မွန်ပြည်သစ်နှင့် KNU ပစ်ခတ်မှုဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်။

မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့အကြား အောက်တိုဘာလ ၁၇ ရက်နေ့ (ယနေ့) နံနက်ပိုင်းက ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။

ယနေ့ပစ်ခတ်မှုမှာ နေရာနှစ်နေရာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ပစ်ခတ်မှုဖြစ်ကြတာတော့ ဟုတ်ပါတယ်၊ ဗလဲ့ဒွန်ဖိုက်မှာ နဲ့ ရေးချောင်းဖျား ဘက်မှာ ဖြစ်သွားတယ်၊ ရေးချောင်းဖျားမှာ ဖြစ်သွားတာကတော့ အနည်းငယ်ပါပဲ အကြီးကျယ်တော့မဟုတ်ဘူး။ ဗလဲ့ဒွန်ဖိုက်မှာ ဖြစ်တဲ့ဟာပဲ အဆက်အသွယ်မရသေးတော့ အတိအကျမသိသေးဘူး” ဟု မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်လဝီမွန်က ပြောသည်။

ဘုရားသုံးဆူမြို့ နယ်အတွင်းက ဗလဲ့ဒွန်ဖိုက်ကျေးရွာနှင့် ထားဝယ်ခရိုင်အတွင်းက ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီ တပ်စခန်းနေရာများကို KNU က လာရောက်ပစ်ခတ်ခဲ့သည့်တွက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားရခြင်းဖြစ်သည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။

ယခုဖြစ်ပွားသည့် ပစ်ခတ်မှုသည် KNU တပ်မဟာ ၆ လှုပ်ရှားသည့် နယ်မြေအတွင်း ဖြစ်ကြောင်း၊ သို့သော်လည်း အသေးစိတ်ကိုတော့ မသိရသေးဘူးဟု KNU တပ်မဟာ ၄ မြိတ်-ထားဝယ် ဆက်ဆံရေးရုံးတာဝန်ခံ ပဒိုဝင်းခိုင် က ပြောသည်။

“ကျနော်တို့မှာ ထိပ်တိုက်တွေ့ကြတာတော့ မရှိဘူး၊ ရေးချောင်းဖျားဘက်မှာဆိုရင် ဖြစ်နိုင်ချေရှိမယ်။ ဆိုရင် တပ်မဟာ ၆ နဲ့ ဖြစ်နိုင်ချေရှိတယ် သို့သော်ငြားလည်း တခြားအဖွဲ့အစည်းတွေလည်း ရှိရင်လည်း ရှိမှာပေါ့ မပြောတက်ဘူး” ဟု ပဒိုဝင်းခိုင် က ပြောသည်။

မွန်ပြည်သစ်ပါတီနှင့် KNU တို့သည် ၁၉၈၈ ခုနှစ်က နယ်မြေအငြင်းပွားမှု ပြဿနာများကြောင့်စစ်ရေး ပဋိပက္ခများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ရေးပြဿနာပြေလည်လာခဲ့ရာမှ ၂၀၁၆ ခုနှစ်မှ စတင်ကာ အသစ်တဖန် နယ်မြေအငြင်းပွားသည့်ကိစ္စများ၊ သစ်ခိုးထုတ်သည့်ကိစ္စများကြောင့် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်ဘက်တွင် ပစ်ခတ်မှု ၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

ထို့အပြင် ရေးမြို့နယ်အတွင်းတွင်လည်း သစ်ထုတ်သည့် ကိစ္စရပ်များကြောင့် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့များနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့တို့အကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

မွန်ပြည်သစ်ပါတီအနေဖြင့် ၎င်းတို့ ပါတီဗဟိုဌာနချုပ်တည်ရှိရာ ရေချောင်းဖျားဒေသတစ်ဝိုက်ရှိ သစ်တောဧရိယာအတွင်းတွင် သစ်ထုတ်လုပ်မှုကို ၂၀၁၀ ခုနှစ်မှစတင်ကာ တားမြစ်ပိတ်ပင်ထားသည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။

မွန်ပြည်သစ်ပါတီနှင့် KNU နှစ်ဖွဲ့စလုံးသည် မြန်မာအစိုးရ၊ တပ်မတော်တို့နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA ကို ရေးထိုးထားကြသည်။

ယခုနှစ် စက်တင်ဘာလအတွင်းကလည်း ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသက မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဒေသအတွင်း ဝင်ရောက် အခြေချလာသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA ခွဲထွက်အဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

…………………

Zawgyi…

မြန္ျပည္သစ္ႏွင့္ KNU ပစ္ခတ္မႈျဖစ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၁၇ ရက္။

မြန္ျပည္သစ္ပါတီႏွင့္ ကရင္အမ်ဳိးသားအစည္းအ႐ုံး KNU တို႔အၾကား ေအာက္တိုဘာလ ၁၇ ရက္ေန႔ (ယေန႔) နံနက္ပိုင္းက ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့သည္ဟု မြန္ျပည္သစ္ပါတီက ေျပာသည္။

ယေန႔ပစ္ခတ္မႈမွာ ေနရာႏွစ္ေနရာတြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

