ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲကြောင့် အရပ်သား ၂ ဦး ထိမှန်ဒဏ်ရာရ၊ ရွာသားအချို့ တိမ်းရှောင်နေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း ယမန်နေ့နှင့် ယနေ့တွင် တပ်မတော်နှင့် တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားပြီး တပ်မတော်မှ လက်နက်ကြီးကြောင့် အရပ်သား နှစ်ဦး ဒဏ်ရာ ရသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယမန်နေ့က ကျေးရွာများအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ သည့် အတွက် ဒေသခံ ရွာသား ၂ ဦးလက်နက်ကြီးထိမှန်ခဲ့သည့်အပြင် လူဦးရေ ၆၀ ခန့် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်း ရှောင်နေရပြီး ယနေ့နံနက်ပိုင်းတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ဒေသခံများ က ပြောသည်။
အောက်တိုဘာလ ၂၄ ရက်နေ့ (ယမန်နေ့)က တပ်မတော်နှင့် တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA တို့ မော်ဟန်ကျေးရွာအုပ်စုရှိ နမ့်ဟွေ့နှင့် မရှုဖက်ကာကျေးရွာကြားရှိ တောင်ကြော တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ တိုက်ပွဲအတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည်များ ကျေးရွာအတွင်းသို့ ကျ ရောက်ပေါက်ကွဲခဲ့သည်ဟု မော်ဟန်ကျေးရွာမှ ကိုဆိုင်းအောင် က ပြောသည်။
“မနေ့ညက သူတို့ TNLA ချထားတဲ့ နေရာပေါ့နော်။ အဲမှာ တပ်မတော်တွေ လာတဲ့အချိန်မှာ ပစ်ကြတာပေါ့။ အဲဒါ မနေ့ညကတည်းက တာမိုးညဲ ဗျူဟာဖက်က အမြောက်တွေနဲ့ ပစ်ပေးတာပေါ့။ အဲဒီအမြောက်တွေက ရွာမှာ ကျလို့ မနေ့ညက ၂ ယောက်ထိတာပေါ့ ဒီနေ့မနက် ကျနော်တို့ ၉ နာရီ ၁၀ နာရီ လောက် ကွတ်ခိုင်ပြည် သူ့ ဆေးရုံကို ကျနော်တို့ ပို့ထားတယ်ခင်ဗျာ။”
ဒဏ်ရာရရှိသူများကို ကွတ်ခိုင်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ထားပြီး ၎င်းတို့၏ အခြေအနေနှင့် ပတ်သက်၍ ကိုဆိုင်းအောင်က ယခုကဲ့သို့ ဆက်ပြောသည်။
