ငြိမ်းချမ်းရေး ကော်မရှင် နှင့် RCSS အလွတ်သဘော တွေ့ဆုံ

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်။

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC အဖွဲ့နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS မှ ခေါင်းဆောင်များသည် ယနေ့နံနက် ၁၀ နာရီ၌ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးနေသည်။

ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ အစည်းအဝေး JICM ကျင်းပနိုင်ရေးကိစ္စ၊ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ပဏာမ အပစ်ရပ်စာချူပ် သဘောတူညီချက် biliatral များထဲမှ အကောင်အထည်မဖော်နိုင်သေးသည့် သဘောတူညီချက်များကိစ္စ၊ နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့တဲ့ ၄ နှစ်ပြည့် နှစ်ပတ်လည်နေ့ ကျင်းပရေးကိစ္စများအား အဓိက ဆွေးနွေးသွားရန် ရှိသည်ဟု သိရသည်။

အလွတ်သဘောတွေ့ဆုံမှုတွင် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် PC အဖွဲ့မှ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ခေါင်းဆောင်၍ ဦးဇော်ဋ္ဌေး၊ ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦး၊ ဦးကျော်လင်းဦး တို့ တက်ရောက်ခဲ့ကြသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့မှ ဗိုလ်ချုပ် ပေါင်ခေး၊ ဗိုလ်မှူးကြီး စိုင်းငင်း၊ ဒေါက်တာ စိုင်းဦး၊ စိုင်းလဲျန်း၊ စိဏ်းသျဲန်မိုင် တို့ တက်ရောက်ခဲ့ကြသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၀ ရက်နေ့၌လည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဗိုလ်ချူပ်ကြီး ယွက်ဆစ် ခေါင်းဆောင်တဲ့အဖွဲ့နှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) က ကိုယ်စားလှယ် များသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပြီး အစိုးရမှ အဆိုပြုထားသည့် အချက် ၄ ချက်အား ဆက်လက်ဆွေးနွေးသွားရန် လိုနေသေးသည်ဟု သတင်းထောက်များအား ပြောဆိုခဲ့သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့သည် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ JMC တွင် မပါဝင်ပဲ နေခဲ့ပြီးနောက် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ရပ်တန့် ခဲ့ပြီး တရားဝင်ဆွေးနွေးပွဲများ ပြန်စနိုင်ရန် အစိုးရနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများ လုပ်ခဲ့သည်မှာ ၁၃ ကြိမ် ရှိခဲ့ပြီဖြစ်သည်။

Zawgyi..

ၿငိမ္းခ်မ္းေရး ေကာ္မရွင္ ႏွင့္ RCSS အလြတ္သေဘာ ေတြ႕ဆံု

သတင္းႏွင့္ မီဒီယာကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၁၈ ရက္။

အစိုးရ ၿငိမ္းခ်မ္းေရး ေကာ္မရွင္ PC အဖြဲ႕ႏွင့္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS မွ ေခါင္းေဆာင္မ်ားသည္ ယေန႕နံနက္ ၁၀ နာရီ၌ ထိုင္းႏုိင္ငံ ခ်င္းမုိင္ၿမိဳ႕တြင္ အလြတ္သေဘာ ေတြ႕ဆံုေဆြးေႏြးေနသည္။

ေဆြးေႏြးပြဲတြင္ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မွု ရပ္စဲေရး သေဘာတူစာခ်ဳပ္ အေကာင္အထည္ေဖာ္မွဳ ဆိုင္ရာ အစည္းအေ၀း JICM က်င္းပႏိုင္ေရးကိစၥ၊ ျပည္နယ္အဆင့္ ျပည္ေထာင္စုအဆင့္ ပဏာမ အပစ္ရပ္စာခ်ဴပ္ သေဘာတူညီခ်က္ biliatral မ်ားထဲမွ အေကာင္အထည္မေဖာ္ႏိုင္ေသးသည့္ သေဘာတူညီခ်က္မ်ားကိစၥ၊ ႏွင့္ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA လက္မွတ္ေရးထိုးခဲ့တဲ့ ၄ ႏွစ္ျပည့္ ႏွစ္ပတ္လည္ေန႔ က်င္းပေရးကိစၥမ်ားအား အဓိက ေဆြးေႏြးသြားရန္ ရွိသည္ဟု သိရသည္။

အလြတ္သေဘာေတြ႕ဆံုမွဳတြင္ အစိုးရ၏ ၿငိမ္းခ်မ္းေရး ေကာ္မရွင္ PC အဖြဲ႕မွ အၿငိမ္းစား ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ခင္ေဇာ္ဦး ေခါင္းေဆာင္၍ ဦးေဇာ္ေ႒း၊ ဦးလွေမာင္ေရႊ၊ ဦးမိုးေဇာ္ဦး၊ ဦးေက်ာ္လင္းဦး တို႕ တက္ေရာက္ခဲ့ၾကသည္။

ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS အဖြဲ႕မွ ဗုိလ္ခ်ဳပ္ ေပါင္ေခး၊ ဗိုလ္မွဴးႀကီး စိုင္းငင္း၊ ေဒါက္တာ စိုင္းဦး၊ စိုင္းလဲ်န္း၊ စိဏ္းသ်ဲန္မိုင္ တို႕ တက္ေရာက္ခဲ့ၾကသည္။

ၿပီးခဲ့သည့္ ၾသဂုတ္လ ၂၀ ရက္ေန႕၌လည္း ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS ဥကၠဌ ဗိုလ္ခ်ဴပ္ႀကီး ယြက္ဆစ္ ေခါင္းေဆာင္တဲ့အဖြဲ႕ႏွင့္ အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန (NRPC) က ကိုယ္စားလွယ္ မ်ားသည္ ထိုင္းႏုိင္ငံ ခ်င္းမုိင္ၿမိဳ႕တြင္ အလြတ္သေဘာ ေတြ႕ဆံုေဆြးေႏြးခဲ့ၿပီး အစိုးရမွ အဆိုျပဳထားသည့္ အခ်က္ ၄ ခ်က္အား ဆက္လက္ေဆြးေႏြးသြားရန္ လိုေနေသးသည္ဟု သတင္းေထာက္မ်ားအား ေျပာဆိုခဲ့သည္။

ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS အဖြဲ႕သည္ ၂၀၁၈ ခုႏွစ္ ႏွစ္ကုန္ပိုင္းမွစ၍ ပူးတြဲ ေစာင့္ၾကည့္ေရး ေကာ္မတီ JMC တြင္ မပါ၀င္ပဲ ေနခဲ့ၿပီးေနာက္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမွဳမ်ား ရပ္တန္႕ ခဲ့ၿပီး တရား၀င္ေဆြးေႏြးပြဲမ်ား ျပန္စႏိုင္ရန္ အစိုးရႏွင့္ အလြတ္သေဘာ ေတြ႕ဆံုေဆြးေႏြးမွဳမ်ား လုပ္ခဲ့သည္မွာ ၁၃ ႀကိမ္ ရွိခဲ့ၿပီျဖစ္သည္။