ကရင်နီ လူငယ် ၆ ဦးအမှု နိုဝင်ဘာ (၇) ရက် အပြီးသတ် အမိန့်ချမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၉ ရက်။

ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနှင့် ဆက်နွယ်ပြီး ကယားပြည်နယ်အစိုးရက ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ကရင် နီလူငယ် ၆ ဦးကို လာမည့် နိုဝင်ဘာလ ၇ ရက်နေ့ တွင် အပြီးသတ် အမိန့်ချမှတ်မည်ဖြစ်သည်။

အောက်တိုဘာလ ၂၉ ရက်နေ့(ယနေ့) ၁၇ ကြိမ်မြောက် ရုံးချိန်းတွင် ကရင်နီလူငယ်များဖက်မှ တရားရုံးသို့ စာဖြင့် သော်လည်းကောင်း၊ နှုတ်ဖြင့်သော်လည်းကောင်း အပြီးသတ်လျှောက်လဲ ချက်တင်ခဲ့ပြီး လာမည့် ၁၈ ကြိမ်မြောက် ရုံးချိန်းတွင် တရားရုံးမှ အပြီးသတ် အမိန့်ချမည်ဟု ကရင်နီ လူငယ်များနှင့် ၎င်းတို့၏ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေက ပြောသည်။

ကရင်နီလူငယ် ၆ ဦး၏ အမှုကို လိုက်ပါဆောင်ရွက်ပေးသူ ရှေ့နေ စောခူးတလေက “ကျနော်တို့ ဒီအမှုက ကျနော်တို့ အပြီးသတ် လျှောက်လဲချက် တင်ပြီးသွားပြီးပေါ့နော နောက်တစ်ချိန်း ၇ ရက်နေ့မှာတော့ အမိန့်ချ တော့မှာ ဖြစ်ပါတယ်” ဟု တရားရုံးအပြီး သတင်းမီဒီယာများအား ပြော သည်။

ကယားပြည်နယ် အစိုးရ၏ ဖမ်းဆီးတရားစွဲဆို ခံထားရသည့် ကရင်နီလူငယ် ၆ ဦးမှာ ခူးကြူးဖဲကေး(ခ) ဂူးဂူ၊ ခူးရီဒူး၊ ခွန်းသောမတ်စ်၊ မျိုးလှိုင်ဝင်း၊ ပျားလေးနှင့် ကိုဒီးဒီတို့ ဖြစ်ကြသည်။

၎င်းအနေဖြင့် တစ်စုံတစ်ရာသော တည်ဆဲဥပဒေကို ချိုးဖောက်မှု မရှိသည်သာမက သက်သေခိုင်လုံမှု မရှိပဲ ယခုကဲ့သို့ ဖမ်းဆီးတရာစွဲခြင်းသည် နိုင်ငံရေးအရ အကောက်ကြံသည့် လုပ်ရပ်ဖြစ်သည် ကရင်နီလူငယ် ၆ ဦးထဲမှ တစ်ဦးဖြစ်သူ ခူးကြူးဖဲကေး(ခ)ဂူးဂူ က ဆိုသည်။

“ဒီဖြစ်စဉ်တစ်ခုလုံး ဖြစ်လာတာက နိုင်ငံရေးအရ အကောက်ကြံ မှုဖြစ်ပါတယ်။ ဆွေးနွေးပွဲအဆင်မပြေမှပဲ ကျနော်တို့ကို နိုင်ငံရေး အရ အကောက်ကြံပြီးတော့ ကောက်ဖမ်း တာဖြစ်တယ်။ ဒီဖြစ်စဉ်တစ်ခုလုံးက တရားမျှတမှု မရှိဘူးဆိုတာကို အားလုံးက မျက်ဝါးထင်ထင် တွေ့ပြီးသား ပဲဖြစ်တယ်။သက်သေခိုင်မာမှု မရှိပဲနဲ့ကျနော်တို့ကို စွဲချက်ကောက်တင်တာဖြစ်တယ်” ဟုပြော သည်။

