ကျောက်မဲတွင် ရွာလူကြီးများ ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် ပစ်ခတ်မှုတစ်ခုတွင် လူ ၃ ဦး သေဆုံးခဲ့ သည် ဟု ကျောက်မဲဒေသခံများက ပြောသည်။

အောက်တိုဘာလ ၃ ရက် (ယနေ့) နေ့လည်ပိုင်းက ဖြစ်ပွားခဲ့သည့် ကျောက်မဲမြို့ ၊ ၈ ရပ်ကွက်ရှိ နမ့်ခုမ်းစားသောက်ဆိုင်အတွင်း အမည်မသိသေနတ်သမားများက ဝင်ရောက်ပစ်ခတ်ခဲ့ရာ မိုင်းတင်းကျေးရွာအုပ်စု ရွာသုံးရွာမှ ရွာလူကြီး ၃ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ကျောက်မဲမြို့က ဇီဝိတလူမှုကူညီရေးအသင်း က ပြောသည်။

ဇီဝိတလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက “နေ့လည်တစ်နာရီခွဲ လောက်က ပစ်ခတ်မှုဖြစ်တယ်၊ နှစ်ယောက်က ပွဲချင်းပြီးသေတယ်။ တစ်ယောက်က ဒဏ်ရာနဲ့ဆေးရုံမှာ ဆုံးတယ်၊ ပစ်ခတ်မှုဖြစ်တဲ့ နေရာက ကျောက်မဲမြို့ ၈ ရပ်ကွက် မုန်လာခြံက နမ့်ခုံးဆိုတဲ့ စားသောက်ဆိုင်မှာ ဖြစ်တာပါ။ အဲနမ့်ခုမ်း စားသောက် ဆိုင်က ကျောက်မဲမှာရှိတဲ့ နမ့်ခုမ်းဆိုတဲ့ လူမှုကူညီရေး အသင်း ဥက္ကဌရဲ့ ဆိုင်လို့သိရ ပါတယ်။ အဲ့ဒီမှာ အပစ်ခံရတာပါ” ဟု ပြောသည်။

ကျောက်မဲမြို့နယ်၊ မိုင်းတင်းကျေးရွာအုပ်စု ဥက္ကဋ္ဌ အပါအဝင် သုံးဦးသေဆုံးခဲ့ခြင်းဖြစ်သည်။ နှစ်ဦးမှာ အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီးသေဆုံးပြီး ကျန်တစ်ဦးမှာ ကျောက်မဲဆေးရုံးရောက်ပြီးမှ သေဆုံးသွားသည်ဟု ဇီဝိတလူမှုကူညီရေး အသင်း ဥက္ကဋ္ဌ က ဆက်ပြောသည်။

“အဲတော့ အပစ်ခံရတဲ့ လူတစ်ယောက်ကတော့ စိုင်းထွန်းရင်လို့ ခေါ်တဲ့ မိုင်းတင်း ကျေးရွာ အုပ်ချုပ်ရေးမှူးပါ။ နောက်တစ်ယောက်ကတော့ နားမွန်း ဥက္ကဌ လို့ပြောတယ် ၊ နောက် တစ်ယောက်ကတော့ လွယ်အွယ်ကျေးရွာက သူကြီးလို့ပြောတယ်။ အဲဒါ မိုင်းတင်းအုပ်စုထဲက ရွာတွေပါ” ဟု ဦးတင်မောင်သိန်း က ဆက်ပြောသည်။

သို့သော် မည်သည့်အဖွဲ့အစည်း မည်သူမည်ဝါက လာရောက် ပစ်ခတ်သွားသည်ကို မသိရဟု ဦး တင်မောင် သိန်းက ပြောသည်။

ကျောက်မဲမြို့နယ်အတွင်းတွင် ယခုကဲ့သို့ ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားနေသည့်အတွက် ဒေသခံများ၏ နေထိုင်သွားလာ လှုပ်ရှားမှုတိုင်းမှာ လုံခြုံမှု မရှိသည့် အနေအထားတွင် ရှိနေပြီး စိုးရိမ်ကြောက်လန့်မှုကို ပိုမိုဖြစ်ပေါ်စေသည်ဟု ကျောက်မဲမြို့ခံ လူငယ်တစ်ဦးက ပြောသည်။

