မွန်နှင့် ကရင်တပ်များ ထပ်မံ ပစ်ခတ်မှု မဖြစ်ရန် အောက်ခြေအထိ ရှင်းလင်းမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်။

မွန်ပြည်သစ်ပါတီ NMSP နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုထပ်မံမဖြစ် ပွားစေရေးအတွက် နှစ်ဘက်ခေါင်းဆောင်များ ဆွေးနွေးသဘော တူထားကြသော် လည်း အောက်ခြေတပ်ဖွဲ့များအကြား ပစ်ခတ်မှုဆက်ရှိနေဆဲဖြစ်သည့်အတွက် အောက်ခြေတပ်များအထိ ရှင်းလင်းမှုများပြုလုပ်ရန် လိုအပ်သည်ဟု နှစ်ဖက်ခေါင်းဆောင်များက ပြောသည်။

“ခေါင်းဆောင်တွေသဘောတူထားတဲ့ဟာကို အောက်ခြေအဆင့်ထိ နားလည်သဘောပေါက်အောင်တော့ ရှင်းရမယ့်အခြေအနေရှိတယ်။ ဒီလိုမျိုး နောက်ထပ်ပစ်ခတ်မှုထပ်မဖြစ်ပွားအောင်ပေါ့” ဟု KNU အမှတ် ၁၆ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောရွှေဝင်းက ပြောသည်။

NMSP နှင့် KNU အောက်ခြေတပ်ဖွဲ့ဝင်များအကြား ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ထိတွေ့ပစ်ခတ်မှုနှင့် ပတ်သက်၍ အောက်တိုဘာ ၂၃ ရက်နေ့က နှစ်ဘက် ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးသဘောတူချက်ရအပြီး ယင်းနေ့ ညနေ ၄ နာရီခန့် တွင် ရေးမြို့နယ် ကျောင်းရွာကျေးရွာအုပ်စု ငါးကလေးချောင်းကျေးရွာအနီးတွင် နှစ်ဘက်တပ်ဖွဲ့ ထိတွေ့ပစ်ခတ်မှု ထပ်ဖြစ်ပွားခဲ့သည်။

နှစ်ဘက်တပ်များထိပ်တိုက်မဖြစ်ပွားရေး အောက်ခြေအဆင့်ဆင့်သို့ ညွှန်ကြားရန်နှင့် ပြဿနာတစ်စုံတစ်ရာ ဖြစ်လာပါက အင်အားသုံး ဖြေရှင်းခြင်းမပြုပဲ တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာသွားကြရန် နှစ်ဘက်ခေါင်းဆောင်များ သဘောတူထားခဲ့ကြသည်။

NMSP နှင့် KNU အောက်ခြေတပ်ဖွဲ့ဝင်များအကြား ဘုရားသုံးဆူမြို့နယ်၊ ဗလဲ့ဒွန်ဖိုက်ကျေးရွာတွင် အောက်တိုဘာ ၁၇ ရက်နေ့ကတစ်ကြိမ် အောက်တိုဘာ ၂၁ ရက်နေ့ကတစ်ကြိမ် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ပြဿနာကို အမြန်ဆုံးဖြေရှင်းနိုင်ရန် KNU ဒူးပလာယာခရိုင်/တပ်မဟာ ၆ တာဝန်ရှိသူများနှင့် NMSP ဗဟိုဝန်းကျင်ဒေသ တာဝန်ရှိသူတို့က ၃ ကြိမ်ခန့် ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အခင်းဖြစ်ပွားရာနေရာသို့လည်း သွားရောက်စိစစ်မှု ပြုလုပ်ခဲ့ကြသည်။

NMSP နှင့် KNU အောက်ခြေတပ်ဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှု ဖြစ်နေသည်နှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးမှုဖြင့် ပြဿနာကို ဖြေရှင်းသွားမည်ဟု မွန်ပြည်သစ်ပါတီ အမှတ် ၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး M စိုက်ချမ်းက ပြောသည်။

ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ထိတွေ့ပစ်ခတ်မှုကြောင့် မွန်ပြည်သစ်ပါတီဘက်မှ ၂ ဦး ကရင်အမျိုးသားအစည်းအရုံးဘက်မှ ၂ ဦးနှင့် ရွာသားတစ်ဦး ထိခိုက်သေဆုံးမှုရှိသည်ဟု နှစ်ဘက်တပ်ဖွဲ့ထံမှ သိရသည်။

မွန်ပြည်သစ်ပါတီနှင့် KNU တို့သည် ၁၉၈၈ ခုနှစ်က နယ်မြေအငြင်းပွားမှု ပြဿနာကြောင့် စစ်ရေး ပဋိပက္ခပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ရေးပြဿနာပြေလည်လာခဲ့ရာမှ ၂၀၁၆ ခုနှစ်မှစကာ တစ်ဖန် နယ်မြေအငြင်းပွားသည့်ကိစ္စ သစ်ခိုးထုတ်သည့်ကိစ္စကြောင်း တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့ နယ်ဘက်တွင် ပစ်ခတ်မှု ၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

