ဗိုလ်ချုပ်ယွက်ဆစ် ခရီးစဉ် ဟန့်တားခံရ၍ PPST နှင့် JICM အစည်းအဝေးများ ရွှေ့ဆိုင်းရမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်။
RCSS ဥက္ကဌ ဗိုလ်ချုပ်ယွက်ဆစ် ခရီးစဉ် အဆင်မပြေသည့်အတွက် အစိုးရ၊ တပ်မတော်တို့နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား ပြုလုပ်မည့် JICM နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား အဖွဲ့များ၏ PPST အစည်းအဝေးတို့ကို ယာယီရပ်ဆိုင်းထားသည်ဟု ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA က ပြောသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုးခြင်း ၄ နှစ်ပြည့် အခမ်းအနားသို့ တက် ရောက်ရန် စီစဉ်ထားသော်လည်း ခရီးစဉ်အတွင်း တပ်မတော်၏ ဟန့်တားမှုကြောင့် သွားရောက်ရန် မဖြစ် နိုင်တော့သည် အကြောင်း ထိုင်းနယ်စပ် တစ်နေရာတွင် RCSS/SSA က သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
သတင်းစာရှင်း လင်းပွဲတွင် RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ဘာသာပြန်မှ တစ်ဆင့် ပြောဆိုခဲ့သည်။
“ဒီ ၄ နှစ်ပြည့် အခမ်းအနား ပြီးလို့ရှိရင် ဆက်လက် ကျင်းပမယ့် JICM အစည်းအဝေးတို့ PPST အစည်းအဝေး တို့ကလည်း အားလုံးဖျက်သိမ်းပြီးသား ဖြစ်ပါတယ်။ အခုလည်း ယာယီဖျက်သိမ်းထားတာပေါ့နော” ဟု ဘာသာပြန်ကတဆင့် ရှင်းပြသည်။
“ဥက္ကဋ္ဌကြီးက ဒီယာယီ အဖွဲ့ခေါင်းဆောင်အ နေနဲ့ ဒီ PPST မှာ တာဝန်ယူထားတယ်။ ဥက္ကဋ္ဌကြီး မသွားဘူးဆိုတော့လည်း ဒီ PPST အစည်းအဝေးတွေက လည်း မဖြစ်နိုင်သေးဘူး။ လောလောဆယ် တော့ ဒီ JICM အစည်းအဝေးကတော့ မဖြစ်ဘူးပေါ့နော ဘာကြောင့် လဲဆိုတော့ PPST ခေါင်းဆောင် မပါဝင် ဘူးဆိုရင် ဒီ JICM ကလည်း အထမမြောက်နိုင်ဘူးပေါ့” ဟု ဆက်ပြောသည်။
NCA ၄ နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်ရန် ခရီးစဉ် ပျက်သွားရခြင်းနှင့် ပတ်သက်၍ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ယခုလိုသုံးသပ်သည်။
“အခုကျင်းပမယ့် JICM အစည်းအဝေးက အင်မတန်မှ အရေးကြီးတယ်လို့ ကျနော်တို့ မြင်တယ်။ ဒါပေမယ့် ဒီလမ်းကြောင်းကနေ ကျနော်တို့ကို သွားခွင့်မပေးတာ ကျနော်တို့ကို ဟန့်တားတာဆိုတာကတော့ သူတို့က ဒီ အစည်းအဝေးကို မဖြစ်စေချင်ဘူးလို့ ကျနော်တို့ မြင်ပါတယ်။ တပ်မတော်အနေနဲ့ NCA သဘောတူညီချက်စာ ချုပ်ကို ဖျက်သိမ်းလိုတဲ့ သူရဲ့ လက္ခဏာ တစ်ခုပြနေတယ်လို့တော့ ကျနော်တို့ မြင်ရတယ်”
