NCA ထိုးရန် ယုံကြည်မှု ပြဿနာ ရှိနေဆဲဖြစ်ကြောင်း KNPP ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်။
ကြုံတွေ့နေရသည့် ပြည်နယ်အတွင်းရှိ မြေပြင်အခြေအနေများသည် ယုံကြည်မှုကို ကျဆင်းစေသည့်အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးနိုင်ရေးမှာ ခက်ခဲနေဆဲဖြစ် သည်ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP က ပြောသည်။
KNPP ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုးက“ကျနော်တို့ ပြည်နယ်ထဲမှာ ဖြစ်နေတဲ့ ကိစ္စတွေ အများကြီးပေါ့နော သတင်းထဲမှာ သိနေကျ တဲ့ဟာတွေက ယုံကြည်မှုကို ကျဆင်းစေတယ် ကျနော်တို့ တွေ့ဆုံဆွေးနွေးညှိနှိုင်းနေတဲ့ အဖွဲ့မို့လို့သာ ဆက်ပြီး တော့ ပုံမှန်တွေ့ဆုံညှိနှိုင်းနိုင်တာ ဒါပေမယ့် တကယ်မြေပြင်မှာကျတော့ ယုံကြည်မှုတွေ ကျဆင်းစေတဲ့ အကြောင်းအရာတွေ ရှိနေတော့ အဲဒီ ယုံကြည်မှုကို ကျနော်တို့ ပြန်မြှင့်တင်ဖို့လိုတယ်” ဟုပြောသည်။
ထို့ကြောင့် KNPP နှင့် အစိုးရအကြား နှစ်ဖက်ယုံကြည်မှုကို ယခုထက်မက မြှင့်တင်ရန်နှင့် ရှိနေသည့် ယုံကြည် မှုများကိုလည်း ကျဆင်းသွားအောင် မလုပ်ဆောင်မိရန်လိုသည်ဟု KNPP ကဆိုသည်။
ထို့အပြင် NCA အကောင်အထည်ဖော်မှုဆိုင်ရာ အပိုင်းများတွင်လည်း တစ်ဆို့မှုများ ရှိနေမည်ဆိုပါက KNPP အပါအဝင် အပစ်မရပ်ထားသည့် အဖွဲ့များအတွက် NCA လက်မှတ်ရေးထိုးရေးမှာ ပို၍ ခက်ခဲလာနိုင်သည်ဟု နဲနယ်ပလိုး က ဆက်ပြောသည်။
“တစ်ချိန်ထဲမှာပဲ NCA ကို အကောင်အထည်ဖော်တဲ့ အပိုင်းမှာလည်း တစ်ဆို့မှုမရှိပဲနဲ့ ဆက်ပြီးတော့ သွားနိုင်ဖို့ လိုမယ် အဲလိုတစ်ဆို့မှု ရှိနေတယ်ဆိုလို့ရှိရင် ကြာလာတော့ NCA ဖြစ်စဉ်အပေါ်မှာကိုက ယုံကြည်မှုတွေက ကျသွားတယ်။ ယုံကြည်မှုကျသွားတယ်ဆိုလို့ရှိရင် KNPP တစ်ဖွဲ့တည်း မဟုတ်ဘူး ထိုးပြီးသားတဲ့ အဖွဲ့တွေ အတွက်ရော မထိုးရသေးတဲ့ တစ်ခြားအဖွဲ့တွေအတွက်ရော အခက်အခဲတွေဖြစ်စေတယ်။”
အောက်တိုဘာလ ၁၈ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် KNPP နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်မှ တာဝန်ရှိသူများ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းမီဒီယာများ၏ မေးမြန်းမှုကို နဲနယ်ပလိုးက ထိုကဲ့သို့ ပြောဆိုခဲ့ခြင်ဖြစ်သည်။
ယမန်နေ့က KNPP နှင့် အစိုးရ ကိုယ်စားလှယ်တို့၏ တွေ့ဆုံဆွေးနွေးမှုတွင် ပြည်နယ်အဆင့် ပြည်ထောင်စု အဆင့် အပစ်ရပ်လက်မှတ်ရေးထိုးစဉ်က သဘောတူညီထားသည့် ကိစ္စရပ်များအား အကောင်အထည် ဖော်မှု ဆိုင်ရာအကြောင်း၊ NCA လက်မှတ်ရေးထိုးနိုင်သည့် နည်းလမ်းများ အကြောင်း၊ အစရှိသည့် အကြောင်းအရာ များကို ဆွေးနွေးခဲ့ကြသည်ဟု နှစ်ဖက်ခေါင်းဆောင်များက ပြောသည်။
