မွန်လူငယ်များအကြား မူးယစ်ဆေး သုံးစွဲမှု စိုးရိမ်ဖွယ် မြင့်မား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်။

ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာအရ အမျိုးသမီးများ အပါအဝင် လူငယ် ၇၃ ရာခိုင်နှုန်းကျော် မူးဆစ်ဆေးဝါးသုံးစွဲနေသည်ဟု တိုးတက်သော မွန်လူငယ်အဖွဲ့များက ပြောသည်။

နိုဝင်ဘာလ (၁) ရက်နေ့ ယနေ့တွင် မူးယစ်ဆေးဝါး အန္တရာယ်လျှော့ကျရေး လှုပ်ရှားမှု တစ်ရပ်ကို ဒေသအတွင်းက မွန်လူငယ်အဖွဲ့များက ကျင်းပခဲ့ကြသည်။

“မူးယစ်ဆေးဝါးပြဿနာက ကျနော်တို့ လူငယ်တွေမှာ တော်တော်လေးကို ကျယ်ပြန့်လာနေတာတွေ့ရတယ်၊ မိန်းခလေးတွေပါ သုံးစွဲလာတဲ့အနေအထားဖြစ်လာတယ်၊ ထိထိရောက်ရောက် အရေးယူစေချင်တယ်” ဟု မွန်ပြည်နယ် ရေးမြို့မှ မွန်လူငယ် မင်းချမ်းမွန် က ပြောသည်။

မွန်ပြည်နယ် တောင်ပိုင်း၊ ရေးမြို့ တွင် ကျင်းပသည့် မူးယစ်ဆေးဝါးအန္တရာယ်လျော့ကျရေး လှုပ်ရှားမှုတစ်ရပ်ကို မဂဒူးမွန်ဒေသဖွံ့ ဖြိုးရေး အရပ်ဖက်လူမှုအဖွဲ့အစည်းနှင့် ရေးမြို့ နယ် မွန်လူငယ်ကွန်ယက်အဖွဲ့တို့ ဦးဆောင်ပြီး ဒေသတွင်းရှိ မွန်လူငယ်အင်အား ၂၀၀ ခန့် ပါဝင်ခဲ့ကြသည်ဟု လှုပ်ရှားမှုကို ဦးဆောင်သည့် အဖွဲ့အစည်းများ၏ ပြောပြချက်အရသိရသည်။

အဆိုပါ လှုပ်ရှာမှုကို ဦးဆောင်သူ ရေးမြို့မှ မွန်လူငယ်ကွက်ရက်တာဝန်ခံ နိုင်မြင့်ထွန်း က “ဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ မူးယစ်ဆေးဝါးပြဿနာတွေကို ပြည်သူလူထုတွေ သိရှိနားလည်ပြီးတော့ သတိထားမိလာစေဖို့နဲ့ မူးယစ်ဆေးဝါးအန္တရာယ်တွေ လျော့ကျလာနိုင်စေဖို့အတွက် ရည်ရွယ်ပြီးတော့ ဒီလုပ်ရှားမှုကို ပြုလုပ်တာဖြစ်တယ်” ဟု ပြောသည်။

မူးယစ်ဆေးဝါးလှုပ်ရှားမှုအစီအစဉ် နံနက်ပိုင်းတွင် မူးယစ်ကုန်သွယ်ဖြန့်ဖြူးသူကို ဥပဒေနှင့်အညီ ထိထိရောက်ရောက်အရေးယူပေးရေး၊ အနာဂတ်လူငယ်များ ပြန်လည်ထူထောင်ရေး ကူညီပေး၊ မူးယစ်ဆေးဝါးအန္တရာယ်လျော့ကျဖို့ ဝိုင်းဝန်းကူညီကြပါစို့ မူးယစ်ဆေးကြောင့် ငြိမ်းချမ်းရေးမထိခိုက်ပါစေနှင့် စသည့် မူးယစ်ဆေးဝါးဆိုင်ရာ စာသားများပါ ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ရေးမြို့ပေါ်တွင် လှည့်လည်လှုံ့ဆော်ခဲ့ကြသည်။

