ရှမ်းမြောက်တွင် နွားတင်ကား တစ်စီးပစ်ခံရ၊ ယာဉ်မောင်း သေ နှစ်ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးပေါ်တွင် နွားတင်ကား တစ်စီး အပစ်ခံခဲ့ရသောကြောင့် တစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရသည်ဟု ကျောက်မဲမြို့ရှိ လူမှုကူညီရေး အသင်း များက ပြောသည်။

နိုဝင်ဘာလ ၂ ရက်နေ့(ယနေ့) နံနက်ပိုင်းတွင် တရုတ်နိုင်ငံသို့ သွားသည့် နွားတင်ကား တစ်စီး ကျောက်မဲမြို့ နယ်အတွင်း သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဇီဝိတ လူမှုကူညီရေးအသင်းက ပြောသည်။

“ ဒီနေ့မနက် ပစ်သတ်ခံရတာတော့ မနက် ၈ နာရီ ဝန်းကျင်လောက်ပေါ့ ၊ နွားကားအပစ်ခံရတော့ ၁ ယောက်သေတယ်။ ၂ ယောက်ဒဏ်ရာရတယ် ၊ နွား ၂ ကောင်လည်း သေတယ် ၊ ကျောက်မဲဆေးရုံမှာ ရောက်နေတယ်၊ သေဆုံးသူကတော့ ပစ်တဲ့ချိန် သေဆုံးတယ်”ဟု ဇီဝိတ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ က ပြောသည်။

ယနေ့ နံနက် ၈း၀၀ ကျော် အချိန်တွင် မန္တလေး – လားရှိုးလမ်းပိုင်း (ပြည်ထောာင်စုလမ်းမကြီးပေါ်)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ချောင်းချောက် ကျေးရွာအနီးတွင် အပစ်ခံခဲ့ရခြင်းဖြစ်သည်ဟု ရှမ်းမြောက် နမ့်ခုမ်း ပရဟိတအသင်း က တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ဖြစ်တာက မနက်က ဖြစ်တာ။ ဖြစ်တာက ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ချောင်းချောက်ကျေးရွာ အကျော်ပေါ့၊ အဲ့မှာဖြစ်တာပေါ့။ သေတာက ယာဉ်မောင်း တစ်ယောက် သေတာပေါ့။ စပယ်ရာမပါဘူးလို့ပြောတယ်၊ နွားထိန်း ၂ ယောက်က ဒဏ်ရာရှိတယ်။ သေသွားတဲ့ ယာဉ်မောင်းရော ကျောက်မဲမှာပဲ” ဟု ရှမ်းမြောက် နမ့်ခုမ်း ပရဟိတအသင်း က တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိခိုက် ဒဏ်ရာရရှိသူများထဲမှ တစ်ဦးမှာ ဘယ်ဖက်လက်မောင်းတွင် ထိခိုက်ဒဏ်ရာရှိထားပြီး ကျန်တစ်ဦးမှာ ကျောကုန်းတွင် ဒဏ်ရာပြင်းထန်စွာ ရရှိထားသည်ဟု ရှမ်းမြောက် နမ့်ခုမ်း ပရဟိတအသင်း က ပြောသည်။

ရှမ်းမြောက်ဒေသအတွင်း တရုတ်နိုင်ငံသို့ တင်ပို့ရန် ကျွဲနှင့်နွားများ တင်ထားသည့် ကားကြီးများကို အမည်မသိလက်နက်ကိုင်အဖွဲ့များက မကြခဏဆိုသလို ချောင်းမြောင်း ပစ်ခတ်မှုများ ဖြစ်ပွားလျှက်ရှိသည်။

ယခုအခင်းဖြစ်ပွားရာ ကျောက်မဲမြို့နယ် အနီးတဝိုက်သည် လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့ထက်မနည်း လှုပ်ရှား နေသော နယ်မြေဖြစ်သည်ဟု ဒေသအတွင်းက အရပ်ဘက်လူမှုကူညီရေးအသင်းအဖွဲ့များက ပြောသည်။

