မဲဆန္ဒနယ် ၂၀ တွင် အနိုင်ရရန် KSPP ပြင်ဆင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်။
ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP အနေဖြင့် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ် အတွင်းရှိ မြို့နယ်တိုင်းတွင်ရွေးကောက်ပွဲဝင်ရန်နှင့် အနည်းဆုံး မဲဆန္ဒနယ် နေရာ (၂၀) တွင် မဲနိုင်ရနိုင်ရေး ပြင်ဆင်နေသည်ဟု KSPP ပါတီ ဥက္ကဌ က ပြောသည်။
ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားခရိုင်ရှိ မြို့နယ် ၆ မြို့နယ်၊ ဗန်းမော်ခရိုင်ရှိ မြို့နယ် ၄ မြို့နယ်၊ ပူတာအိုခ ရိုင်ရှိ ၅ မြို့နယ်၊ မိုင်းကောင်းခရိုင်ရှိ ၃ မြို့နယ် တို့တွင် ရွေးကောက်ပွဲ ဝင်သွားမည်ဟု KSPP ပါတီက ပြော သည်။
ခရိုင် ၄ ခရိုင်အတွင်းရှိ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ နမ္မတီး၊ မိုးညှင်း၊ ဖားကန့်၊ ဗန်းမော်၊ မိုးမောက်၊ မန်စီ၊ ဒေါ့ဖုန်းယန်၊ ပူတာအို၊ မချမ်းဘော၊ ခေါင်လန်ဖူး စသည့်မြို့နယ်များအပါအဝင် မြို့နယ် ၁၈ မြို့နယ်တွင် ရွေးကောက်ပွဲဝင်သွားမည်ဟု KSPP ပါတီ ဥက္ကဌ က ပြောသည်။
ဒေါက်တာမနမ်တူးဂျာ က “၂၀၂၀ မှာတော့ မဲဆန္ဒနယ်တိုင်း မှာ ရွေးကောက်ပွဲနိုင်ဖို့မျှော် လင့်ထား တယ်။ နေရာ ၃၆ အနည်းဆုံး မဲဆန္ဒ နေရာ ၂၀ တော့ အနိုင်ရအောင် ပြင်ဆင်နေတယ်။ လုံခြုံရေးအရ နယ်မြေကန့်သတ်တာမျိုးတွေ ရှိလာနိုင်ပေမယ့် KIO နဲ့ အစိုးရ လက်မှတ်ထိုးနိုင်ရင်တော့ ဒီပြဿနာ ဖြေရှင်းနိုင်မယ်။ အခုတော့ မဲဆန္ဒနယ် ၃၆ နေရာလုံးမှာ ရွေးကောက်ပွဲဝင်မယ်။ ဟိုးအရမ်းဝေးတဲ့ ခေါင်လန်ဖူးဒေသမှာလည်း ဝင်နိုင်ဖို့ လူတွေလွှတ်ထားပြီ။ မြို့နယ် (၁၈) မြို့နယ်မှာပေါ့။ အရင်က ရွေးကောက်ပွဲမလုပ်နိုင်ခဲ့တဲ့ နေရာတွေမှာလည်း အခုလုပ်နိုင်အောင် ကြိုးစားနေတယ်” ဟု ဆက်ပြောသည်။
KSPP ပါတီအနေဖြင့် ပြီးခဲ့သည့်၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့် မြို့နယ်များနှင့် ကျေးရွာများတွင် လာမည့် ၂၀၂၀ တွင် ရွေးကောင်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်နေသည်ဟု KSPP ပါတီက ပြောသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်းရှိ ဝိုင်းမော်၊ ချီဖွေ၊ ဆွမ်ပရာဘွမ်၊ မချမ်းဘော၊ ခေါင်လန်ဖူး၊ တနိုင်း၊ အင်ဂျန်းယန်၊ မံစီ၊ မိုးမောက်၊ ရွှေကူနှင့် ဆော့လော်မြို့နယ်အတွင်းရှိ အချို့သောကျေးရွာများနှင့် အချို့ မြို့နယ်များမှာ မြို့နယ်တစ်ခုလုံး ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိခဲ့ပေ။
လောလောဆယ်တွင် လူထု ပညာပေးရေး လုပ်ငန်းများလုပ်ဆောင်နေသည်ဟု ဒေါက်တာမနမ်တူးဂျာက ပြောသည်။
