ပူတာအိုရှိ တိုင်းရင်းသားစာပေသင် ဆရာအချို့ လနှင့်ချီ၍ လစာမရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်။

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းက အစိုးရစာသင်ကျောင်းများတွင် တိုင်းရင်း သားစာပေ သင်ကြားပေးနေသည့် ကျောင်းဆရာ/မ များသည် ကျောင်းစတင်ဖွင့်လှစ်ချိန်မှ ယနေ့အချိန်အထိ လုပ်ခလစာများမရကြသေးဘူးဟု ဆရာ/မ များ က ပြောသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းစတင်ဖွင့်ချိန် ဇွန်လမှစတင်ကာ အောက်တိုဘာ လ(ယနေ့)အချိန်ထိ လုပ်ခလစာများ မရရှိကြသေးခြင်းဖြစ်သည်ဟု ကျောင်းဆရာ/မ များ က ပြောသည်။

ဆွမ်ပရာဘွမ်မြို့ ရှိ အစိုးရအထက်တန်းကျောင်းတွင် ဂျိမ်းဖောစာသင်ကြားပေးနေသည့် ဆရာ ဦးဇော်နန်က “လခကတော့ ကျောင်းစဖွင့်ကတည်းက အခုချိန်ထိ မရသေးတာပါ။ စာကတော့ နေ့စဉ်ပုံမှန် သင်ပေးနေပါတယ်။ ကျောင်းစဖွင့်ချိန်ကနေ ဒီနေ့ ၁၀ လပိုင်းအထိ စာသင်ပေးနေတာပါ။ မူလတန်းကျောင်း ကလေးတွေကို သင်တာပါ။ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း ကလေးတွေကို ဂျိမ်းဖော စာသင်ပေးတာပါ။ ဒီမှာတော့ ကျနော်နဲ့ ဆရာမတစ်ယောက်ပေါ့” ဟု ပြောသည်။

ဆွမ်ပရာဘွမ်မြို့တွင် အထက်တန်းကျောင်းတစ်ကျောင်း၊ မူလတန်းကျောင်းနှင့် အလယ်တန် းကျောင်း (၁၀) ကျောင်းခန့်ရှိပြီး အဆိုပါကျောင်းများတွင် တိုင်းရင်းသားစာပေသင်ကြားပေးနေသူ ဆရာ/မ (၁၀) ဦး ခန့်ရှိသည်ဟု ပြောသည်။

“ဆွမ်ပရာဘွမ်မြို့နယ်ထဲမှာတော့ တိုင်းရင်းသားစာသင်ဖို့ ဆရာ/မ ၁၀ ယောက်ရှိတယ်။ ယဉ်ကျေးမှုအဖွဲ့ကလည်း အစိုးရက လစာပေးမယ်လို့ ယုံကြည်ထားတယ်။ အစိုးရကလည်း ကတိပေးထားပြီး အခုထိ လစာက မပေးဘူး။ အခုထက်ထိတော့ မရသေးဘူး။ သူတို့လစာမပေးရင်လည်း ကလေးတွေကိုတော့ စာက သင်ပေးနေရတာပဲ။ လစာလည်း မရဘူး။ လိုအပ်တာတွေကို ကူညီတာလည်း မရှိဘူး။”

ဆွမ်ပရာဘွမ်မြို့ရှိ အစိုးရစာသင်ကျောင်းများတွင် တိုင်းရင်းသားစာပေကို ၂၀၁၆ ခုနှစ်မှ စတင်သင်ကြားခွင့်ရခဲ့သည်ဟု ဆရာဦးဇော်နန် က ပြောသည်။ ဆွမ်ပရာဘွမ်မြို့ရှိ အစိုးရစာသင်ကျောင်းများတွင် တိုင်းရင်းသားစာပေများဖြစ်ကြသည့် ဂျိမ်းဖောစာပေ၊ လီဆူစာပေများကို သင်ကြားပေးနေသည်ဟု ဆရာဦးဇော်နန်က ပြောသည်။