ထိုနေရာ ပတ်ဝန်းကျင်တွင် တပ်မတော်အပါအဝင် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/ TNLA)၊ တောင်ပိုင်း ရှမ်းပြည်တပ်မတော် (RCSS/SSA)၊ မြောက်ပိုင်း ရှမ်းပြည်တပ်မတော် (SSPP/SSA)နှင့် အခြားသော ပြည်သူ့စစ်တပ်ဖွဲ့များလည်း အများအပြားလှုပ်ရှားနေသည့် နေရာ ဒေသဖြစ်သည်။

ဇီဝိတ လူမှုကူညီရေးအသင်း ဥက္ကဌ က “နယ်မြေတစ်ခုလုံးကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေ လွှမ်းမိုး နေတာပေါ့။ ရှိနေတာပါပဲ၊ ရှိနေကြတဲ့အခါကြတော့ ဟို အခုအချိန်ကလည်း မငြိမ်းချမ်းတဲ့ကာလ ငြိမ်းချမ်းရေးယူဖို့ အတွက်လည်း ခက်ခဲနေတဲ့ အချိန် ဖြစ်တဲ့အခါကြတော့ သူတို့တွေက ကိုယ့်မြို့ နား၊ အနီးအနား ဝန်းကျင်တွေမှာ ဒီလို ဖြစ်စဉ်တွေ ပစ်ခတ်မှုတွေ အများကြီးဖြစ်နေကြတာပါ” ဟု ပြောသည်။

မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် နွားနှင့် ကျွဲတင်ထားသည့် ကားကြီးများ မကြာခဏ ပစ်ခတ်ခံခဲ့ပြီး တရားခံဖမ်းမိခြင်း၊ ဖော်ထုတ်နိုင်ခြင်း တစ်ကြိမ်တစ်ခါမှ မရှိခဲ့သေးဘူးဟုလည်း ရှမ်းမြောက် ဒေသရှိ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံများက ပြောသည်။

ထိုသို့ တရားခံများ ဖမ်းမိခြင်း၊ ဖော်ထုတ်နိုင်မှု မရှိခြင်းသည် တရားဥပဒေစိုးမိုးမှု အားနည်းနေခြင်းကြောင့် ဖြစ် သည်ဟုလည်း ရှမ်းမြောက်ဒေသရှိ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံများက ထောက် ပြထားသည်။

၂၀၁၉ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လအတွင်းတွင်လည်း သုံးကြိမ်ထက်မနည်း နွားနှင့် ကျွဲတင်ထားသည့် ကားများ ပစ်ခတ်ခံခဲ့ရပြီး ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များ သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရရှိသူများ ရှိခဲ့သည်။

Zawgyi…

ရွမ္းေျမာက္တြင္ ႏြားတင္ကား တစ္စီးပစ္ခံရ၊ ယာဥ္ေမာင္း ေသ ႏွစ္ဦး ဒဏ္ရာရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ နို၀င္ဘာလ ၂ ရက္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ႏြားတင္ကား တစ္စီး အပစ္ခံခဲ့ရေသာေၾကာင့္ တစ္ဦး ေသဆံုးၿပီး ႏွစ္ဦးဒဏ္ရာရသည္ဟု ေက်ာက္မဲၿမိဳ႕ရွိ လူမႈကူညီေရး အသင္း မ်ားက ေျပာသည္။

ႏို၀င္ဘာလ ၂ ရက္ေန ့(ယေန႔) နံနက္ပိုင္းတြင္ တရုတ္နုိင္ငံသို႔ သြားသည့္ ႏြားတင္ကား တစ္စီး ေက်ာက္မဲၿမိဳ ့ နယ္အတြင္း ေသနတ္ျဖင့္ ပစ္ခတ္ခံခဲ့ရျခင္းျဖစ္သည္ဟု ဇီဝိတ လူမႈကူညီေရးအသင္းက ေျပာသည္။

