ငြိမ်းချမ်းရေးညီလာခံကို ရွေးကောက်ပွဲမတိုင်မီ ပြန်လည် ကျင်းပမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်။

အချိန်အတော်ကြာ ရပ်တံ့နေခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (ခေါ်) ၂၁ ရာစု ပင်လုံညီလာခံကို ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ ကျင်းပပြုလုပ်သွားမည်ဟု နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး က ပြောသည်။

“ကျနော်တို့ အစိုးရဖက်က အဆိုပြုထားတာကတော့ လာမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ စတုတ္ထ အစည်းအဝေးကို ကျနော်တို့ ရွေးကောက်ပွဲတွေ မတိုင်ခင် ၂၀၂၀ နှစ်ဆန်းပိုင်းမှာ ကျင်းပမယ် ဒီအပေါ်မှာလည်း EAOs တွေကလည်း သဘောတူတယ်။”

အောက်တိုဘာလ ၁၈ ရက်နေ့ ယမန်နေ့က အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ နှင့် တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေး မှုအပြီး သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဦးဇော်ဌေး ပြောဆိုခဲ့ခြင်း ဖြစ်သည်။

စတုတ္ထအကြိမ်မြောက် ကျင်းပပြုလုပ်မည့် ၂၁ ရာစု ပင်လုံ ညီလာခံတွင် ဖက်ဒရယ်မူဝါဒနှင့် သက်ဆိုင်သည့် သဘောထားများနှင့် ၂၀၂၀ အလွန်တွင် ဆက်သွားမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဆွေးနွေး သထောတူညီမှု ရယူသွားမည်ဟု နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် က ပြောသည်။

“ဒီညီလာခံရဲ့ ရလာဒ်က ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ ဆိုပြီး အဆိုပြုထားတာရှိတယ်။ အဆိုပြုထားတာ ခုနက ပြောတဲ့ အပိုင်း ၃ ပိုင်းပါဝင်မယ် ဘယ်လိုဖက်ဒရယ်မူ နိုင်ငံမျိုးလည်း ဆိုတဲ့ဟာကို အားလုံးသဘောတူညီချက်ယူမယ်။ အဲဒါက ဖက်ဒရယ်ရဲ့ structure ပိုင်းပေါ့ အပိုင်း ၂ ကတော့ ဖက်ဒရယ် အခြေခံမူတွေ ကျနော်တို့ သဘောတူညီချက်ယူမယ် အပိုင်း ၃ ကတော့ ၂၀၂၀ အလွန်ဘယ်လို ဆက်သွားမလဲ ဆိုတဲ့ လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်မှု အဆင့်ဆင့် ဆိုပြီးသဘောတူညီချက်ယူမယ်။ ဒီ ၃ ပိုင်းက လာမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ညီလာခံမှာ ချုပ်ဆိုမယ့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ ဖြစ်သွားမယ်” ဟု ဦးဇော်ဌေး က ပြောသည်။

ထို့အပြင် ယခင်က ကျင်းပပြီးစီးထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (ခေါ်) ၂၁ ရာစု ပင်လုံညီလာခံမှ ရရှိ ထားသည့် ဖက်ဒရယ် အခြေခံမူ ၅၁ ချက်ကိုလည်း လာမည့် စတုတ္ထအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီ လာခံတွင် ရရှိမည့် အချက်များဖြင့် ထည့်ပေါင်းကာ အသေးစိတ်ကျသည့် ဖက်ဒရယ်မူဝါဒကို ရရှိအောင် လုပ် ဆောင်သွား မည်ဟု သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် က ပြောသည်။

NCA အပစ်ရပ် အဖွဲ့ များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ယာယီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက် စစ်ကလည်း ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပခဲ့ သည့် PPST အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ၂၀၂၀ မတိုင်ခင် ဖက်ဒရယ် အခြေခံမူများကို ၂၁ ရာစု ပင်လုံညီလာခံတွင် ချမှတ်အတည်ပြုနိုင်အောင် လုပ်ဆောင်ရန် NCA အပစ်ရပ် အဖွဲ့များအား တိုက်တွန်းထားသည်။

“၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကျင်းပဖို့ ရှိနေတဲ့ အတွက် ရွေးကောက်ပွဲ မတိုင်မီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက် လိုအပ်တဲ့ အခြေခံ အုတ်မြစ် တွေ ၂၁ ရာစု ပင်လုံမှာ ချမှတ်အတည်ပြုထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ ၂၀၂၀ အလွန်မှာ ငြိမ်းချမ်းရေး လုပ် ငန်းစဉ်နဲ့ ဖက်ဒရယ် ပြည် ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်အတွက် ဖြောင့် ဖြူးသွားမှာ ဖြစ်ပါတယ်။”

စတုတ္ထအကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (ခေါ်) ၂၁ ရာစု ပင်လုံညီလာခံတွင် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးမပါဝင်နိုင်သော်လည်း အာလုံးလက်ခံသဘောတူနိုင်သော ဖက်ဒရယ် မူဝါဒနှင့် ဆိုင်သည့် အခြခံမူများကို ချမှတ်နိုင်အောင် လုပ်ဆောင်သွားမည်ဟု ဦးဇော်ဌေးက ပြောသည်။

ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (ခေါ်) ၂၁ ရာစုပင်လုံညီလာခံကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၄ ရက်နေ့ အထိ ၅ ရက်တာ ကျင်းပခဲ့သည်။

ဒုတိယအကြိမ်အား ၂၀၁၇ ခုနှစ် မေလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပခဲ့ပြီး တတိယအကြိမ်ကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၆ ရက် နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (ခေါ်) ၂၁ ရာစု ပင်လုံ ညီလာခံကို တစ်နှစ်တစ်ကြိမ် ကျင်းပပြုလုပ်ရန် ရည်ရွယ်ထားသော်လည်း တတိယအကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့သည့် ၂၁ ရာစုပင်လုံ ညီလာခံ နောက်ပိုင်း အစိုးရနှင့် NCA အပစ် ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား နိုင်ငံရေး ဆွေးနွေးမှုများတွင် တစ်ဆို့မှုများ စတင်လာရာမှ ညီလာခံ ဆက်လက် ကျင်းပရေးမှာလည်း ရပ်တန့်ခဲ့ရသည်။

…………………

Zawgyi…

ၿငိမ္းခ်မ္းေရးညီလာခံကို ေရြးေကာက္ပြဲမတိုင္မီ ျပန္လည္ က်င္းပမည္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၁၉ ရက္။

အခ်ိန္အေတာ္ၾကာ ရပ္တံ့ေနခဲ့ေသာ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံ (ေခၚ) ၂၁ ရာစု ပင္လံုညီလာခံကို ၂၀၂၀ အေထြေထြ ေရြးေကာက္ပြဲ မတိုင္မီ က်င္းပျပဳလုပ္သြားမည္ဟု ႏိုင္ငံေတာ္ သမၼတရံုး ေျပာခြင့္ရပုဂၢိဳလ္ ဦးေဇာ္ေဌး က ေျပာသည္။

“က်ေနာ္တို႔ အစိုးရဖက္က အဆိုျပဳထားတာကေတာ့ လာမယ့္ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ညီလာခံ ၂၁ ရာစု ပင္လံု စတုတၳ အစည္းအေ၀းကို က်ေနာ္တို႔ ေရြးေကာက္ပြဲေတြ မတိုင္ခင္ ၂၀၂၀ ႏွစ္ဆန္းပိုင္းမွာ က်င္းပမယ္ ဒီအေပၚမွာလည္း EAOs ေတြကလည္း သေဘာတူတယ္။”

ေအာက္တိုဘာလ ၁၈ ရက္ေန႔ ယမန္ေန႔က အစိုးရ ၿငိမ္းခ်မ္းေရး ကိုယ္စားလွယ္မ်ား ႏွင့္ တိုင္းရင္းသား လက္ နက္ကိုင္ အဖြဲ႔အစည္းမ်ားမွ ကိုယ္စားလွယ္တို႔ ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕တြင္ အလြတ္သေဘာ ေတြ႕ဆံုေဆြးေႏြး မႈအၿပီး သတင္းမီဒီယာမ်ား၏ ေမးျမန္းမႈကို ဦးေဇာ္ေဌး ေျပာဆိုခဲ့ျခင္း ျဖစ္သည္။