“ပြည်သူလူထုများကလက်ခံနိုင်တဲ့ ပါတီနဲ့ ပြည်သူလက်ခံနိုင်တဲ့ ကိုယ်စားလှယ်တွေ ရွေးချယ်ပြီး ရွေးကောက်ပွဲ ဝင်သွားမယ်။ ပြည်သူလူထုတွေ လိုလားတဲ့ ပုံစံဖြစ်အောင် လုပ်ဆောင်သွားမယ်။ ပြည်သူတွေကတော့ နိုင်ငံရေးကိစ္စ၊ အထူးသဖြင့် ပါတီအကြောင်း စိတ်ဝင်စားမှု၊ နားမလည်တာတွေ များသေးတယ်။ ပြည်သူတွေကိုတော့ ပါတီအကြောင်း၊ ပါတီနဲ့ဆိုင်တဲ့လုပ်ငန်းစဉ်၊ ရွေးကောက်ပွဲကိစ္စရပ်တွေကို နားလည်အောင် ဟောပြောပွဲတွေတော့ လုပ်ပေးနေပါတယ်”
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွင် မဲဆန္ဒနယ် အများစုတွင် မဲအောင်နိုင်ရေး ရည်ရွယ်ပြီး ပါတီမှတ်ပုံတင်ကျချိန်မှစတင်၍ ပြင်ဆင်နေသည်ဟုလည်း KSPP ပါတီ ဥက္ကဌ ဒေါက်တာမနမ်တူးဂျာက ပြောသည်။
လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်သူ့ပါတီအပါအဝင်၊ ကချင်အမျိုးသားကွန်ကရက်ပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နှင့် ပြည်ထောင်စုကြံံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တို့ ရွေးကောက်ပွဲဝင်ကြမှာဖြစ်ပြီး အခြားသော ပါတီများလည်း ရွေးကောက်ပွဲဝင်နိုင်ရေး ပြင်ဆင်နေကြသည်ဟု သိရသည်။
ကချင်ပြည်သူ့ပါတီ KSPP ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုများနှင့် ကွဲပြားနေသည့် ကချင်နိုင်ငံရေးပါတီများ ပူးပေါင်းပြီး ကချင်ပြည်သူ့ပါတီ (KSPP) အဖြစ် ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ခြင်းသည် ကချင်ပြည်သူများအတွက် ရလာဒ်ကောင်းများရရှိလာနိုင်သည်ဟု ဒေသအတွင်း နိုင်ငံရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အဓိကလုပ်ဆောင်နေသည့် ကချင်ငြိမ်းချမ်း ရေးအကျိုးတော်ဆောင်(PCG) က ဦးလမိုင်ဂွမ် ဂျာက ပြောသည်။
“တကယ်လို့ မဲနိုင်ခဲ့ရင် ဒီအစိုးရပိုင်းမှာ ပြည်နယ်အဆင့်ထိ ကိုယ့်လူမျိုးတွေက နေရာရခဲ့မယ်ဆိုတော့ ကျနော်တို့ နိုင်ငံရေးအတွင်းမှာ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေရ လာမယ်။ ပြဿနာတွေ ဖြေရှင်းရာမှာ အားကောင်းလာမယ်လို့” ဦးလမိုင်ဂွမ်ဂျာက ပြောသည်။
ကချင်ပြည်နယ်အတွင်းရှိ ကချင်မျိုးနွယ်စု ၆ မျိုးအပြင်၊ ရှမ်းမျိုးနွယ်စု (၅)မျိုး၊ ဗမာ၊ ရခိုင်၊ ဂေါ်ရခါး အစရှိသည့် တိုင်းရင်းသားများ၏ အကျိုးစီးပွား တိုးတက်ဖွံ့ဖြိုးရေးကို လုပ်ဆောင်နိုင်ရန် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရရှိအောင် ကြိုးစားဆောင်ရွက်သွားမည်ဟု KSPP ပါတီက ပြောဆိုထားသည်။
ကချင်ပြည်သူ့ပါတီ (KSPP)သည် ကချင်နိုင်ငံရေးပါတီ ၃ ပါတီဖြစ်သည့် ကချင်ဒီမိုကရက်တစ်ပါတီ (KDP)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ KSDP၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်(မနောတိုင်) ပါတီတို့ ပါတီဖြစ်သည်။
………………………….
