ကချင်ပြည်နယ်တွင် မြေယာပြဿနာ ဖြေရှင်းရေး ကော်မတီ ဖွဲ့စည်းမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်။

ကချင်ပြည်နယ်တွင် မြေယာ ပြဿနာများကို ဖြေရှင်းရန်အတွက် မြေယာနှင့် ပတ်သက်သည့် ဖြေရှင်းရေး ကော်မတီ တစ်ခုကို ဖွဲ့စည်းသွားမည်ဟု ကချင်အမျိုးသား ကွန်ဂရက် ပါတီ KNC က ပြောသည်။

မြေယာပြဿနာများကို ဖြေရှင်းရန် ကော်မတီ ဖွဲ့စည်းရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ ကချင်အမျိုးသား ကွန်ဂရက်ပါတီ KNC မှ ပြောရေးဆိုခွင့်ရှိသူ ဦးဂျေလန်းရော်က “အဲဒါမြေယာပြဿနာတွေက ကျနော်တို့ ဖြေရှင်း ဖို့ အဓိကကတော့ ဒုက္ခသည်တွေရဲ့ လယ်ယာမြေတွေ ပြန်ရဖို့ပေါ့နော အဲဒါကိုကျနော်တို့ အဓိက ဦးတည်ထားတာပါ” ဟုပြောသည်။

မြေယာပြဿနာများကို ဖြေရှင်းရန်အတွက် အောက်တိုဘာလ ၁၀ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဟိုတယ်မြစ်ကြီးနားတွင် နိုင်ငံရေးပါတီ အစုအဖွဲ့များ ဥပဒေပညာရှင်များ၊ လူထုအစုအဖွဲ့များ CSOs အစုအဖွဲ့ များ နှင့် စာပေယဉ်ကျေးမှုအစုအဖွဲ့တို့ ဆွေးနွေးတိုင်ပင်ကာ (အစပြုကော်မတီ) တစ်ခုကို စတင်ဖွဲ့စည်းထားပြီး ထိုမှ တစ်ဆင့် မြေယာ နှင့် ပတ်သက်သော ဖြေရှင်းရေးကော်မတီကို စိတ်တိုင်းကျ ထပ်မံ၍ ဖွဲ့စည်းအတည်ပြု သွား မည်ဟု KNC ပါတီက ဆိုသည်။

“အစပြုကော်မတီကိုတော့ ကျနော်တို့ လုပ်ထားပြီ ဒီကော်မတီကို အတည်ပြုနိုင်ဖို့ ကျနော်တို့ ဒီကော်မတီမှာ ကချင်နိုင်ငံရေးပါတီ အဖွဲ့အစည်းတို့ တစ်ခြား CSO အဖွဲ့အစည်းတို့ ပြီးရင် ကျနော်တို့ရဲ့ Lawyer အဖွဲ့တွေပေါ့ နော ပြီးရင် ကျနော်တို့ရဲ့ ကချင်ပြည်နယ်မှာ သိတတ်တဲ့သူတွေ ပါဝင်ဖို့အတွက် ကျနော်တို့အခု ဖိတ်ထားတယ် အကုန်လုံးကို ဖိတ်ထားတယ် ဖိတ်ထားပြီးမှ ကျနော်တို့ သူတို့ပါဝင်လာမယ်ဆိုရင် အစည်းအဝေး တစ်ခုပြန် လုပ်ပြီးမှ ကျနော်တို့ အဲဒီဟာကို အတည်ပြုပြီးမှ ကျနော်တို့ အဲဒီဟာကို လုပ်ငန်းဆက် လုပ်သွားမှာ ဖြစ်ပါ တယ်” ဟု ဦးဂျေလန်းရော် က ပြောသည်။

အစပြုကော်မတီကို အဖွဲ့ဝင် ၆ ဦးဖြင့် စတင်ဖွဲ့စည်းထားပြီး အတည်ပြုကော်မတီအဆင့်သို့ ရောက်အောင် ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် စီစဉ်နေသည်ဟု KNC ပါတီ က ပြောသည်။

