အငြင်းပွားနယ်မြေမှ တပ်ရုတ်သိမ်းရန် ကရင်နှင့်မွန်တပ်ဖွဲ့များ သဘောတူ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်။

မွန်ပြည်သစ်ပါတီ NMSP နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့တို့က ဘုရားသုံးဆူမြို့နယ်ရှိ အငြင်းပွားနေသော နယ်မြေတွင် နှစ်ဘက်တပ်များ မထားရှိရန် သဘောတူညီခဲ့ကြသည်။

နယ်မြေအငြင်းပွားရာမှတဆင့် ဗလဲ့ဒွန်ဖိုက်ရွာနှင့် ထီးဝါးဒို့ရွာရှိ NMSP နှင့် KNU အောက်ခြေတပ်ဖွဲ့များအကြား အောက်တိုဘာ ၁၇ ရက်နေ့က ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် နှစ်ဘက်ခေါင်းဆောင်များ၏ ညှိနှိုင်းဆွေးနွေးမှုအရ ထိုကဲ့သို့ သဘောတူထားကြခြင်းဖြစ်သည်။

“ပြဿနာဖြစ်တဲ့နေရာမှာ တပ်တွေမနေခိုင်းတော့ဘူး၊ ရွာသားတွေပဲနေခိုင်းမယ်၊ တပ်တွေ သွားလာမယ်ဆိုရင်လည်း အရပ်ဝတ်နဲ့ပဲ သွားလာရမယ်၊ ယူနီဖောင်းနဲ့ လက်နက်အပြည့်အစုံနဲ့ သွားလာဖို့ ခွင့်မပြုတော့ဘူး နှစ်ဘက် သဘောတူထားတယ်” ဟု KNU အမှတ် ၁၆ တပ်ရင်းမှူး ဒု-ဗိုလ်မှူး ကြီး စောရွှေဝင်းက ပြောသည်။

အခင်းဖြစ်ရာနေရာတွင် နှစ်ဘက်တပ်ဖွဲ့များ တပ်စခန်းချခြင်း၊ နေထိုင်ခြင်း၊ စစ်ဝတ်စုံနှင့် လက်နက်များ ကိုင်ဆွဲ၍သွားလာခြင်းမပြုရ၊ အရေးကြီးကိစ္စ သွားလာပါက တဘက်နှင့်တဘက် အကြောင်းကြားပြီး သွားလာကြရမည်၊ လူသွားလမ်းတွင် သွားလာလိုပါက ဆက်ဆံရေးရုံးမှတဆင့် ကြိုတင်အကြောင်းကြားပြီး သွားလာရမည်ဆိုပြီး နှစ်ဘက်ခေါင်းဆောင်များက သဘောတူထားကြသည်ဟု ပြောသည်။

သဘောတူညီမှုရရှိထားသည့် အခြေအနေကို နှစ်ဘက်ခေါင်းဆောင်များ အတူတကွပူးပေါင်းကာ လူထုရှင်းလင်းပွဲပြုလုပ်သွားရန်လည်း စီစဉ်ထားသည်ဟုလည်း နှစ်ဘက်ခေါင်းဆောင်များက ပြောသည်။

“ပစ်ခတ်မှုဖြစ်တဲ့နေရာမှာ ဒေသခံပြည်သူတွေကိုပဲ နေထိုင်ခိုင်းမယ်၊ လောလောဆယ် နေရာမချပေးရသေးဘူး အဲနေရာကို ဘယ်တပ်မှ ပေးမဝင်တော့ဘူး၊ ရွာအနေပဲထားသွားမယ်၊ ဒီလိုလုပ်သွားမယ်ဆိုတဲ့အကြောင်းကို ဒေသခံလူထုရှင်းလင်းပွဲ လုပ်သွားမယ်” ဟု မွန်ပြည်သစ်ပါတီ အမှတ် ၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး M စိုက်ချမ်း က ပြောသည်။

ဘုရားသုံးဆူမြို့ နယ် ဗလဲ့ဒွန်ဖိုက်ရွာနှင့် ထီးဝါးဒို့ရွာနေရာတွင် ဖြစ်ပွားခဲ့သည့် NMSP နှင့် KNU အကြား ပစ်ခတ်မှုကြောင့် ဒေသခံ မွန်၊ ကရင်တိုင်းရင်းသား ၁၀၀ ကျော်တို့က ဘုရားသုံးဆူမြို့ ပေါ်သို့ ထွက်ပြေးတိမ်းရှောင်သွားသည်လည်း ရှိခဲ့သည်။