ထိုအတူ ရေးမြို့ နယ်အတွင်း၌လည်း သစ်ခိုးထုတ်သည့်ကိစ္စကြောင့် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့တို့နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့ဝင်တို့အကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြသည်လည်းရှိခဲ့သည်။

မွန်ပြည်သစ်ပါတီကသည် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်ပြီး KNU သည် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ကို ယခင်အစိုးရလက်ထက်က လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလတုန်းကလည်း ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသက မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဒေသအတွင်း ဝင်ရောက် အခြေချလာသည့် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် DKBA ခွဲထွက်အဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့အကြား ပတ်ခတ်မှုဖြစ်ပွားခဲ့သည်လည်းရှိသည်။

………………………

Zawgyi…

မြန္ႏွင့္ ကရင္တပ္မ်ား ထပ္မံ ပစ္ခတ္မႈ မျဖစ္ရန္ ေအာက္ေျခအထိ ရွင္းလင္းမည္

သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၂၅ ရက္။

မြန္ျပည္သစ္ပါတီ NMSP ႏွင့္ ကရင္အမ်ဳိးသားအစည္းအ႐ုံး KNU တပ္ဖြဲ႔ဝင္မ်ားအၾကား ပစ္ခတ္မႈထပ္မံမျဖစ္ ပြားေစေရးအတြက္ ႏွစ္ဘက္ေခါင္းေဆာင္မ်ား ေဆြးေႏြးသေဘာ တူထားၾကေသာ္ လည္း ေအာက္ေျခတပ္ဖြဲ႔မ်ားအၾကား ပစ္ခတ္မႈဆက္ရွိေနဆဲျဖစ္သည့္အတြက္ ေအာက္ေျခတပ္မ်ားအထိ ရွင္းလင္းမႈမ်ားျပဳလုပ္ရန္ လိုအပ္သည္ဟု ႏွစ္ဖက္ေခါင္းေဆာင္မ်ားက ေျပာသည္။

“ေခါင္းေဆာင္ေတြသေဘာတူထားတဲ့ဟာကို ေအာက္ေျခအဆင့္ထိ နားလည္သေဘာေပါက္ေအာင္ေတာ့ ရွင္းရမယ့္အေျခအေနရွိတယ္။ ဒီလိုမ်ဳိး ေနာက္ထပ္ပစ္ခတ္မႈထပ္မျဖစ္ပြားေအာင္ေပါ့” ဟု KNU အမွတ္ ၁၆ တပ္ရင္းမွဴး ဒုဗိုလ္မွဴးႀကီး ေစာေရႊဝင္းက ေျပာသည္။

NMSP ႏွင့္ KNU ေအာက္ေျခတပ္ဖြဲ႔ဝင္မ်ားအၾကား ယခုရက္ပိုင္းအတြင္း ျဖစ္ပြားခဲ့သည့္ ထိေတြ႔ပစ္ခတ္မႈႏွင့္ ပတ္သက္၍ ေအာက္တိုဘာ ၂၃ ရက္ေန႔က ႏွစ္ဘက္ ေခါင္းေဆာင္မ်ား ေတြ႔ဆံုေဆြးေႏြးသေဘာတူခ်က္ရအၿပီး ယင္းေန႔ ညေန ၄ နာရီခန္႔ တြင္ ေရးၿမိဳ႕နယ္ ေက်ာင္းရြာေက်းရြာအုပ္စု ငါးကေလးေခ်ာင္းေက်းရြာအနီးတြင္ ႏွစ္ဘက္တပ္ဖြဲ႔ ထိေတြ႔ပစ္ခတ္မႈ ထပ္ျဖစ္ပြားခဲ့သည္။

ႏွစ္ဘက္တပ္မ်ားထိပ္တိုက္မျဖစ္ပြားေရး ေအာက္ေျခအဆင့္ဆင့္သို႔ ၫႊန္ၾကားရန္ႏွင့္ ျပႆနာတစ္စံုတစ္ရာ ျဖစ္လာပါက အင္အားသံုး ေျဖရွင္းျခင္းမျပဳပဲ ေတြ႔ဆံုေဆြးေႏြးျခင္းျဖင့္ အေျဖရွာသြားၾကရန္ ႏွစ္ဘက္ေခါင္းေဆာင္မ်ား သေဘာတူထားခဲ့ၾကသည္။

