တပ်မတော် ထိုးစစ်များရပ်တန့်ရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ သတိပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်။
ထိုးစစ်များကို ရပ်တန့်ခြင်း မရှိပဲ တိုက်ပွဲများဖော်ဆောင်နေခြင်းကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ကိစ္စရပ်များသည် မြန်မာ စစ်တပ်၏ တာဝန်သာ ဖြစ်သည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့က သတိပေးချက် ထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၂၉ ရက်နေ့ ယနေ့တွင် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန် ခဲ့ပြီး အဆိုပါထုတ်ပြန်ချက်ထဲတွင် ထိုးစစ်များကို ရပ်တန့်ရန်နှင့် ထိုးစစ်များ မရပ်ပါက တိုက်ပွဲများကြောင့် ဖြစ် ပေါ်လာမည့် ကိစ္စရပ်များသည်ဟု တပ်မတော်၏ တာဝန်များသာဖြစ်သည်ဟု ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထုတ်ပြန်ထားသည်။
ရက္ခိုင့်တပ်တော် ULA/AA ပြောခွင့်ရ ခိုင်သုခ က “အဓိကတော့ မြန်မာစစ်တပ်ဘက်ကနေ လုပ်နေတဲ့ ထိုးစစ်တွေပေါ့နော်၊ အဲ့ဒါတွေကို ရပ်တန့်ဖို့အတွက် ကျနော်တို့ ပြောလိုတာ။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ ညီနောင်သုံးဖွဲ့ဘက်က လွန်ခဲ့တဲ့ စက်တင်ဘာကစပြီး ထိုးစစ်တွေကိုရပ်တန့်ထားတာပေါ့နော်။ ထိုးစစ်ရပ်တဲ့ သက်တမ်းကိုလည်း ဒီနှစ်ကုန် ၃၁ ရက်အထိ တိုးထားတယ်။ ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပိုပြီးတော့ ချောမွေ့ အဆင်ပြေစေဖို့အတွက် ကျနော်တို့ဘက်က လုပ်နိုင်တဲ့ဥစ္စာတွေကို လုပ်တာဖြစ်တယ်။ အထူးသဖြင့် တဘက်နဲ့တဘက်ကြားမှာ ယုံကြည်မှုပိုရှိလာအောင်ပေါ့ဗျာ” ဟု ပြောသည်။
မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ အနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ရပ်တန့်ပြီး လက်ရှိဖြစ်ပွားနေသော တိုက်ပွဲ များ လျှော့ချနိုင်ရန်၊ တွေ့ဆုံဆွေးနွေးပွဲများ လက်တွေ့ကျပြီး ထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် အပစ်အခတ် ရပ်စဲရေး စာချုပ် ( Bilateral Ceasefire Agreement ) ရေးထိုးနိုင်ရန်အတွက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တစ်ဖက်သတ် အပစ်အခတ်ရပ်ဆိုင်းကြောင်းကို ဒုတိယအကြိမ် ကျိုင်းတုံဆွေးနွေးပွဲအပြီး စက် တင်ဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
