လွယ်ဆမ်စစ် တိုက်ပွဲကြောင့် ကွတ်ခိုင်-မူဆယ်လမ်း ပိတ်ထားရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လွယ်ဆမ်စစ်(တောင်သုံးဆယ်) အနီးတွင် တပ်မတော်နှင့် တအန်း (ပလောင်) တပ်တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အနီးအနားရှိ ဒေသခံပြည်သူများ ထွက်ပြေးရကာ ကွတ်ခိုင်-မူဆယ်လမ်းပိုင်းကိုလည်း ပိတ်ထားရသည်ဟု ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် ကွတ်ခိုင်မြို့ အဝင် လွယ်ဆမ်စစ်တောင်အနီး ကာလိုင် လမ်းခွဲနှင့် ကမ္ဘာအေးစေတီအနီးတွင် လက်နက်ကြီး/ငယ်များ ဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု အမည် မဖော်လိုသူ ကွတ်ခိုင် ဒေသခံတစ်ဦးက ပြောသည်။

“မနက်စောစောကတည်းက စဖြစ်တာ ၇ နာရီ ၁၅ လောက် ကတည်းက စဖြစ်တာပါ။ ၁၀ နာရီနည်းနည်း ကျော် လောက်မှ အသံငြိမ်သွားတယ်၊ လွယ်ဆမ်စစ် တောင်ခြေနား ကာလိုင်လမ်းခွဲ၊ ကမ္ဘာအေးစေတီအနား၊ ပြီးလို့ရှိရင် ခူးကျောင်းနား၊ ဟိုအလုပ်သမားတွေနေတဲ့နေရာ အဲနားတစ်ဝိုက်တွေမှာ ဖြစ်တယ်” ဟု အဆိုပါ အမည်မဖော်လိုသူ ကွတ်ခိုင်ဒေသခံ က ပြောသည်။

ထို့အပြင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသောကြောင့် ကွတ်ခိုင်မြို့အဝင်မှ စတင်ပြီး ပြည်ထောင်စုလမ်းမကြီး၏ ကွတ်ခိုင်-မူဆယ် လမ်းပိုင်းအား ပိတ်ထားရသည်ဟု ကွတ်ခိုင်ဒေသခံများက ပြောသည်။

ကွတ်ခိုင်ဒေသခံ တစ်ဦးက “အတက်အဆင်းကား အကုန်ပဲ ပိတ်ထားတယ်။ သွားလို့မရဘူးလေ။ လမ်း ဟိုဘက်ဒီဘက် ပစ်နေကြတာ။ လွယ်ဆမ်စစ်တောင်အောက်နားလောက်မှာ ပစ်နေကြတာ။ ဒီဆီဆိုင်တစ်ခုရှိတယ် အဲ့ဒီနားမှာပေါ့ ပစ်နေကြတာပဲ။ ကားတွေလည်း အများကြီးပိတ်နေတယ်။ ဒီ မူဆယ်ဘက်ကဆိုရင် ကွတ်ခိုင် တိုးဂိတ်နားကနေ ပိတ်” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားရာ အနီးတွင် ရှိသော တအာင်း ပရဟိတ ပညာရေးဘော်ဒါဆောင် TEC အတွင်းသို့လည်း လက်နက်ကြီးကျည် ၄ လုံး ကျရောက်ခဲ့သည့်အတွက် ကလေးငယ်များကို စစ်ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားရသည်ဟု ဘော်ဒါဆောင် မှ ဆရာမ လွေးရွှေဆု က ပြောသည်။

“တိုက်ပွဲဖြစ်တဲ့ချိန်ကတော့ ကျမတို့အဆောင်ထဲမှာပဲပေါ့၊ အဆောင်တံခါး ပိတ်ပြီးမှ ကုတင်အောက်မှာ နေကြတာပေါ့၊ လက်နက်ကြီးက အဆောင်ထဲမှာ လေးလုံးကျထားတယ်၊ ကလေးတွေက ထိခိုက်တာတွေတော့ မရှိပါဘူး။ အခုအခြေအနေက ငြိမ်သွားတာပေါ့၊ ကလေးတွေကို ခန်းမအဆောင်ဘက်မှာ ရွှေ့ ထားတယ်”