Zawgyi…
မဲဆႏၵနယ္ ၂၀ တြင္ အႏိုင္ရရန္ KSPP ျပင္ဆင္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၁၇ ရက္။
ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP အေနျဖင့္ လာမည့္ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲတြင္ ကခ်င္ျပည္နယ္ အတြင္းရွိ ၿမိဳ႕နယ္တုိင္းတြင္ေရြးေကာက္ပြဲဝင္ရန္ႏွင့္ အနည္းဆံုး မဲဆႏၵနယ္ ေနရာ (၂၀) တြင္ မဲႏုိင္ရႏိုင္ေရး ျပင္ဆင္ေနသည္ဟု KSPP ပါတီ ဥကၠဌ က ေျပာသည္။
ကခ်င္ျပည္နယ္အတြင္း ျမစ္ႀကီးနားခရိုင္ရွိ ၿမိဳ႕နယ္ ၆ ၿမိဳ႕နယ္၊ ဗန္းေမာ္ခရိုင္ရွိ ၿမိဳ႕နယ္ ၄ ၿမိဳ႕နယ္၊ ပူတာအိုခ ရိုင္ရွိ ၅ ၿမိဳ႕နယ္၊ မိုင္းေကာင္းခရိုင္ရွိ ၃ ၿမိဳ႕နယ္ တို႔တြင္ ေရြးေကာက္ပြဲ ဝင္သြားမည္ဟု KSPP ပါတီက ေျပာ သည္။
ခရိုင္ ၄ ခရိုင္အတြင္းရွိ ျမစ္ႀကီးနား၊ ဝိုင္းေမာ္၊ မိုးေကာင္း၊ နမၼတီး၊ မိုးညွင္း၊ ဖားကန္႔၊ ဗန္းေမာ္၊ မိုးေမာက္၊ မန္စီ၊ ေဒါ့ဖုန္းယန္၊ ပူတာအို၊ မခ်မ္းေဘာ၊ ေခါင္လန္ဖူး စသည့္ၿမိဳ႕နယ္မ်ားအပါအဝင္ ၿမိဳ႕နယ္ ၁၈ ၿမိဳ႕နယ္တြင္ ေရြးေကာက္ပြဲဝင္သြားမည္ဟု KSPP ပါတီ ဥကၠဌ က ေျပာသည္။
ေဒါက္တာမနမ္တူးဂ်ာက “၂၀၂၀ မွာေတာ့ မဲဆႏၵနယ္တိုင္း မွာ ေရြးေကာက္ပြဲႏုိင္ဖုိ႔ေမ်ွာ္ လင့္ထား တယ္။ ေနရာ ၃၆ အနည္းဆံုး မဲဆႏ̔ၵနယ္ ေနရာ ၂၀ ေတာ့ အႏုိင္ရေအာင္ ျပင္ဆင္ေနတယ္။ လံုၿခံဳေရးအရ နယ္ေျမကန္႔သတ္တာမ်ိဳးေတြ ရွိလာႏုိင္ေပမယ့္ KIO နဲ႔ အစိုးရ လက္မွတ္ထုိးႏုိင္ရင္ေတာ့ ဒီျပႆနာ ေျဖရွင္းႏုိင္မယ္။ အခုေတာ့ မဲဆႏၵနယ္ ၃၆ ေနရာလံုးမွာ ေရြးေကာက္ပြဲဝင္မယ္။ ဟိုးအရမ္းေဝးတဲ့ ေခါင္လန္ဖူးေဒသမွာလည္း ဝင္ႏုိင္ဖုိ႔ လူေတြလႊတ္ထားၿပီ။ ၿမိဳ႕နယ္ (၁၈) ၿမိဳ႕နယ္မွာေပါ့။ အရင္က ေရြးေကာက္ပြဲမလုပ္ႏုိင္ခဲ့တဲ့ ေနရာေတြမွာလည္း အခုလုပ္ႏုိင္ေအာင္ ႀကိဳးစားေနတယ္” ဟု ဆက္ေျပာသည္။