“ဒဏ်ရာက တအားစိုးရိမ်စရာတော့ မရှိပါဘူး။ သူတို့က ဒီခြေထောက်မှာ အကြောထိလို့ ဒါနည်းနည်းလေး လမ်းလျှောက်လို့ မရဘူးပေါ့နော်။ သွေးတွေလည်း ထွက်နေတာ ကျောင်းသူဟုတ်တယ်။ ကျနော်တို့ ကွတ်ခိုင်ဆေးရုံ ပို့ထားတယ်။” ဟု ကိုဆိုင်းအောင်က ပြောသည်။ “သူ့အမေကျတော့ ဦးခေါင်းမှာထိတယ် သူက ရှပ်ထိ သွားတာပေါ့။ ထိုင်နေတဲ့အချိန်ကျတော့ နည်းနည်းလေး ရှပ်ထိသွားတာ အဲလိုမျိုးပုံစံ သူက အရေပြားလေးပဲ ထိတဲ့ အချိန်ကျတော့ သွေးခဏလေးထွက်ပြီးမှ မထွက်ပြီးဆိုတော့ ကျနော်တို့လည်း မခေါ်လာခဲ့ဘူးပေါ့။” ဟု ဆက်ပြောသည်။
အဆိုပါဒေသကို တပ်မတော်မှ နယ်မြေရှင်းလင်းရေးလုပ်မည်ဆိုသည့် ကောလဟာလသတင်းများကြောင့် ဒေသခံ များမှာ စိုးရိမ်နေကြသည်ဟု ဆိုသည်။
အောက်တိုဘာလ ၂၄ ရက်နေ့ ယမန်နေ့က တပ်မတော်နှင့် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့သည်ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများမှာ နမ့်ခမ်းမြို့နယ်ရှိ နမ့်ဟောမ်ရွာအထက်တွင် တစ်ကြိမ်၊ ကွတ်ခိုင်မြို့နယ်ရှိ တာထီးရွာကြားတွင် တစ်ကြိမ်နှင့် နမ့်ဟွေရွာ အထက်ဖက်တောင်ကြောပေါ်တွင် တစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။
ထို့အပြင် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့က စက်တင်ဘာလ ၂၀ ရက်နေ့မှ စတင်ကာ တစ်ဖက်သတ် အပစ်ရပ် ကြေငြာထားသည့်နောက်ပိုင်း တပ်မတော်နှင့် PSLF/TNLA တို့အကြား တိုက်ပွဲ ၁၀ ကြိမ်ဖြစ်ပွားခဲ့သည်ဟု PSLF/ TNLA ၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
အောက်တိုဘာလ ၂၅ ရက် (ယနေ့) နံနက်ပိုင်း အချိန်ကလည်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ လွိုင်ဆမ် ဆစ်တောင်ခြေ၊ မန်နောင်ကျေးရွာ အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကွတ်ခိုင်ဒေသခံ တစ်ဦး က ပြောသည်။
“မနက်က တိုက်ပွဲတော့ ဖြစ်တော့ဖြစ်တယ်ခင်ဗျား ခုတော့ ပြန်ငြိမ်သွားပါပြီ။ ဖြစ်တာက မန်နောင် တာလန် လမ်းခွဲနားမှာ သူက ခနတစ်ဖြုတ်တော့ ပစ်ခတ်တယ်။ မနက်ပိုင်း ၁၀ နာရီ ၁၅ မိနစ်မှာ စဖြစ်တယ်။ သူက တစ်နာရီဝန်းကျင်လောက်ရှိမယ်။ သူဖြစ်တဲ့ပုံက လက်နက်ကြီးရော လက်နက်ငယ်ရော သူတို့ကပစ်တာရှိတယ်။ တစ်နာရီဝန်းကျင်လောက်မှာ အဲလိုမျိုးပေါ့နော်” ဟုပြောသည်။
တိုက်ပွဲဖြစ်ပွားစဉ်က မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ကွတ်ခိုင်လမ်းပိုင်း ကားလမ်းကိုခေတ္တ ပိတ်ထားသော်လည်း ယခုအချိန်တွင် ကားများကို ပြန်လွတ်ပေးနေပြီဟု အဆိုပါ ကွတ်ခိုင်ဒေသခံ က ပြောသည်။