NMSP ႏွင့္ KNU ေအာက္ေျခတပ္ဖြဲ႔ဝင္မ်ားအၾကား ဘုရားသံုးဆူၿမိဳ႕နယ္၊ ဗလဲ့ဒြန္ဖိုက္ေက်းရြာတြင္ ေအာက္တိုဘာ ၁၇ ရက္ေန႔ကတစ္ႀကိမ္ ေအာက္တိုဘာ ၂၁ ရက္ေန႔ကတစ္ႀကိမ္ ထိေတြ႔ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီးေနာက္ ျပႆနာကို အျမန္ဆံုးေျဖရွင္းႏိုင္ရန္ KNU ဒူးပလာယာခ႐ုိင္/တပ္မဟာ ၆ တာဝန္ရွိသူမ်ားႏွင့္ NMSP ဗဟိုဝန္းက်င္ေဒသ တာဝန္ရွိသူတို႔က ၃ ႀကိမ္ခန္႔ ပြင့္ပြင့္လင္းလင္း ေတြ႔ဆံုေဆြးေႏြးခဲ့ၾကၿပီး အခင္းျဖစ္ပြားရာေနရာသို႔လည္း သြားေရာက္စိစစ္မႈ ျပဳလုပ္ခဲ့ၾကသည္။

NMSP ႏွင့္ KNU ေအာက္ေျခတပ္ဖြဲ႔တို႔အၾကား ထိေတြ႔ပစ္ခတ္မႈ ျဖစ္ေနသည္ႏွင့္ ပတ္သက္၍ ေတြ႔ဆံုေဆြးေႏြးမႈျဖင့္ ျပႆနာကို ေျဖရွင္းသြားမည္ဟု မြန္ျပည္သစ္ပါတီ အမွတ္ ၅ တပ္ရင္းမွဴး ဒုဗိုလ္မွဴးႀကီး M စိုက္ခ်မ္းက ေျပာသည္။

ယခုရက္ပိုင္းအတြင္း ျဖစ္ပြားခဲ့သည့္ ထိေတြ႔ပစ္ခတ္မႈေၾကာင့္ မြန္ျပည္သစ္ပါတီဘက္မွ ၂ ဦး ကရင္အမ်ဳိးသားအစည္းအ႐ုံးဘက္မွ ၂ ဦးႏွင့္ ရြာသားတစ္ဦး ထိခိုက္ေသဆံုးမႈရွိသည္ဟု ႏွစ္ဘက္တပ္ဖြဲ႔ထံမွ သိရသည္။

မြန္ျပည္သစ္ပါတီႏွင့္ KNU တို႔သည္ ၁၉၈၈ ခုႏွစ္က နယ္ေျမအျငင္းပြားမႈ ျပႆနာေၾကာင့္ စစ္ေရး ပဋိပကၡျပင္းထန္စြာ ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း စစ္ေရးျပႆနာေျပလည္လာခဲ့ရာမွ ၂၀၁၆ ခုႏွစ္မွစကာ တစ္ဖန္ နယ္ေျမအျငင္းပြားသည့္ကိစၥ သစ္ခိုးထုတ္သည့္ကိစၥေၾကာင္း တနသၤာရီတိုင္းေဒသႀကီး ေရျဖဴၿမိဳ႕ နယ္ဘက္တြင္ ပစ္ခတ္မႈ ၆ ႀကိမ္ထက္မနည္း ျဖစ္ပြားခဲ့သည္။

ထိုအတူ ေရးၿမိဳ႕ နယ္အတြင္း၌လည္း သစ္ခိုးထုတ္သည့္ကိစၥေၾကာင့္ မြန္ျပည္သစ္ပါတီ တပ္ဖြဲ႔တို႔ႏွင့္ ကရင္အမ်ဳိးသားအစည္းအ႐ုံး KNU တပ္ဖြဲ႔ဝင္တို႔အၾကား ပစ္ခတ္မႈ ျဖစ္ပြားခဲ့ၾကသည္လည္းရွိခဲ့သည္။

မြန္ျပည္သစ္ပါတီကသည္ တႏိုင္ငံလံုးအပစ္ခတ္ရပ္စဲေရးသေဘာတူစာခ်ဳပ္ NCA ကို ေဖေဖာ္၀ါရီလ ၁၃ ရက္ေန႔က လက္မွတ္ေရးထိုးထားသည့္အဖြဲ႔ျဖစ္ျပီး KNU သည္ တႏိုင္ငံလံုးအပစ္ခတ္ရပ္စဲေရးသေဘာတူစာခ်ဳပ္ NCA ကို ယခင္အစိုးရလက္ထက္က လက္မွတ္ေရးထိုးထားသည့္အဖြဲ႔ျဖစ္သည္။

ၿပီးခဲ့သည့္ စက္တင္ဘာလတုန္းကလည္း ထိုင္း-ျမန္မာနယ္စပ္ ဘုရားသံုးဆူေဒသက မြန္ျပည္သစ္ပါတီထိန္းခ်ဳပ္နယ္ေျမေဒသအတြင္း ဝင္ေရာက္ အေျခခ်လာသည့္ တိုးတက္ေသာ ဗုဒၶဘာသာကရင္အမ်ဳိးသားတပ္မေတာ္ DKBA ခြဲထြက္အဖြဲ႔ႏွင့္ မြန္ျပည္သစ္ပါတီတို႔အၾကား ပတ္ခတ္မႈျဖစ္ပြားခဲ့သည္လည္းရွိသည္။