တိုင်းရင်းသား ဒေသများတွင် ရွေးကောက်ပွဲများ စိန်ခေါ်မှုများ ပိုများမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် တိုင်းရင်းသားပါတီများက ပြင်ဆင်မှုများ စတင်လုပ်ဆောင် နေကြရာ နယ်မြေမတည်ငြိမ်မှုများ၊ စစ်ရေးပဋိပက္ခများ၊ စစ်ရေးတင်းမာမှုများနှင့် တိုက်ပွဲများ ဖြစ်ပွား နေသေးသည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် အခြားသော ပြည်နယ်နှင့် တိုင်းများနှင့် မတူသည့် စိန်ခေါ်မှုများ အများအပြားရှိနေသည်ဟု သက်ဆိုင်ရာ တိုင်းရင်း သားနိုင်ငံရေးပါတီများက ပြောဆိုထားကြသည်။
ကချင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရရှိပါက ၂၀၂၀ ရွေးကောက်ပွဲအပေါ် သက်ရောက်မည်ကို ပြည်နယ်အတွင်းရှိ ပါတီများက စိုးရိမ်နေကြသည်။
“တပ်မတော်က လုံခြုံရေးမကောင်းဘူးဆိုပြီး အကြောင်းပြလိုက်လို့ရှိရင် အဲ့ဒီမဲဆန္ဒနယ် သူတို့ ရွေးကောက် ပွဲကော်မရှင်ကတော့ ဖွင့်ပေးမှာ မဟုတ်ဘူး။ အဲ့ဒါမျိုးတွေရှိတဲ့အခါကျတော့ ဒါက အမျိုးမျိုးဖြစ်လာနိုင် တယ်လေ။ အမှန်မကန်ဖြစ်လာနိုင်တဲ့အနေအထားမျိုးက အဲ့ဒီကနေ စလာနိုင်တယ်။ တို်င်းသားဒေသ တွေကတော့ တိုက်ပွဲတွေက အနီးစပ်ဆုံးဖြစ်နေတာကိုး။ အထူးသဖြင့် ကချင်ပြည်နယ်တို့ ရှမ်းပြည်နယ် မြောက်ပိုင်းတို့၊ ရခိုင်တို့၊ အဲ့လိုမျိုးနေရာတွေမှာ ကျနော်တို့က မဲဆန္ဒနယ် တော်တော်များများ ပိတ်ခံရမှာကို စိုးရိမ်တယ်။” ဟု ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာ က ပြောသည်။
ရွှေ့ပြောင်းနေထိုင်သူများ မဲပေးခွင့်၊ ကြိုတင်မဲကိစ္စနှင့် အခြားသော စိုးရိမ်မှုများနှင့် ပတ်သက်၍ ကချင်နိုင်ငံရေးပါတီ သုံးပါတီ ပူးပေါင်းထားသည့် ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) က ယခုကဲ့သို့ ပြောသည်။