ညနေပိုင်းတွင်လည်း ရေးမြို့ ၊ မွန်ဓမ္မာရုံတွင် မူးယစ်ဆေးဝါးဆန့်ကျင်ရေး ပညာပေးဟောပြောမှု၊ မူးယစ်ဆေးဝါးပညာပေးဇာတ်လမ်း တင်ဆက်မှု၊ မူးယစ်ဆေးဝါးဆိုင်ရာ စကားရည်လုပွဲများကိုလည်း ကျင်းပပြုလုပ်ခဲ့သည်ဟု ဦးဆောင်အဖွဲ့အစည်းတာဝန်ရှိသူများက ပြောသည်။

မွန်ပြည်နယ်တစ်ခုလုံးတွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးအမှုများအနက် ရေးမြို့ နယ်နှင့် မော်လမြိုင်မြို့ နယ်တို့သည် ဖမ်းဆီးရမိမှု အများဆုံးမြို့ နယ်များဖြစ်သည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့ မှူးရုံး တာဝန်ရှိသူများက ပြောသည်။

မွန်လူငယ် မင်းချမ်းမွန် က “မူးယစ်ဆေးဝါးပြဿနာကို ထိထိရောက်ရောက် ကိုယ်တွယ်ဖြေရှင်းဖို့လိုတယ်၊ ရောင်းဝယ်သူတွေကိုလည်း ထိထိရောက်ရောက် အရေးယူစေချင်တယ်” ဟု ဆက် ပြောသည်။

ရေးမြို့ နယ်တွင် ၂၀၁၈ ခုနှစ်က မူးယစ်ဆေးဝါးအမှုပေါင်း ၈၅ မှုဖြစ်ပွားခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလထိ မူးယစ်ဆေးဝါးအမှုပေါင်း ၈၀ မှု မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဓားခုတ်မှု ၂ ခုလည်းဖြစ်ပွားခဲ့သည်ဟု သိရသည်။

မွန်ပြည်နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုသည် ပိုမိုများပြားလာသည့်အနေအထားရှိနေပြီး လူငယ် ၇၃ ရာခိုင်နှုန်းကျော်က မူးယစ်ဆေးဝါးသုံးစွဲနေသည်ဟု တိုးတက်သော မွန်လူငယ်အစည်းအရုံး (MYPO) ၏ စစ်တမ်းကောက်ခံထားချက်များ အရ သိရသည်။

မွန်ပြည်နယ်တွင် ၂၀၁၈ ခုနှစ်တွင် မူးယစ်ဆေးဝါး အမှုပေါင်း ၄၃၄ မှု ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ ၂၅ ရက်နေ့ထိ မူးယစ်ဆေးဝါးအမှုပေါင်း ၃၂၇ မှုဖမ်းဆီးရမိပြီး ဖြစ်သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ စာရင်းများအရ သိရသည်။

Zawgyi…

မြန္လူငယ္မ်ားအၾကား မူးယစ္ေဆး သံုးစြဲမႈ စိုးရိမ္ဖြယ္ ျမင့္မား

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ နို၀င္ဘာလ ၁ ရက္။

ျပည္နယ္တစ္ျပည္နယ္လံုးအတုိင္းအတာအရ အမ်ဳိးသမီးမ်ား အပါအ၀င္ လူငယ္ ၇၃ ရာခိုင္ႏႈန္းေက်ာ္ မူးဆစ္ေဆးဝါးသံုးစြဲေနသည္ဟု တိုးတက္ေသာ မြန္လူငယ္အဖြဲ႕မ်ားက ေျပာသည္။

ႏိုဝင္ဘာလ (၁) ရက္ေန႔ ယေန႔တြင္ မူးယစ္ေဆးဝါး အႏၱရာယ္ေလ်ွာ့က်ေရး လႈပ္ရွားမႈ တစ္ရပ္ကုိ ေဒသအတြင္းက မြန္လူငယ္အဖြဲ႕မ်ားက က်င္းပခဲ့ၾကသည္။

