ကွတ်ခိုင်တိုက်ပွဲ တပ်မတော်က ရဟတ်ယာဉ်သုံးတိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း ယမန်နေ့က ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် PSLF/TNLA တို့၏ တိုက်ပွဲအတွင်း တပ်မတော်က လေယာဉ်များအသုံးပြုပြီး လာရောက်တိုက်ခိုက်သည်ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။
ကွတ်ခိုင်မြို့နယ်အတွင်းရှိ နမ့်ဟွေကျေးရွာနှင့် မရူဖကာကျေးရွာ အထက် တောင်ကြောပေါ်တွင် အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းမှ နေ့လည်ပိုင်းအထိ တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ပြီးနောက် နေ့လည် ၁၂ ကျော်အချိန်ခန့်တွင် ရဟတ်ယာဉ် ၂ စီးဖြင့် တပ်မတော် က ပစ်ခတ်ခဲ့သည်ဟု PSLF/TNLA က ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းစစ်ရေးမဟာမိတ် ၃ ဖွဲ့ မှ တဖက်သတ်အပစ်ခတ်ရပ်စဲကြောင်း ထုတ်ပြန်ပြီးနောက် တစ်လကျော်ကာလအတွင်း တိုက်ပွဲအကြိမ်ရေ ၁၀ ကြိမ်ထပ် မနည်း ဖြစ်ပွားခဲ့သည်ဟု ပြောသည်။
မြောက်ပိုင်း ညီနောင်မဟာမိတ်အဖွဲ့ ဝင်သည့် PSLF/TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် က“အပစ်ရပ်ကြေငြာပြီးနောက်ပိုင်းမှာတော့ တိုက်ပွဲတော့မနေ့ကထိဆို အားလုံးပေါင်း ၁၀ ကြိမ်လောက်ရှိတာပေါ့” ဟု ပြောသည်။
ထို့အပြင် “အပစ်ရပ်နောက်ပိုင်းမှာတော့ အကုန်လုံးပဲ ဒီရခိုင်ဘက်မှာလဲဖြစ်တာပေါ့နော်၊ ဘယ် လောက်ဖြစ်လဲတော့ အသေးစိတ် ကျနော်မသိဘူး၊ ကျနော်မှတ်တမ်းရသလောက်ကတော့ ၁၀ ကြိမ်ဖြစ်တယ်၊ အဲဒီပြန်ကြည့် မယ်ဆိုရင်တော့ ဒီတစ်ဖက်သတ်ဘက်က စစ်တပ်ဘက်က လာတိုက်လို့ တိုက်ပွဲဖြစ်တာ” ဟု ဗိုလ်မှူးမိုင်းအိုက်ကျော် က ဆက်ပြောသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် စက်တင်ဘာလ ၂၀ ရက်နေ့မှ စတင်၍ ၂၀၁၉ ခုနှစ် နှစ်ကုန်အထိ တဖက်သတ်အပစ်ရပ်ကြေညာထားသည်။
အပစ်ရပ်ကြောင်း ထုတ်ပြန်ပြီးနောက် ရှမ်းမြောက်ဒေသရှိ ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲအများဆုံး ဖြစ်ပွားခဲ့သည်ဟု PSLF/TNLA က ပြောသည်။
ကွတ်ခိုင်မြို့နယ်အတွင်းရှိ နမ့်ဟွေကျေးရွာနှင့် မရူဖကာကျေးရွာ အထက် တောင်ကြောပေါ်တွင် တပ်မတော်နှင့် TNLA ကြား အောက်တိုဘာလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ သုံးရက် အကြာ တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်ဟု PSLF/TNLA ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောသည်။
ကွတ်ခိုင်မြို့အပြင် အခြားသော မြို့နယ်များတွင်လည်း နှစ်ဖက်တိုက်ပွဲများရှိခဲ့ကြောင်းနှင့် တိုက်ပွဲအတွင်း အကျအဆုံးများလည်း ရှိသည်ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ဆက်ပြောသည်။