တိုက်ပွဲအတွင်း နှစ်ဖက်တပ်များ၏ လက်နက်ကြီး/ငယ် ပစ်ခတ်မှုများကြောင့် TEC တအာင်း ပရဟိတ ပညာရေးဘော်ဒါဆောင်၏ ခေါင်မိုးနှင့် နံရံများထိခိုက်သွားခဲ့သည်ဟု ပြောသည်။

ကွတ်ခိုင်ဒေသခံတစ်ဦးက “လက်နက်ကြီးလည်း များတယ်၊ လက်နက်ငယ်လည်းများတယ်၊ လက်နက်ကြီးက လက်နက်ငယ်ထက် ပိုများတယ်၊ ညီမတို့နားထောင်တာပေါ့၊ တော်တော်တော့ပစ်တယ်၊ လက်နက်အစုံနဲ့ကို ချတယ်၊ ထိခိုက်သူတွေတော့ မရှိဘူး ၊ TEC ကျောင်းတော့ ထိတယ်၊ နည်းနည်းတော့များတယ်၊ အဆောင်မှာလည်း ထိသွားတာပေါ့” ဟု ပြောသည်။

အဆိုပါ TEC ဘော်ဒါဆောင်သည် ကွတ်ခိုင်မြို့၊ လွယ်ဆမ်စစ်(တောင်သုံးဆယ်) တောင်ခြေအနီးတွင်တည်ရှိပြီး ဆရာ/မ များနှင့် ကျောင်းသူ/သား ၈၀ ကျော်ရှိသည်ဟု ကျောင်းတာဝန်ရှိသူများ က ပြောသည်။

တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ နှစ်ဖက်လက်နက်ကိုင် တာဝန်ရှိသူများအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ကွတ်ခိုင်မြို့နယ်အတွင်း ပစ်ခတ်မှုများ၊ စစ်ရေးတင်းမာမှုများ ဖြစ်ပွားနေသည်မှာ နှစ်ရက်ရှိပြီဖြစ်ပြီး ယနေ့ နံနက် ရး၁၄ နာရီတွင် ကွတ်ခိုင်မြို့နယ် ပြည်ထောင်စုကားလမ်းမပေါ်ရှိ မန်နောင်ကျေးရွာအနီးတွင် တိုက်ပွဲ တစ်ကြိမ်၊ ကွတ်ခိုင်မြို့ ၊ မြို့သစ် ဂေါက်ကလပ်တွင် နံနက် ဝရး၁၀ နာရီ၌ တစ်ကြိမ်နှင့် ကျောက်မဲမြို့နယ် တောဖယ်ကျေးရွာအနီးတွင် နံနက် ၀၆း၃၀ နာရီ၌ ၁ ကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ မှ ယနေ့အချိန်ထိ ကျောက်မဲမြို့ ရှိ အမြောက်တပ်နှင့် မိုင်းငေါ့မြို့ ရှိ အစိုးရတပ်မတော် တပ်စခန်းမှ တအာင်းတပ်ရှိရာ ယာယီစခန်းကုန်းများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ်အတွင်း အချို့သော တအာင်းကျေးရွာများသို့ လက်နက်ကြီးကျည်များ ကျရောက်ခဲ့ကြောင်း TNLA က ယနေ့ထုတ်ပြန်ထားသည်။

Zawgyi…

လြယ္ဆမ္စစ္ တိုက္ပြဲေၾကာင့္ ကြတ္ခိုင္-မူဆယ္လမ္း ပိတ္ထားရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ႏို၀င္ဘာလ ၁၃ ရက္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ ့နယ္ လြယ္ဆမ္စစ္(ေတာင္သံုးဆယ္) အနီးတြင္ တပ္မေတာ္ႏွင့္ တအန္း (ပေလာင္) တပ္တို႔အၾကား တိုက္ပြဲျပင္းထန္စြာျဖစ္ပြားခဲ့ၿပီး အနီးအနားရွိ ေဒသခံျပည္သူမ်ား ထြက္ေျပးရကာ ကြတ္ခိုင္-မူဆယ္လမ္းပိုင္းကိုလည္း ပိတ္ထားရသည္ဟု ေဒသခံမ်ားက ေျပာသည္။