ထို့အပြင် KNPP ဖက်မှ NCA လက်မှတ်ရေးထိုးနိုင်ရေးနှင့် ပတ်သက်သည့် အဆိုပြုချက်တစ်ခုကို အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များထံ ပေးအပ်ခဲ့သည်ဟု နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး က ပြောသည်။
“နောက်ထပ် အဆိုပြုချက် အသစ်တစ်ခုပေးတယ်။ ဒီအဆိုပြုချက်အသစ်ကို ကျနော်တို့ ယူသွားမယ် ယူ သွား ပြီးရင် ကျနော်တို့ အစိုးရ တပ်မတော် လွှတ်တော်ပေါ့ ပြန်ပြီးတော့ ထိုင်ဖို့ရှိတယ် ထိုင်ပြီးရင် KNPP နဲ့ ပြန် တွေ့ဖို့ရှိတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ဟာပေါ့ NCA ရေးထိုးရေးနဲ့ ပတ်သက်တဲ့ဟာပေါ့ ဘယ်လိုသွားမ လဲဆိုတဲ့ဟာပေါ့ အဆိုပြုချက်အသစ်”
လက်ရှိမြေပြင် အနေအထားအရ NCA လက်မှတ်ရေးထိုးနိုင်ရန် အခက်အခဲများရှိနေသော်လည်း KNPP အနေ ဖြင့် NCA လမ်းကြောင်းအတိုင်း နိုင်ငံရေးဆွေးနွေးပွဲများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။
ထို့အပြင် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် KNPP အပါအဝင် အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်ကိုင်အဖွဲ့များဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး KNU ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA တို့နှင့် သီးခြားစီ အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုတွေ့ဆုံမှုတွင် အပစ်ရပ်အဖွဲ့များနှင့် အစိုးရကိုယ်စားလှယ်များ၏ ဥရောပခရီးစဉ်အတွင်း အလွတ်သဘော တွေ့ဆုံစဉ်က တွေ့ဆုံမှု ရလာဒ်များကို PPST အစည်းအဝေးအတွင်း တင်ပြဆွေးနွေးခဲ့သည့် အခြေအနေများ၊ နေပြည်တော်တွင် ပြုလုပ်မည့် NCA ၄ နှစ်ပြည့် အခမ်းအနား ကျင်းပမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည် ဟု ဆိုသည်။
“အဲဒီအခမ်းအနား ကျရင်တော့ ကျနော်တို့ လက်မှတ်ထိုးပြီးသား ခေါင်းဆောင်တွေ အားလုံးလာဖို့ရှိတယ် လာတဲ့ အခါမှာလည် းကျနော်တို့ အခု ဆွေးနွေးခဲ့တဲ့ အလွတ်သဘောပေါ့နော ဆွေးနွေးခဲ့တဲ့အပေါ်မှာ မူတည် ပြီးတော့ ကျနော်တို့ လမ်းကြောင်းပေါ်ကို ဘယ်လိုပြန်သွားမလဲဆိုတာကို ကျနော်တို့ ဆွေးနွေး သွားတာတွေရှိ တယ်။အဲ ဒီအနေအထားလေးတွေကို ကျနော်တို့ လာပြီးတော့ ညှိနှိုင်းတာ ဖြစ်တယ်ပေါ့နော RCSS နဲ့” ဟု ဦးဇော်ဌေး က ပြောသည်။
ကရင်အမျိုးသား အစည်းရုံး KNU နှင့် ဆွေးနွေးခဲ့သည့် အခြေအနေနဲ့ပတ်သက်၍ ဦးဇော်ဌေးက ယခုကဲ့သို့ ဆက်ပြောသည်။
“နောက် KNU တစ်ချို့ခေါင်းဆောင်တွေနဲ့လည်း ဒီခရီးစဉ်မှာတွေ့ပါတယ် အလွတ်သဘောပေါ့ တွေ့တဲ့အချိန် မှာ ကျနော်တို့နဲ့ KNU ကြားက အကြောင်းအရာလေးတစ်ချို့ပေါ့ ဒါလေးတွေလည်း ဆွေးနွေးနိုင်ခဲ့တယ်။”
ထိုင်းနိုင်ငံ ချင်းမိုင်တွင် ပြုလုပ်ခဲ့သည့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ နှင့် တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတွင် အပြုသ ဘောဆောင်သည့် ရလာဒ်များကို ရရှိခဲ့သည်ဟု ခေါင်းဆောင်များ က ပြောသည်။
……………………….