ယမန်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် နမ့်ဟွေနှင့် မရှုဖက်ကာ ကျေးရွာမှ ဒေသခံ ၆၀ ခန့် မော်ဟန် ကျေးရွာသို့ စစ်ဘေး ရှောင်လာခဲ့ကြပြီး ၎င်းတို့၏ ဆွေမျိုးများအိမ်တွင် ခိုလှုံနေကြရသည်ဟု သိရသည်။ အများစုမှာ ကလေးငယ်များနှင့် သက်ကြီးရွယ်အို နှင့် ကိုယ်ဝန်ဆောင်များ ဖြစ်သည်ဟု မော်ဟန်ကျေးရွာမှ ကိုဆိုင်းအောင် က ပြောသည်။
“လက်နက်ကြီးတွေ ခဏပစ်တဲ့အချိန် ပစ်တဲ့ ဥစ္စာအကုန်လုံးက တိုက်ခိုက်တဲ့ နေရာမှာ မကျပဲနဲ့ ရွာမှာ ကြီးပဲ ကျနေတဲ့အချိန်ကျတော့ ရွာသားတွေက စိုးရိမ်တာပေါ့ သူတို့နည်းနည်းလေးရွေ့လိုက်ပြီဆိုတော့ ရွာထဲမှာအိမ် တွေ အများကြီးရှိတဲ့နေရာကျမှာ စိုးတော့ သူတို့က ဒီမော်ဟန်ဖက်ကို ခဏလေးရှောင်လာကြတာ။ အဲဒါက နမ်ကွေနဲ့ မရှုဖက်ကာရွာပေါ့နော။ ဒီနမ့်ဟွေကျတော့ အိမ်ခြေ ၂၀ ကျော်လောက်သူတို့ ဒီဖက်ကိုလာကြပြီတဲ့ ဖက်ကာလည်းသူက အိမ်ခြေ ဆယ့်ငါး နှစ်ဆယ်လောက် လာတယ် ဒါပေမယ့် အကုန်လုံးမလာဘူးပေါ့ ဒီက လေးတွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေ အဲလို သွားလာခက်ခဲတဲ့ဟာ လူတွေလောက်ပဲ လာကြတာပေါ့။ အိမ်ခြေ နှစ်ဆယ်ကျော် တစ်အိမ်မှာ သုံးလေးယောက် ကလေးတွေနဲ့ဆိုတော့ သူက ၅၀၊ ၆၀ လောက် တော့ ရှိပြီထင်တယ်။”
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများကြောင့် ဒေသခံများမှာ ကောင်းမွန်စွာ နေထိုင် လုပ်ကိုင် စားသောက် ခွင့် မရသည့်အပြင် စိုးရိမ်စိတ်များ၊ ကြောက်လန့်စိတ်များ ကြီးစိုးနေပြီး ကျီးလန့်စာ စားဘဝများနှင့် နေနေ ရ သည်ဟု ဒေသခံများက ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့မှာ ရက္ခိုင့် တပ်တော် ULA/AA၊ မြန်မာအမျိုးသားများ ဒီမိုကရက် တစ် တပ်ပေါင်းစု တပ်မတော် (MNTJP/ MNDAA- ကိုးကန့်အဖွဲ့)၊ တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/ TNLA တို့ ဖြစ်ကြသည်။
၎င်းမြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့သည့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များလည်းဖြစ်သည်။
…………….
Zawgyi…