“ဒီလိုမျိုးပဲဖြစ်နေရင် ပြည်သူ တွေအတွက် စိတ်လုံခြုံမှု မရှိတော့ ဘူးပေါ့နော် ကိုယ်က ကိုယ်မြို့မှာ ကိုယ်လည်း ကျောက်မဲမြို့သားတစ်ယောက် ဆိုတော့ ဒီကလူတွေအတွက်လည်း နှမြောမိတယ် ကိုယ်လည်း ဘာမှ မလုပ်ပေး နိုင်ဘူးပေါ့နော်”

ထို့ကြောင့် အာဏာပိုင်များဖက်မှ ယခုကဲ့သို့ ပစ်ခတ်မှုများတွင် ကျူးလွန်သည့် တရားခံများကို အမြန်ဆုံးဖော် ထုတ်ပေးစေချင်သည်ဟု အဆိုပါ လူငယ်က ဆက်ပြောသည်။

“ဒီလိုပစ်ခတ်မှုမျိုးကို ဖော်ထုတ်ပေးစေချင်ပေါ့နော် အခုတော့ ဖြစ်ရင် အမြဲတမ်းပဲ ငြိမ်သွားတယ်။ ဒီလို ဖြစ်သွားတာတော့ စုံစမ်းပေးသင့်တာပေါ့နော်၊ မနှစ်ကလည်း ဒီလိုဖြစ်သွားလည်း ငြိမ်းသွားတာပဲပေါ့နော်။ အဲလိုမျိုး ငြိမ်သွားတယ်ဆိုတော့ ဘယ်လိုပြောမလဲ သက်ဆိုင်ရာ လုပ်ဆောင်ချက်က ဘယ်လိုပြောမလဲ မလုပ်တာလား ၊ အားနည်းတာလား ဒါမှမဟုတ်လဲ အကြောင်းအမျိုးမျိုးကြောင်း ဘယ်လိုဖြစ်တာလဲတော့ မသိဘူးပေါ့နော်၊” ဟုပြောသည်။

ကျောက်မဲမြို့နယ်တွင် ယခုကဲ့သို့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်မှုများ မကြာခဏ ဖြစ်ပေါ်နေပြီး ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့ ၂၀၁၈ ခုနှစ်က ဓမ္မမေဒနီ ရွှေကျင်ကျောင်း ဆရာတော် ဦးကလျာဏဝံသကို ဆိုင်ကယ်စီးအမျိုးသား ၂ ဦးက ဝင်ရောက် လုပ်ကြံသွားခြင်း၊ အောက်တိုဘာလ ၂၀ ရက်နေ့ ၂၀၁၉ ခုနှစ်က လည်း ခေးနင်းကျောင်းထိုင်ဆရာတော်အား အမည်မသိ သေနတ်သမား ၂ ဦးက ပစ်ခတ်ခဲ့သည့် အတွက် ပျံလွန်တော်မှုခဲ့သည်။

နိုဝင်ဘာလ ၂ ရက်နေ့ ယမန်နေ့ကလည်း ကျောက်မဲမြို့နယ်အတွင်းရှိ ပြည်ထောင်စုလမ်းမပေါ်တွင် နွားတင် သည့် ကား တစ်စီး သေနတ်ဖြင့် အပစ်ခံရသောကြောင့် ယာဉ်မောင်း တစ်ဦးသေဆုံးပြီး ယာဉ်နောက်လိုက် နွားထိန်း ၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။

Zawgyi…

ေက်ာက္မဲတြင္ ရြာလူႀကီးမ်ား ပစ္သတ္ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ နို၀င္ဘာလ ၅ ရက္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕တြင္ ပစ္ခတ္မႈတစ္ခုတြင္ လူ ၃ ဦး ေသဆံုးခဲ့ သည္ ဟု ေက်ာက္မဲေဒသခံမ်ားက ေျပာသည္။