လက်ရှိ မြန်မာနိုင်ငံရဲ့ တရားစီရင်ခြင်း စနစ်နှင့် ပတ်သက်၍လည်း ခူးကြူးဖဲကေး(ခ)ဂူးဂူ က ယခုကဲ့သို့ ဆက်ပြောသည်။

“ကျနော်တို့ကို နောက်လ ၇ ရက်ကျရင် အမိန့်ချဖို့ ရုံးချိန်းထပ်မံပြီးပေးလိုက်တယ်။ အဲဒီအချိန် ကျရင်တော့ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့အတူ ဆုံးဖြတ်နိုင်စွမ်းကို အားလုံးမြင်တွေ့ရမှာဖြစ်တယ်။ တစ်နိုင်ငံလုံး တရားသူကြီးရဲ့ ဆင်ခြင်နိုင်စွမ်းကို မြင်တွေ့ရမှာဖြစ်သလို အုပ်ချုပ်ရေးယန္တရားကလည်း တရားစီရင်ရေး အပိုင်းမှာ ဘယ်လောက်အထိ ပါဝင်ပတ်သက်နေတာလည်း ဆိုတာကို မျက်ဝါးထင်ထင် မြင်တွေ့ရမှာ ဖြစ်တယ်လို့ ကျနော်တို့ အဲဒီလိုပဲယူဆပါတယ်” ဟုပြော သည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့တွင် ကရင်နီလူငယ် ၆ ဦးက ကယားပြည်နယ် ဝန်ကြီးချုပ်၊ စီမံရေးနှင့် ဘဏ္ဍာ ရေးဝန်ကြီးတို့အပြင် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီး ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီတို့ကြောင့် တိုင်းရင်းသား များ အချင်းချင်းကြားနှင့် ဒေသအတွင်းရှိ ဌာနေတိုင်းရင်းသားများကြား စည်းလုံးညီညွတ်မှုများကို ပြိုကွဲစေ သည်သာမက ကရင်နီသမိုင်းအားလည်း ပျက်ပြားစေကြောင်း လက်မှတ်ရေးထိုးကာ ထုတ်ပြန်ခဲ့သည့် စာ ကြောင့် ဖမ်းဆီးတရားစွဲခံခဲ့ရသည်။

အဆိုပါစာကြောင့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော် မော်တို့က ၎င်းတို့၏ ဂုဏ်သိက္ခာအရ ညိုးနွမ်းမှု၊ ထိခိုက်မှု ရှိသည်ဟုဆိုကာ က ရင်နီ လူငယ် ၆ ဦးကို နိုင်ငံသား များ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး(နိုင်လွတ်လုံ) ဥပဒေ ပုဒ်မ ၁၀ ဖြင့် တရားစွဲဆိုခဲ့သည်။

ထို့ကြောင့် ၎င်းတို့ ၆ ဦးကို ပြီးခဲ့သည့် သြဂုတ်လ ၂၆ ရက်နေ့ (၉) ကြိမ်မြောက် ရုံချိန်းတွင် လွိုင်ကော်မြို့နယ် တရားရုံးမှ အဆိုပါ နိုင်လွတ်လုံ ဥပဒေ ပုဒ်မ ၁၀ ဖြင့် တရားရုံးက စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