“ဒေသခံပါတီတွေရဲ့ ငွေရေးကြေးရေးဆိုင်ရာ ကိစ္စရပ်တွေဖြစ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ ရွှေ့ပြောင်း လုပ်သားတွေကိစ္စပေါ့နော်။ တခြားပြည်မဘက်ကလာတဲ့လူတွေက မဲထည့်ခွင့်ရှိတယ်ဆိုတဲ့ဟာမျိုး၊ အဲ့ဟာ လည်း စိုးရိမ်ပါတယ်။ နံပါတ်သုံးတစ်ချက်ကတော့ ကြိုတင်မဲတွေပေါ့ ဒါတွေလည်း စိုးရိမ်စရာကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်မဲဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးကို ထည့်တဲ့ပုံစံမျိုးဆိုတော့ အနာဂတ်အတွက် ဒီဟာတွေ စိုးရိမ်စရာကောင်းပါတယ်။ ဒီဟာမျိုးသာဖြစ်မယ်ဆိုရင် ရွေးကောက်ပွဲဟာ တရားမျှတရေးလား၊ ပွင့်လင်း မှုရှိရဲ့လားဆိုတာ မေးခွန်းထုတ်စရာ ရလာဒ်တွေက အမျိုးမျိုးဖြစ်ပါလိမ့်မယ်” ဟု KSPP ပါတီ ဒု-ဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။
ထို့အပြင် ကချင်ပြည်နယ်အတွင်း တိုင်းရင်းသားရေးရာဝန်ကြီးတစ်နေရာရရှိထားပြီး ၂၀၁၅ ခုနှစ် စာရင်း အရ ပါတီဝင်အရေအတွက် ၅၀၀၀၀ ခန့် ရှိသည့် လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ အနေဖြင့်လည်း ပြည်နယ်အတွင်း မငြိမ်းချမ်းသေးသည့် အချက်ကို အကြောင်းပြပြီး တရားမျှတမှုရှိသည့် ရွေးကောက်ပွဲမ ကျင်းပနိုင်မည်ကို စိုးရိမ်သည်ဟု ပြောသည်။
လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူူးလေးပါတီ) ဥက္ကဋ္ဌ ဦးရွှေမင်း က သူ၏ စိုးရိမ်မှုများကို ပြောပြသည်။
“ကျနော်တို့ ၂၀၂၀ မှာ ပြုလုပ်မယ့် ကျနော်တို့ အထွေထွေရွေးကောက်ပွဲကြီးက လွတ်လပ်ပြီး တရားမျှတတဲ့ လွတ်လပ်မှုရှိတဲ့ မတရားမှုတွေကင်းတဲ့ ရွေးကောက်ပွဲကြီးဖြစ်လာနိုင်မလားဆိုတဲ့ တစ်ချက်ရယ်၊ ဒုတိယ တစ် ချက်ကတော့ ငြိမ်းချမ်းရေးကို ၂၀၂၀ အမှီရော ဖြစ်ပါ့မလား၊ အပစ်ခတ်ရပ်စဲရေးနဲ့အတူ ငြိမ်းချမ်းရေးဖြစ် ပေါ်လာမှသာ ၂၀၂၀ အတွက် ကျနော်တို့ရဲ့ ရွေးကောက်ပွဲအတွက် အဆင်ပြေနိုင်မှာဖြစ်တယ်” ဟု ဦးရွှေ မင်းက ပြောသည်။ “KIA အနေနဲ့ လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့အတွက် မဲရုံဖွင့်လှစ်နိုင်မှု၊ မဲဆန္ဒနယ် မြေတွေ ပိတ်သိမ်းသွားနိုင်မှု၊ ဒါတွေအတွက် ကျနော်တို့ စိုးရိမ်တယ်။ တချို့ဒေသမှာ ဒါလုံခြုံရေး အကြောင်း ပြပြီးတော့ မဲဆန္ဒနယ်တွေ ပိတ်သိမ်းတာ ရှိကောင်းရှိနိုင်တယ်။ ထိုနည်းတူစွာပဲ ငြိမ်းချမ်းတဲ့ လုံခြုံတဲ့နေရာ မဟုတ်တဲ့ အတွက် ကျနော်တို့ပါတီများရဲ့ သွားလာမှုတွေမှာ လုံခြုံစိတ်ချရမှုမရှိတဲ့အတွက် ကျနော်တို့မှာ မဲဆန္ဒရှင်ပြည်သူတွေနဲ့ တွေ့ဆုံမှု ထိတွေ့မှုတွေမှာ အားနည်းသွားနိုင်တယ်။”
ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပြင် ကချင်နိုင်ငံ ရေးပါတီများ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့အပြင် အခြားသော နိုင်ငံရေးပါတီတချို့လည်း ကချင်ပြည်နယ်အတွင်း ရွေး ကောက်ပွဲဝင်နိုင်ရေး ပြင်ဆင်နေကြသည်ဟု သိရသည်။
ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ပြန်ကြားရေးတာဝန်ခံ ဦးဂျေလန်းယော် ကတော့ ဒေသခံ ပါတီများ၏ အဓိက ပြိုင်ဘက်မှာ ပြည်မ ပါတီများ ဖြစ်လာမည်ဟု ပြောသည်။
“အဓိကကြုံတွေ့လာမယ့် ပြဿနာကတော့ ကျနော်တို့ဒီတိုင်းရင်းသားပါတီတွေနဲ့ ပြည်မပါတီတွေရဲ့ အားပြိုင်မှုပေါ့နော်။ အဓိက ကျနော်တို့ ကချင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားပါတီတွေက ပြည်မက လာပြိုင်တဲ့ ပါတီကြီးတွေကို အဓိက အနိုင်ရဖို့လိုတယ်။ ပြီးရင် ၂၀၂၀ ရွေးကောက်ပွဲနိုင်သွားတဲ့နောက်မှာ ကချင်ပြည်နယ်လွှွတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကျနော်တို့ တိုင်းရင်းသားပါတီက လွှတ်တော်အမတ်တွေ ရောက်ရှိရေးက ကချင်ပြည်နယ်မှာ ရှိတဲ့ ကျနော်တို့ ကချင်ပါတီတွေရဲ့ အဓိက စိန်ခေါ်ချက်ပေါ့။ အဲ့ဒါပြောချင်ပါတယ်”
နယ်မြေကန့်သတ်ပြီး တစ်ပြည်နယ်လုံးအတိုင်းအတာအနေဖြင့် ရွေးကောက်ပွဲ ကျင်းပခွင့်မရမှာကို စိုးရိမ် နေကြသည့်အပြင် တိုင်းရင်းသားပါတီများဖြစ်သည့်အတွက် ငွေရေးကြေးရေးအခက်အခဲ၊ ပါတီစည်းရုံး ရေး ကိစ္စ၊ လုံခြုံရေး၊ လွတ်လပ်စွာ စည်းရုံးဟောပြောပိုင်ခွင့်၊ လွတ်လပ်ပြီးတရားမျှတမှုရှိသည့် ရွေးကောက်ပွဲ ဖြစ်လာရေး၊ ကြိုတင်မဲကိစ္စများနှင့် ရွှေ့ပြောင်းလုပ်သားများ မဲထည့်ရေးကိစ္စ စသည့် စိုးရိမ်မှုအမျိုးမျိုး ရှိ သည်ဟု ကချင်နိုင်ငံရေးပါတီအသီးသီးက ခေါင်းဆောင်များက ထောက်ပြထားကြသည်။