RCSS/SSA အနေဖြင့် ၎င်းတို့၏ ခရီးစဉ်ကို ဌာနချုပ် လွိုင်တိုင်းလျန်းမှ လင်းခေးခရိုင်၊ ဟိုမိန်းမြို့နယ်မှတစ်ဆင့် လင်းခေး-နမ့်စန- တောင်ကြီး-နေပြည်တော် စသည့် လမ်းကြောင်းဖြင့် သွားရောက်ရန် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် ကြိုတင် ညှိနှိုင်း သဘောတူညီမှု ရရှိထားသည်ဟု ဆိုသည်။
သို့သော် အဆိုပါ လမ်းမှ သွားမည့် ခရီးစဉ်ကို လုံခြုံရေးအရဟုဆိုကာ တပ်မတော်မှ အရှေ့အလယ်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်က ဟန့်တားခဲ့ပြီး တာချီလိတ်မှတစ်ဆင့် လေယာဉ် ဖြင့် နေပြည်တော်သို့ သွားရောက်ရန် ပြောဆိုလာသည် ဟု RCSS/SSA က ပြောသည်။
“အမှန်ဆို NRPC PC နှင့် တစ်ဖက်က တပ်မတော်တို့ အပြန်အလှန်ညှိနှိုင်းမှု မရှိဘူးလို့ မြင်ရပါတယ်။ ကျနော်တို့ ရဲ့ ခရီးစဉ်ကိုလည်း ကျနော်တို့ကြိုတင် အကြောင်းကြားတယ် ပြီးတော့ ကျနော်တို့ ကြိုတင်လည်း ညှိနှိုင်းထား တယ်။ ဒါပေမယ့် သူတို့ကြားထဲမှာ အပြန်အလှန်ညှိနှိုင်းမှု မရှိတဲ့အတွက် ကြောင့်မို့လို့ ဒီလိုမျိုး အခက်အခဲများ ကြုံရတာဖြစ်ပါတယ်။”
ထို့ကြောင့် နေပြည်တော်တွင် ပြုလုပ်ကြမည့် အပစ်ရပ်လက်မှတ်ထိုးအဖွဲ့များ၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM အစည်းအဝေး ကိုလည်း ဖျက်သိမ်းရမည့် သဘောဖြစ်သည်ဟု RCSS/SSA က ဆက်ပြောသည်။
ယခုကဲ့သို့ ဟန့်တားနေခြင်းသည် တပ်မတော်အနေဖြင့် NCA စာချုပ်ကို ချိုးဖောက်ရုံသာမက ဖျက်သိမ်းလို သည့် လက္ခဏာပြနေသည်ဟု RCSS/SSA က စွပ်စွဲပြောဆိုသည်။
ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် RCSS/SSA မှ ထိပ်တန်းခေါင်းဆောင်များအနေဖြင့် ဌာနချုပ် လွိုင်တိုင်း လျန်း မှ ဟိုမိန်း-တောင်ကြီး လမ်းမှ နေပြည်တော်တွင် ကျင်းပမည့် NCA လေးနှစ်ပြည့် အခမ်းအနားသို့ သွား ရန် စီစဉ်ထားခြင်းဖြစ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ကို အောက်တိုဘာ လ ၁၀ရက်နေ့ကတည်းက အကြောင်းကြာ းထားပြီး ဖြစ်သည်ဟု ပြောသည်။
အောက်တိုဘာလ (၂၈) ရက်နေ့ မနက်ဖြန်တွင် ကျင်းပမည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း ၄ နှစ်ပြည့် အခမ်းအနားကို နေပြည်တော်တွင် ကျင်းပမှာဖြစ်ပြီး အဆိုပါအခမ်းအနားသို့ တက်ရောက်ရန် အပစ်ရပ် တိုင်းရင်သားလက်နက်ကိုင် (၁၀) မှ ခေါင်းဆောင် အများစုမှာ နေပြည်တော်သို့ ရောက်ရှိနေပြီဟု သိရသည်။
……
Zawgyi…