KSPP ပါတီအေနျဖင့္ ၿပီးခဲ့သည့္၂၀၁၅ အေထြေထြေရြးေကာက္ပြဲတြင္ ေရြးေကာက္ပြဲမက်င္းပႏုိင္ခဲ့သည့္ ၿမိဳ႕နယ္မ်ားႏွင့္ ေက်းရြာမ်ားတြင္ လာမည့္ ၂၀၂၀ တြင္ ေရြးေကာင္ပြဲ က်င္းပႏုိင္ေရး ျပင္ဆင္ေနသည္ဟု KSPP ပါတီက ေျပာသည္။
၂၀၁၅ ခုႏွစ္ ႏုိဝင္ဘာလတြင္ က်င္းပခဲ့သည့္ အေထြေထြေရြးေကာက္ပြဲတြင္ ကခ်င္ျပည္နယ္္အတြင္းရွိ ဝိုင္းေမာ္၊ ခ်ီေဖြ၊ ဆြမ္ပရာဘြမ္၊ မခ်မ္းေဘာ၊ ေခါင္လန္ဖူး၊ တႏိုင္း၊ အင္ဂ်န္းယန္၊ မံစီ၊ မိုးေမာက္၊ ေရႊကူႏွင့္ ေဆာ့ေလာ္ၿမိဳ႕နယ္အတြင္းရွိ အခ်ိဳ႕ေသာေက်းရြာမ်ားႏွင့္ အခ်ိဳ႕ ၿမိဳ႕နယ္မ်ားမွာ ၿမိဳ႕နယ္တစ္ခုလံုး ေရြးေကာက္ပြဲက်င္းပႏုိင္ျခင္းမရွိခဲ့ေပ။
ေလာေလာဆယ္တြင္ လူထု ပညာေပးေရး လုပ္ငန္းမ်ားလုပ္ေဆာင္ေနသည္ဟု ေဒါက္တာမနမ္တူးဂ်ာက ေျပာသည္။
“ျပည္သူလူထုမ်ားကလက္ခံႏုိင္တဲ့ ပါတီနဲ႔ ျပည္သူလက္ခံႏိုင္တဲ့ ကိုယ္စားလွယ္ေတြ ေရြးခ်ယ္ၿပီး ေရြးေကာက္ပြဲ ဝင္သြားမယ္။ ျပည္သူလူထုေတြ လိုလားတဲ့ ပံုစံျဖစ္ေအာင္ လုပ္ေဆာင္သြားမယ္။ ျပည္သူေတြကေတာ့ ႏိုင္ငံေရးကိစၥ၊ အထူးသျဖင့္ ပါတီအေၾကာင္း စိတ္ဝင္စားမႈ၊ နားမလည္တာေတြ မ်ားေသးတယ္။ ျပည္သူေတြကိုေတာ့ ပါတီအေၾကာင္း၊ ပါတီနဲ႔ဆုိင္တဲ့လုပ္ငန္းစဥ္၊ ေရြးေကာက္ပြဲကိစၥရပ္ေတြကို နားလည္ေအာင္ ေဟာေျပာပြဲေတြေတာ့ လုပ္ေပးေနပါတယ္”
၂၀၂၀ အေထြေထြေရြးေကာက္ပြဲအတြင္ မဲဆႏၵနယ္ အမ်ားစုတြင္ မဲေအာင္ႏုိင္ေရး ရည္ရြယ္ၿပီး ပါတီမွတ္ပံုတင္က်ခ်ိန္မွစတင္၍ ျပင္ဆင္ေနသည္ဟုလည္း KSPP ပါတီ ဥကၠဌ ေဒါက္တာမနမ္တူးဂ်ာက ေျပာသည္။
လာမည့္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ ကခ်င္ျပည္သူ႔ပါတီအပါအဝင္၊ ကခ်င္အမ်ိဳးသားကြန္ကရက္ပါတီ၊ လီဆူအမ်ိဳးသားဖြံ႔ၿဖိဳးတိုးတက္ေရးပါတီ (ဒူးေလးပါတီ)၊ တိုင္းလိုင္(ရွမ္းနီ)အမ်ိဳးသားမ်ား ဖံြ႕ ၿဖိဳးတိုးတက္ေရးပါတီ၊ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (SNLD)၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD)ႏွင့္ ျပည္ေထာင္စုႀကံံ့ခိုင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီ (USDP) တို႔ ေရြးေကာက္ပြဲဝင္ၾကမွာျဖစ္ၿပီး အျခားေသာ ပါတီမ်ားလည္း ေရြးေကာက္ပြဲဝင္ႏုိင္ေရး ျပင္ဆင္ေနၾကသည္ဟု သိရသည္။
ကခ်င္ျပည္သူ႔ပါတီ KSPP ပါတီ၏ ၂၀၂၀ ေရြးေကာက္ပြဲအတြက္ ျပင္ဆင္ေနမႈမ်ားႏွင့္ ကြဲျပားေနသည့္ ကခ်င္ႏုိင္ငံေရးပါတီမ်ား ပူးေပါင္းၿပီး ကခ်င္ျပည္သူ႔ပါတီ (KSPP) အျဖစ္ ဖြဲ႕စည္းတည္ေထာင္ႏုိင္ခဲ့ျခင္းသည္ ကခ်င္ျပည္သူမ်ားအတြက္ ရလာဒ္ေကာင္းမ်ားရရွိလာႏုိင္သည္ဟု ေဒသအတြင္း ႏိုင္ငံေရး၊ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ား အဓိကလုပ္ေဆာင္ေနသည့္ ကခ်င္ၿငိမ္းခ်မ္း ေရးအက်ိဳးေတာ္ေဆာင္(PCG) က ဦးလမိုင္ဂြမ္ ဂ်ာက ေျပာသည္။
“တကယ္လို႔ မဲႏုိင္ခဲ့ရင္ ဒီအစိုးရပိုင္းမွာ ျပည္နယ္အဆင့္ထိ ကိုယ့္လူမ်ိဳးေတြက ေနရာရခဲ့မယ္ဆုိေတာ့ က်ေနာ္တုိ႔ ႏုိင္ငံေရးအတြင္းမွာ ရသင့္ရထုိက္တဲ့ အခြင့္အေရးေတြရ လာမယ္။ ျပႆနာေတြ ေျဖရွင္းရာမွာ အားေကာင္းလာမယ္လို႔” ဦးလမိုင္ဂြမ္ဂ်ာက ေျပာသည္။
ကခ်င္ျပည္နယ္အတြင္းရွိ ကခ်င္မ်ိဳးႏြယ္စု ၆ မ်ိဳးအျပင္၊ ရွမ္းမ်ိဳးႏြယ္စု (၅)မ်ိဳး၊ ဗမာ၊ ရခုိင္၊ ေဂၚရခါး အစရွိသည့္ တိုင္းရင္းသားမ်ား၏ အက်ိဳးစီးပြား တိုးတက္ဖြံ႔ၿဖိဳးေရးကို လုပ္ေဆာင္ႏုိင္ရန္ ၂၀၂၀ ေရြးေကာက္ပြဲ အႏိုင္ရရွိေအာင္ ႀကိဳးစားေဆာင္ရြက္သြားမည္ဟု KSPP ပါတီက ေျပာဆုိထားသည္။
ကခ်င္ျပည္သူ႔ပါတီ (KSPP)သည္ ကခ်င္ႏုိင္ငံေရးပါတီ ၃ ပါတီျဖစ္သည့္ ကခ်င္ဒီမိုကရက္တစ္ပါတီ (KDP)၊ ကခ်င္ျပည္နယ္ ဒီမိုကေရစီပါတီ KSDP၊ စည္းလံုးညီညြတ္ေရးႏွင့္ ဒီမိုကေရစီပါတီ ကခ်င္ျပည္နယ္(မေနာတုိင္) ပါတီတုိ႔ ပါတီျဖစ္သည္။