ႏိုဝင္ဘာလ ၁၃ ရက္ေန႔ (ယေန႔) နံနက္ပိုင္းတြင္ ကြတ္ခုိင္ၿမိဳ႕ အဝင္ လြယ္ဆမ္စစ္ေတာင္အနီး ကာလိုင္ လမ္းခြဲႏွင့္ ကမၻာေအးေစတီအနီးတြင္ လက္နက္ႀကီး/ငယ္မ်ား ျဖင့္ ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့သည္ဟု အမည္ မေဖာ္လိုသူ ကြတ္ခိုင္ ေဒသခံတစ္ဦးက ေျပာသည္။

“မနက္ေစာေစာကတည္းက စျဖစ္တာ ၇ နာရီ ၁၅ ေလာက္ ကတည္းက စျဖစ္တာပါ။ ၁၀ နာရီနည္းနည္း ေက်ာ္ ေလာက္မွ အသံၿငိမ္သြားတယ္၊ လြယ္ဆမ္စစ္ ေတာင္ေျခနား ကာလိုင္လမ္းခြဲ၊ ကမာၻေအးေစတီအနား၊ ၿပီးလို ့ရွိရင္ ခူးေက်ာင္းနား၊ ဟိုအလုပ္သမားေတြေနတဲ့ေနရာ အဲနားတစ္၀ိုက္ေတြမွာ ျဖစ္တယ္” ဟု အဆိုပါ အမည္မေဖာ္လိုသူ ကြတ္ခိုင္ေဒသခံ က ေျပာသည္။

ထုိ႔အျပင္ တို္က္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားေနေသာေၾကာင့္ ကြတ္ခိုင္ၿမိဳ႕အဝင္မွ စတင္ၿပီး ျပည္ေထာင္စုလမ္းမႀကီး၏ ကြတ္ခိုင္-မူဆယ္ လမ္းပိုင္းအား ပိတ္ထားရသည္ဟု ကြတ္ခုိင္ေဒသခံမ်ားက ေျပာသည္။

ကြတ္ခိုင္ေဒသခံ တစ္ဦးက “အတက္အဆင္းကား အကုန္ပဲ ပိတ္ထားတယ္။ သြားလို႔မရဘူးေလ။ လမ္း ဟိုဘက္ဒီဘက္ ပစ္ေနၾကတာ။ လြယ္ဆမ္စစ္ေတာင္ေအာက္နားေလာက္မွာ ပစ္ေနၾကတာ။ ဒီဆီဆိုင္တစ္ခုရွိတယ္ အဲ့ဒီနားမွာေပါ့ ပစ္ေနၾကတာပဲ။ ကားေတြလည္း အမ်ားႀကီးပိတ္ေနတယ္။ ဒီ မူဆယ္ဘက္ကဆုိရင္ ကြတ္ခိုင္ တိုးဂိတ္နားကေန ပိတ္” ဟု ေျပာသည္။

တို္က္ပြဲျုဖစ္ပြားရာ အနီးတြင္ ရွိေသာ တအာင္း ပရဟိတ ပညာေရးေဘာ္ဒါေဆာင္ TEC အတြင္းသို႔လည္း လက္နက္ႀကီးက်ည္ ၄ လံုး က်ေရာက္္ခဲ့သည့္အတြက္ ကေလးငယ္မ်ားကို စစ္ေဘးလြတ္ရာ ေျပာင္းေရႊ႕ေပးထားရသည္ဟု ေဘာ္ဒါေဆာင္ မွ ဆရာမ ေလြးေရႊဆု က ေျပာသည္။

“တိုက္ပြဲျဖစ္တဲ့ခ်ိန္ကေတာ့ က်မတို ့အေဆာင္ထဲမွာပဲေပါ့၊ အေဆာင္တံခါး ပိတ္ၿပီးမွ ကုတင္ေအာက္မွာ ေနၾကတာေပါ့၊ လက္နက္ႀကီးက အေဆာင္ထဲမွာ ေလးလံုးက်ထားတယ္၊ ကေလးေတြက ထိခိုက္တာေတြေတာ့ မရွိပါဘူး။ အခုအေျခအေနက ၿငိမ္သြားတာေပါ့၊ ကေလးေတြကို ခန္းမအေဆာင္ဘက္မွာ ေရႊ႕ ထားတယ္”