ထို့ကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအား အစိုးရ၊ တပ်မတော်နှင့် ရွေးကောက်ပွဲ ကော်မရှင်တို့ အနေဖြင့် မှန်မှန်ကန်ကန်နှင့် လွတ်လပ်ပြီး တရားမျှတမှုရှိသည့် ရွေးကောက်ပွဲကို လုပ်ပေးစေချင်ကြောင်း ကချင်တိုင်းရင်းသားပါတီများက တောင်းဆိုထားသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်းရှိ ကချင်တိုင်းရင်းသားများ အများစုနေထိုင်ရာ ဝိုင်းမော်၊ ချီဖွေ၊ ဆွမ်ပရာဘွမ်၊ မချမ်းဘော၊ ခေါင်လန်ဖူး၊ တနိုင်း၊ အင်ဂျန်းယန်၊ မံစီ၊ မိုးမောက်၊ ရွေကူ နှင့် ဆော့လော်မြို့နယ်အတွင်းရှိ အချို့ကျေးရွာများတွင် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သလို၊ အချို့ မြို့နယ်များတွင်လည်း မြို့နယ်တစ်ခုလုံး အတိုင်းအတာအနေဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိခဲ့ပေ။
Zawgyi…
တိုင္းရင္းသား ေဒသမ်ားတြင္ ေရြးေကာက္ပြဲမ်ား စိန္ေခၚမႈမ်ား ပိုမ်ားမည္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ႏို၀င္ဘာလ ၁၂ ရက္။
၂၀၂၀ အေထြေထြေရြးေကာက္ပြဲအတြက္ တုိင္းရင္းသားပါတီမ်ားက ျပင္ဆင္မႈမ်ား စတင္လုပ္ေဆာင္ ေနၾကရာ နယ္ေျမမတည္ၿငိမ္မႈမ်ား၊ စစ္ေရးပဋိပကၡမ်ား၊ စစ္ေရးတင္းမာမႈမ်ားႏွင့္ တုိက္ပြဲမ်ား ျဖစ္ပြား ေနေသးသည့္ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္ ေျမာက္ပိုင္းႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ အျခားေသာ ျပည္နယ္ႏွင့္ တုိင္းမ်ားႏွင့္ မတူသည့္ စိန္ေခၚမႈမ်ား အမ်ားအျပားရွိေနသည္ဟု သက္ဆုိင္ရာ တုိင္းရင္း သားႏုိင္ငံေရးပါတီမ်ားက ေျပာဆိုထားၾကသည္။
ကခ်င္ျပည္နယ္တြင္ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ မရရွိပါက ၂၀၂၀ ေရြးေကာက္ပြဲအေပၚ သက္ေရာက္မည္ကို ျပည္နယ္အတြင္းရွိ ပါတီမ်ားက စိုးရိမ္ေနၾကသည္။