အောက်တိုဘာ ၁၇ ရက်နေ့က ဘုရားသုံးဆူမြို့ နယ် ဗလဲ့ဒွန်ဖိုက်နှင့် ထားဝယ်ခရိုင် ရေးချောင်းဖျားဒေသ၊ အောက်တိုဘာ ၂၀ ရက်နေ့က ရေးမြို့ နယ် ငါးကလေးချောင်းကျေးရွာအနီးတွင် မွန်ပြည်နယ်သစ်ပါတီနှင့် KNU အောက်ခြေတပ်ဖွဲ့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ ထိတွေ့ပစ်ခတ်မှုကြောင့် မွန်ပြည်သစ်ပါတီဘက်ရော ကရင်အမျိုးသားအစည်းအရုံးဘက်ကပါ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

မွန်ပြည်သစ်ပါတီနှင့် KNU တို့သည် ၁၉၈၈ ခုနှစ်က နယ်မြေအငြင်းပွားမှု ပြဿနာကြောင့် စစ်ရေး ပဋိပက္ခပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ရေးပြဿနာပြေလည်လာခဲ့ရာမှ ၂၀၁၆ ခုနှစ်မှစကာ တစ်ဖန် နယ်မြေအငြင်းပွားသည့်ကိစ္စ သစ်ခိုးထုတ်သည့်ကိစ္စကြောင်း တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်ဘက်နှင့် ရေးမြို့ နယ်အတွင်း၌ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြသည်လည်းရှိခဲ့သည်။

မွန်ပြည်သစ်ပါတီသည် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်ပြီး KNU သည် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ကို ယခင်အစိုးရလက်ထက်က လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်သည်။

Zawgyi…

အျငင္းပြားနယ္ေျမမွ တပ္ရုတ္သိမ္းရန္ ကရင္ႏွင့္မြန္တပ္ဖြဲ႔မ်ား သေဘာတူ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၂၉ ရက္။

မြန္ျပည္သစ္ပါတီ NMSP ႏွင့္ ကရင္အမ်ဳိးသားအစည္းအ႐ုံး KNU တပ္ဖြဲ႔တို႔က ဘုရားသံုးဆူၿမိဳ႔နယ္ရွိ အျငင္းပြားေနေသာ နယ္ေျမတြင္ ႏွစ္ဘက္တပ္မ်ား မထားရွိရန္ သေဘာတူညီခဲ့ၾကသည္။

နယ္ေျမအျငင္းပြားရာမွတဆင့္ ဗလဲ့ဒြန္ဖိုက္ရြာႏွင့္ ထီးဝါးဒို႔ရြာရွိ NMSP ႏွင့္ KNU ေအာက္ေျခတပ္ဖြဲ႔မ်ားအၾကား ေအာက္တိုဘာ ၁၇ ရက္ေန႔က ထိေတြ႔ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီးေနာက္ ႏွစ္ဘက္ေခါင္းေဆာင္မ်ား၏ ၫွိႏႈိင္းေဆြးေႏြးမႈအရ ထိုကဲ့သို႔ သေဘာတူထားၾကျခင္းျဖစ္သည္။

“ျပႆနာျဖစ္တဲ့ေနရာမွာ တပ္ေတြမေနခိုင္းေတာ့ဘူး၊ ရြာသားေတြပဲေနခိုင္းမယ္၊ တပ္ေတြ သြားလာမယ္ဆိုရင္လည္း အရပ္ဝတ္နဲ႔ပဲ သြားလာရမယ္၊ ယူနီေဖာင္းနဲ႔ လက္နက္အျပည့္အစံုနဲ႔ သြားလာဖို႔ ခြင့္မျပဳေတာ့ဘူး ႏွစ္ဘက္ သေဘာတူထားတယ္” ဟု KNU အမွတ္ ၁၆ တပ္ရင္းမွဴး ဒု-ဗိုလ္မွဴး ႀကီး ေစာေရႊဝင္းက ေျပာသည္။

အခင္းျဖစ္ရာေနရာတြင္ ႏွစ္ဘက္တပ္ဖြဲ႔မ်ား တပ္စခန္းခ်ျခင္း၊ ေနထိုင္ျခင္း၊ စစ္ဝတ္စံုႏွင့္ လက္နက္မ်ား ကိုင္ဆြဲ၍သြားလာျခင္းမျပဳရ၊ အေရးႀကီးကိစၥ သြားလာပါက တဘက္ႏွင့္တဘက္ အေၾကာင္းၾကားၿပီး သြားလာၾကရမည္၊ လူသြားလမ္းတြင္ သြားလာလိုပါက ဆက္ဆံေရး႐ုံးမွတဆင့္ ႀကိဳတင္အေၾကာင္းၾကားၿပီး သြားလာရမည္ဆိုၿပီး ႏွစ္ဘက္ေခါင္းေဆာင္မ်ားက သေဘာတူထားၾကသည္ဟု ေျပာသည္။