လက်ရှိ ကချင်ပြည်နယ်တွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင်လာကြသည့် စစ်ဘေးရှောင်များ၏ မြေနေရာများကို အစိုးရက ကုမ္ပဏီများထံ ဌားရမ်းထားပြီး လုပ်ကိုင်စေသည့်အတွက် စစ်ဘေးရှောင်များ နေရပ်ပြန် ပါက နေထိုင် ရန်နှင့် လုပ်ကိုင်စားသောက်ရန် မြေနေရာမရှိတော့သည့် အနေအထားတွင် ရှိနေသည်ဟု KNC ပြောရေးဆိုခွင့်ရှိသူ က ပြောသည်။

“အခုဒီအစိုးရက ဖရဲစိုက်ခင်းတို့ ငှက်ပျော စိုက်ခင်းတို့ တစ်ရှူးငှက်ပျောစိုက်ခင်းတို့ ငှားလိုက်တဲ့ဟာ မျိုးတွေပေါ့ နော သိမ်းလိုက်တဲ့ဟာမျိုးတွေ အများကြီးနဲ့ ကျနော်တို့ လောလောဆယ် အဓိက ကတော့ အဲဒီပြဿနာနဲ့ ကျနော်တို့ ကြုံတွေ့နေရတာလေ။ ဒီကချင်ပြည်နယ်မှာ အခု အစိုးရ သဘောတူထားတဲ့ ပရောဂျက်တွေလည်း အများကြီးရှိတယ်။ ဒီဟာတွေကိုလည်း ကာကွယ်ဖို့အတွက် အဓိကကတော့ ဒီမြေယာပြဿနာတွေကို အဓိက ထားဖြေရှင်းနိုင်ဖို့ ကျနော်တို့က အဲဒါကိုရည်ရွယ်တာပါ” ဟုပြောသည်။

လက်ရှိတွင် ကချင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်လာသည့် စစ်ဘေးရှောင် ၂ သိန်းခန့် ရှိနေပြီး အဆိုပါစစ်ဘေးရှောင်များမှာ အစိုးရက ပြဌာန်းထားသည့် မြေယာဥပဒေကြောင့် ၎င်းတို့၏မြေနေရာများ ကို ဆုံးရှုံးသွားမည်ကို စိုးရိမ်နေကြသည်။

ထို့ကြောင့် အစိုးရက ပြဌာန်းထားသည့် မြေယာဥပဒေကို ကချင်ပြည်နယ်ရှိ ဒေသခံများနှင့် မကိုက်ညီသည့် အချက်များကို ပယ်ဖျက်ပြီး ကိုက်ညီမည့်အချက်များကို ပြန်လည်ပြင်ဆင်ဖြည့်စွတ် နိုင်သည့်အထိ လုပ်ဆောင် သွားမည်ဟု KNC ပါတီက ဆိုသည်။

ကချင်အမျိုးသား ကွန်ဂရက်ပါတီ KNC အနေဖြင့် ကချင်ပြည်နယ်ရှိ မြေယာပြဿနာများကို ဖြေရှင်းရန်အတွက် လွှတ်တော် နှစ်ရပ်အပြင် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ မြေယာ နှင့် ပတ်သက်သော လူမှု့အဖွဲ့အစည်းများနှင့် ကချင်ပြည်နယ်၏ အမျိုးသား အကျိုးစီးပွားအတွက် ဆွေးနွေးတိုင်ပင်ညှိနှိုင်း သွားမည်ဟု ဆိုသည်။

Zawgyi…

ကခ်င္ျပည္နယ္တြင္ ေျမယာျပႆနာ ေျဖရွင္းေရး ေကာ္မတီ ဖြဲ႔စည္းမည္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၁၇ ရက္။

ကခ်င္ျပည္နယ္တြင္ ေျမယာ ျပႆနာမ်ားကို ေျဖရွင္းရန္အတြက္ ေျမယာႏွင့္ ပတ္သက္သည့္ ေျဖရွင္းေရး ေကာ္မတီ တစ္ခုကို ဖြဲ႕စည္းသြားမည္ဟု ကခ်င္အမ်ိဳးသား ကြန္ဂရက္ ပါတီ KNC က ေျပာသည္။