“တပ္မေတာ္က လံုၿခံဳေရးမေကာင္းဘူးဆိိုၿပီး အေၾကာင္းျပလုိက္လို႔ရွိရင္ အဲ့ဒီမဲဆႏၵနယ္ သူတို႔ ေရြးေကာက္ ပြဲေကာ္မရွင္ကေတာ့ ဖြင့္ေပးမွာ မဟုတ္ဘူး။ အဲ့ဒါမ်ိဳးေတြရွိတဲ့အခါက်ေတာ့ ဒါက အမ်ိဳးမ်ိဳးျဖစ္လာႏုိင္ တယ္ေလ။ အမွန္မကန္ျဖစ္လာႏုိင္တဲ့အေနအထားမ်ိဳးက အဲ့ဒီကေန စလာႏုိင္တယ္။ တို္္င္းသားေဒသ ေတြကေတာ့ တုိက္ပြဲေတြက အနီးစပ္ဆံုးျဖစ္ေနတာကိုး။ အထူးသျဖင့္ ကခ်င္ျပည္နယ္တို႔ ရွမ္းျပည္နယ္ ေျမာက္ပိုင္းတို႔၊ ရခိုင္တို႔၊ အဲ့လိုမ်ိဳးေနရာေတြမွာ က်ေနာ္တုိ႔က မဲဆႏၵနယ္ ေတာ္ေတာ္မ်ားမ်ား ပိတ္ခံရမွာကို စိုးရိမ္တယ္။” ဟု ကခ်င္ျပည္နယ္ ျပည္သူ႔႔ပါတီ (KSPP) ဥကၠ႒ ေဒါက္တာမနမ္တူးဂ်ာ က ေျပာသည္။
ေရႊ႕ေျပာင္းေနထုိင္သူမ်ား မဲေပးခြင့္၊ ႀကိဳတင္မဲကိစၥႏွင့္ အျခားေသာ စိုးရိမ္မႈမ်ားႏွင့္ ပတ္သက္၍ ကခ်င္ႏုိင္ငံေရးပါတီ သံုးပါတီ ပူးေပါင္းထားသည့္ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ (KSPP) က ယခုကဲ့သို႔ ေျပာသည္။
“ေဒသခံပါတီေတြရဲ႕ ေငြေရးေၾကးေရးဆိုု္င္ရာ ကိစၥရပ္ေတြျဖစ္ပါတယ္။ ဒုတိယတစ္ခ်က္ကေတာ့ ေရႊ႕ေျပာင္း လုပ္သားေတြကိစၥေပါ့ေနာ္။ တျခားျပည္မဘက္ကလာတဲ့လူေတြက မဲထည့္ခြင့္ရွိတယ္ဆိုတဲ့ဟာမ်ိဳး၊ အဲ့ဟာ လည္း စိုးရိမ္ပါတယ္။ နံပါတ္သံုးတစ္ခ်က္ကေတာ့ ႀကိဳတင္မဲေတြေပါ့ ဒါေတြလည္း စိုးရိမ္စရာေကာင္းပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ စစ္တပ္မဲဟာ ႀကံ့ခိုင္ဖြံ႔ၿဖိဳးေရးကို ထည့္တဲ့ပံုစံမ်ိဳးဆိုေတာ့ အနာဂတ္အတြက္ ဒီဟာေတြ စိုးရိမ္စရာေကာင္းပါတယ္။ ဒီဟာမ်ိဳးသာျဖစ္မယ္ဆိုရင္ ေရြးေကာက္ပြဲဟာ တရားမ်ွတေရးလား၊ ပြင့္လင္း မႈရွိရဲ႕လားဆိုတာ ေမးခြန္းထုတ္စရာ ရလာဒ္ေတြက အမ်ိဳးမ်ိဳးျဖစ္ပါလိမ့္မယ္” ဟု KSPP ပါတီ ဒု-ဥကၠ႒ ဦးကြမ္ေဂါင္ေအာင္ခမ္းက ေျပာသည္။
ထုိ႔အျပင္ ကခ်င္ျပည္နယ္အတြင္း တိုင္းရင္းသားေရးရာဝန္ႀကီးတစ္ေနရာရရွိထားၿပီး ၂၀၁၅ ခုႏွစ္ စာရင္း အရ ပါတီဝင္အေရအတြက္ ၅၀၀၀၀ ခန္႔ ရွိသည့္ လီဆူအမ်ိဳးသား ဖြ႔ံၿဖိဳးတိုးတက္ေရး ပါတီ အေနျဖင့္လည္း ျပည္နယ္အတြင္း မၿငိမ္းခ်မ္းေသးသည့္ အခ်က္ကို အေၾကာင္းျပၿပီး တရားမ်ွတမႈရွိသည့္ ေရြးေကာက္ပြဲမ က်င္းပႏုိင္မည္ကို စိုးရိမ္သည္ဟု ေျပာသည္။