Zawgyi…
NCA ထိုးရန္ ယံုၾကည္မႈ ျပႆနာ ရွိေနဆဲျဖစ္ေၾကာင္း KNPP ေျပာ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၁၉ ရက္။
ႀကံဳေတြ႕ေနရသည့္ ျပည္နယ္အတြင္းရွိ ေျမျပင္အေျခအေနမ်ားသည္ ယံုၾကည္မႈကို က်ဆင္းေစသည့္အတြက္ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးစာခ်ဳပ္ NCA ကို လက္မွတ္ေရးထိုးႏိုင္ေရးမွာ ခက္ခဲေနဆဲျဖစ္ သည္ဟု ကရင္နီအမ်ိဳးသား တိုးတက္ေရးပါတီ KNPP က ေျပာသည္။
KNPP ေျပာေရးဆိုခြင့္ရွိသူ နဲနယ္ပလိုးက“က်ေနာ္တို႔ ျပည္နယ္ထဲမွာ ျဖစ္ေနတဲ့ ကိစၥေတြ အမ်ားႀကီးေပါ့ေနာ သတင္းထဲမွာ သိေနက် တဲ့ဟာေတြက ယံုၾကည္မႈကို က်ဆင္းေစတယ္ က်ေနာ္တို႔ ေတြ႕ဆံုေဆြးေႏြးၫွိႏႈိင္းေနတဲ့ အဖြဲ႔မို႔လို႔သာ ဆက္ၿပီး ေတာ့ ပံုမွန္ေတြ႕ဆံုၫွိႏႈိင္းႏိုင္တာ ဒါေပမယ့္ တကယ္ေျမျပင္မွာက်ေတာ့ ယံုၾကည္မႈေတြ က်ဆင္းေစတဲ့ အေၾကာင္းအရာေတြ ရွိေနေတာ့ အဲဒီ ယံုၾကည္မႈကို က်ေနာ္တို႔ ျပန္ျမွင့္တင္ဖို႔လိုတယ္” ဟုေျပာသည္။
ထို႔ေၾကာင့္ KNPP ႏွင့္ အစိုးရအၾကား ႏွစ္ဖက္ယံုၾကည္မႈကို ယခုထက္မက ျမွင့္တင္ရန္ႏွင့္ ရွိေနသည့္ ယံုၾကည္ မႈမ်ားကိုလည္း က်ဆင္းသြားေအာင္ မလုပ္ေဆာင္မိရန္လိုသည္ဟု KNPP ကဆိုသည္။
ထို႔အျပင္ NCA အေကာင္အထည္ေဖာ္မႈဆိုင္ရာ အပိုင္းမ်ားတြင္လည္း တစ္ဆို႔မႈမ်ား ရွိေနမည္ဆိုပါက KNPP အပါအ၀င္ အပစ္မရပ္ထားသည့္ အဖြဲ႔မ်ားအတြက္ NCA လက္မွတ္ေရးထိုးေရးမွာ ပို၍ ခက္ခဲလာႏိုင္သည္ဟု နဲနယ္ပလိုး က ဆက္ေျပာသည္။
“တစ္ခ်ိန္ထဲမွာပဲ NCA ကို အေကာင္အထည္ေဖာ္တဲ့ အပိုင္းမွာလည္း တစ္ဆို႔မႈမရွိပဲနဲ႔ ဆက္ၿပီးေတာ့ သြားႏိုင္ဖို႔ လိုမယ္ အဲလိုတစ္ဆို႔မႈ ရွိေနတယ္ဆိုလို႔ရွိရင္ ၾကာလာေတာ့ NCA ျဖစ္စဥ္အေပၚမွာကိုက ယံုၾကည္မႈေတြက က်သြားတယ္။ ယံုၾကည္မႈက်သြားတယ္ဆိုလို႔ရွိရင္ KNPP တစ္ဖြဲ႔တည္း မဟုတ္ဘူး ထိုးၿပီးသားတဲ့ အဖြဲ႔ေတြ အတြက္ေရာ မထိုးရေသးတဲ့ တစ္ျခားအဖြဲ႔ေတြအတြက္ေရာ အခက္အခဲေတြျဖစ္ေစတယ္။”