ကြတ္ခိုင္ၿမိဳ႔နယ္အတြင္း တိုက္ပြဲေၾကာင့္ အရပ္သား ၂ ဦး ထိမွန္ဒဏ္ရာရ၊ ရြာသားအခ်ဳိ႔ တိမ္းေရွာင္ေနရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၂၅ ရက္။
ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႔နယ္အတြင္း ယမန္ေန႔ႏွင့္ ယေန႔တြင္ တပ္မေတာ္ႏွင့္ တအန္း(ပေလာင္) အမ်ဳိးသား လြတ္ေျမာက္ေရးတပ္မေတာ္တို႔အၾကား တိုက္ပြဲမ်ား ျဖစ္ပြားၿပီး တပ္မေတာ္မွ လက္နက္ၾကီးေၾကာင့္ အရပ္သား ႏွစ္ဦး ဒဏ္ရာ ရသြားခဲ့သည္ဟုု ေဒသခံမ်ားက ေျပာသည္။
ယမန္ေန႔က ေက်းရြာမ်ားအတြင္းသို႔ လက္နက္ႀကီး က်ေရာက္ေပါက္ကြဲခဲ့ သည့္ အတြက္ ေဒသခံ ရြာသား ၂ ဦးလက္နက္ႀကီးထိမွန္ခဲ့သည့္အျပင္ လူဦးေရ ၆၀ ခန္႔ ေဘးလြတ္ရာသို႔ ထြက္ေျပး တိမ္း ေရွာင္ေနရၿပီး ယေန႔နံနက္ပိုင္းတြင္လည္း တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနသည္ဟု ေဒသခံမ်ား က ေျပာသည္။
ေအာက္တိုဘာလ ၂၄ ရက္ေန႔ (ယမန္ေန႔)က တပ္မေတာ္ႏွင့္ တအန္း(ပေလာင္) အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ PSLF/TNLA တို႔ ေမာ္ဟန္ေက်းရြာအုပ္စုရွိ နမ့္ေဟြ႕ႏွင့္ မရႈဖက္ကာေက်းရြာၾကားရွိ ေတာင္ေၾကာ တြင္ တိုက္ပြဲျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားက ေျပာသည္။
အဆိုပါ တိုက္ပြဲအတြင္း လက္နက္ႀကီး ပစ္ခတ္မႈေၾကာင့္ လက္နက္ႀကီးက်ည္မ်ား ေက်းရြာအတြင္းသို႔ က် ေရာက္ေပါက္ကြဲခဲ့သည္ဟု ေမာ္ဟန္ေက်းရြာမွ ကိုဆိုင္းေအာင္ က ေျပာသည္။
“မေန႔ညက သူတို႔ TNLA ခ်ထားတဲ့ ေနရာေပါ့ေနာ္။ အဲမွာ တပ္မေတာ္ေတြ လာတဲ့အခ်ိန္မွာ ပစ္ၾကတာေပါ့။ အဲဒါ မေန႔ညကတည္းက တာမိုးညဲ ဗ်ဴဟာဖက္က အေျမာက္ေတြနဲ႔ ပစ္ေပးတာေပါ့။ အဲဒီအေျမာက္ေတြက ရြာမွာ က်လို႔ မေန႔ညက ၂ ေယာက္ထိတာေပါ့ ဒီေန႔မနက္ က်ေနာ္တို႔ ၉ နာရီ ၁၀ နာရီ ေလာက္ ကြတ္ခိုင္ျပည္ သူ႔ ေဆးရံုကို က်ေနာ္တို႔ ပို႔ထားတယ္ခင္ဗ်ာ။”
ဒဏ္ရာရရွိသူမ်ားကို ကြတ္ခိုင္ျပည္သူ႔ ေဆးရံုသို႔ ပို႔ေဆာင္ထားၿပီး ၎တို႔၏ အေျခအေနႏွင့္ ပတ္သက္၍ ကိုဆိုင္းေအာင္က ယခုကဲ့သို႔ ဆက္ေျပာသည္။