လီဆူအမ်ိဳးသား ဖြံ႔ၿဖိဳးတုိးတက္ေရးပါတီ (ဒူူးေလးပါတီ) ဥကၠ႒ ဦးေရႊမင္း က သူ၏ စိုးရိမ္မႈမ်ားကို ေျပာျပသည္။
“က်ေနာ္တို႔ ၂၀၂၀ မွာ ျပဳလုပ္မယ့္ က်ေနာ္တို႔ အေထြေထြေရြးေကာက္ပြဲႀကီးက လြတ္္လပ္ၿပီး တရားမ်ွတတဲ့ လြတ္လပ္မႈရွိတဲ့ မတရားမႈေတြကင္းတဲ့ ေရြးေကာက္ပြဲႀကီးျဖစ္လာႏုိင္မလားဆိုတဲ့ တစ္ခ်က္ရယ္၊ ဒုတိယ တစ္ ခ်က္ကေတာ့ ၿငိမ္းခ်မ္းေရးကို ၂၀၂၀ အမွီေရာ ျဖစ္ပါ့မလား၊ အပစ္ခတ္ရပ္စဲေရးနဲ႔အတူ ၿငိမ္းခ်မ္းေရးျဖစ္ ေပၚလာမွသာ ၂၀၂၀ အတြက္ က်ေနာ္တုိ႔ရဲ႕ ေရြးေကာက္ပြဲအတြက္ အဆင္ေျပႏုိင္မွာျဖစ္တယ္” ဟု ဦးေရႊ မင္းက ေျပာသည္။ “KIA အေနနဲ႔ လက္မွတ္ေရးထိုးထားျခင္း မရွိတဲ့အတြက္ မဲရံုဖြင့္လွစ္ႏုိင္မႈ၊ မဲဆႏၵနယ္ ေျမေတြ ပိတ္သိမ္းသြားႏိုင္မႈ၊ ဒါေတြအတြက္ က်ေနာ္တုိ႔ စိုးရိမ္တယ္။ တခ်ိဳ႕ေဒသမွာ ဒါလံုၿခံဳေရး အေၾကာင္း ျပၿပီးေတာ့ မဲဆႏၵနယ္ေတြ ပိတ္သိမ္းတာ ရွိေကာင္းရွိႏိုင္တယ္။ ထိုနည္းတူစြာပဲ ၿငိမ္းခ်မ္းတဲ့ လံုၿခံဳတဲ့ေနရာ မဟုတ္တဲ့ အတြက္ က်ေနာ္တုိ႔ပါတီမ်ားရဲ႕ သြားလာမႈေတြမွာ လံုၿခံဳစိတ္ခ်ရမႈမရွိတဲ့အတြက္ က်ေနာ္တုိ႔မွာ မဲဆႏၵရွင္ျပည္သူေတြနဲ႔ ေတြ႕ဆံုမႈ ထိေတြ႕မႈေတြမွာ အားနည္းသြားႏုိင္တယ္။”
ျပည္ေထာင္စု ႀကံ႕ ခိုင္ေရးႏွင့္ ဖြံ႕ ၿဖိဳးေရးပါတီ၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) အျပင္ ကခ်င္ႏုိင္ငံ ေရးပါတီမ်ား၊ ရွမ္းတုိင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (SNLD) ႏွင့္ တုိင္းလိုင္(ရွမ္းနီ) အမ်ိဳးသားမ်ား ဖြံ႔ၿဖိဳးတုိးတက္ေရးပါတီတုိ႔အျပင္ အျခားေသာ ႏိုင္ငံေရးပါတီတခ်ိဳ႕လည္း ကခ်င္ျပည္နယ္အတြင္း ေရြး ေကာက္ပြဲဝင္ႏုိင္ေရး ျပင္ဆင္ေနၾကသည္ဟု သိရသည္။
ကခ်င္အမ်ိဳးသားကြန္ဂရက္ပါတီ (KNC) ျပန္ၾကားေရးတာဝန္ခံ ဦးေဂ်လန္းေယာ္ ကေတာ့ ေဒသခံ ပါတီမ်ား၏ အဓိက ၿပိဳင္ဘက္မွာ ျပည္မ ပါတီမ်ား ျဖစ္လာမည္ဟု ေျပာသည္။