အခုလိုတရားစွဲဆိုခဲ့သည့်အပေါ် ကရင်နီလူငယ် မျိုးလှိုင်ဝင်းက “ဒီတစ်လျှောက်လုံးမှာ ဦးအယ်လ်ဖောင်းရှိုနဲ့ ဦးမော်မော်ဟာ တရားရုံးမှာ သူတို့နစ်နာပါတယ် သူတို့အတွက် ဂုဏ်သိက္ခာ ကျဆင်းပါတယ်ဆိုတဲ့ လာထွက်ဆို တာလည်း မရှိခဲ့သလို သတင်းမီဒီယာတွေမှာလည်း တရားဝင်ဖြေရှင်းခဲ့တာ မရှိတဲ့အတွက်ကြောင့် ဥပဒေလမ်း ကြောင်းအရ အရေးယူ အပြစ်ပေးလို့မရတဲ့ဟာကို ကျနော်တို့ ပြောဆိုခဲ့တယ်” ဟုပြောသည်။

နိုင်ငံသားများကို ကာကွယ်ပေးသည့် ဥပဒေဖြင့် ပြည်နယ်အစိုးရ အနေဖြင့် တရားစွဲဆိုခြင်းသည် ဥပဒေ ကြောင်းရ ကျိုးကြောင်းဆီလျော်မှု မရှိဟု လူငယ်များက ဆိုသည်။

နိုင်လွတ်လုံ ဥပဒေ ပုဒ်မ ၁၀ ၏ မူလရည်ရွယ်ချက်မှာ နိုင်ငံသားများကို အကာအကွယ်ပေးသည့် ဥပဒေအ နေဖြင့် ဥပဒေပြု ထားခြင်းဖြစ်သည်ဟုဆိုသည်။ သို့သော် လက်ရှိ ဥပဒေ၏ အားနည်းချက်နှင့် ပတ်သက်၍ ရှေ့နေ စောခူးတလေ က ယခုကဲ့သို့ သုံးသပ်သည်။

“ဒီဥပဒေရဲ့ အားနည်းချက်တွေမှာ ပေါ်လာတာက ကျနော်တို့ ဒီပြည်သူလူထု ကျနော်တို့ နိုင်ငံသားတွေကို ကာကွယ်ပေးရာ မရောက်တော့ပဲနဲ့ ဒီအာဏာရှိတဲ့ အသိုင်းအဝိုင်းတစ်ခုကနေပြီးတော့မှ အသုံးပြုသွားတဲ့ ဥပဒေတစ်ခုဖြစ်သွားတာပေါ့ ဒါက ဥပဒေက အားနည်းချက်လို့ သုံးသပ်မိပါတယ် ယူဆမိပါတယ်။”

ကရင်နီ လူငယ် ၆ ဦးအနေဖြင့် နိုင်လွတ်လုံ ဥပဒေပုဒ်မ ၁၀ ဖြင့် ပြစ်မှုထင်ရှားကြောင်း တရားစီရင်ခြင်း ခံရပါက အနည်းဆုံး ထောင်ဒဏ် ၆ လမှ အများဆုံး ၃ နှစ်အထိ ကျခံရ နိုင်သည့်အပြင် ငွေဒဏ်အားဖြင့် ၃ သိန်းမှ ၁၅ သိန်းအထိ ချမှတ်နိုင်သည်ဟု သိရသည်။

Zawgyi…

ကရင္နီ လူငယ္ ၆ ဦးအမႈ ႏို၀င္ဘာ (၇) ရက္ အၿပီးသတ္ အမိန္႔ခ်မည္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၂၉ ရက္။

ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ကိစၥႏွင့္ ဆက္ႏြယ္ၿပီး ကယားျပည္နယ္အစိုးရက ဖမ္းဆီးတရားစြဲဆိုခံထားရသည့္ ကရင္ နီလူငယ္ ၆ ဦးကို လာမည့္ ႏို၀င္ဘာလ ၇ ရက္ေန႔ တြင္ အၿပီးသတ္ အမိန္႔ခ်မွတ္မည္ျဖစ္သည္။