စတုတၳအႀကိမ္ေျမာက္ က်င္းပျပဳလုပ္မည့္ ၂၁ ရာစု ပင္လံု ညီလာခံတြင္ ဖက္ဒရယ္မူဝါဒႏွင့္ သက္ဆိုင္သည့္ သေဘာထားမ်ားႏွင့္ ၂၀၂၀ အလြန္တြင္ ဆက္သြားမည့္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ အဆင့္ဆင့္ကို ေဆြးေႏြး သေထာတူညီမႈ ရယူသြားမည္ဟု ႏိုင္ငံေတာ္ သမၼတရံုး ေျပာခြင့္ရပုဂၢိဳလ္ က ေျပာသည္။

“ဒီညီလာခံရဲ႕ ရလာဒ္က ျပည္ေထာင္စု သေဘာတူစာခ်ဳပ္ အစိတ္အပိုင္း ၃ ဆိုၿပီး အဆိုျပဳထားတာရွိတယ္။ အဆိုျပဳထားတာ ခုနက ေျပာတဲ့ အပိုင္း ၃ ပိုင္းပါ၀င္မယ္ ဘယ္လိုဖက္ဒရယ္မူ ႏိုင္ငံမ်ိဳးလည္း ဆိုတဲ့ဟာကို အားလံုးသေဘာတူညီခ်က္ယူမယ္။ အဲဒါက ဖက္ဒရယ္ရဲ႕ structure ပိုင္းေပါ့ အပိုင္း ၂ ကေတာ့ ဖက္ဒရယ္ အေျခခံမူေတြ က်ေနာ္တို႔ သေဘာတူညီခ်က္ယူမယ္ အပိုင္း ၃ ကေတာ့ ၂၀၂၀ အလြန္ဘယ္လို ဆက္သြားမလဲ ဆိုတဲ့ လုပ္ငန္းစဥ္ေတြ အေကာင္အထည္ေဖာ္မႈ အဆင့္ဆင့္ ဆိုၿပီးသေဘာတူညီခ်က္ယူမယ္။ ဒီ ၃ ပိုင္းက လာမယ့္ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ညီလာခံ ၂၁ ရာစု ပင္လံု ညီလာခံမွာ ခ်ဳပ္ဆိုမယ့္ ျပည္ေထာင္စု သေဘာတူစာခ်ဳပ္ အစိတ္အပိုင္း ၃ ျဖစ္သြားမယ္” ဟု ဦးေဇာ္ေဌး က ေျပာသည္။

ထို႔အျပင္ ယခင္က က်င္းပၿပီးစီးထားသည့္ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံ (ေခၚ) ၂၁ ရာစု ပင္လံုညီလာခံမွ ရရွိ ထားသည့္ ဖက္ဒရယ္ အေျခခံမူ ၅၁ ခ်က္ကိုလည္း လာမည့္ စတုတၳအႀကိမ္ေျမာက္ ၂၁ ရာစု ပင္လံုညီ လာခံတြင္ ရရွိမည့္ အခ်က္မ်ားျဖင့္ ထည့္ေပါင္းကာ အေသးစိတ္က်သည့္ ဖက္ဒရယ္မူဝါဒကို ရရွိေအာင္ လုပ္ ေဆာင္သြား မည္ဟု သမၼတရံုး ေျပာခြင့္ရပုဂၢိဳလ္ က ေျပာသည္။