“မူးယစ္ေဆးဝါးျပႆနာက က်ေနာ္တို႔ လူငယ္ေတြမွာ ေတာ္ေတာ္ေလးကို က်ယ္ျပန္႔လာေနတာေတြ႔ရတယ္၊ မိန္းခေလးေတြပါ သံုးစြဲလာတဲ့အေနအထားျဖစ္လာတယ္၊ ထိထိေရာက္ေရာက္ အေရးယူေစခ်င္တယ္” ဟု မြန္ျပည္နယ္ ေရးၿမိဳ႕မွ မြန္လူငယ္ မင္းခ်မ္းမြန္ က ေျပာသည္။

မြန္ျပည္နယ္ ေတာင္ပိုင္း၊ ေရးၿမိဳ႕ တြင္ က်င္းပသည့္ မူးယစ္ေဆးဝါးအႏၲရာယ္ေလ်ာ့က်ေရး လႈပ္ရွားမႈတစ္ရပ္ကို မဂဒူးမြန္ေဒသဖြံ႕ ၿဖိဳးေရး အရပ္ဖက္လူမႈအဖြဲ႔အစည္းႏွင့္ ေရးၿမိဳ႕ နယ္ မြန္လူငယ္ကြန္ယက္အဖြဲ႔တို႔ ဦးေဆာင္ၿပီး ေဒသတြင္းရွိ မြန္လူငယ္အင္အား ၂၀၀ ခန္႔ ပါဝင္ခဲ့ၾကသည္ဟု လႈပ္ရွားမႈကို ဦးေဆာင္သည့္ အဖြဲ႔အစည္းမ်ား၏ ေျပာျပခ်က္အရသိရသည္။

အဆိုပါ လႈပ္ရွာမႈကို ဦးေဆာင္သူ ေရးၿမိဳ႕မွ မြန္လူငယ္ကြက္ရက္တာဝန္ခံ ႏိုင္ျမင့္ထြန္း က “ေဒသတြင္းမွာ ျဖစ္ေပၚေနတဲ့ မူးယစ္ေဆးဝါးျပႆနာေတြကို ျပည္သူလူထုေတြ သိရွိနားလည္ၿပီးေတာ့ သတိထားမိလာေစဖို႔နဲ႔ မူးယစ္ေဆးဝါးအႏၲရာယ္ေတြ ေလ်ာ့က်လာႏိုင္ေစဖို႔အတြက္ ရည္ရြယ္ျပီးေတာ့ ဒီလုပ္ရွားမႈကို ျပဳလုပ္တာျဖစ္တယ္” ဟု ေျပာသည္။

မူးယစ္ေဆးဝါးလႈပ္ရွားမႈအစီအစဥ္ နံနက္ပိုင္းတြင္ မူးယစ္ကုန္သြယ္ျဖန္႔ျဖဴးသူကို ဥပေဒႏွင့္အညီ ထိထိေရာက္ေရာက္အေရးယူေပးေရး၊ အနာဂတ္လူငယ္မ်ား ျပန္လည္ထူေထာင္ေရး ကူညီေပး၊ မူးယစ္ေဆးဝါးအႏၲရာယ္ေလ်ာ့က်ဖို႔ ဝိုင္းဝန္းကူညီၾကပါစို႔ မူးယစ္ေဆးေၾကာင့္ ၿငိမ္းခ်မ္းေရးမထိခိုက္ပါေစႏွင့္ စသည့္ မူးယစ္ေဆးဝါးဆိုင္ရာ စာသားမ်ားပါ ဆိုင္းဘုတ္မ်ား ကိုင္ေဆာင္ၿပီး ေရးၿမိဳ႕ေပၚတြင္ လွည့္လည္လံႈ႔ေဆာ္ခဲ့ၾကသည္။