ဗိုလ္ခ်ဳပ္ယြက္ဆစ္ ခရီးစဥ္ ဟန္႔တားခံရ၍ PPST ႏွင့္ JICM အစည္းအေ၀းမ်ား ေရႊ႔ဆိုင္းရမည္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၂၇ ရက္။
RCSS ဥကၠဌ ဗိုလ္ခ်ဳပ္ယြက္ဆစ္ ခရီးစဥ္ အဆင္မေျပသည့္အတြက္ အစိုးရ၊ တပ္မေတာ္တို႔ႏွင့္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႔အစည္းမ်ားအၾကား ျပဳလုပ္မည့္ JICM ႏွင့္ NCA လက္မွတ္ထိုး တိုင္းရင္းသား အဖြဲ႔မ်ား၏ PPST အစည္းအေ၀းတို႔ကို ယာယီရပ္ဆိုင္းထားသည္ဟု ရွမ္းျပည္ျပန္လည္ ထူေထာင္ေရး ေကာင္စီ RCSS/SSA က ေျပာသည္။
တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး စာခ်ဳပ္ NCA လက္မွတ္ေရးထိုးျခင္း ၄ ႏွစ္ျပည့္ အခမ္းအနားသို႔ တက္ ေရာက္ရန္ စီစဥ္ထားေသာ္လည္း ခရီးစဥ္အတြင္း တပ္မေတာ္၏ ဟန္႔တားမႈေၾကာင့္ သြားေရာက္ရန္ မျဖစ္ ႏိုင္ေတာ့သည္ အေၾကာင္း ထိုင္းနယ္စပ္ တစ္ေနရာတြင္ RCSS/SSA က သတင္းစာ ရွင္းလင္းပြဲျပဳလုပ္ခဲ့သည္။
သတင္းစာရွင္း လင္းပြဲတြင္ RCSS/SSA ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္က ဘာသာျပန္မွ တစ္ဆင့္ ေျပာဆိုခဲ့ဲ သည္။
“ဒီ ၄ ႏွစ္ျပည့္ အခမ္းအနား ၿပီးလို႔ရွိရင္ ဆက္လက္ က်င္းပမယ့္ JICM အစည္းအေ၀းတို႔ PPST အစည္းအေ၀း တို႔ကလည္း အားလံုးဖ်က္သိမ္းၿပီးသား ျဖစ္ပါတယ္။ အခုလည္း ယာယီဖ်က္သိမ္းထားတာေပါ့ေနာ” ဟု ဘာသာျပန္ကတဆင့္ ရွင္းျပသည္။
“ဥကၠ႒ႀကီးက ဒီယာယီ အဖြဲ႔ေခါင္းေဆာင္အ ေနနဲ႔ ဒီ PPST မွာ တာ၀န္ယူထားတယ္။ ဥကၠ႒ႀကီး မသြားဘူးဆိုေတာ့လည္း ဒီ PPST အစည္းအေ၀းေတြက လည္း မျဖစ္ႏိုင္ေသးဘူး။ ေလာေလာဆယ္ ေတာ့ ဒီ JICM အစည္းအေ၀းကေတာ့ မျဖစ္ဘူးေပါ့ေနာ ဘာေၾကာင့္ လဲဆိုေတာ့ PPST ေခါင္းေဆာင္ မပါ၀င္ ဘူးဆိုရင္ ဒီ JICM ကလည္း အထမေျမာက္ႏိုင္ဘူးေပါ့” ဟု ဆက္ေျပာသည္။
NCA ၄ ႏွစ္ျပည့္ အခမ္းအနားသို႔ တက္ေရာက္ရန္ ခရီးစဥ္ ပ်က္သြားရျခင္းႏွင့္ ပတ္သက္၍ ဗိုလ္ခ်ဳပ္ႀကီး ယြက္ဆစ္က ယခုလိုသံုးသပ္သည္။
“အခုက်င္းပမယ့္ JICM အစည္းအေ၀းက အင္မတန္မွ အေရးႀကီးတယ္လို႔ က်ေနာ္တို႔ ျမင္တယ္။ ဒါေပမယ့္ ဒီလမ္းေၾကာင္းကေန က်ေနာ္တို႔ကို သြားခြင့္မေပးတာ က်ေနာ္တို႔ကို ဟန္႔တားတာဆိုတာကေတာ့ သူတို႔က ဒီ အစည္းအေ၀းကို မျဖစ္ေစခ်င္ဘူးလို႔ က်ေနာ္တို႔ ျမင္ပါတယ္။ တပ္မေတာ္အေနနဲ႔ NCA သေဘာတူညီခ်က္စာ ခ်ဳပ္ကို ဖ်က္သိမ္းလိုတဲ့ သူရဲ႕ လကၡဏာ တစ္ခုျပေနတယ္လို႔ေတာ့ က်ေနာ္တို႔ ျမင္ရတယ္”