ေအာက္တိုဘာလ ၂၉ ရက္ေန႔(ယေန႔) ၁၇ ႀကိမ္ေျမာက္ ရံုးခ်ိန္းတြင္ ကရင္နီလူငယ္မ်ားဖက္မွ တရားရံုးသို႔ စာျဖင့္ ေသာ္လည္းေကာင္း၊ ႏႈတ္ျဖင့္ေသာ္လည္းေကာင္း အၿပီးသတ္ေလွ်ာက္လဲခ်က္တင္ခဲ့ၿပီး လာမည့္ ၁၈ ႀကိမ္ေျမာက္ ရံုးခ်ိန္းတြင္ တရားရံုးမွ အၿပီးသတ္ အမိန္႔ခ်မည္ဟု ကရင္နီ လူငယ္မ်ားႏွင့္ ၎တို႔၏ အမႈကို လိုက္ပါေဆာင္ရြက္ေပးေနသည့္ ေရွ႕ေနက ေျပာသည္။

ကရင္နီလူငယ္ ၆ ဦး၏ အမႈကို လိုက္ပါေဆာင္ရြက္ေပးသူ ေရွ႕ေန ေစာခူးတေလက “က်ေနာ္တို႔ ဒီအမႈက က်ေနာ္တို႔ အၿပီးသတ္ ေလွ်ာက္လဲခ်က္ တင္ၿပီးသြားၿပီးေပါ့ေနာ ေနာက္တစ္ခ်ိန္း ၇ ရက္ေန႔မွာေတာ့ အမိန္႔ခ် ေတာ့မွာ ျဖစ္ပါတယ္” ဟု တရားရံုးအၿပီး သတင္းမီဒီယာမ်ားအား ေျပာသည္။

ကယားျပည္နယ္ အစိုးရ၏ ဖမ္းဆီးတရားစြဲဆို ခံထားရသည့္ ကရင္နီလူငယ္ ၆ ဦးမွာ ခူးၾကဴးဖဲေကး(ခ) ဂူးဂူ၊ ခူးရီဒူး၊ ခြန္းေသာမတ္စ္၊ မ်ိဳးလႈိင္ဝင္း၊ ပ်ားေလးႏွင့္ ကိုဒီးဒီတို႔ ျဖစ္ၾကသည္။

၎အေနျဖင့္ တစ္စံုတစ္ရာေသာ တည္ဆဲဥပေဒကို ခ်ိဳးေဖာက္မႈ မရွိသည္သာမက သက္ေသခိုင္လံုမႈ မရွိပဲ ယခုကဲ့သို႔ ဖမ္းဆီးတရာစြဲျခင္းသည္ ႏိုင္ငံေရးအရ အေကာက္ၾကံသည့္ လုပ္ရပ္ျဖစ္သည္ ကရင္နီလူငယ္ ၆ ဦးထဲမွ တစ္ဦးျဖစ္သူ ခူးၾကဴးဖဲေကး(ခ)ဂူးဂူ က ဆိုသည္။

“ဒီျဖစ္စဥ္တစ္ခုလံုး ျဖစ္လာတာက ႏိုင္ငံေရးအရ အေကာက္ၾကံ မႈျဖစ္ပါတယ္။ ေဆြးေႏြးပြဲအဆင္မေျပမွပဲ က်ေနာ္တို႔ကို ႏိုင္ငံေရး အရ အေကာက္ၾကံၿပီးေတာ့ ေကာက္ဖမ္း တာျဖစ္တယ္။ ဒီျဖစ္စဥ္တစ္ခုလံုးက တရားမွ်တမႈ မရွိဘူးဆိုတာကို အားလံုးက မ်က္ဝါးထင္ထင္ ေတြ႕ၿပီးသား ပဲျဖစ္တယ္။သက္ေသခိုင္မာမႈ မရွိပဲနဲ႔က်ေနာ္တို႔ကို စြဲခ်က္ေကာက္ တင္တာျဖစ္တယ္” ဟုေျပာသည္။