“အချိန်ကုန်တယ်၊ လခလည်းမရဘူး။ စာလာမသင်ဘူးဆိုရင်လည်း ကိုယ့်ကချင်ကလေးတွေ စာမတတ်တော့မှာ စိုးရိမ်။ တကယ်လို့ ဒီနေရာမှာ စာသင်နေတာမျိုးမဟုတ်ဘူးဆိုရင် ကိုယ့်မိသားစုကိုယ်ထောက်ပံ့ပေးနိုင်တယ်။ အခုတော့ မထောက်ပံ့နိုင်တော့ဘူး။ ကလေးကျောင်းစရိတ်က အစ ခက်ခဲကုန်တယ်။ အပြင်မှာ ဝင်ငွေကလည်း ရှာလို့မရတော့ဘူး။ ကျောင်းမှာ ဆရာလုပ်နေတော့ အခုဆိုရင် ကျောင်းဆင်းချိန် အားတဲ့အချိန်မှာ အပြင်မှာ ရတဲ့အလုပ်လုပ်ပြီး မိသားစုစားဝတ်နေရေးနဲ့ ကလေးကျောင်းကိစ္စတွေကို ထောက်ပံ့နေရတယ်” ဟု ဆရာဦးဇော်နန် က ဆက်ပြောသည်။

သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်မှစတင်၍ သက်ဆိုင်ရာ ပြည်နယ်များတွင် တိုင်းရင်းသားစာပေများ သင်ကြားခွင့်ကို တရားဝင် စတင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ထိုသို့သင်ကြားခွင့်ပြုခဲ့သော်လည်း ထိရောက်သည့် ကူညီမှုများ မရရှိသေးဘူးဟုလည်း တိုင်းရင်းသားရိုးရာ စာပေယဉ်ကျေးမှု အဖွဲ့များက ပြောသည်။

“သင်ကြားတဲ့အပိုင်းမှာ တော်တော်လေးအခက်အခဲရှိတယ်။ ထောက်ပံ့မှုပိုင်းဆိုင်ရာတွေမှာပေါ့။ နောက်ပြီး စာပေကွဲလွဲမှုတွေကြောင့်လည်း အခက်အခဲတွေ တော်တော်လေးကြုံရတယ်။ ကျနော်တို့ ကချင်မျိုးနွယ်စုက ၆ မျိုးရှိတယ်။ ၆ မျိုးနွယ်စုရဲ့ သဘောထားကွဲလွဲမှုတွေလည်း ရင်ဆိုင်ရတယ်” ဟု ကချင်မျိုးနွယ်များ ရိုးရာယဉ်ကျေးမှု လူငယ်ဗဟိုဌာန ဥက္ကဋ္ဌ ကိုဇုတ်ဒေါ့စောမ်နော် က ပြောသည်။

“နောက်ပြီး တိုင်းရင်းသားစာပေသင်တာကို သိပ်အားမပေးတဲ့ပုံစံမျိုးတွေလည်း ရှိနေသေးတယ်။ ကျနော်တို့ ကချင်စာတွေသင်ပြီဆိုရင် လက်နက်ကိုင်တွေနဲ့ ဆက်စပ်တယ်လို့မြင်တဲ့ အမြင်တွေကလည်း ရှိနေသေးတယ်။ ဆိုတော့ ကလေးတွေကလည်း သိပ်မသင်ချင်ကြတော့ဘူး။ မိဘတွေကအစပေါ့။ သိပ်အချိန်မပေးတော့ဘူး။ စာသင်ချိန်ရဲ့ နောက်ဆုံးအချိန်ဆိုတော့ သင်ကြားရတာလည်း ခက်ခဲတယ်။”

၂၀၁၃ ခုနှစ်မှ စတင်၍ တိုင်းရင်းသားပြည်နယ်များအလိုက် အခြေခံစာသင်ကျောင်းများတွင် တိုင်းရင်းသားစာပေများ သင်ကြားခွင့်ပြုလိုက်သော်လည်း သင်ရိုးညွန်းတန်းစာအုပ်များ၊ သင်ထောက်ကူပစ္စည်းများကို ထိရောက်စွာ ပံ့ပိုးပေးမှုများမရှိသည့်အပြင် သင်ကြားပို့ချပေးမည့် ဆရာ/မ များလည်း အလုံအလောက်မရှိဘူးဟု စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များက ထောက်ပြထားသည်။

အစိုးရ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားစာပေသင်ကြားမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ တခြားသော ဆရာ/ဆရာမများ၏ ပူးပေါင်းပါဝင်မှုများလည်း အတော်အားနည်းနေသေးသည်ဟု ကချင်မျိုးနွယ်များ ရိုးရာယဉ်ကျေးမှု လူငယ်ဗဟိုဌာန ဥက္ကဋ္ဌ ကိုဇုတ်ဒေါ့စောမ်နော် က သုံးသပ်သည်။

