင့် ဒေသခံများမှာလည်း ဗုံးခိုကျင်းထဲတွင် ခိုလှုံခဲ့ကြရ သည်ဟု ကွတ်ခိုင် ဒေသခံ တစ်ဦးက ပြောသည်။

“ဒီနေ့မနက်လည်း တချို့ ဆို ဗုံးခိုကျင်းထဲမှာ သူတို့ တိမ်းရှာင်နေရတဲ့ လူတွေရှိတယ်။ အဲဒီတိုက်ပွဲ ဖြစ်တဲ့ နားမှာလည်း မသန်စွမ်းကျောင်းတွေ ရှိတယ်။ အဲ့ကျောင်းက မသန်စွမ်းကလေးတွေ သူတို့ လည်း ဗုံးခို ကျင်းထဲ ထွက်ပြေးတိမ်ရှောင်နေတာတွေ ရှိတယ်” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ကွက်ခိုင်မြို့ အတွင်း လုံခြုံရေးအရ ခရီးသွားလာမှုများ ခေတ္တပိတ်ထားခဲ့ပြီး တိုက်ပွဲငြိမ်သွားသည့် နောက်ပိုင်းတွင် လမ်းများ ပြန်လည်ဖွင့်ပေးခဲ့သည်ဟု ကွတ်ခိုင်ဒေသခံများက ပြောသည်။

ပြီးခဲသည့် အောက်တိုဘာလ ၉ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်းရှိ သိန္နီမြို့ထဲတွင် တပ်မတော် ယာဉ် တန်းကို တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA က ပစ်ခတ်တိုက်ခိုက်ခဲ့ သည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း တပ်မတော်ဘက်မှ ၂ ဦးထက်မနည်း ကျဆုံးခဲ့သည် ဟု သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း လူနေအိမ်များပေါ်သို့ လက်နက်ကြီး ကျည်ကျ ရောက်ခဲ့သည့်အတွက် ဒေသခံ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း သိန္နီမြို့နှင့် ကွတ်ခိုင်မြို့နယ်ရှိ မန်အောင်စု စည်းကျေးရွာသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ဒေသခံ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အစိုးရ၊ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် အဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေသော်လည်း ရှမ်းပြည်ပြည်မြောက်ပိုင်းတွင် ယနေ့အချိန်ထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ် ပွားနေသည့်အတွက် ဒေသခံ ပြည်သူများမှာ အကြောက်တရားများ ကြီးစိုးကာ ကျီးလန့်စာစား ဘဝဖြင့် ရှင်သန်နေရသည်ဟု ဆိုသည်။

………………………..

Zawgyi…

ကြတ္ခိုင္ၿမိဳ႔နယ္အတြင္း တိုက္ပြဲေၾကာင့္ ေသဆံုး ဒဏ္ရာရမႈမ်ားရွိ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၁၆ ရက္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕ နယ္တြင္ တပ္မေတာ္ႏွင့္ တအန္း(ပေလာင္) အမ်ိဳးသား လြတ္ ေျမာက္ေရး တပ္မေတာ္ PSLF/TNLA တို ့ၾကား ေအာက္တိုဘာလ ၁၆ ရက္ေန႔ (ယေန႔)တြင္ တိုက္ပြဲျဖစ္ ပြားခဲ့ၿပီး ႏွစ္ဖက္က်ဆံုးမႈမ်ား ရွိခဲ့ၿပီး ေဒသခံအခ်ိဳ႕လည္း ထြက္ေျပးတိမ္ေရွာင္ေနရသည္ ဟု PSLF/TNLA ႏွင့္ ေဒသခံမ်ားက ေျပာသည္။