ေအာက္တိုဘာလ ၃ ရက္ (ယေန႔) ေန႔လည္ပိုင္းက ျဖစ္ပြားခဲ့သည့္ ေက်ာက္မဲၿမိဳ႕ ၊ ၈ ရပ္ကြက္ရွိ နမ့္ခုမ္းစားေသာက္ဆုိင္အတြင္း အမည္မသိေသနတ္သမားမ်ားက ဝင္ေရာက္ပစ္ခတ္ခဲ့ရာ မိုုင္းတင္းေက်းရြာအုုပ္စုု ရြာသံုုးရြာမွ ရြာလူႀကီး ၃ ဦး ေသဆံုးခဲ့ျခင္းျဖစ္သည္ဟု ေက်ာက္မဲၿမိဳ႕က ဇီဝိတလူမႈကူညီေရးအသင္း က ေျပာသည္။

ဇီဝိတလူမႈကူညီေရးအသင္း ဥကၠ႒ ဦးတင္ေမာင္သိန္းက “ေန႔လည္တစ္နာရီခြဲ ေလာက္က ပစ္ခတ္မႈျဖစ္တယ္၊ ႏွစ္ေယာက္က ပြဲခ်င္းၿပီးေသတယ္။ တစ္ေယာက္က ဒဏ္ရာနဲ ့ေဆးရုံမွာ ဆံုးတယ္၊ ပစ္ခတ္မႈျဖစ္တဲ့ ေနရာက ေက်ာက္မဲၿမိဳ႕ ၈ ရပ္ကြက္ မုန္လာၿခံက နမ့္ခံုးဆိုတဲ့ စားေသာက္ဆိုင္မွာ ျဖစ္တာပါ။ အဲနမ့္ခုမ္း စားေသာက္ ဆိုင္က ေက်ာက္မဲမွာရွိတဲ့ နမ့္ခုမ္းဆိုတဲ့ လူမႈကူညီေရး အသင္း ဥကၠဌရဲ႕ ဆိုင္လို ့သိရ ပါတယ္။ အဲ့ဒီမွာ အပစ္ခံရတာပါ” ဟု ေျပာသည္။

ေက်ာက္မဲၿမိဳ႕နယ္၊ မိုင္းတင္းေက်းရြာအုပ္စု ဥကၠ႒ အပါအဝင္ သံုးဦးေသဆံုးခဲ့ျခင္းျဖစ္သည္။ ႏွစ္ဦးမွာ အခင္းျဖစ္ပြားရာေနရာတြင္ ပြဲခ်င္းၿပီးေသဆံုးၿပီး က်န္တစ္ဦးမွာ ေက်ာက္မဲေဆးရံုးေရာက္ၿပီးမွ ေသဆံုးသြားသည္ဟု ဇီဝိတလူမႈကူညီေရးအသင္း ဥကၠ႒ က ဆက္ေျပာသည္။

“အဲေတာ့ အပစ္ခံရတဲ့ လူတစ္ေယာက္ကေတာ့ စိုင္းထြန္းရင္လို ့ ေခၚတဲ့ မိုင္းတင္း ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးပါ။ ေနာက္တစ္ေယာက္ကေတာ့ နားမြန္း ဥကၠဌ လို ့ေျပာတယ္ ၊ ေနာက္ တစ္ေယာက္ကေတာ့ လြယ္အြယ္ေက်းရြာက သူႀကီးလို ့ေျပာတယ္။ အဲဒါ မိုင္းတင္းအုပ္စုထဲက ရြာေတြပါ” ဟု ဦးတင္ေမာင္သိန္း က ဆက္ေျပာသည္။

သို႔ေသာ္ မည္သည့္အဖြဲ႔အစည္း မည္သူမည္၀ါက လာေရာက္ ပစ္ခတ္သြားသည္ကို မသိရဟု ဦး တင္ေမာင္ သိန္းက ေျပာသည္။

ေက်ာက္မဲၿမိဳ႕နယ္အတြင္းတြင္ ယခုကဲ့သို႔ ပစ္ခတ္မႈမ်ား မၾကာခဏ ျဖစ္ပြားေနသည့္အတြက္ ေဒသခံမ်ား၏ ေနထိုင္သြားလာ လႈပ္ရွားမႈတိုင္းမွာ လံုျခံဳမႈ မရွိသည့္ အေနအထားတြင္ ရွိေနၿပီး စိုးရိမ္ေၾကာက္လန္႔မႈကို ပိုမိုျဖစ္ေပၚေစသည္ဟု ေက်ာက္မဲၿမိဳ႕ခံ လူငယ္တစ္ဦးက ေျပာသည္။