RCSS/SSA အေနျဖင့္ ၎တို႔၏ ခရီးစဥ္ကို ဌာနခ်ဳပ္ လိြဳင္တိုင္းလ်န္းမွ လင္းေခးခ႐ိုင္၊ ဟိုမိန္းၿမိဳ႕နယ္မွတစ္ဆင့္ လင္းေခး-နမ့္စန- ေတာင္ႀကီး-ေနျပည္ေတာ္ စသည့္ လမ္းေၾကာင္းျဖင့္ သြားေရာက္ရန္ အစိုးရ ၿငိမ္းခ်မ္းေရး ကိုယ္စားလွယ္မ်ားႏွင့္ ႀကိဳတင္ ညွိႏိႈင္း သေဘာတူညီမႈ ရရွိထားသည္ဟု ဆိုသည္။
သို႔ေသာ္ အဆိုပါ လမ္းမွ သြားမည့္ ခရီးစဥ္ကို လံုၿခံဳေရးအရဟုဆိုကာ တပ္မေတာ္မွ အေရွ႕အလယ္ပိုင္းတိုင္းမွဴး ဗိုလ္ခ်ဳပ္သန္းလႈိင္က ဟန္႔တားခဲ့ၿပီး တာခ်ီလိတ္မွတစ္ဆင့္ ေလယာဥ္ ျဖင့္ ေနျပည္ေတာ္သို႔ သြားေရာက္ရန္ ေျပာဆိုလာသည္ ဟု RCSS/SSA က ေျပာသည္။
“အမွန္ဆို NRPC PC ႏွင့္ တစ္ဖက္က တပ္မေတာ္တို႔ အျပန္အလွန္ညွိႏႈိင္းမႈ မရွိဘူးလို႔ ျမင္ရပါတယ္။ က်ေနာ္တို႔ ရဲ႕ ခရီးစဥ္ကိုလည္း က်ေနာ္တို႔ႀကိဳတင္ အေၾကာင္းၾကားတယ္ ၿပီးေတာ့ က်ေနာ္တို႔ ႀကိဳတင္လည္း ညွိႏႈိင္းထား တယ္။ ဒါေပမယ့္ သူတို႔ၾကားထဲမွာ အျပန္အလွန္ညွိႏႈိင္းမႈ မရွိတဲ့အတြက္ ေၾကာင့္မို႔လို႔ ဒီလိုမ်ိဳး အခက္အခဲမ်ား ၾကံဳရတာျဖစ္ပါတယ္။”
ထို႔ေၾကာင့္ ေနျပည္ေတာ္တြင္ ျပဳလုပ္ၾကမည့္ အပစ္ရပ္လက္မွတ္ထိုးအဖြဲ႕မ်ား၏ တစ္ႏုိင္ငံလံုး ပစ္ခတ္တို္က္ ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ အေကာင္အထည္ေဖာ္မႈဆုိင္ရာ ညွိႏိႈင္းအစည္းအေဝး JICM အစည္းအေဝး ကိုလည္း ဖ်က္သိမ္းရမည့္ သေဘာျဖစ္သည္ဟု RCSS/SSA က ဆက္ေျပာသည္။
ယခုကဲ့သို႔ ဟန္႔တားေနျခင္းသည္ တပ္မေတာ္အေနျဖင့္ NCA စာခ်ဳပ္ကို ခ်ိဳးေဖာက္ရံုသာမက ဖ်က္သိမ္းလို သည့္ လကၡဏာျပေနသည္ဟု RCSS/SSA က စြပ္စြဲေျပာဆိုသည္။
ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ ဦးေဆာင္သည့္ RCSS/SSA မွ ထိပ္တန္းေခါင္းေဆာင္မ်ားအေနျဖင့္ ဌာနခ်ဳပ္ လိြဳင္တိုင္း လ်န္း မွ ဟိိုမိန္း-ေတာင္ႀကီး လမ္းမွ ေနျပည္ေတာ္တြင္ က်င္းပမည့္ NCA ေလးႏွစ္ျပည့္ အခမ္းအနားသို႔ သြား ရန္ စီစဥ္ထားျခင္းျဖစ္ၿပီး အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန NRPC ကို ေအာက္တုိဘာ လ ၁၀ရက္ေန႔ကတည္းက အေၾကာင္းၾကားထားၿပီး ျဖစ္သည္ဟု ေျပာသည္။
ေအာက္တိုဘာလ (၂၈) ရက္ေန႔ မနက္ျဖန္တြင္ က်င္းပမည့္ တစ္ႏုိင္ငံလံုးပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးျခင္း ၄ ႏွစ္ျပည့္ အခမ္းအနားကို ေနျပည္ေတာ္တြင္ က်င္းပမွာျဖစ္ၿပီး အဆုိပါအခမ္းအနားသို႔ တက္ေရာက္ရန္ အပစ္ရပ္ တိုင္းရင္သားလက္နက္ကိုင္ (၁၀) မွ ေခါင္းေဆာင္ အမ်ားစုမွာ ေနျပည္ေတာ္သို႔ ေရာက္ရွိေနၿပီဟု သိရသည္။