“ထုတ်ပြန်ချက် ထုတ်ပြီးနောက်ပိုင်း ဖြစ်တာကတော့ အများစုကတော့ ဒီကွတ်ခိုင်မြို့ နယ်ထဲမှာ ဖြစ်တာများတယ်။ ဒါပေမယ့် ဒီ မန်တုံ ၊ နမ္မတူ၊ နမ့်ခမ်း ၊ နမ့်စန်၊ ကျောက်မဲ၊ မူဆယ်ဘက်မှာလည်း ဖြစ်တယ်။ အကျအဆုံးမှုကတော့ နှစ်ဖက်လုံးရှိတယ်၊ ဒါပေမယ့် အသေးစိတ်ကတော့ မသိရသေးဘူး။”
ထို့အပြင် PSLF/TNLA လှုပ်ရှားသည့် ဒေသများတွင်လည်း တပ်မတော်က စစ်အင်အားတိုးချဲ့ မှုများ ရှိသည်ဟုလည်း ပြောသည်။
မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့ မှာ မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော် MNTJP/MNDAA၊ ရက္ခိုင့် တပ်တော် ULA/AA ၊ တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA တို့ ဖြစ်ကြသည်။
ထို့အပြင် ယခုခါ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်းတွင်လည်း အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့အကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ်များတွင်လည်း တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။
ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲများတွင်လည်း တပ်မတော်က မြေပြင်ထိုး စစ်များ၊ ဝေဟင်ထိုးစစ်များ၊ ရေကြောင်း ပစ်ကူများပါ အသုံးပြုလျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။
…………
Zawgyi…
ကြတ္ခိုင္တိုက္ပြဲ တပ္မေတာ္က ရဟတ္ယာဥ္သုံးတိုက္ခိုက္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၂၇ ရက္။
ရွမ္းျပည္နယ္ ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း ယမန္ေန႔က ျဖစ္ပြားခဲ့သည့္ တပ္မေတာ္ႏွင့္ PSLF/TNLA တို႔၏ တိုက္ပြဲအတြင္း တပ္မေတာ္က ေလယာဥ္မ်ားအသုံးျပဳၿပီး လာေရာက္တိုက္ခိုက္သည္ဟု PSLF/TNLA က ထုတ္ျပန္ထားသည္။
ကြတ္ခိုင္ၿမိဳ႕နယ္အတြင္းရွိ နမ့္ေဟြေက်း႐ြာႏွင့္ မ႐ူဖကာေက်း႐ြာ အထက္ ေတာင္ေၾကာေပၚတြင္ ေအာက္တိုဘာလ ၂၆ ရက္ေန႔ နံနက္ပိုင္းမွ ေန႔လည္ပိုင္းအထိ တိုက္ပြဲ သုံးႀကိမ္ျဖစ္ပြားခဲ့ၿပီးေနာက္ ေန႔လည္ ၁၂ ေက်ာ္အခ်ိန္ခန႔္တြင္ ရဟတ္ယာဥ္ ၂ စီးျဖင့္ တပ္မေတာ္ က ပစ္ခတ္ခဲ့သည္ဟု PSLF/TNLA က ေျပာသည္။
ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ေျမာက္ပိုင္းစစ္ေရးမဟာမိတ္ ၃ ဖြဲ႕ မွ တဖက္သတ္အပစ္ခတ္ရပ္စဲေၾကာင္း ထုတ္ျပန္ၿပီးေနာက္ တစ္လေက်ာ္ကာလအတြင္း တိုက္ပြဲအႀကိမ္ေရ ၁၀ ႀကိမ္ထပ္ မနည္း ျဖစ္ပြားခဲ့သည္ဟု ေျပာသည္။
ေျမာက္ပိုင္း ညီေနာင္မဟာမိတ္အဖြဲ႕ ဝင္သည့္ PSLF/TNLA ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးမိုင္းအိုက္ေက်ာ္ က“အပစ္ရပ္ေၾကျငာၿပီးေနာက္ပိုင္းမွာေတာ့ တိုက္ပြဲေတာ့မေန႔ကထိဆို အားလုံးေပါင္း ၁၀ ႀကိမ္ေလာက္ရွိတာေပါ့” ဟု ေျပာသည္။