“ပစ္ခတ္မႈျဖစ္ၾကတာေတာ့ ဟုတ္ပါတယ္၊ ဗလဲ့ဒြန္ဖိုက္မွာ နဲ႔ ေရးေခ်ာင္းဖ်ား ဘက္မွာ ျဖစ္သြားတယ္၊ ေရးေခ်ာင္းဖ်ားမွာ ျဖစ္သြားတာကေတာ့ အနည္းငယ္ပါပဲ အႀကီးက်ယ္ေတာ့မဟုတ္ဘူး။ ဗလဲ့ဒြန္ဖိုက္မွာ ျဖစ္တဲ့ဟာပဲ အဆက္အသြယ္မရေသးေတာ့ အတိအက်မသိေသးဘူး” ဟု မြန္ျပည္သစ္ပါတီ ဗဟိုေကာ္မတီဝင္ ႏိုင္လဝီမြန္က ေျပာသည္။

ဘုရားသံုးဆူၿမိဳ႕ နယ္အတြင္းက ဗလဲ့ဒြန္ဖိုက္ေက်းရြာႏွင့္ ထားဝယ္ခရိုင္အတြင္းက ေရးေခ်ာင္းဖ်ားေဒသရွိ မြန္ျပည္သစ္ပါတီ တပ္စခန္းေနရာမ်ားကို KNU က လာေရာက္ပစ္ခတ္ခဲ့သည့္တြက္ အျပန္အလွန္ပစ္ခတ္မႈ ျဖစ္ပြားရျခင္းျဖစ္သည္ဟု မြန္ျပည္သစ္ပါတီက ေျပာသည္။

ယခုျဖစ္ပြားသည့္ ပစ္ခတ္မႈသည္ KNU တပ္မဟာ ၆ လႈပ္ရွားသည့္ နယ္ေျမအတြင္း ျဖစ္ေၾကာင္း၊ သို႔ေသာ္လည္း အေသးစိတ္ကိုေတာ့ မသိရေသးဘူးဟု KNU တပ္မဟာ ၄ ၿမိတ္-ထားဝယ္ ဆက္ဆံေရးရံုးတာဝန္ခံ ပဒိုဝင္းခိုင္ က ေျပာသည္။

“က်ေနာ္တို႔မွာ ထိပ္တိုက္ေတြ႔ၾကတာေတာ့ မရွိဘူး၊ ေရးေခ်ာင္းဖ်ားဘက္မွာဆိုရင္ ျဖစ္ႏိုင္ေခ်ရွိမယ္။ ဆိုရင္ တပ္မဟာ ၆ နဲ႔ ျဖစ္ႏိုင္ေခ်ရွိတယ္ သို႔ေသာ္ျငားလည္း တျခားအဖြဲ႔အစည္းေတြလည္း ရွိရင္လည္း ရွိမွာေပါ့ မေျပာတက္ဘူး” ဟု ပဒိုဝင္းခိုင္ က ေျပာသည္။

မြန္ျပည္သစ္ပါတီႏွင့္ KNU တို႔သည္ ၁၉၈၈ ခုႏွစ္က နယ္ေျမအျငင္းပြားမႈ ျပႆနာမ်ားေၾကာင့္စစ္ေရး ပဋိပကၡမ်ား ျပင္းထန္စြာ ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း စစ္ေရးျပႆနာေျပလည္လာခဲ့ရာမွ ၂၀၁၆ ခုႏွစ္မွ စတင္ကာ အသစ္တဖန္ နယ္ေျမအျငင္းပြားသည့္ကိစၥမ်ား၊ သစ္ခိုးထုတ္သည့္ကိစၥမ်ားေၾကာင့္ တနသၤာရီတိုင္းေဒသႀကီး ေရျဖဴၿမိဳ႕နယ္ဘက္တြင္ ပစ္ခတ္မႈ ၆ ႀကိမ္ထက္မနည္း ျဖစ္ပြားခဲ့သည္။

ထို႔အျပင္ ေရးၿမိဳ႕နယ္အတြင္းတြင္လည္း သစ္ထုတ္သည့္ ကိစၥရပ္မ်ားေၾကာင့္ မြန္ျပည္သစ္ပါတီ တပ္ဖြဲ႕မ်ားႏွင့္ ကရင္အမ်ိဳးသားအစည္းအရံုး KNU တပ္ဖြဲ႕တို႔အၾကား ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့သည္။

မြန္ျပည္သစ္ပါတီအေနျဖင့္ ၎တို႔ ပါတီဗဟိုဌာနခ်ဳပ္တည္ရွိရာ ေရေခ်ာင္းဖ်ားေဒသတစ္၀ိုက္ရွိ သစ္ေတာဧရိယာအတြင္းတြင္ သစ္ထုတ္လုပ္မႈကို ၂၀၁၀ ခုႏွစ္မွစတင္ကာ တားျမစ္ပိတ္ပင္ထားသည္ဟု မြန္ျပည္သစ္ပါတီက ေျပာသည္။

မြန္ျပည္သစ္ပါတီႏွင့္ KNU ႏွစ္ဖြဲ႔စလံုးသည္ ျမန္မာအစိုးရ၊ တပ္မေတာ္တို႔ႏွင့္ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး စာခ်ဳပ္ NCA ကို ေရးထိုးထားၾကသည္။

ယခုႏွစ္ စက္တင္ဘာလအတြင္းကလည္း ထိုင္း-ျမန္မာနယ္စပ္ ဘုရားသံုးဆူေဒသက မြန္ျပည္သစ္ပါတီ ထိန္းခ်ဳပ္နယ္ေျမေဒသအတြင္း ဝင္ေရာက္ အေျခခ်လာသည့္ တိုးတက္ေသာ ဗုဒၶဘာသာ ကရင္အမ်ဳိးသား တပ္မေတာ္ DKBA ခြဲထြက္အဖြဲ႔ႏွင့္ မြန္ျပည္သစ္ပါတီတို႔အၾကား ပစ္ခတ္မႈျဖစ္ပြားခဲ့သည္။