“တဖက်မှာ ကျနော်တို့ဘက်က ထိုးစစ်တွေကိုရပ်တန့်ထားတာကို အခွင့်အကောင်းယူပြီးတော့ မြန်မာစစ်တပ် ကနေပြီးတော့ ထိုးစစ်တွေကို တောက်လျှောက် အင်အားအလွန်အကျွံသုံးပြီးမှ အခုဆိုရင် ကျနော်တို့ ရခိုင်ဒေ သမှာပဲဖြစ်ဖြစ်၊ တအာင်းဒေသမှာပဲဖြစ်ဖြစ်၊ ကိုးကန့်ဒေသမှာပဲဖြစ်ဖြစ်ပေါ့ သူတို့ဘက်ကနေပြီးမှ ကျနော် တို့ ပြည်သူတွေကို ဦးတည်ပြီးမှ လက်နက်ကြီးတွေ ပစ်ခတ်နေတာတွေရှိတယ်။ ဒါကြောင့် ဒီလိုမျိုးမြန်မာ စစ်တပ်ရဲ့ ထိုးစစ်တွေကို ရပ်တန့်ဖို့လိုတာပေါ့နော်၊ မရပ်တန့်ဘူးဆိုရင် နောက်ဆက်တွဲပြဿနာတွေ ကို မြန်မာစစ်တပ်မှာပဲ တာဝန်ရှိတယ်လို့ ပြောထားတာဖြစ်တယ်” ဟု ခိုင်သုခ က ဆက်ပြောသည်။
တပ်မတော်က တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၏ အပစ်ရပ်ထားသော အခြေအနေများကို အခွင့်အကောင်းယူကာ ၎င်းတို့၏ ကိုးကန့်၊ တအာင်း နှင့် ရခိုင် ဒေသများကို ကြည်း၊ ရေ၊ လေ ပူးပေါင်း စစ်ဆင်ရေးများဖြင့် ပြင်းထန်သော ထိုးစစ်များကို အရှိန်အဟုန်မြင့်စွာ ဆက်လက်ပြုလုပ်နေပါသည်ဟု မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့က ဆိုသည်။
ထို့အပြင် ပြည်သူလူထုများရှိရာ ရပ်ရွာများအား လူမျိုးရေး အမုန်းတရားများကို အခြေခံ၍ လက်နက်ကြီး လက် နက်ငယ် ရဟတ်ယာဉ်များဖြင့် နေ့ညမရွေး ပစ်ခတ်တိုက်ခိုက်နေခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူလူထု များကို အကြောင်းအမျိုးမျိုးဖြင့် ဆက်လက်ဖမ်းဆီးနေခြင်း၊ သတ်ဖြတ်နေခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဒုက္ခအမျိုးမျိုး ပေးနေ ခြင်းများကို နေ့စဉ် ကျူးလွန်လျက်ရှိပါသည်ဟု မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ ၏ ထုတ်ပြန် ချက်ထဲတွင် တပ်မ တော်အား စွပ်စွဲထားသည်။
အဆိုပါ ထိုးစစ်များကြောင့် အစိုးရ တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့ ပြုလုပ်မည့် တွေ့ ဆုံ ဆွေးနွေးမှုများသည် နောက်ပြန်ဆုတ်စေနိုင်သည့်အပြင် ယုံကြည်မှုကို ထိခိုက်စေနိုင်သည့်အတွက် ထိုးစစ် များကို ရပ်တန့်ပြီး စိတ်ဆန္ဒအမှန်ဖြင့် တွေ့ဆုံဆွေးနွေးပွဲများကို လုပ်ဆောင်လိုသည်ဟု မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့က ဆိုသည်။
“မြန်မာပြည်တွင်းစစ်မီးများ ပိုမိုပြင်းထန်စွာ တောက်လောင်နေခြင်းနှင့် မိဘ ပြည်သူလူထုများ စစ်ဘေးဒဏ် ပိုမိုခံစားနေကြရခြင်းများကို ရပ်တန့်အဆုံးသတ်နိုင်ရန်အတွက် မြန်မာစစ်တပ်၏ မိမိတို့ ညီနောင် ၃ ဖွဲ့အပေါ် ပြုလုပ်နေသော ထိုးစစ်များကို အမြန်ဆုံးရပ်တန့်ပြီး စစ်မှန်သော စိတ်ဆန္ဒနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် ရန်လိုသည်” ဟု ပါရှိသည်။
တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့မှာ တအန်း(ပလောင်) အမျိုးသား လွတ် မြောက်ရေး တပ်မတော် PSLF/ TNLA၊ ရက္ခိုင့်တပ်မတော် ULA/AA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် တပ်မ တော် MNTJP/MNDAA တို့ဖြစ်သည်။
အဆိုပါ အဖွဲ့ ၃ ဖွဲ့နှင့် အတူ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့သည် အစိုးရ၊ တပ်မတော်တို့နှင့် ပဏာမ အပစ် ရပ်စာချုပ် Bilateral Ceasefire Agreement လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းနေသော်လည်း ယခု အချိန်အထိ ပြေလည်မှု မရရှိသေးပေ။
ထို့သို့ အပစ်ရပ်လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းနေသည့် တစ်ဖက်တွင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သည့် PS/F/TNLA၊ MNTJP/MNDAA၊ ULA/AA တို့မှာ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည်။
အစိုးရ၊ တပ်မတော်တို့နှင့် ပဏာမ အပစ်ရပ်စာချုပ် Bilateral Ceasefire Agreement လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းနေသည့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့သည် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များဖြစ်သည်။
Zawgyi…
တပ္မေတာ္ ထိုးစစ္မ်ားရပ္တန္႔ရန္ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔မ်ား သတိေပး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၂၉ ရက္။
ထိုးစစ္မ်ားကို ရပ္တန္႔ျခင္း မရွိပဲ တိုက္ပြဲမ်ားေဖာ္ေဆာင္ေနျခင္းေၾကာင့္ ျဖစ္ေပၚလာမည့္ ေနာက္ဆက္တြဲ ကိစၥရပ္မ်ားသည္ ျမန္မာ စစ္တပ္၏ တာ၀န္သာ ျဖစ္သည္ဟု ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔ ၃ ဖြဲ႔က သတိေပးခ်က္ ထုတ္ျပန္ထားသည္။
ေအာက္တိုဘာလ ၂၉ ရက္ေန႔ ယေန႔တြင္ ေျမာက္ပိုင္း မဟာမိတ္ ၃ ဖြဲ႔က ထုတ္ျပန္ခ်က္တစ္ေစာင္ ထုတ္ျပန္ ခဲ့ၿပီး အဆိုပါထုတ္ျပန္ခ်က္ထဲတြင္ ထိုးစစ္မ်ားကို ရပ္တန္႔ရန္ႏွင့္ ထိုးစစ္မ်ား မရပ္ပါက တိုက္ပြဲမ်ားေၾကာင့္ ျဖစ္ ေပၚလာမည့္ ကိစၥရပ္မ်ားသည္ဟု တပ္မေတာ္၏ တာ၀န္မ်ားသာျဖစ္သည္ဟု ထုတ္ျပန္ခ်က္ထဲတြင္ ထည့္သြင္းထုတ္ျပန္ထားသည္။