“ဒဏ္ရာက တအားစိုးရိမ္စရာေတာ့ မရွိပါဘူး။ သူတို႔က ဒီေျခေထာက္မွာ အေၾကာထိလို႔ ဒါနည္းနည္းေလး လမ္းေလွ်ာက္လို႔ မရဘူးေပါ့ေနာ္။ ေသြးေတြလည္း ထြက္ေနတာ ေက်ာင္းသူဟုတ္တယ္။ က်ေနာ္တို႔ ကြတ္ခိုင္ေဆးရံု ပို႔ထားတယ္။” ဟု ကိုဆိုင္းေအာင္က ေျပာသည္။ “သူ႔အေမက်ေတာ့ ဦးေခါင္းမွာထိတယ္ သူက ရွပ္ထိ သြားတာေပါ့။ ထိုင္ေနတဲ့အခ်ိန္က်ေတာ့ နည္းနည္းေလး ရွပ္ထိသြားတာ အဲလိုမ်ိဳးပံုစံ သူက အေရျပားေလးပဲ ထိတဲ့ အခ်ိန္က်ေတာ့ ေသြးခဏေလးထြက္ၿပီးမွ မထြက္ၿပီးဆိုေတာ့ က်ေနာ္တို႔လည္း မေခၚလာခဲ့ဘူးေပါ့။” ဟု ဆက္ေျပာသည္။
အဆိုပါေဒသကို တပ္မေတာ္မွ နယ္ေျမရွင္းလင္းေရးလုပ္မည္ဆိုသည့္ ေကာလဟာလသတင္းမ်ားေၾကာင့္ ေဒသခံ မ်ားမွာ စိုးရိမ္ေနၾကသည္ဟု ဆိုသည္။
ေအာက္တိုဘာလ ၂၄ ရက္ေန႔ ယမန္ေန႔က တပ္မေတာ္ႏွင့္ တိုက္ပြဲ ၃ ႀကိမ္ျဖစ္ပြားခဲ့သည္ဟု PSLF/TNLA က ထုတ္ျပန္ထားသည္။ တိုက္ပြဲျဖစ္ပြားခဲ့သည့္ ေနရာမ်ားမွာ နမ့္ခမ္းၿမိဳ႕နယ္ရွိ နမ့္ေဟာမ္ရြာအထက္တြင္ တစ္ၾကိမ္၊ ကြတ္ခိုင္ၿမိဳ႕နယ္ရွိ တာထီးရြာၾကားတြင္ တစ္ႀကိမ္ႏွင့္ နမ့္ေဟြရြာ အထက္ဖက္ေတာင္ေၾကာေပၚတြင္ တစ္ႀကိမ္ ျဖစ္ပြားခဲ့သည္ဟု ထုတ္ျပန္ခ်က္ထဲတြင္ ေတြ႕ရသည္။
ထို႔အျပင္ ေျမာက္ပိုင္း မဟာမိတ္ ၃ ဖြဲ႔က စက္တင္ဘာလ ၂၀ ရက္ေန႔မွ စတင္ကာ တစ္ဖက္သတ္ အပစ္ရပ္ ေၾကျငာထားသည့္ေနာက္ပိုင္း တပ္မေတာ္ႏွင့္ PSLF/TNLA တို႔အၾကား တိုက္ပြဲ ၁၀ ႀကိမ္ျဖစ္ပြားခဲ့သည္ဟု PSLF/ TNLA ၏ ထုတ္ျပန္ခ်က္ထဲတြင္ ပါရွိသည္။
ေအာက္တိုဘာလ ၂၅ ရက္ (ယေန႔) နံနက္ပိုင္း အခ်ိန္ကလည္း ကြတ္ခိုင္ၿမိဳ႕နယ္အတြင္းရွိ လြိဳင္ဆမ္ ဆစ္ေတာင္ေျခ၊ မန္ေနာင္ေက်းရြာ အနီးတစ္ဝိုက္တြင္ တိုက္ပြဲျဖစ္ပြားခဲ့သည္ဟု ကြတ္ခိုင္ေဒသခံ တစ္ဦး က ေျပာသည္။
“မနက္က တိုက္ပြဲေတာ့ ျဖစ္ေတာ့ျဖစ္တယ္ခင္ဗ်ား ခုေတာ့ ျပန္ၿငိမ္သြားပါၿပီ။ ျဖစ္တာက မန္ေနာင္ တာလန္ လမ္းခြဲနားမွာ သူက ခနတစ္ျဖဳတ္ေတာ့ ပစ္ခတ္တယ္။ မနက္ပိုင္း ၁၀ နာရီ ၁၅ မိနစ္မွာ စျဖစ္တယ္။ သူက တစ္နာရီ၀န္းက်င္ေလာက္ရွိမယ္။ သူျဖစ္တဲ့ပံုက လက္နက္ႀကီးေရာ လက္နက္ငယ္ေရာ သူတို႔ကပစ္တာရွိတယ္။ တစ္နာရီ၀န္းက်င္ေလာက္မွာ အဲလိုမ်ိဳးေပါ့ေနာ္” ဟုေျပာသည္။
တိုက္ပြဲျဖစ္ပြားစဥ္က မႏၱေလး-မူဆယ္ ျပည္ေထာင္စုလမ္းမႀကီးရွိ ကြတ္ခိုင္လမ္းပိုင္း ကားလမ္းကိုေခတၱ ပိတ္ထားေသာ္လည္း ယခုအခ်ိန္တြင္ ကားမ်ားကို ျပန္လြတ္ေပးေနၿပီဟု အဆိုပါ ကြတ္ခိုင္ေဒသခံ က ေျပာသည္။