တိုက္ပြဲအတြင္း ႏွစ္ဖက္တပ္မ်ား၏ လက္နက္ႀကီး/ငယ္ ပစ္ခတ္မႈမ်ားေၾကာင့္ TEC တအာင္း ပရဟိတ ပညာေရးေဘာ္ဒါေဆာင္၏ ေခါင္မိုးႏွင့္ နံရံမ်ားထိခိုက္သြားခဲ့သည္ဟု ေျပာသည္။

ကြတ္ခိုင္ေဒသခံတစ္ဦးက “လက္နက္ႀကီးလည္း မ်ားတယ္၊ လက္နက္ငယ္လည္းမ်ားတယ္၊ လက္နက္ႀကီးက လက္နက္ငယ္ထက္ ပိုမ်ားတယ္၊ ညီမတို ့နားေထာင္တာေပါ့၊ ေတာ္ေတာ္ေတာ့ပစ္တယ္၊ လက္နက္အစံုနဲ႔ကုိ ခ်တယ္၊ ထိခိုက္သူေတြေတာ့ မရွိဘူး ၊ TEC ေက်ာင္းေတာ့ ထိတယ္၊ နည္းနည္းေတာ့မ်ားတယ္၊ အေဆာင္မွာလည္း ထိသြားတာေပါ့” ဟု ေျပာသည္။

အဆိုပါ TEC ေဘာ္ဒါေဆာင္သည္ ကြတ္ခိုင္ၿမိဳ႕၊ လြယ္ဆမ္စစ္(ေတာင္သံုးဆယ္) ေတာင္ေျခအနီးတြင္တည္ရွိၿပီး ဆရာ/မ မ်ားႏွင့္ ေက်ာင္းသူ/သား ၈၀ ေက်ာ္ရွိသည္ဟု ေက်ာင္းတာဝန္ရွိသူမ်ား က ေျပာသည္။

တို္က္ပြဲအေျခအေနႏွင့္ပတ္သက္၍ ႏွစ္ဖက္လက္နက္ကိုင္ တာဝန္ရွိသူမ်ားအား ဆက္သြယ္ခဲ့ေသာ္လည္း ဆက္သြယ္၍ မရခဲ့ေပ။

ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း ပစ္ခတ္မႈမ်ား၊ စစ္ေရးတင္းမာမႈမ်ား ျဖစ္ပြားေနသည္မွာ ႏွစ္ရက္ရွိၿပီျဖစ္ၿပီး ယေန႔ နံနက္ ၇း၁၄ နာရီတြင္ ကြတ္ခိုင္ၿမိဳ႕နယ္ ျပည္ေထာင္စုကားလမ္းမေပၚရွိ မန္ေနာင္ေက်းရြာအနီးတြင္ တုိ္က္ပြဲ တစ္ႀကိမ္၊ ကြတ္ခိုင္ၿမိဳ႕ ၊ ၿမိဳ႕သစ္ ေဂါက္ကလပ္တြင္ နံနက္ ၀၇း၁၀ နာရီ၌ တစ္ႀကိမ္ႏွင့္ ေက်ာက္မဲၿမိဳ႕နယ္ ေတာဖယ္ေက်းရြာအနီးတြင္ နံနက္ ၀၆း၃၀ နာရီ၌ ၁ ႀကိမ္ တိုက္ပြဲ ျဖစ္ပြားခဲ့သည္ဟု PSLF/TNLA က ထုတ္ျပန္ထားသည္။

ႏုိဝင္ဘာလ ၁၁ ရက္ေန႔ မွ ယေန႔အခ်ိန္ထိ ေက်ာက္မဲၿမိဳ႕ ရွိ အေျမာက္တပ္ႏွင့္ မိုင္းေငါ့ၿမိဳ႕ ရွိ အစိုးရတပ္မေတာ္ တပ္စခန္းမွ တအာင္းတပ္ရွိရာ ယာယီစခန္းကုန္းမ်ားသို႔ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ခဲ့သည္ဟု TNLA က ထုတ္ျပန္ထားသည္။

ႏိုဝင္ဘာလ ၁၀ ရက္ေန႔ကလည္း နမ့္ဆန္ၿမိဳ႕နယ္ႏွင့္ မန္တံုၿမိဳ႕နယ္အတြင္း အခ်ိဳ႕ေသာ တအာင္းေက်းရြာမ်ားသို႔ လက္နက္ႀကီးက်ည္မ်ား က်ေရာက္ခဲ့ေၾကာင္း TNLA က ယေန႔ထုတ္ျပန္ထားသည္။