ကချင်ပြည်နယ်အတွင်းရှိ အစိုးရစာသင်ကျောင်းများတွင် ကချင်စာပေ အပါအဝင် အခြားတိုင်းရင်းသားစာပေများအား သင်ကြားပို့ချပေးရန် သက်ဆိုင်ရာ စာပေရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် အစိုးရပညာရေးဝန်ကြီးဌာနတို့က ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။

ကချင်ပြည်နယ်အတွင်းရှိ အစိုးရစာသင်ကျောင်းများတွင် ကချင်တိုင်းရင်းသားမျိုးနွယ်စု ၆ မျိုးနှင့် ရှမ်းတိုင်းရင်းသားများ၏ သက်ဆိုင်ရာ စာပေများ သင်ကြားပေးလျှက်ရှိသည်ဟု သိရသည်။

…………..

Zawgyi….

ပူတာအိုရွိ တိုင္းရင္းသားစာေပသင္ ဆရာအခ်ဳိ႔ လႏွင့္ခ်ီ၍ လစာမရ

သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၁၉ ရက္။

ကခ်င္ျပည္နယ္၊ ပူတာအိုခရိုင္၊ ဆြမ္ပရာဘြမ္ၿမိဳ႕နယ္အတြင္းက အစိုးရစာသင္ေက်ာင္းမ်ားတြင္ တုိင္းရင္း သားစာေပ သင္ၾကားေပးေနသည့္ ေက်ာင္းဆရာ/မ မ်ားသည္ ေက်ာင္းစတင္ဖြင့္လွစ္ခ်ိန္မွ ယေန႔အခ်ိန္အထိ လုပ္ခလစာမ်ားမရၾကေသးဘူးဟု ဆရာ/မ မ်ား က ေျပာသည္။

၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ ေက်ာင္းစတင္ဖြင့္ခ်ိန္ ဇြန္လမွစတင္ကာ ေအာက္တိုဘာလ(ယေန႔)အခ်ိန္ထိ လုပ္ခလစာမ်ား မရရွိၾကေသးျခင္းျဖစ္သည္ဟု ေက်ာင္းဆရာ/မ မ်ား က ေျပာသည္။

ဆြမ္ပရာဘြမ္ၿမိဳ႕ ရိွ အစိုးရအထက္တန္းေက်ာင္းတြင္ ဂ်ိမ္းေဖာစာသင္ၾကားေပးေနသည့္ ဆရာ ဦးေဇာ္နန္က “လခကေတာ့ ေက်ာင္းစဖြင့္ကတည္းက အခုခ်ိန္ထိ မရေသးတာပါ။ စာကေတာ့ ေန႔စဥ္ပံုမွန္ သင္ေပးေနပါတယ္။ ေက်ာင္းစဖြင့္ခ်ိန္ကေန ဒီေန႔ ၁၀ လပိုင္းအထိ စာသင္ေပးေနတာပါ။ မူလတန္းေက်ာင္း ကေလးေတြကို သင္တာပါ။ ပထမတန္း၊ ဒုတိယတန္း၊ တတိယတန္း ကေလးေတြကို ဂ်ိမ္းေဖာ စာသင္ေပးတာပါ။ ဒီမွာေတာ့ က်ေနာ္နဲ႔ ဆရာမတစ္ေယာက္ေပါ့” ဟု ေျပာသည္။

ဆြမ္ပရာဘြမ္ၿမိဳ႕တြင္ အထက္တန္းေက်ာင္းတစ္ေက်ာင္း၊ မူလတန္းေက်ာင္းႏွင့္ အလယ္တန္းေက်ာင္း (၁၀) ေက်ာင္းခန္႔ရွိၿပီး အဆိုပါေက်ာင္းမ်ားတြင္ တုိင္းရင္းသားစာေပသင္ၾကားေပးေနသူ ဆရာ/မ (၁၀) ဦး ခန္႔ရွိသည္ဟု ေျပာသည္။