သေဘာတူညီမႈရရွိထားသည့္ အေျခအေနကို ႏွစ္ဘက္ေခါင္းေဆာင္မ်ား အတူတကြပူးေပါင္းကာ လူထုရွင္းလင္းပြဲျပဳလုပ္သြားရန္လည္း စီစဥ္ထားသည္ဟုလည္း ႏွစ္ဘက္ေခါင္းေဆာင္မ်ားက ေျပာသည္။

“ပစ္ခတ္မႈျဖစ္တဲ့ေနရာမွာ ေဒသခံျပည္သူေတြကိုပဲ ေနထိုင္ခိုင္းမယ္၊ ေလာေလာဆယ္ ေနရာမခ်ေပးရေသးဘူး အဲေနရာကို ဘယ္တပ္မွ ေပးမဝင္ေတာ့ဘူး၊ ရြာအေနပဲထားသြားမယ္၊ ဒီလိုလုပ္သြားမယ္ဆိုတဲ့အေၾကာင္းကို ေဒသခံလူထုရွင္းလင္းပြဲ လုပ္သြားမယ္” ဟု မြန္ျပည္သစ္ပါတီ အမွတ္ ၅ တပ္ရင္းမွဴး ဒုဗိုလ္မွဴးႀကီး M စိုက္ခ်မ္း က ေျပာသည္။

ဘုရားသံုးဆူၿမိဳ႕ နယ္ ဗလဲ့ဒြန္ဖိုက္ရြာႏွင့္ ထီးဝါးဒို႔ရြာေနရာတြင္ ျဖစ္ပြားခဲ့သည့္ NMSP ႏွင့္ KNU အၾကား ပစ္ခတ္မႈေၾကာင့္ ေဒသခံ မြန္၊ ကရင္တိုင္းရင္းသား ၁၀၀ ေက်ာ္တို႔က ဘုရားသံုးဆူၿမိဳ႕ ေပၚသို႔ ထြက္ေျပးတိမ္းေရွာင္သြားသည္လည္း ရွိခဲ့သည္။

ေအာက္တိုဘာ ၁၇ ရက္ေန႔က ဘုရားသံုးဆူၿမိဳ႕ နယ္ ဗလဲ့ဒြန္ဖိုက္ႏွင့္ ထားဝယ္ခ႐ုိင္ ေရးေခ်ာင္းဖ်ားေဒသ၊ ေအာက္တိုဘာ ၂၀ ရက္ေန႔က ေရးၿမိဳ႕ နယ္ ငါးကေလးေခ်ာင္းေက်းရြာအနီးတြင္ မြန္ျပည္နယ္သစ္ပါတီႏွင့္ KNU ေအာက္ေျခတပ္ဖြဲ႔အၾကား ထိေတြ႔ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး အဆိုပါ ထိေတြ႔ပစ္ခတ္မႈေၾကာင့္ မြန္ျပည္သစ္ပါတီဘက္ေရာ ကရင္အမ်ဳိးသားအစည္းအ႐ုံးဘက္ကပါ ထိခိုက္ေသဆံုးမႈမ်ား ရွိခဲ့သည္။

မြန္ျပည္သစ္ပါတီႏွင့္ KNU တို႔သည္ ၁၉၈၈ ခုႏွစ္က နယ္ေျမအျငင္းပြားမႈ ျပႆနာေၾကာင့္ စစ္ေရး ပဋိပကၡျပင္းထန္စြာ ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း စစ္ေရးျပႆနာေျပလည္လာခဲ့ရာမွ ၂၀၁၆ ခုႏွစ္မွစကာ တစ္ဖန္ နယ္ေျမအျငင္းပြားသည့္ကိစၥ သစ္ခိုးထုတ္သည့္ကိစၥေၾကာင္း တနသၤာရီတိုင္းေဒသႀကီး ေရျဖဴၿမိဳ႕နယ္ဘက္ႏွင့္ ေရးၿမိဳ႕ နယ္အတြင္း၌ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ၾကသည္လည္းရွိခဲ့သည္။

မြန္ျပည္သစ္ပါတီသည္ တႏိုင္ငံလံုးအပစ္ခတ္ရပ္စဲေရးသေဘာတူစာခ်ဳပ္ NCA ကို ေဖေဖာ္၀ါရီလ ၁၃ ရက္ေန႔က လက္မွတ္ေရးထိုးထားသည့္အဖြဲ႔ျဖစ္ျပီး KNU သည္ တႏိုင္ငံလံုးအပစ္ခတ္ရပ္စဲေရးသေဘာတူစာခ်ဳပ္ NCA ကို ယခင္အစိုးရလက္ထက္က လက္မွတ္ေရးထိုးထားသည့္အဖြဲ႔ျဖစ္သည္။