“ ဒီေန ့မနက္ ပစ္သတ္ခံရတာေတာ့ မနက္ ၈ နာရီ ၀န္းက်င္ေလာက္ေပါ့ ၊ ႏြားကားအပစ္ခံရေတာ့ ၁ ေယာက္ေသတယ္။ ၂ ေယာက္ဒဏ္ရာရတယ္ ၊ ႏြား ၂ ေကာင္လည္း ေသတယ္ ၊ ေက်ာက္မဲေဆးရံုမွာ ေရာက္ေနတယ္၊ ေသဆံုးသူကေတာ့ ပစ္တဲ့ခ်ိန္ ေသဆံုးတယ္”ဟု ဇီဝိတ လူမႈကူညီေရးအသင္း ဥကၠ႒ က ေျပာသည္။

ယေန႔ နံနက္ ၈း၀၀ ေက်ာ္ အခ်ိန္တြင္ မႏၱေလး – လားရိႈးလမ္းပိုင္း (ျပည္ေထာာင္စုလမ္းမႀကီးေပၚ)၊ ေက်ာက္မဲခရိုင္၊ သီေပါၿမိဳ႕နယ္၊ ေခ်ာင္းေခ်ာက္ ေက်းရြာအနီးတြင္ အပစ္ခံခဲ့ရျခင္းျဖစ္သည္ဟု ရွမ္းေျမာက္ နမ့္ခုမ္းပရဟိတအသင္းက တာဝန္ရွိသူ တစ္ဦးက ေျပာသည္။

“ျဖစ္တာက မနက္က ျဖစ္တာ။ ျဖစ္တာက ေက်ာက္မဲခရိုင္၊ သီေပါၿမိဳ႕နယ္၊ ေခ်ာင္းေခ်ာက္ေက်းရြာ အေက်ာ္ေပါ့၊ အဲ့မွာျဖစ္တာေပါ့။ ေသတာက ယာဥ္ေမာင္း တစ္ေယာက္ ေသတာေပါ့။ စပယ္ရာမပါဘူးလို႔ေျပာတယ္၊ ႏြားထိန္း ၂ ေယာက္က ဒဏ္ရာရွိတယ္။ ေသသြားတဲ့ ယာဥ္ေမာင္းေရာ ေက်ာက္မဲမွာပဲ” ဟု ရွမ္းေျမာက္ နမ့္ခုမ္း ပရဟိတအသင္း က တာဝန္ရွိသူ တစ္ဦးက ေျပာသည္။

ထိခိုက္ ဒဏ္ရာရရွိသူမ်ားထဲမွ တစ္ဦးမွာ ဘယ္ဖက္လက္ေမာင္းတြင္ ထိခိုက္ဒဏ္ရာရွိထားၿပီး က်န္တစ္ဦးမွာ ေက်ာကုန္းတြင္ ဒဏ္ရာျပင္းထန္စြာ ရရွိထားသည္ဟု ရွမ္းေျမာက္ နမ့္ခုမ္း ပရဟိတအသင္း က ေျပာသည္။

ရွမ္းေျမာက္ေဒသအတြင္း တရုတ္ႏို္င္ငံသို႔ တင္ပို႔ရန္ ကၽြဲႏွင့္ႏြားမ်ား တင္ထားသည့္ ကားႀကီးမ်ားကို အမည္မသိလက္နက္ကိုင္အဖြဲ႕မ်ားက မၾကခဏဆုိသလို ေခ်ာင္းေျမာင္း ပစ္ခတ္မႈမ်ား ျဖစ္ပြားလ်ွက္ရွိသည္။

ယခုအခင္းျဖစ္ပြားရာ ေက်ာက္မဲၿမိဳ ့နယ္ အနီးတဝိုက္သည္ လက္နက္ကိုင္ အဖြဲ႕ ၄ ဖြဲ႕ထက္မနည္း လႈပ္ရွား ေနေသာ နယ္ေျမျဖစ္သည္ဟု ေဒသအတြင္းက အရပ္ဘက္လူမႈကူညီေရးအသင္းအဖြဲ႕မ်ားက ေျပာသည္။