ေျမယာျပႆနာမ်ားကို ေျဖရွင္းရန္ ေကာ္မတီ ဖြဲ႕စည္းရသည့္ ရည္႐ြယ္ခ်က္ႏွင့္ ပတ္သက္၍ ကခ်င္အမ်ိဳးသား ကြန္ဂရက္ပါတီ KNC မွ ေျပးေရးဆိုခြင့္ရွိသူ ဦးေဂ်လန္းေရာ္က “အဲဒါေျမယာျပႆနာေတြက က်ေနာ္တို႔ ေျဖရွင္း ဖို႔ အဓိကကေတာ့ ဒုကၡသည္ေတြရဲ႕ လယ္ယာေျမေတြ ျပန္ရဖို႔ေပါ့ေနာ အဲဒါကိုက်ေနာ္တို႔ အဓိက ဦးတည္ထားတာပါ” ဟုေျပာသည္။

ေျမယာျပႆနာမ်ားကို ေျဖရွင္းရန္အတြက္ ေအာက္တိုဘာလ ၁၀ ရက္ေန႔က ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ရွိ ဟိုတယ္ျမစ္ႀကီးနားတြင္ ႏိုင္ငံေရးပါတီ အစုအဖြဲ႕မ်ား ဥပေဒပညာရွင္မ်ား၊ လူထုအစုအဖြဲ႕မ်ား CSOs အစုအဖြဲ႕ မ်ား ႏွင့္ စာေပယဥ္ေက်းမႈအစုအဖြဲ႕တို႔ ေဆြးေႏြးတိုင္ပင္ကာ (အစျပဳေကာ္မတီ) တစ္ခုကို စတင္ဖြဲ႕စည္းထားၿပီး ထိုမွ တစ္ဆင့္ ေျမယာ ႏွင့္ ပတ္သက္ေသာ ေျဖရွင္းေရးေကာ္မတီကို စိတ္တိုင္းက် ထပ္မံ၍ ဖြဲ႕စည္းအတည္ျပဳ သြား မည္ဟု KNC ပါတီက ဆိုသည္။

“အစျပဳေကာ္မတီကိုေတာ့ က်ေနာ္တို႔ လုပ္ထားၿပီ ဒီေကာ္မတီကို အတည္ျပဳႏိုင္ဖို႔ က်ေနာ္တို႔ ဒီေကာ္မတီမွာ ကခ်င္ႏိုင္ငံေရးပါတီ အဖြဲ႕အစည္းတို႔ တစ္ျခား CSO အဖြဲ႕အစည္းတို႔ ၿပီးရင္ က်ေနာ္တို႔ရဲ႕ Lawyer အဖြဲ႕ေတြေပါ့ ေနာ ၿပီးရင္ က်ေနာ္တို႔ရဲ႕ ကခ်င္ျပည္နယ္မွာ သိတတ္တဲ့သူေတြ ပါဝင္ဖို႔အတြက္ က်ေနာ္တို႔အခု ဖိတ္ထားတယ္ အကုန္လုံးကို ဖိတ္ထားတယ္ ဖိတ္ထားၿပီးမွ က်ေနာ္တို႔ သူတို႔ပါဝင္လာမယ္ဆိုရင္ အစည္းအေဝး တစ္ခုျပန္ လုပ္ၿပီးမွ က်ေနာ္တို႔ အဲဒီဟာကို အတည္ျပဳၿပီးမွ က်ေနာ္တို႔ အဲဒီဟာကို လုပ္ငန္းဆက္ လုပ္သြားမွာ ျဖစ္ပါတယ္” ဟု ဦးေဂ်လန္းေရာ္ က ေျပာသည္။

အစျပဳေကာ္မတီကို အဖြဲ႕ဝင္ ၆ ဦးျဖင့္ စတင္ဖြဲ႕စည္းထားၿပီး အတည္ျပဳေကာ္မတီအဆင့္သို႔ ေရာက္ေအာင္ ဆက္လက္လုပ္ေဆာင္ႏိုင္ရန္အတြက္ စီစဥ္ေနသည္ဟု KNC ပါတီ က ေျပာသည္။