ေအာက္တိုဘာလ ၁၈ ရက္ေန႔က ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕တြင္ KNPP ႏွင့္ အစိုးရ ၿငိမ္းခ်မ္းေရး ကိုယ္စားလွယ္မွ တာ၀န္ရွိသူမ်ား အလြတ္သေဘာ ေတြ႕ဆံုေဆြးေႏြးမႈအၿပီး သတင္းမီဒီယာမ်ား၏ ေမးျမန္းမႈကို နဲနယ္ပလိုးက ထိုကဲ့သို႔ ေျပာဆိုခဲ့ျခင္ျဖစ္သည္။
ယမန္ေန႔က KNPP ႏွင့္ အစိုးရ ကိုယ္စားလွယ္တို႔၏ ေတြ႕ဆံုေဆြးေႏြးမႈတြင္ ျပည္နယ္အဆင့္ ျပည္ေထာင္စု အဆင့္ အပစ္ရပ္လက္မွတ္ေရးထိုးစဥ္က သေဘာတူညီထားသည့္ ကိစၥရပ္မ်ားအား အေကာင္အထည္ ေဖာ္မႈ ဆိုင္ရာအေၾကာင္း၊ NCA လက္မွတ္ေရးထိုးႏိုင္သည့္ နည္းလမ္းမ်ား အေၾကာင္း၊ အစရွိသည့္ အေၾကာင္းအရာ မ်ားကို ေဆြးေႏြးခဲ့ၾကသည္ဟု ႏွစ္ဖက္ေခါင္းေဆာင္မ်ားက ေျပာသည္။
ထို႔အျပင္ KNPP ဖက္မွ NCA လက္မွတ္ေရးထိုးႏိုင္ေရးႏွင့္ ပတ္သက္သည့္ အဆိုျပဳခ်က္တစ္ခုကို အစိုးရ ၿငိမ္းခ်မ္းေရးကိုယ္စားလွယ္မ်ားထံ ေပးအပ္ခဲ့သည္ဟု ႏိုင္ငံေတာ္ သမၼတရံုး ေျပာခြင့္ရပုဂၢိဳလ္ ဦးေဇာ္ေဌး က ေျပာသည္။
“ေနာက္ထပ္ အဆိုျပဳခ်က္ အသစ္တစ္ခုေပးတယ္။ ဒီအဆိုျပဳခ်က္အသစ္ကို က်ေနာ္တို႔ ယူသြားမယ္ ယူ သြား ၿပီးရင္ က်ေနာ္တို႔ အစိုးရ တပ္မေတာ္ လႊတ္ေတာ္ေပါ့ ျပန္ၿပီးေတာ့ ထိုင္ဖို႔ရွိတယ္ ထိုင္ၿပီးရင္ KNPP နဲ႔ ျပန္ ေတြ႕ဖို႔ရွိတယ္။ ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္တဲ့ဟာေပါ့ NCA ေရးထိုးေရးနဲ႔ ပတ္သက္တဲ့ဟာေပါ့ ဘယ္လိုသြားမ လဲဆိုတဲ့ဟာေပါ့ အဆိုျပဳခ်က္အသစ္”
လက္ရွိေျမျပင္ အေနအထားအရ NCA လက္မွတ္ေရးထိုးႏိုင္ရန္ အခက္အခဲမ်ားရွိေနေသာ္လည္း KNPP အေန ျဖင့္ NCA လမ္းေၾကာင္းအတိုင္း ႏိုင္ငံေရးေဆြးေႏြးပြဲမ်ားကို ဆက္လက္လုပ္ေဆာင္သြားမည္ဟု ဆိုသည္။