ထို႔အျပင္ “အပစ္ရပ္ေနာက္ပိုင္းမွာေတာ့ အကုန္လုံးပဲ ဒီရခိုင္ဘက္မွာလဲျဖစ္တာေပါ့ေနာ္၊ ဘယ္ ေလာက္ျဖစ္လဲေတာ့ အေသးစိတ္ က်ေနာ္မသိဘူး၊ က်ေနာ္မွတ္တမ္းရသေလာက္ကေတာ့ ၁၀ ႀကိမ္ျဖစ္တယ္၊ အဲဒီျပန္ၾကည့္ မယ္ဆိုရင္ေတာ့ ဒီတစ္ဖက္သတ္ဘက္က စစ္တပ္ဘက္က လာတိုက္လို႔ တိုက္ပြဲျဖစ္တာ” ဟု ဗိုလ္မႉးမိုင္းအိုက္ေက်ာ္ က ဆက္ေျပာသည္။
ညီေနာင္မဟာမိတ္ ၃ ဖြဲ႕အေနျဖင့္ စက္တင္ဘာလ ၂၀ ရက္ေန႔မွ စတင္၍ ၂၀၁၉ ခုႏွစ္ ႏွစ္ကုန္အထိ တဖက္သတ္အပစ္ရပ္ေၾကညာထားသည္။
အပစ္ရပ္ေၾကာင္း ထုတ္ျပန္ၿပီးေနာက္ ရွမ္းေျမာက္ေဒသရွိ ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း တိုက္ပြဲအမ်ားဆုံး ျဖစ္ပြားခဲ့သည္ဟု PSLF/TNLA က ေျပာသည္။
ကြတ္ခိုင္ၿမိဳ႕နယ္အတြင္းရွိ နမ့္ေဟြေက်း႐ြာႏွင့္ မ႐ူဖကာေက်း႐ြာ အထက္ ေတာင္ေၾကာေပၚတြင္ တပ္မေတာ္ႏွင့္ TNLA ၾကား ေအာက္တိုဘာလ ၂၄ ရက္ေန႔မွ ၂၆ ရက္ေန႔အထိ သုံးရက္ အၾကာ တိုက္ပြဲျဖစ္ပြားေနျခင္း ျဖစ္သည္ဟု PSLF/TNLA ဗိုလ္မႉးမိုင္းအိုက္ေက်ာ္ က ေျပာသည္။
ကြတ္ခိုင္ၿမိဳ႕အျပင္ အျခားေသာ ၿမိဳ႕နယ္မ်ားတြင္လည္း ႏွစ္ဖက္တိုက္ပြဲမ်ားရွိခဲ့ေၾကာင္းႏွင့္ တိုက္ပြဲအတြင္း အက်အဆုံးမ်ားလည္း ရွိသည္ဟု ဗိုလ္မႉးမိုင္းအိုက္ေက်ာ္က ဆက္ေျပာသည္။
“ထုတ္ျပန္ခ်က္ ထုတ္ၿပီးေနာက္ပိုင္း ျဖစ္တာကေတာ့ အမ်ားစုကေတာ့ ဒီကြတ္ခိုင္ၿမိဳ႕ နယ္ထဲမွာ ျဖစ္တာမ်ားတယ္။ ဒါေပမယ့္ ဒီ မန္တုံ ၊ နမၼတူ၊ နမ့္ခမ္း ၊ နမ့္စန္၊ ေက်ာက္မဲ၊ မူဆယ္ဘက္မွာလည္း ျဖစ္တယ္။ အက်အဆုံးမႈကေတာ့ ႏွစ္ဖက္လုံးရွိတယ္၊ ဒါေပမယ့္ အေသးစိတ္ကေတာ့ မသိရေသးဘူး။”
ထို႔အျပင္ PSLF/TNLA လႈပ္ရွားသည့္ ေဒသမ်ားတြင္လည္း တပ္မေတာ္က စစ္အင္အားတိုးခ်ဲ႕ မႈမ်ား ရွိသည္ဟုလည္း ေျပာသည္။
ေျမာက္ပိုင္း ညီေနာင္ မဟာမိတ္ ၃ ဖြဲ႕ မွာ ျမန္မာအမ်ိဳးသား ဒီမိုကရက္တစ္တပ္မေတာ္ MNTJP/MNDAA၊ ရကၡိဳင့္ တပ္ေတာ္ ULA/AA ၊ တအာင္း(ပေလာင္) အမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ PSLF/TNLA တို႔ ျဖစ္ၾကသည္။
ထို႔အျပင္ ယခုခါ ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္အတြင္းတြင္လည္း ေအာက္တိုဘာလ ၂၆ ရက္ေန႔မွ ၂၇ ရက္ေန႔အထိ တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ ULA/AA တို႔အၾကား တိုက္ပြဲမ်ားျပင္းထန္စြာျဖစ္ပြားေနၿပီး ေျမာက္ဦး၊ မင္းျပား၊ ေက်ာက္ေတာ္၊ ဘူးသီးေတာင္၊ ရေသ့ေတာင္ ၿမိဳ႕နယ္မ်ားတြင္လည္း တိုက္ပြဲမ်ား ျဖစ္ပြားလွ်က္ရွိသည္ဟု ေဒသခံမ်ားက ေျပာသည္။
ရခိုင္ျပည္နယ္အတြင္းက တိုက္ပြဲမ်ားတြင္လည္း တပ္မေတာ္က ေျမျပင္ထိုး စစ္မ်ား၊ ေဝဟင္ထိုးစစ္မ်ား၊ ေရေၾကာင္း ပစ္ကူမ်ားပါ အသုံးျပဳလွ်က္ရွိသည္ဟု ေဒသခံမ်ားက ေျပာသည္။