NCA အပစ္ရပ္ အဖြဲ႔ မ်ား၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႔ PPST ယာယီ ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ယြက္ စစ္ကလည္း ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၁၀ ရက္ေန႔မွ ၁၂ ရက္ေန႔အထိ ၃ ရက္ၾကာ က်င္းပခဲ့ သည့္ PPST အစည္းအေ၀း အဖြင့္မိန္႔ခြန္းတြင္ ၂၀၂၀ မတိုင္ခင္ ဖက္ဒရယ္ အေျခခံမူမ်ားကို ၂၁ ရာစု ပင္လံုညီလာခံတြင္ ခ်မွတ္အတည္ျပဳႏိုင္ေအာင္ လုပ္ေဆာင္ရန္ NCA အပစ္ရပ္ အဖြဲ႔မ်ားအား တိုက္တြန္းထားသည္။

“၂၀၂၀ အေထြေထြ ေရြးေကာက္ပြဲက်င္းပဖို႔ ရွိေနတဲ့ အတြက္ ေရြးေကာက္ပြဲ မတိုင္မီ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္နဲ႔ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရး အတြက္ လိုအပ္တဲ့ အေျခခံ အုတ္ျမစ္ ေတြ ၂၁ ရာစု ပင္လံုမွာ ခ်မွတ္အတည္ျပဳထားဖို႔ လိုအပ္ပါတယ္။ ဒါမွသာ ၂၀၂၀ အလြန္မွာ ၿငိမ္းခ်မ္းေရး လုပ္ ငန္းစဥ္နဲ႔ ဖက္ဒရယ္ ျပည္ ေထာင္စု တည္ေဆာက္ေရး လုပ္ငန္းစဥ္အတြက္ ေျဖာင့္ ျဖဴးသြားမွာ ျဖစ္ပါတယ္။”

စတုတၳအႀကိမ္ေျမာက္ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ညီလာခံ (ေခၚ) ၂၁ ရာစု ပင္လံုညီလာခံတြင္ သက္ဆိုင္ရာ လက္နက္ကိုင္ အဖြဲ႔အစည္းမ်ား အားလံုးမပါ၀င္ႏိုင္ေသာ္လည္း အာလံုးလက္ခံသေဘာတူႏိုင္ေသာ ဖက္ဒရယ္ မူဝါဒႏွင့္ ဆိုင္သည့္ အျခခံမူမ်ားကို ခ်မွတ္ႏိုင္ေအာင္ လုပ္ေဆာင္သြားမည္ဟု ဦးေဇာ္ေဌးက ေျပာသည္။

ပထမအႀကိမ္ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံ (ေခၚ) ၂၁ ရာစုပင္လုံညီလာခံကို ၂၀၁၆ ခုႏွစ္ ၾသဂုတ္လ ၃၁ ရက္ေန႔မွ စက္တင္ဘာလ ၄ ရက္ေန႔ အထိ ၅ ရက္တာ က်င္းပခဲ့သည္။

ဒုတိယအႀကိမ္အား ၂၀၁၇ ခုႏွစ္ ေမလ ၂၄ ရက္ေန႔မွ ၂၈ ရက္ေန႔အထိ က်င္းပခဲ့ၿပီး တတိယအႀကိမ္ကို ၂၀၁၈ ခုႏွစ္ ဇူလိုင္လ ၁၁ ရက္ေန႔မွ ၁၆ ရက္ ေန႔အထိ က်င္းပျပဳလုပ္ခဲ့သည္။

ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ညီလာခံ (ေခၚ) ၂၁ ရာစု ပင္လံု ညီလာခံကို တစ္ႏွစ္တစ္ႀကိမ္ က်င္းပျပဳလုပ္ရန္ ရည္ရြယ္ထားေသာ္လည္း တတိယအႀကိမ္ေျမာက္ က်င္းပျပဳလုပ္ခဲ့သည့္ ၂၁ ရာစုပင္လံု ညီလာခံ ေနာက္ပိုင္း အစိုးရႏွင့္ NCA အပစ္ ရပ္ထားသည့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔အစည္းမ်ားအၾကား ႏိုင္ငံေရး ေဆြးေႏြးမႈမ်ားတြင္ တစ္ဆို႔မႈမ်ား စတင္လာရာမွ ညီလာခံ ဆက္လက္ က်င္းပေရးမွာလည္း ရပ္တန္႔ခဲ့ရသည္။