ယေန႔ နံနက္ပိုင္း ၆ နာရီေက်ာ္ အခ်ိန္တြင္ ကြတ္ခိုင္ၿမိဳ႕နယ္အတြင္းရွိ မန္စပ္ေက်းရြာႏွင့္ ေနာင္ပိတ္ေက်း ရြာၾကားတြင္ တပ္မေတာ္မွ တပ္မ ၉၉ ၊ ခမရ ၁၅ တပ္မ်ားႏွင့္ TNLA တို႔အၾကား တုိ္က္ပြဲျဖစ္ပြားခဲ့ၿပီး တ အန္းတပ္မွ တစ္ဦးေသ၊ တစ္ဦးဒဏ္ရာရရွိကာ တပ္မေတာ္ဘက္ကလည္း ၃ ဦးေသ၊ တစ္ဦး ဒဏ္ရာရ ရွိခဲ့ သည္ဟု PSLF/TNLA က ထုတ္ျပန္ထားသည္။

သို႔ေသာ္ တပ္မေတာ္ဖက္မွ က်ဆံုးမႈကို သီျခား အတည္ျပဳခ်က္ရယူႏိုင္ရန္ တပ္မေတာ္ သတင္းမွန္ျပန္ၾကား ေရးအဖြဲ႔ကို ဆက္သြယ္၍ မရေသးေပ။

တိုက္ပြဲျဖစ္ပြားသည့္ အေျခအေနႏွင့္ပတ္သက္၍ ေဒသခံတစ္ဦးက ယခုလိုေျပာသည္။

“ဒီတိုက္ပြဲျဖစ္တဲ့ အနီးတစ္၀ိုက္ေတာ့ လက္နက္ႀကီးက်တာေတြ ၾကားရတယ္။ တိုက္ပြဲ ႏွစ္ဘက္ျဖစ္တဲ့ ပံုစံမ်ိဳး ေပါ့၊ ေနရာက ၿမိဳ႕ နဲ ့သိပ္မေ၀းဘူး၊ ၿမိဳ႕ နားေလးပါပဲ၊ လက္နက္ႀကီးေတြ ေတာက္ေလွ်ာက္ပစ္ တာမ်ိဳးေတာ့ မဟုတ္ဘူး ေသနတ္ေတြေတာ့ ပစ္ၾကတာ ၁ နာရီေက်ာ္ေတာ့ ၾကားေနရတယ္” ဟု ကြတ္ခိုင္ ေဒသခံ က ေျပာသည္။

အဆိုပါတိုက္ပြဲေၾကာင့္ အနီးအနားေက်းရြာမွ ေဒသခံအခ်ိဳ႕ ကြတ္ခိုင္ၿမိဳ႕ ၊ ရပ္ကြက္ ၂ သို႔ ထြက္ေျပးတိမ္း ေရွာင္ေနၾကရသည္ဟု မန္စပ္ေက်းရြာက ေဒသခံမ်ားက ေျပာသည္။

“ခဏေလးပဲ ျဖစ္တာ အခ်ိန္ေတာ့ တိက်မၾကည့္မိဘူး ၆ နာရီေက်ာ္ ၇ နာရီခြဲ ေလာက္ပဲ၊ အခုေတာ့ ဘာမွ မျဖစ္ေတာ့ဘူး၊ မန္စပ္ရြာနဲ ့ေနာင္ပိတ္ရြာၾကားမွာ ျဖစ္တာေပါ့။ လက္နက္ႀကီး လက္နက္ငယ္ သံုးတာေတာ့ ၾကားတယ္၊ ဘယ္ဘက္သံုးေတာ့ မသိဘူး၊ ရြာမွာေတာ့ ဘာမွ မျဖစ္ဘူး၊ ဒီမနက္မွာ တခ်ိဳ႕ ၿမိဳ႕ (ကြတ္ခိုင္) ဘက္ထြက္သြားတာေတြ ရွိတယ္၊ အခုေတာ့ တစ္ခ်ိဳ ့ေတြ ျပန္လာၾကၿပီ။ ကေလးအေမေတြနဲ႔ ကေလးေတြေတာ့ မလာေသးဘူး” ဟု မန္စပ္ေက်းရြာက ေဒသခံတစ္ဦး က ေျပာသည္။