“ဒီလိုမ်ိဳးပဲျဖစ္ေနရင္ ျပည္သူ ေတြအတြက္ စိတ္လံုၿခံဳမွဳ မရွိေတာ့ ဘူးေပါ့ေနာ္ ကိုယ္က ကိုယ္ၿမိဳ ့မွာ ကိုယ္လည္း ေက်ာက္မဲၿမိဳ ့သားတစ္ေယာက္ ဆိုေတာ့ ဒီကလူေတြအတြက္လည္း ႏွေျမာမိတယ္ ကိုယ္လည္း ဘာမွ မလုပ္ေပး ႏုိင္ဘူးေပါ့ေနာ္”

ထို႔ေၾကာင့္ အာဏာပိုင္မ်ားဖက္မွ ယခုကဲ့သို႔ ပစ္ခတ္မႈမ်ားတြင္ က်ဴးလြန္သည့္ တရားခံမ်ားကို အျမန္ဆံုးေဖာ္ ထုတ္ေပးေစခ်င္သည္ဟု အဆိုပါ လူငယ္က ဆက္ေျပာသည္။

“ဒီလိုပစ္ခတ္မႈမ်ိဳးကို ေဖာ္ထုတ္ေပးေစခ်င္ေပါ့ေနာ္ အခုေတာ့ ျဖစ္ရင္ အၿမဲတမ္းပဲ ၿငိမ္သြားတယ္။ ဒီလို ျဖစ္သြားတာေတာ့ စံုစမ္းေပးသင့္တာေပါ့ေနာ္၊ မႏွစ္ကလည္း ဒီလိုျဖစ္သြားလည္း ၿငိမ္းသြားတာပဲေပါ့ေနာ္။ အဲလိုမ်ိဳး ၿငိမ္သြားတယ္ဆိုေတာ့ ဘယ္လိုေျပာမလဲ သက္ဆိုင္ရာ လုပ္ေဆာင္ခ်က္က ဘယ္လိုေျပာမလဲ မလုပ္တာလား ၊ အားနည္းတာလား ဒါမွမဟုတ္လဲ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင္း ဘယ္လိုျဖစ္တာလဲေတာ့ မသိဘူးေပါ့ေနာ္၊” ဟုေျပာသည္။

ေက်ာက္မဲၿမိဳ႕နယ္တြင္ ယခုကဲ့သို႔ ပစ္ခတ္လုပ္ၾကံသတ္ျဖတ္မႈမ်ား မၾကာခဏ ျဖစ္ေပၚေနၿပီး ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၅ ရက္ေန႔ ၂၀၁၈ ခုႏွစ္က ဓမၼေမဒနီ ေရႊက်င္ေက်ာင္း ဆရာေတာ္ ဦးကလ်ာဏ၀ံသကို ဆိုင္ကယ္စီးအမ်ိဳးသား ၂ ဦးက ၀င္ေရာက္ လုပ္ၾကံသြားျခင္း၊ ေအာက္တိုဘာလ ၂၀ ရက္ေန႔ ၂၀၁၉ ခုႏွစ္က လည္း ေခးနင္းေက်ာင္းထိုင္ဆရာေတာ္အား အမည္မသိ ေသနတ္သမား ၂ ဦးက ပစ္ခတ္ခဲ့သည့္ အတြက္ ပ်ံလြန္ေတာ္မႈခဲ့သည္။

ႏို၀င္ဘာလ ၂ ရက္ေန႔ ယမန္ေန႔ကလည္း ေက်ာက္မဲၿမိဳ႕နယ္အတြင္းရွိ ျပည္ေထာင္စုလမ္းမေပၚတြင္ ႏြားတင္ သည့္ ကား တစ္စီး ေသနတ္ျဖင့္ အပစ္ခံရေသာေၾကာင့္ ယာဥ္ေမာင္း တစ္ဦးေသဆံုးၿပီး ယာဥ္ေနာက္လိုက္ ႏြားထိန္း ၂ ဦး ဒဏ္ရာ ရရွိခဲ့သည္။