“ဆြမ္ပရာဘြမ္ၿမိဳ႕နယ္ထဲမွာေတာ့ တုိင္းရင္းသားစာသင္ဖုိ႔ ဆရာ/မ ၁၀ ေယာက္ရွိတယ္။ ယဥ္ေက်းမႈအဖြဲ႕ကလည္း အစိုးရက လစာေပးမယ္လို႔ ယံုၾကည္ထားတယ္။ အစိုးရကလည္း ကတိေပးထားၿပီး အခုထိ လစာက မေပးဘူး။ အခုထက္ထိေတာ့ မရေသးဘူး။ သူတို႔လစာမေပးရင္လည္း ကေလးေတြကိုေတာ့ စာက သင္ေပးေနရတာပဲ။ လစာလည္း မရဘူး။ လိုအပ္တာေတြကို ကူညီတာလည္း မရွိဘူး။”

ဆြမ္ပရာဘြမ္ၿမိဳ႕ရွိ အစိုးရစာသင္ေက်ာင္းမ်ားတြင္ တုိင္းရင္းသားစာေပကို ၂၀၁၆ ခုႏွစ္မွ စတင္သင္ၾကားခြင့္ရခဲ့သည္ဟု ဆရာဦးေဇာ္နန္ က ေျပာသည္။ ဆြမ္ပရာဘြမ္ၿမိဳ႕ရွိ အစိုးရစာသင္ေက်ာင္းမ်ားတြင္ တိုင္းရင္းသားစာေပမ်ားျဖစ္ၾကသည့္ ဂ်ိမ္းေဖာစာေပ၊ လီဆူစာေပမ်ားကို သင္ၾကားေပးေနသည္ဟု ဆရာဦးေဇာ္နန္က ေျပာသည္။

“အခ်ိန္ကုန္တယ္၊ လခလည္းမရဘူး။ စာလာမသင္ဘူးဆိုရင္လည္း ကိုယ့္ကခ်င္ကေလးေတြ စာမတတ္ေတာ့မွာ စိုးရိမ္။ တကယ္လို႔ ဒီေနရာမွာ စာသင္ေနတာမ်ိဳးမဟုတ္ဘူးဆိုရင္ ကိုယ့္မိသားစုကိုယ္ေထာက္ပံ့ေပးႏုိင္တယ္။ အခုေတာ့ မေထာက္ပံ့ႏုိင္ေတာ့ဘူး။ ကေလးေက်ာင္းစရိတ္က အစ ခက္ခဲကုန္တယ္။ အျပင္မွာ ဝင္ေငြကလည္း ရွာလို႔မရေတာ့ဘူး။ ေက်ာင္းမွာ ဆရာလုပ္ေနေတာ့ အခုဆိုရင္ ေက်ာင္းဆင္းခ်ိန္ အားတဲ့အခ်ိန္မွာ အျပင္မွာ ရတဲ့အလုပ္လုပ္ၿပီး မိသားစုစားဝတ္ေနေရးန႔ဲ ကေလးေက်ာင္းကိစၥေတြကို ေထာက္ပံ့ေနရတယ္” ဟု ဆရာဦးေဇာ္နန္ က ဆက္ေျပာသည္။

သမၼတေဟာင္း ဦးသိန္းစိန္လက္ထက္မွစတင္၍ သက္ဆုိင္ရာ ျပည္နယ္မ်ားတြင္ တုိင္းရင္းသားစာေပမ်ား သင္ၾကားခြင့္ကို တရားဝင္ စတင္ ခြင့္ျပဳခဲ့ျခင္းျဖစ္သည္။

ထိုသို႔သင္ၾကားခြင့္ျပဳခဲ့ေသာ္လည္း ထိေရာက္သည့္ ကူညီမႈမ်ား မရရွိေသးဘူးဟုလည္း တိုင္းရင္းသားရိုးရာ စာေပယဥ္ေက်းမႈ အဖြဲ႕မ်ားက ေျပာသည္။

“သင္ၾကားတဲ့အပိုင္းမွာ ေတာ္ေတာ္ေလးအခက္အခဲရွိတယ္။ ေထာက္ပံ့မႈပိုင္းဆုိ္င္ရာေတြမွာေပါ့။ ေနာက္ၿပီး စာေပကြဲလြဲမႈေတြေၾကာင့္လည္း အခက္အခဲေတြ ေတာ္ေတာ္ေလးႀကံဳရတယ္။ က်ေနာ္တုိ႔ ကခ်င္မ်ိဳးႏြယ္စုက ၆ မ်ိဳးရွိတယ္။ ၆ မ်ိဳးႏြယ္စုရဲ႕ သေဘာထားကြဲလြဲမႈေတြလည္း ရင္ဆုိင္ရတယ္” ဟု ကခ်င္မ်ိဳးႏြယ္မ်ား ရိုးရာယဥ္ေက်းမႈ လူငယ္ဗဟိုဌာန ဥကၠ႒ ကိုဇုတ္ေဒါ့ေစာမ္ေနာ္ က ေျပာသည္။

