လွယ်ဆမ်စစ်နှင့် ကျောက်မဲတွင်တိုက်ပွဲများ ဆက်ဖြစ်၊ လူ ၂ ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် လွယ်ဆမ်စစ်တောင်ခြေအနီးနှင့် ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည် ဟု ဒေသခံများက ပြောသည်။
မန္တလေး-မူဆယ် ကားလမ်းတွင်လည်း ကားများ အခြေအနေကြည့်ကာ ဆင်းတက်နေရသည်ဟု ဒေသခံများက ပြောသည်။
နိုဝင်ဘာလ ၁၄ ရက်နေ့ (ယနေ့) နံနနက်ပိုင်း လွယ်ဆမ်စစ်(တောင်သုံးဆယ်) တောင်ကြောတစ်လျှောက် ပစ်ခတ်မှုများ ဖြစ်ပွားနေပြီး ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကားတစ်စီးပစ်ခတ်ခံခဲ့ရကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ က ပြောသည်။
ကွတ်ခိုင်မြို့မှ ကရုဏာလူမှုကူညီရေးအသင်းက ဦးထွန်းအောင်က “ကိုယ်ပိုင်ကျောင်းကားက ကျောင်းသားတွေကို သွားကြိုဖို့ သွားတဲ့အချိန်မှာ ဟိုမှာပစ်နေတဲ့အချိန်လေ အဲ့မှာ ထိသွားတာပါ။ ကျောင်းဆရာရယ်၊ ဒရိုက်ဘာရယ်ပေါ့၊ မှန်စတွေ ထိသွားတာပါ။ သေနတ်နဲ့ပစ်တာပဲ၊ ဒီ ၇ နာရီနဲ့ ၈ နာရီကြားပေါ့။ ကားထဲမှာ ကလေးတွေတော့ မပါဘူး။ အဲ့ဒီလွယ်ဆမ်စစ်တောင်ခြေမှာက နည်းနည်းတင်းနေတာလေ၊ နည်းနည်းရှုပ်နေတာ။ တိုက်ပွဲကလည်း ကြိုကြားကြိုကြား ဒီနေ့အထိဖြစ်နေတုန်းပဲ” ဟု ပြောသည်။
ထို့အပြင် ကွတ်ခိုင်-သိန်းနီလမ်းကိုလည်း ပိတ်ထားရသည်ဟု ဆက်ပြောသည်။ လမ်းအခြေအနေအားကြည့်၍ ကားများကို တစ်သုတ်ပြီးတစ်သုတ်လွတ်ပေးနေရသည်ဟု ဒေသခံများ က ပြောသည်။
“ကွတ်ခိုင်တိုးဂိတ်ကနေ ပိတ်ထားတယ်လေ ကားတွေကို။ ကွတ်ခိုင်နဲ့ သိန်းနီတော့ ပိတ်ထားတာတွေ့တယ်။ တိုးဂိတ်ကနေစပိတ်ထားတာ။ ကားတွေကတော့ သိပ်တော့ မများသေးဘူး။ တစ်ရာလောက်တော့ရှိမယ်။ အဆင်းကားတွေလေ။ မနက်ကတော့ တသုတ်လွှတ်လိုက်တယ်လေ။ ကွတ်ခိုင်အတက် ဒီကွတ်ခိုင်နဲ့ မူဆယ်တော့ လောလောဆယ်ဖွင့်ထားတယ်။ ကွတ်ခိုင်ရဲ့ လက်ရှိအခြေအနေကလည်း အထိတ်တလန့်ပေါ့၊ ဟိုလိုလိုဒီလိုလိုပဲ၊ ကြောက်နေရတာ၊ စိတ်ချမှုတော့ မရှိဘူးပေါ့” ဟု အမည်မဖော်လိုသူ ကွတ်ခိုင် ဒေသခံတစ်ဦး က ပြောသည်။
အလားတူ ကျောက်မဲမြို့နယ်အတွင်းတွင်လည်း ယနေ့နံနက်ပိုင်းတွင်လည်း တိုက်ပွဲ များ ဖြစ်ပွားနေပြီး ဒေသခံအချို့လည်း စစ်ဘေးလွတ်ရာ ထွက်ပြေးနေရသည်ဟု ကျောက်မဲဒေသခံများ က ပြောသည်။