ထို႔အျပင္ အစိုးရၿငိမ္းခ်မ္းေရး ကိုယ္စားလွယ္အဖြဲ႔သည္ KNPP အပါအ၀င္ အပစ္ရပ္ထားသည့္ တိုင္းရင္းသား လက္ကိုင္အဖြဲ႔မ်ားျဖစ္သည့္ ကရင္အမ်ိဳးသား အစည္းအရံုး KNU ၊ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS/SSA တို႔ႏွင့္ သီးျခားစီ အလြတ္သေဘာေတြ႕ဆံုေဆြးေႏြးခဲ့သည္။
ထိုေတြ႕ဆံုမႈတြင္ အပစ္ရပ္အဖြဲ႕မ်ားႏွင့္ အစိုးရကိုယ္စားလွယ္မ်ား၏ ဥေရာပခရီးစဥ္အတြင္း အလြတ္သေဘာ ေတြ႕ဆုံစဥ္က ေတြ႕ဆုံမႈ ရလာဒ္မ်ားကို PPST အစည္းအေ၀းအတြင္း တင္ျပေဆြးေႏြးခဲ့သည့္ အေျခအေနမ်ား၊ ေနျပည္ေတာ္တြင္ ျပဳလုပ္မည့္ NCA ၄ ႏွစ္ျပည့္ အခမ္းအနား က်င္းပမည့္ အေျခအေနမ်ားကို ေဆြးေႏြးခဲ့ၾကသည္ ဟု ဆိုသည္။
“အဲဒီအခမ္းအနား က်ရင္ေတာ့ က်ေနာ္တို႔ လက္မွတ္ထိုးၿပီးသား ေခါင္းေဆာင္ေတြ အားလံုးလာဖို႔ရွိတယ္ လာတဲ့ အခါမွာလည္ းက်ေနာ္တို႔ အခု ေဆြးေႏြးခဲ့တဲ့ အလြတ္သေဘာေပါ့ေနာ ေဆြးေႏြးခဲ့တဲ့အေပၚမွာ မူတည္ ၿပီးေတာ့ က်ေနာ္တို႔ လမ္းေၾကာင္းေပၚကို ဘယ္လိုျပန္သြားမလဲဆိုတာကို က်ေနာ္တို႔ ေဆြးေႏြး သြားတာေတြရွိ တယ္။အဲ ဒီအေနအထားေလးေတြကို က်ေနာ္တို႔ လာၿပီးေတာ့ ၫွိႏိႈင္းတာ ျဖစ္တယ္ေပါ့ေနာ RCSS နဲ႔” ဟု ဦးေဇာ္ေဌး က ေျပာသည္။
ကရင္အမ်ိဳးသား အစည္းရံုး KNU ႏွင့္ ေဆြးေႏြးခဲ့သည့္ အေျခအေနနဲ႔ပတ္သက္၍ ဦးေဇာ္ေဌးက ယခုကဲ့သို႔ ဆက္ေျပာသည္။
“ေနာက္ KNU တစ္ခ်ိဳ႕ေခါင္းေဆာင္ေတြန႔ဲလည္း ဒီခရီးစဥ္မွာေတြ႕ပါတယ္ အလြတ္သေဘာေပါ့ ေတြ႕တဲ့အခ်ိန္မွာ က်ေနာ္တို႔နဲ႔ KNU ၾကားက အေၾကာင္းအရာေလးတစ္ခ်ိဳ႕ေပါ့ ဒါေလးေတြလည္း ေဆြးေႏြးႏိုင္ခဲ့တယ္။”
ထိုင္းႏိုင္ငံ ခ်င္းမိုင္တြင္ ျပဳလုပ္ခဲ့သည့္ အစိုးရ ၿငိမ္းခ်မ္းေရး ကိုယ္စားလွယ္အဖြဲ႔ ႏွင့္ တိုင္းရင္းသား လက္နက္ ကိုင္ ေတာ္လွန္ေရး အဖြဲ႔အစည္းမ်ားမွ ကိုယ္စားလွယ္တို႔ အလြတ္သေဘာ ေတြ႕ဆံုေဆြးေႏြးပြဲတြင္ အျပဳသ ေဘာေဆာင္သည့္ ရလာဒ္မ်ားကို ရရွိခဲ့သည္ဟု ေခါင္းေဆာင္မ်ားက ေျပာသည္။