“အဓိကႀကံဳေတြ႕လာမယ့္ ျပႆနာကေတာ့ က်ေနာ္တုိ႔ဒီတုိင္းရင္းသားပါတီေတြနဲ႔ ျပည္မပါတီေတြရဲ႕ အားၿပိဳင္မႈေပါ့ေနာ္။ အဓိက က်ေနာ္တို႔ ကခ်င္ျပည္နယ္မွာရွိတဲ့ တုိင္းရင္းသားပါတီေတြက ျပည္မက လာၿပိဳင္တဲ့ ပါတီႀကီးေတြကို အဓိက အႏုိင္ရဖုိ႔လိုတယ္။ ၿပီးရင္ ၂၀၂၀ ေရြးေကာက္ပြဲႏုိင္သြားတဲ့ေနာက္မွာ ကခ်င္ျပည္နယ္လႊြတ္ေတာ္နဲ႔ ျပည္ေထာင္စုလြႊတ္ေတာ္မွာ က်ေနာ္တို႔ တုိင္းရင္းသားပါတီက လႊတ္ေတာ္အမတ္ေတြ ေရာက္ရွိေရးက ကခ်င္ျပည္နယ္မွာ ရွိတဲ့ က်ေနာ္တို႔ ကခ်င္ပါတီေတြရဲ႕ အဓိက စိန္ေခၚခ်က္ေပါ့။ အဲ့ဒါေျပာခ်င္ပါတယ္”
နယ္ေျမကန္႔သတ္ၿပီး တစ္ျပည္နယ္လံုးအတိုင္းအတာအေနျဖင့္ ေရြးေကာက္ပြဲ က်င္းပခြင့္မရမွာကို စိုးရိမ္ ေနၾကသည့္အျပင္ တုိင္းရင္းသားပါတီမ်ားျဖစ္သည့္အတြက္ ေငြေရးေၾကးေရးအခက္အခဲ၊ ပါတီစည္းရံုး ေရး ကိစၥ၊ လံုၿခံဳေရး၊ လြတ္္လပ္စြာ စည္းရံုးေဟာေျပာပိုင္ခြင့္၊ လြတ္လပ္ၿပီးတရားမ်ွတမႈရွိသည့္ ေရြးေကာက္ပြြဲ ျဖစ္လာေရး၊ ႀကိဳတင္မဲကိစၥမ်ားႏွင့္ ေရႊ႕ေျပာင္းလုပ္သားမ်ား မဲထည့္ေရးကိစၥ စသည့္ စိုးရိမ္မႈအမ်ိဳးမ်ိဳး ရွိ သည္ဟု ကခ်င္ႏုိင္ငံေရးပါတီအသီးသီးက ေခါင္းေဆာင္မ်ားက ေထာက္ျပထားၾကသည္။
ထို႔ေၾကာင့္ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲအား အစိုးရ၊ တပ္မေတာ္ႏွင့္ ေရြးေကာက္ပြဲ ေကာ္မရွင္တို႔ အေနျဖင့္ မွန္မွန္ကန္ကန္ႏွင့္ လြတ္လပ္ၿပီး တရားမ်ွတမႈရွိသည့္ ေရြးေကာက္ပြဲကို လုပ္ေပးေစခ်င္ေၾကာင္း ကခ်င္တုိင္းရင္းသားပါတီမ်ားက ေတာင္းဆိုထားသည္။
၂၀၁၅ ခုႏွစ္ ႏိုဝင္ဘာလတြင္ က်င္းပခဲ့သည့္ အေထြေထြေရြးေကာက္ပြဲတြင္ ကခ်င္ျပည္နယ္အတြင္းရွိ ကခ်င္တုိင္းရင္းသားမ်ား အမ်ားစုေနထုိင္ရာ ဝိုင္းေမာ္၊ ခ်ီေဖြ၊ ဆြမ္ပရာဘြမ္၊ မခ်မ္းေဘာ၊ ေခါင္လန္ဖူး၊ တႏိုင္း၊ အင္ဂ်န္းယန္၊ မံစီ၊ မိုးေမာက္၊ ေရြကူ ႏွင့္ ေဆာ့ေလာ္ၿမိဳ႕နယ္အတြင္းရွိ အခ်ိဳ႕ေက်းရြာမ်ားတြင္ ေရြးေကာက္ပြဲမက်င္းပႏုိင္ခဲ့သလို၊ အခ်ိဳ႕ ၿမိဳ႕နယ္မ်ားတြင္လည္း ၿမိဳ႕နယ္တစ္ခုလံုး အတိုင္းအတာအေနျဖင့္ ေရြးေကာက္ပြဲ က်င္းပႏုိင္ျခင္း မရွိခဲ့ေပ။