ရကၡိဳင့္တပ္ေတာ္ ULA/AA ေျပာခြင့္ရ ခိုင္သုခ က “အဓိကေတာ့ ျမန္မာစစ္တပ္ဘက္ကေန လုပ္ေနတဲ့ ထိုးစစ္ေတြေပါ့ေနာ္၊ အဲ့ဒါေတြကို ရပ္တန္႔ဖို႔အတြက္ က်ေနာ္တုိ႔ ေျပာလိုတာ။ ဘာေၾကာင့္လဲဆိုရင္ က်ေနာ္တုိ႔ ညီေနာင္သံုးဖြဲ႕ဘက္က လြန္ခဲ့တဲ့ စက္တင္ဘာကစၿပီး ထိုးစစ္ေတြကိုရပ္တန္႔ထားတာေပါ့ေနာ္။ ထိုးစစ္ရပ္တဲ့ သက္တမ္းကိုလည္း ဒီႏွစ္ကုန္ ၃၁ ရက္အထိ တိုးထားတယ္။ က်ေနာ္တုိ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ပိုၿပီးေတာ့ ေခ်ာေမြ႔ အဆင္ေျပေစဖုိ႔အတြက္ က်ေနာ္တို႔ဘက္က လုပ္ႏုိင္တဲ့ဥစၥာေတြကို လုပ္တာျဖစ္တယ္။ အထူးသျဖင့္ တဘက္နဲ႔တဘက္ၾကားမွာ ယံုၾကည္မႈပိုရွိလာေအာင္ေပါ့ဗ်ာ” ဟု ေျပာသည္။
ေျမာက္ပိုင္း မဟာမိတ္ ၃ ဖြဲ႔ အေနျဖင့္ ျမန္မာႏိုင္ငံ၏ ျပည္တြင္းစစ္ရပ္တန္႔ၿပီး လက္ရွိျဖစ္ပြားေနေသာ တိုက္ပြဲ မ်ား ေလွ်ာ့ခ်ႏိုင္ရန္၊ ေတြ႕ဆံုေဆြးေႏြးပြဲမ်ား လက္ေတြ႕က်ၿပီး ထိေရာက္စြာ ေဆာင္ရြက္ႏိုင္ရန္ႏွင့္ အပစ္အခတ္ ရပ္စဲေရး စာခ်ဳပ္ ( Bilateral Ceasefire Agreement ) ေရးထိုးႏိုင္ရန္အတြက္ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ ၃၁ ရက္ေန႔အထိ တစ္ဖက္သတ္ အပစ္အခတ္ရပ္ဆိုင္းေၾကာင္းကို ဒုတိယအႀကိမ္ က်ိဳင္းတံုေဆြးေႏြးပြဲအၿပီး စက္ တင္ဘာလ ၂၀ ရက္ေန႔တြင္ ထုတ္ျပန္ခဲ့သည္။
“တဖက္မွာ က်ေနာ္တုိ႔ဘက္က ထိုးစစ္ေတြကိုရပ္တန္႔ထားတာကို အခြင့္အေကာင္းယူၿပီးေတာ့ ျမန္မာစစ္တပ္ ကေနၿပီးေတာ့ ထိုးစစ္ေတြကို ေတာက္ေလ်ွာက္ အင္အားအလြန္အကၽြံသံုးၿပီးမွ အခုဆိုရင္ က်ေနာ္တို႔ ရခိုင္ေဒ သမွာပဲျဖစ္ျဖစ္၊ တအာင္းေဒသမွာပဲျဖစ္ျဖစ္၊ ကိုးကန္႔ေဒသမွာပဲျဖစ္ျဖစ္ေပါ့ သူတို႔ဘက္ကေနၿပီးမွ က်ေနာ္ တုိ႔ ျပည္သူေတြကို ဦးတည္ၿပီးမွ လက္နက္ႀကီးေတြ ပစ္ခတ္ေနတာေတြရွိတယ္။ ဒါေၾကာင့္ ဒီလိုမ်ိဳးျမန္မာ စစ္တပ္ရဲ႕ ထုိးစစ္ေတြကို ရပ္တန္႔ဖို႔လိုတာေပါ့ေနာ္၊ မရပ္တန္႔ဘူးဆိုရင္ ေနာက္ဆက္တြဲျပႆနာေတြ ကို ျမန္မာစစ္တပ္မွာပဲ တာဝန္ရွိတယ္လို႔ ေျပာထားတာျဖစ္တယ္” ဟု ခိုင္သုခ က ဆက္ေျပာသည္။
တပ္မေတာ္က တိုင္းရင္းသားလက္နက္ကိုင္ တပ္ဖြဲ႔မ်ား၏ အပစ္ရပ္ထားေသာ အေျခအေနမ်ားကို အခြင့္အေကာင္းယူကာ ၎တို႔၏ ကိုးကန္႔၊ တအာင္း ႏွင့္ ရခိုင္ ေဒသမ်ားကို ၾကည္း၊ ေရ၊ ေလ ပူးေပါင္း စစ္ဆင္ေရးမ်ားျဖင့္ ျပင္းထန္ေသာ ထိုးစစ္မ်ားကို အရွိန္အဟုန္ျမင့္စြာ ဆက္လက္ျပဳလုပ္ေနပါသည္ဟု ေျမာက္ပိုင္း မဟာမိတ္ ၃ ဖြဲ႔က ဆိုသည္။