“ေနာက္ၿပီး တုိင္းရင္းသားစာေပသင္တာကို သိပ္အားမေပးတဲ့ပံုစံမ်ိဳးေတြလည္း ရွိေနေသးတယ္။ က်ေနာ္တို႔ ကခ်င္စာေတြသင္ၿပီဆုိရင္ လက္နက္ကိုင္ေတြနဲ႔ ဆက္စပ္တယ္လို႔ျမင္တဲ့ အျမင္ေတြကလည္း ရွိေနေသးတယ္။ ဆိုေတာ့ ကေလးေတြကလည္း သိပ္မသင္ခ်င္ၾကေတာ့ဘူး။ မိဘေတြကအစေပါ့။ သိပ္အခ်ိန္မေပးေတာ့ဘူး။ စာသင္ခ်ိန္ရဲ႕ ေနာက္ဆံုးအခ်ိန္ဆိုေတာ့ သင္ၾကားရတာလည္း ခက္ခဲတယ္။”

၂၀၁၃ ခုႏွစ္မွ စတင္၍ တုိင္းရင္းသားျပည္နယ္မ်ားအလုိက္ အေျခခံစာသင္ေက်ာင္းမ်ားတြင္ တုိင္းရင္းသားစာေပမ်ား သင္ၾကားခြင့္ျပဳလုိုက္ေသာ္လည္း သင္ရိုးညြန္းတန္းစာအုပ္မ်ား၊ သင္ေထာက္ကူပစၥည္းမ်ားကို ထိေရာက္စြာ ပံ့ပိုးေပးမႈမ်ားမရွိသည့္အျပင္ သင္ၾကားပို႔ခ်ေပးမည့္ ဆရာ/မ မ်ားလည္း အလံုအေလာက္မရွိဘူးဟု စာေပႏွင့္ယဥ္ေက်းမႈအဖြဲ႕မ်ားက ေထာက္ျပထားသည္။

အစိုုးရ အေျခခံပညာေက်ာင္းမ်ားတြင္ တုုိင္းရင္းသားစာေပသင္ၾကားမႈႏွင့္ပတ္သက္၍ သက္ဆုုိင္ရာ တာဝန္ရွိသူမ်ား၊ ေက်ာင္းအုုပ္ႀကီးမ်ား၊ တျခားေသာ ဆရာ/ဆရာမမ်ား၏ ပူးေပါင္းပါဝင္မႈမ်ားလည္း အေတာ္အားနည္းေနေသးသည္ဟု ကခ်င္မ်ိဳးႏြယ္မ်ား ရိုးရာယဥ္ေက်းမႈ လူငယ္ဗဟိုဌာန ဥကၠ႒ ကိုဇုတ္ေဒါ့ေစာမ္ေနာ္ က သံုးသပ္သည္။

ကခ်င္ျပည္နယ္အတြင္းရွိ အစိုးရစာသင္ေက်ာင္းမ်ားတြင္ ကခ်င္စာေပ အပါအဝင္ အျခားတုိင္းရင္းသားစာေပမ်ားအား သင္ၾကားပို႔ခ်ေပးရန္ သက္ဆုိင္ရာ စာေပရိုးရာယဥ္ေက်းမႈအဖြဲ႕မ်ားႏွင့္ အစိုးရပညာေရးဝန္ႀကီးဌာနတို႔က ပူးေပါင္းေဆာင္ရြက္ေနျခင္းျဖစ္သည္။

ကခ်င္ျပည္နယ္အတြင္းရွိ အစိုးရစာသင္ေက်ာင္းမ်ားတြင္ ကခ်င္တိုင္းရင္းသားမ်ိဳးႏြယ္စု ၆ မ်ိဳးႏွင့္ ရွမ္းတိုင္းရင္းသားမ်ား၏ သက္ဆုိင္ရာ စာေပမ်ား သင္ၾကားေပးလ်ွက္ရွိသည္ဟု သိရသည္။