ထိုေနရာ ပတ္ဝန္းက်င္တြင္ တပ္မေတာ္အပါအဝင္ တအန္းအမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ (PSLF/ TNLA)၊ ေတာင္ပိုင္း ရွမ္းျပည္တပ္မေတာ္ (RCSS/SSA)၊ ေျမာက္ပိုင္း ရွမ္းျပည္တပ္မေတာ္ (SSPP/SSA)ႏွင့္ အျခားေသာ ျပည္သူ႔စစ္တပ္ဖြဲ႕မ်ားလည္း အမ်ားအျပားလႈပ္ရွားေနသည့္ ေနရာ ေဒသျဖစ္သည္။

ဇီ၀ိတ လူမႈကူညီေရးအသင္း ဥကၠဌ က “နယ္ေျမတစ္ခုလံုးကေတာ့ လက္နက္ကိုင္အဖြဲ႕အစည္းေတြ လႊမ္းမိုး ေနတာေပါ့။ ရွိေနတာပါပဲ၊ ရွိေနၾကတဲ့အခါက်ေတာ့ ဟိုအခုအခ်ိန္ကလည္း မၿငိမ္းခ်မ္းတဲ့ကာလ ၿငိမ္းခ်မ္းေရးယူဖို႔ အတြက္လည္း ခက္ခဲေနတဲ့ အခ်ိန္ ျဖစ္တဲ့အခါၾကေတာ့ သူတို ့ေတြက ကိုယ့္ၿမိဳ႕ နား၊ အနီးအနား ၀န္းက်င္ေတြမွာ ဒီလို ျဖစ္စဥ္ေတြ ပစ္ခတ္မႈေတြ အမ်ားႀကီးျဖစ္ေနၾကတာပါ” ဟု ေျပာသည္။

မႏၱေလး-မူဆယ္ ျပည္ေထာင္စုလမ္းမႀကီးတစ္ေလ်ွာက္ ႏြားႏွင့္ ကၽြဲတင္ထားသည့္ ကားႀကီးမ်ား မၾကာခဏ ပစ္ခတ္ခံခဲ့ၿပီး တရားခံဖမ္းမိျခင္း၊ ေဖာ္ထုတ္ႏိုင္ျခင္း တစ္ႀကိမ္တစ္ခါမွ မရွိခဲ့ေသးဘူးဟုလည္း ရွမ္းေျမာက္ ေဒသရွိ ႏိုင္ငံေရးပါတီမ်ား၊ အရပ္ဘက္အဖြဲ႕အစည္းမ်ားႏွင့္ ေဒသခံမ်ားက ေျပာသည္။

ထိုသို႔ တရားခံမ်ား ဖမ္းမိျခင္း၊ ေဖာ္ထုတ္ႏုိင္မႈ မရွိျခင္းသည္ တရားဥပေဒစိုးမိုးမႈ အားနည္းေနျခင္းေၾကာင့္ ျဖစ္ သည္ဟုလည္း ရွမ္းေျမာက္ေဒသရွိ ႏိုင္ငံေရးပါတီမ်ား၊ အရပ္ဘက္အဖြဲ႕အစည္းမ်ားႏွင့္ ေဒသခံမ်ားက ေထာက္ ျပထားသည္။

၂၀၁၉ ခုႏွစ္ ဇူလိုင္လႏွင့္ ၾသဂုတ္လအတြင္းတြင္လည္း သံုးႀကိမ္ထက္မနည္း ႏြားႏွင့္ ကၽြဲတင္ထားသည့္ ကားမ်ား ပစ္ခတ္ခံခဲ့ရၿပီး ယာဥ္ေမာင္းမ်ား၊ ယာဥ္ေနာက္လိုက္မ်ား ေသဆံုးသူ၊ ထိခိုက္ဒဏ္ရာရရွိသူမ်ား ရွိခဲ့သည္။