လက္ရွိ ျမန္မာႏိုင္ငံရဲ႕ တရားစီရင္ျခင္း စနစ္ႏွင့္ ပတ္သက္၍လည္း ခူးၾကဴးဖဲေကး(ခ)ဂူးဂူ က ယခုကဲ့သို႔ ဆက္ေျပာသည္။

“က်ေနာ္တို႔ကို ေနာက္လ ၇ ရက္က်ရင္ အမိန္႔ခ်ဖို႔ ရံုးခ်ိန္းထပ္မံၿပီးေပးလိုက္တယ္။ အဲဒီအခ်ိန္က်ရင္ေတာ့ တရားသူႀကီးရဲ႕ ဆင္ျခင္တံုတရားနဲ႔အတူ ဆံုးျဖတ္ႏိုင္စြမ္းကို အားလံုးျမင္ေတြ႕ရမွာျဖစ္တယ္။ တစ္ႏိုင္ငံလံုး တရားသူႀကီးရဲ႕ ဆင္ျခင္ႏိုင္စြမ္းကို ျမင္ေတြ႕ရမွာျဖစ္သလို အုပ္ခ်ဳပ္ေရးယႏၲရားကလည္း တရားစီရင္ေရး အပိုင္းမွာ ဘယ္ေလာက္အထိ ပါ၀င္ပတ္သက္ေနတာလည္း ဆိုတာကို မ်က္ဝါးထင္ထင္ ျမင္ေတြ႕ရမွာ ျဖစ္တယ္လို႔ က်ေနာ္တို႔ အဲဒီလိုပဲယူဆပါတယ္” ဟုေျပာသည္။

ၿပီးခဲ့သည့္ မတ္လ ၂၅ ရက္ေန႔တြင္ ကရင္နီလူငယ္ ၆ ဦးက ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္၊ စီမံေရးႏွင့္ ဘ႑ာ ေရးဝန္ႀကီးတို႔အျပင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျမင္းစီး ေၾကး႐ုပ္ျဖစ္ေျမာက္ေရးေကာ္မတီတို႔ေၾကာင့္ တိုင္းရင္းသား မ်ား အခ်င္းခ်င္းၾကားႏွင့္ ေဒသအတြင္းရွိ ဌာေနတိုင္းရင္းသားမ်ားၾကား စည္းလုံးညီၫြတ္မႈမ်ားကို ၿပိဳကြဲေစ သည္သာမက ကရင္နီသမိုင္းအားလည္း ပ်က္ျပားေစေၾကာင္း လက္မွတ္ေရးထိုးကာ ထုတ္ျပန္ခဲ့သည့္ စာ ေၾကာင့္ ဖမ္းဆီးတရားစြဲခံခဲ့ရသည္။

အဆိုပါစာေၾကာင့္ ကယားျပည္နယ္၀န္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရိႈ ႏွင့္ စီမံကိန္းႏွင့္ ဘ႑ာေရး၀န္ႀကီး ဦးေမာ္ ေမာ္တို႔က ၎တို႔၏ ဂုဏ္သိကၡာအရ ညိဳးႏြမ္းမႈ၊ ထိခိုက္မႈ ရွိသည္ဟုဆိုကာ ကရင္နီ လူငယ္ ၆ ဦးကို ႏိုင္ငံသား မ်ား၏ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈႏွင့္ လုံၿခဳံမႈကို ကာကြယ္ေပးေရး(ႏိုင္လြတ္လုံ) ဥပေဒ ပုဒ္မ ၁၀ ျဖင့္ တရား စြဲဆိုခဲ့သည္။

ထို႔ေၾကာင့္ ၎တို႔ ၆ ဦးကို ၿပီးခဲ့သည့္ ၾသဂုတ္လ ၂၆ ရက္ေန႔ (၉) ႀကိမ္ေျမာက္ ႐ုံခ်ိန္းတြင္ လြိဳင္ေကာ္ၿမိဳ႕နယ္ တရား႐ုံးမွ အဆိုပါ ႏိုင္လြတ္လံု ဥပေဒ ပုဒ္မ ၁၀ ျဖင့္ တရား႐ုံးက စြဲခ်က္တင္ခဲ့ျခင္းျဖစ္သည္။