ယမန္ေန႔က ျဖစ္ပြားခဲ့သည့္တိုက္ပြဲမ်ားေၾကာင့္ နမ့္ေဟြႏွင့္ မရႈဖက္ကာ ေက်းရြာမွ ေဒသခံ ၆၀ ခန္႔ ေမာ္ဟန္ ေက်းရြာသို႔ စစ္ေဘး ေရွာင္လာခဲ့ၾကၿပီး ၎တို႔၏ ေဆြမ်ိဳးမ်ားအိမ္တြင္ ခိုလႈံေနၾကရသည္ဟု သိရသည္။ အမ်ားစုမွာ ကေလးငယ္မ်ားႏွင့္ သက္ႀကီးရြယ္အို ႏွင့္ ကိုယ္၀န္ေဆာင္မ်ား ျဖစ္သည္ဟု ေမာ္ဟန္ေက်းရြာမွ ကိုဆိုင္းေအာင္ က ေျပာသည္။
“လက္နက္ႀကီးေတြ ခဏပစ္တဲ့အခ်ိန္ ပစ္တဲ့ ဥစၥာအကုန္လံုးက တိုက္ခိုက္တဲ့ ေနရာမွာ မက်ပဲနဲ႔ ရြာမွာ ႀကီးပဲ က်ေနတဲ့အခ်ိန္က်ေတာ့ ရြာသားေတြက စိုးရိမ္တာေပါ့ သူတို႔နည္းနည္းေလးေရြ႕လိုက္ၿပီဆိုေတာ့ ရြာထဲမွာအိမ္ ေတြ အမ်ားႀကီးရွိတဲ့ေနရာက်မွာ စိုးေတာ့ သူတို႔က ဒီေမာ္ဟန္ဖက္ကို ခဏေလးေရွာင္လာၾကတာ။ အဲဒါက နမ္ေကြနဲ႔ မရႈဖက္ကာရြာေပါ့ေနာ။ ဒီနမ့္ေဟြက်ေတာ့ အိမ္ေျခ ၂၀ ေက်ာ္ေလာက္သူတို႔ ဒီဖက္ကိုလာၾကၿပီတဲ့ ဖက္ကာလည္းသူက အိမ္ေျခ ဆယ့္ငါး ႏွစ္ဆယ္ေလာက္ လာတယ္ ဒါေပမယ့္ အကုန္လံုးမလာဘူးေပါ့ ဒီက ေလးေတြနဲ႔ ကိုယ္၀န္ေဆာင္ မိခင္ေတြ အဲလို သြားလာခက္ခဲတဲ့ဟာ လူေတြေလာက္ပဲ လာၾကတာေပါ့။ အိမ္ေျခ ႏွစ္ဆယ္ေက်ာ္ တစ္အိမ္မွာ သံုးေလးေယာက္ ကေလးေတြနဲ႔ဆိုေတာ့ သူက ၅၀၊ ၆၀ ေလာက္ ေတာ့ ရွိၿပီထင္တယ္။”
ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ တိုက္ပြဲမ်ားေၾကာင့္ ေဒသခံမ်ားမွာ ေကာင္းမြန္စြာ ေနထိုင္ လုပ္ကိုင္ စားေသာက္ ခြင့္ မရသည့္အျပင္ စိုးရိမ္စိတ္မ်ား၊ ေၾကာက္လန္႔စိတ္မ်ား ႀကီးစိုးေနၿပီး က်ီးလန္႔စာ စားဘ၀မ်ားႏွင့္ ေနေန ရ သည္ဟု ေဒသခံမ်ားက ဆိုသည္။
ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ တပ္မေတာ္ႏွင့္ တိုက္ပြဲျဖစ္ပြားေနသည့္ ေျမာက္ပိုင္း မဟာမိတ္ ၃ ဖြဲ႔မွာ ရကၡိဳင့္ တပ္ေတာ္ ULA/AA၊ ျမန္မာအမ်ိဳးသားမ်ား ဒီမိုကရက္ တစ္ တပ္ေပါင္းစု တပ္မေတာ္ (MNTJP/ MNDAA- ကိုးကန႔္အဖြဲ႕)၊ တအန္း(ပေလာင္) အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ PSLF/ TNLA တို႔ ျဖစ္ၾကသည္။
၎ေျမာက္ပိုင္း မဟာမိတ္ ၃ ဖြဲ႕သည့္ ေျမာက္ပိုင္း တိုင္းရင္းသား လက္နက္ကိုင္မ်ားျဖင့္ ဖြဲ႕စည္းထားသည့္ ျပည္ေထာင္စု ႏိုင္ငံေရး ေဆြးေႏြးညႇိႏႈိင္းေရး ေကာ္မတီ FPNCC ၏ အဖြဲ႕ဝင္မ်ားလည္းျဖစ္သည္။