ကျောင်းသားတပ်မတော် (ABSDF) ၃၁ နှစ်ပြည့်ပြီ (သတင်းဓာတ်ပုံ)
သတင်းနှင့်မီဒီယာကွန်ရက်။
နိုဝင်ဘာလ ၁ ရက်၊ ၂၀၁၉ ခုနှစ်။
နိုဝင်ဘာလ ၁ ရက်နေ့ ယနေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF တည်ထောင်ခြင်း ၃၁ နှစ် ပြည့် အခမ်း အနားကို ကျောင်းသားတပ်မတော် ( မြန်မာပြည် မြောက်ပိုင်း ABSDF-NB ) တည်ရှိရာ လိုင်ဇာမြို့အနီးက ဂျန်ထုန်လခွမ်းဘွမ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ABSDF-NB မှ ရဲဘော်များ၊ မဟာမိတ် KIA/KIO မှ တာဝန်ရှိသူများနှင့် လိုင်ဇာဒေ သခံများ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ကို ရှစ်လေးလုံး လူထု အရေးတော် ပုံကြီးမှ တိုင်းရင်းသား တော်လှန်ရေး ဒေသအသီးသီးသို့ ရောက်ရှိလာ ကြသည့် ကျောင်းသားလူငယ်များက ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁ ရက် နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့ကြခြင်းဖြစ်သည်။
Zawgyi…