တိုက္ပြဲေၾကာင့္ ကြတ္ခိုင္ၿမိဳ႕ရွိ မသန္စြမ္းေက်ာင္းႏွင့္ ေဒသခံမ်ားမွာလည္း ဗံုးခိုက်င္းထဲတြင္ ခိုလံႈခဲ့ၾကရ သည္ဟု ကြတ္ခိုင္ ေဒသခံ တစ္ဦးက ေျပာသည္။

“ဒီေန ့မနက္လည္း တခ်ိဳ႕ ဆို ဗံုးခိုက်င္းထဲမွာ သူတို ့ တိမ္းရွာင္ေနရတဲ့ လူေတြရွိတယ္။ အဲဒီတိုက္ပြဲ ျဖစ္တဲ့ နားမွာလည္း မသန္စြမ္းေက်ာင္းေတြ ရွိတယ္။ အဲ့ေက်ာင္းက မသန္စြမ္းကေလးေတြ သူတို႔ လည္း ဗံုးခို က်င္းထဲ ထြက္ေျပးတိမ္ေရွာင္ေနတာေတြ ရွိတယ္” ဟု ေျပာသည္။

တိုက္ပြဲျဖစ္ပြားေနခ်ိန္အတြင္း ကြက္ခိုင္ၿမိဳ႕ အတြင္း လံုၿခံဳေရးအရ ခရီးသြားလာမႈမ်ား ေခတၱပိတ္ထားခဲ့ၿပီး တိုက္ပြဲၿငိမ္သြားသည့္ ေနာက္ပိုင္းတြင္ လမ္းမ်ား ျပန္လည္ဖြင့္ေပးခဲ့သည္ဟု ကြတ္ခိုင္ေဒသခံမ်ားက ေျပာ သည္။

ၿပီးခဲသည့္ ေအာက္တိုဘာလ ၉ ရက္ေန႔က ရွမ္းျပည္နယ္ ေျမာက္ပိုင္းရွိ သိႏၷီၿမိဳ႕ထဲတြင္ တပ္မေတာ္ ယာဥ္ တန္းကို တအန္း(ပေလာင္) အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ PSLF/TNLA က ပစ္ခတ္တိုက္ခိုက္ခဲ့ သည့္အတြက္ တိုက္ပြဲျဖစ္ပြားခဲ့သည္။ တိုက္ပြဲအတြင္း တပ္မေတာ္ဘက္မွ ၂ ဦးထက္မနည္း က်ဆံုးခဲ့သည္ ဟု သိရသည္။

အဆိုပါ တိုက္ပြဲအတြင္း လူေနအိမ္မ်ားေပၚသို႔ လက္နက္ႀကီး က်ည္က် ေရာက္ခဲ့သည့္အတြက္ ေဒသခံ ၇ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့သည္။

ထို႔အျပင္ ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၁၁ ရက္ေန႔ကလည္း သိႏၷီၿမိဳ႕ႏွင့္ ကြတ္ခိုင္ၿမိဳ႕နယ္ရွိ မန္ေအာင္စု စည္းေက်းရြာသို႔ လက္နက္ႀကီး က်ေရာက္ေပါက္ကြဲခဲ့သည့္အတြက္ ေဒသခံ ၅ ဦးထိခိုက္ဒဏ္ရာရရွိခဲ့သည္။

အစိုးရ၊ တပ္မေတာ္ႏွင့္ ေျမာက္ပိုင္းမဟာမိတ္ အဖြဲ႔တို႔ ေတြ႕ဆံုေဆြးေႏြးမႈမ်ား လုပ္ေဆာင္ေနေသာ္လည္း ရွမ္းျပည္ျပည္ေျမာက္ပိုင္းတြင္ ယေန႔အခ်ိန္ထိ တုိက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ ပြားေနသည့္အတြက္ ေဒသခံ ျပည္သူမ်ားမွာ အေၾကာက္တရားမ်ား ႀကီးစိုးကာ က်ီးလန္႔စာစား ဘဝျဖင့္ ရွင္သန္ေနရသည္ဟု ဆိုသည္။