ထို႔အျပင္ ျပည္သူလူထုမ်ားရွိရာ ရပ္ရြာမ်ားအား လူမ်ိဳးေရး အမုန္းတရားမ်ားကို အေျခခံ၍ လက္နက္ႀကီး လက္ နက္ငယ္ ရဟတ္ယာဥ္မ်ားျဖင့္ ေန႔ညမေရြး ပစ္ခတ္တိုက္ခိုက္ေနျခင္း၊ မီးရႈိ႕ဖ်က္ဆီးျခင္း၊ ျပည္သူလူထု မ်ားကို အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ဆက္လက္ဖမ္းဆီးေနျခင္း၊ သတ္ျဖတ္ေနျခင္း၊ စိတ္ပိုင္းဆိုင္ရာ ဒုကၡအမ်ိဳးမ်ိဳး ေပးေန ျခင္းမ်ားကို ေန႔စဥ္ က်ဴးလြန္လ်က္ရွိပါသည္ဟု ေျမာက္ပိုင္း မဟာမိတ္ ၃ ဖြဲ႔ ၏ ထုတ္ျပန္ ခ်က္ထဲတြင္ တပ္မ ေတာ္အား စြပ္စြဲထားသည္။
အဆိုပါ ထိုးစစ္မ်ားေၾကာင့္ အစိုးရ တပ္မေတာ္ႏွင့္ ေျမာက္ပိုင္း မဟာမိတ္အဖြဲ႔တို႔ ျပဳလုပ္မည့္ ေတြ႕ ဆံု ေဆြးေႏြးမႈမ်ားသည္ ေနာက္ျပန္ဆုတ္ေစႏိုင္သည့္အျပင္ ယံုၾကည္မႈကို ထိခိုက္ေစႏိုင္သည့္အတြက္ ထိုးစစ္ မ်ားကို ရပ္တန္႔ၿပီး စိတ္ဆႏၵအမွန္ျဖင့္ ေတြ႕ဆံုေဆြးေႏြးပြဲမ်ားကို လုပ္ေဆာင္လိုသည္ဟု ေျမာက္ပိုင္း မဟာမိတ္ ၃ ဖြဲ႔က ဆိုသည္။
“ျမန္မာျပည္တြင္းစစ္မီးမ်ား ပိုမိုျပင္းထန္စြာ ေတာက္ေလာင္ေနျခင္းႏွင့္ မိဘ ျပည္သူလူထုမ်ား စစ္ေဘးဒဏ္ ပိုမိုခံစားေနၾကရျခင္းမ်ားကို ရပ္တန္႔အဆံုးသတ္ႏိုင္ရန္အတြက္ ျမန္မာစစ္တပ္၏ မိမိတို႔ ညီေနာင္ ၃ ဖြဲ႔အေပၚ ျပဳလုပ္ေနေသာ ထိုးစစ္မ်ားကို အျမန္ဆံုးရပ္တန္႔ၿပီး စစ္မွန္ေသာ စိတ္ဆႏၵႏွင့္ ေတြ႕ဆံုေဆြးေႏြးမႈမ်ား ျပဳလုပ္ရန္လိုသည္” ဟု ပါရွိသည္။
တပ္မေတာ္ႏွင့္ တိုက္ပြဲျဖစ္ပြားေနသည့္ ေျမာက္ပိုင္းမဟာမိတ္ ၃ ဖြဲ႔မွာ တအန္း(ပေလာင္) အမ်ိဳးသား လြတ္ ေျမာက္ေရး တပ္မေတာ္ PSLF/ TNLA၊ ရကၡိဳင့္တပ္မေတာ္ ULA/AA၊ ျမန္မာအမ်ိဳးသား ဒီမိုကရက္တစ္ တပ္မ ေတာ္ MNTJP/MNDAA တို႔ျဖစ္သည္။
အဆိုပါ အဖြဲ႔ ၃ ဖြဲ႔ႏွင့္ အတူ ကခ်င္လြတ္လပ္ေရးအဖြဲ႔ KIO တို႔သည္ အစိုးရ၊ တပ္မေတာ္တို႔ႏွင့္ ပဏာမ အပစ္ ရပ္စာခ်ဳပ္ Bilateral Ceasefire Agreement လက္မွတ္ေရးထိုးႏိုင္ရန္ ညွိႏႈိင္းေနေသာ္လည္း ယခု အခ်ိန္အထိ ေျပလည္မႈ မရရွိေသးေပ။
ထို႔သို႔ အပစ္ရပ္လက္မွတ္ေရးထိုးႏိုင္ေရး ညွိႏႈိင္းေနသည့္ တစ္ဖက္တြင္ ေျမာက္ပိုင္းမဟာမိတ္ ၃ ဖြဲ႔ျဖစ္သည့္ PS/F/TNLA၊ MNTJP/MNDAA၊ ULA/AA တို႔မွာ တပ္မေတာ္ႏွင့္ တိုက္ပြဲျဖစ္ပြားေနသည္။
အစိုးရ၊ တပ္မေတာ္တို႔ႏွင့္ ပဏာမ အပစ္ရပ္စာခ်ဳပ္ Bilateral Ceasefire Agreement လက္မွတ္ေရးထိုးႏိုင္ရန္ ညွိႏိႈင္းေနသည့္ ေျမာက္ပိုင္း မဟာမိတ္ ၄ ဖြဲ႔သည္ ေျမာက္ပိုင္းတိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔အစည္းမ်ားျဖင့္ ဖြဲ႔စည္းထားသည့္ ျပည္ေထာင္စု ႏိုင္ငံေရး ေဆြးေႏြးညွိႏိႈင္းေရး ေကာ္မတီ FPNCC ၏ အဖြဲ႔၀င္မ်ားျဖစ္သည္။