ညေနပိုင္းတြင္လည္း ေရးၿမိဳ႕ ၊ မြန္ဓမၼာ႐ုံတြင္ မူးယစ္ေဆးဝါးဆန္႔က်င္ေရး ပညာေပးေဟာေျပာမႈ၊ မူးယစ္ေဆးဝါးပညာေပးဇာတ္လမ္း တင္ဆက္မႈ၊ မူးယစ္ေဆးဝါးဆိုင္ရာ စကားရည္လုပြဲမ်ားကိုလည္း က်င္းပျပဳလုပ္ခဲ့သည္ဟု ဦးေဆာင္အဖြဲ႔အစည္းတာဝန္ရွိသူမ်ားက ေျပာသည္။

မြန္ျပည္နယ္တစ္ခုလံုးတြင္ ဖမ္းဆီးရမိသည့္ မူးယစ္ေဆးအမႈမ်ားအနက္ ေရးၿမိဳ႕ နယ္ႏွင့္ ေမာ္လၿမိဳင္ၿမိဳ႕ နယ္တို႔သည္ ဖမ္းဆီးရမိမႈ အမ်ားဆံုးၿမိဳ႕ နယ္မ်ားျဖစ္သည္ဟု မြန္ျပည္နယ္ ရဲတပ္ဖြဲ႕ မွဴးရံုး တာဝန္ရွိသူမ်ားက ေျပာသည္။

မြန္လူငယ္ မင္းခ်မ္းမြန္ က “မူးယစ္ေဆးဝါးျပႆနာကို ထိထိေရာက္ေရာက္ ကိုယ္တြယ္ေျဖရွင္းဖို႔လိုတယ္၊ ေရာင္းဝယ္သူေတြကိုလည္း ထိထိေရာက္ေရာက္ အေရးယူေစခ်င္တယ္” ဟု ဆက္ ေျပာသည္။

ေရးၿမိဳ႕ နယ္တြင္ ၂၀၁၈ ခုႏွစ္က မူးယစ္ေဆးဝါးအမႈေပါင္း ၈၅ မႈျဖစ္ပြားခဲ့ၿပီး ၂၀၁၉ ခုႏွစ္ စက္တင္ဘာလထိ မူးယစ္ေဆးဝါးအမႈေပါင္း ၈၀ မႈ မူးယစ္ေဆးဝါးသံုးစြဲမႈေၾကာင့္ ဓားခုတ္မႈ ၂ ခုလည္းျဖစ္ပြားခဲ့သည္ဟု သိရသည္။

မြန္ျပည္နယ္တြင္ မူးယစ္ေဆးဝါး ေရာင္းဝယ္သံုးစြဲမႈသည္ ပိုမိုမ်ားျပားလာသည့္အေနအထားရွိေနၿပီး လူငယ္ ၇၃ ရာခိုင္ႏႈန္းေက်ာ္က မူးယစ္ေဆးဝါးသံုးစြဲေနသည္ဟု တိုးတက္ေသာ မြန္လူငယ္အစည္းအ႐ုံး (MYPO) ၏ စစ္တမ္းေကာက္ခံထားခ်က္မ်ား အရ သိရသည္။

မြန္ျပည္နယ္တြင္ ၂၀၁၈ ခုႏွစ္တြင္ မူးယစ္ေဆး၀ါး အမႈေပါင္း ၄၃၄ မႈ ဖမ္းဆီးရမိခဲ့ၿပီး ၂၀၁၉ ခုႏွစ္ ဇန္န၀ါရီလမွ စက္တင္ဘာလ ၂၅ ရက္ေန႔ထိ မူးယစ္ေဆး၀ါးအမႈေပါင္း ၃၂၇ မႈဖမ္းဆီးရမိၿပီး ျဖစ္သည္ဟု ျပည္နယ္ရဲတပ္ဖဲြ႔မွဴး႐ုံးရွိ စာရင္းမ်ားအရ သိရသည္။