လက္ရွိ ကခ်င္ျပည္နယ္တြင္ တိုက္ပြဲေၾကာင့္ စစ္ေဘးေရွာင္လာၾကသည့္ စစ္ေဘးေရွာင္မ်ား၏ ေျမေနရာမ်ားကို အစိုးရက ကုမၸဏီမ်ားထံ ဌားရမ္းထားၿပီး လုပ္ကိုင္ေစသည့္အတြက္ စစ္ေဘးေရွာင္မ်ား ေနရပ္ျပန္ ပါက ေနထိုင္ ရန္ႏွင့္ လုပ္ကိုင္စားေသာက္ရန္ ေျမေနရာမရွိေတာ့သည့္ အေနအထားတြင္ ရွိေနသည္ဟု KNC ေျပာေရးဆိုခြင့္ရွိသူ က ေျပာသည္။

“အခုဒီအစိုးရက ဖရဲစိုက္ခင္းတို႔ ငွက္ေပ်ာ စိုက္ခင္းတို႔ တစ္ရႉးငွက္ေပ်ာစိုက္ခင္းတို႔ ငွားလိုက္တဲ့ဟာ မ်ိဳးေတြေပါ့ ေနာ သိမ္းလိုက္တဲ့ဟာမ်ိဳးေတြ အမ်ားႀကီးနဲ႔ က်ေနာ္တို႔ ေလာေလာဆယ္ အဓိက ကေတာ့ အဲဒီျပႆနာနဲ႔ က်ေနာ္တို႔ ႀကဳံေတြ႕ေနရတာေလ။ ဒီကခ်င္ျပည္နယ္မွာ အခု အစိုးရ သေဘာတူထားတဲ့ ပေရာဂ်က္ေတြလည္း အမ်ားႀကီးရွိတယ္။ ဒီဟာေတြကိုလည္း ကာကြယ္ဖို႔အတြက္ အဓိကကေတာ့ ဒီေျမယာျပႆနာေတြကို အဓိက ထားေျဖရွင္းႏိုင္ဖို႔ က်ေနာ္တို႔က အဲဒါကိုရည္႐ြယ္တာပါ” ဟုေျပာသည္။

လက္ရွိတြင္ ကခ်င္ျပည္နယ္တြင္ တိုက္ပြဲမ်ားေၾကာင့္ စစ္ေဘးေရွာင္လာသည့္ စစ္ေဘးေရွာင္ ၂ သိန္းခန႔္ ရွိေနၿပီး အဆိုပါစစ္ေဘးေရွာင္မ်ားမွာ အစိုးရက ျပဌာန္းထားသည့္ ေျမယာဥပေဒေၾကာင့္ ၎တို႔၏ေျမေနရာမ်ား ကို ဆုံးရႈံးသြားမည္ကို စိုးရိမ္ေနၾကသည္။

ထို႔ေၾကာင့္ အစိုးရက ျပဌာန္းထားသည့္ ေျမယာဥပေဒကိုု ကခ်င္ျပည္နယ္ရွိ ေဒသခံမ်ားႏွင့္ မကိုက္ညီသည့္ အခ်က္မ်ားကို ပယ္ဖ်က္ၿပီး ကိုက္ညီမည့္အခ်က္မ်ားကို ျပန္လည္ျပင္ဆင္ျဖည့္စြတ္ ႏိုင္သည့္အထိ လုပ္ေဆာင္ သြားမည္ဟု KNC ပါတီက ဆိုသည္။

ကခ်င္အမ်ိဳးသား ကြန္ဂရက္ပါတီ KNC အေနျဖင့္ ကခ်င္ျပည္နယ္ရွိ ေျမယာျပႆနာမ်ားကို ေျဖရွင္းရန္အတြက္ လႊတ္ေတာ္ ႏွစ္ရပ္အျပင္ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ား၊ ေျမယာ ႏွင့္ ပတ္သက္ေသာ လူမႈ႕အဖြဲ႕အစည္းမ်ားႏွင့္ ကခ်င္ျပည္နယ္၏ အမ်ိဳးသား အက်ိဳးစီးပြားအတြက္ ေဆြးေႏြးတိုင္ပင္ညႇိႏႈိင္း သြားမည္ဟု ဆိုသည္။