အခုလိုတရားစြဲဆိုခဲ့သည့္အေပၚ ကရင္နီလူငယ္ မ်ိဳးလိႈင္၀င္းက “ဒီတစ္ေလွ်ာက္လံုးမွာ ဦးအယ္လ္ေဖာင္းရႈိနဲ႔ ဦးေမာ္ေမာ္ဟာ တရားရံုးမွာ သူတို႔နစ္နာပါတယ္ သူတို႔အတြက္ ဂုဏ္သိကၡာ က်ဆင္းပါတယ္ဆိုတဲ့ လာထြက္ဆို တာလည္း မရွိခဲ့သလို သတင္းမီဒီယာေတြမွာလည္း တရား၀င္ေျဖရွင္းခဲ့တာ မရွိတဲ့အတြက္ေၾကာင့္ ဥပေဒလမ္း ေၾကာင္းအရ အေရးယူ အျပစ္ေပးလို႔မရတဲ့ဟာကို က်ေနာ္တို႔ ေျပာဆိုခ့ဲတယ္” ဟုေျပာသည္။

ႏိုင္ငံသားမ်ားကို ကာကြယ္ေပးသည့္ ဥပေဒျဖင့္ ျပည္နယ္အစိုးရ အေနျဖင့္ တရားစြဲဆိုျခင္းသည္ ဥပေဒ ေၾကာင္းရ က်ိဳးေၾကာင္းဆီေလ်ာ္မႈ မရွိဟု လူငယ္မ်ားက ဆိုသည္။

ႏိုင္လြတ္လံု ဥပေဒ ပုဒ္မ ၁၀ ၏ မူလရည္ရြယ္ခ်က္မွာ ႏိုင္ငံသားမ်ားကို အကာအကြယ္ေပးသည့္ ဥပေဒအ ေနျဖင့္ ဥပေဒျပဳ ထားျခင္းျဖစ္သည္ဟုဆိုသည္။ သို႔ေသာ္ လက္ရွိ ဥပေဒ၏ အားနည္းခ်က္ႏွင့္ ပတ္သက္၍ ေရွ႕ေန ေစာခူးတေလ က ယခုကဲ့သို႔ သံုးသပ္သည္။

“ဒီဥပေဒရဲ႕ အားနည္းခ်က္ေတြမွာ ေပၚလာတာက က်ေနာ္တို႔ ဒီျပည္သူလူထု က်ေနာ္တို႔ ႏိုင္ငံသားေတြကို ကာကြယ္ေပးရာ မေရာက္ေတာ့ပဲနဲ႔ ဒီအာဏာရွိတဲ့ အသိုင္းအဝိုင္းတစ္ခုကေနၿပီးေတာ့မွ အသံုးျပဳသြားတဲ့ ဥပေဒတစ္ခုျဖစ္သြားတာေပါ့ ဒါက ဥပေဒက အားနည္းခ်က္လို႔ သံုးသပ္မိပါတယ္ ယူဆမိပါတယ္။”

ကရင္နီ လူငယ္ ၆ ဦးအေနျဖင့္ ႏိုင္လြတ္လုံ ဥပေဒပုဒ္မ ၁၀ ျဖင့္ ျပစ္မႈထင္ရွားေၾကာင္း တရားစီရင္ျခင္း ခံရပါက အနည္းဆုံး ေထာင္ဒဏ္ ၆ လမွ အမ်ားဆုံး ၃ ႏွစ္အထိ က်ခံရ ႏိုင္သည့္အျပင္ ေငြဒဏ္အားျဖင့္ ၃ သိန္းမွ ၁၅ သိန္းအထိ ခ်မွတ္ႏိုင္သည္ဟု သိရသည္။