ကျောက်မဲမြို့နယ်အတွင်း နိုဝင်ဘာလ ၁၁ ရက်နေ့ (တန်ဆောင်မုန်းလပြည်နေ့) မှ စတင်ကာ ယနေ့အချိန်ထိ ပစ်ခတ်မှုများ၊ သေနတ်သံ၊ လက်နက်ကြီးသံများ ကြားနေရခြင်းဖြစ်သည်ဟု ကျောက်မဲမြို့က ဇီဝိတ လူမှုကူညီရေးအသင်းက ပြောပါတယ်။
ကျောက်မဲဒေသခံလည်းဖြစ်၊ ဇီဝိတ လူမှုကူညီရေးအသင်းက တာဝန်ရှိသူလည်း ဖြစ်သည့် ဦးတင်မောင်သိန်းက “ကျနော်တို့ လပြည့်နေ့ကတည်းက ဖြစ်နေတာပါ။ ကျနော်တို့ ကျောက်မဲမြို့နဲ့လည်း သိပ်မဝေးပါဘူး။ ကျောက်မဲရဲ့ အရှေ့မြောက်ဘက်လောက်ပေါ့၊ ၁၂ မိုင်လောက်ပဲဝေးတယ်။ အဲ့ဒီဘက်က ပလောင်ရွာတွေဘက်မှာပေါ့၊ အဲ့ဒေသတွေကို တပ်မတော်စစ်ကြောင်းတွေက စစ်ဆင်ရေးလုပ်တာပေါ့။ တိုက်ပွဲတွေကတော့ ဖြစ်နေတယ်။ ဒီနေ့အချိန်အထိတော့ ရွာသားတွေ ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိပါဘူး” ဟု ပြောသည်။
ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံများ အထိတ်တလန့် ဖြစ်နေရသည်ဟု ပြောသည်။
“တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေတော့ ကျေးရွာတွေက သတိထားနေရတယ်။ ရွာတွေကလည်း အများကြီးပဲ။ စဖြစ်တဲ့နေရာဆိုရင် ၄ ရွာ အုပ်စုပေါ့၊ အဲ့ဒီဧရိယာထဲက ရွာတွေက လူတွေက သတိနဲ့နေနေရတယ်၊ မမျှော်လင့်ပဲ တပ်မတော်စစ်ကြောင်းရောက်လာနိုင်သလို TNLA စစ်ကြောင်းလည်း ရောက်လာနိုင်တယ်။ အဲ့ဒါကိုလည်း စိုးရိမ်ပူပန်နေကြတယ်။ နောက်တခုကလည်း မြို့ပေါ်ကလည်း အနီးအနားမှာ အသံတွေကြားနေရတယ်၊ စစ်ပွဲတွေဖြစ်နေတယ်ဆိုတော့ စိုးရိမ်ကြောင့်ကြတာမျိုးတော့ ရှိကြပါတယ်” ဟု ဦးတင်မောင်သိန်းက ဆက်ပြောသည်။
ဒေသခံများ၏ ပြောပြချက်အရ ကွတ်ခိုင်မြို့နယ်နှင့် ကျောက်မဲမြို့နယ်အတွင်း တပ်မတော်နှင့် တအာင်းလက်နက်ကိုင် (PSLF/TNLA) တို့အကြား တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်ဟု သိရသည်။
သို့သော်လည်း အဆိုပါ တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ နှစ်ဖက်လက်နက်ကိုင်များကို ဆက်သွယ်သော်လည်း ဆက်သွယ်၍မရပေ။
PSLF/TNLA ၏ ယမန်နေ့က ထုတ်ပြန်ချက်အရ ကွတ်ခိုင်မြို့နယ်၊ လွယ်ဆမ်စစ်(တောင်သုံးဆယ်) အနီးတဝိုက်နှင့် ကျောက်မဲမြို့နယ် တောဖယ်ကျေးရွာအနီး တိုက်ပွဲများ ဖြစ်နေကြောင်း ဖော်ပြထားသည်။
အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များအကြား အပစ်ခတ်ရပ်စဲရေး ဆွေးနွေးရန် ညှိနှိုင်းနေချိန်တွင် ယခုကဲ့သို့ ရှမ်းမြောက်တွင် တိုက်ပွဲများ ပြန်လည် ပြင်းထန်စွာ ဖြစ်ပွားလာနေခြင်းဖြစ်သည်။
Zawgyi…
လြယ္ဆမ္စစ္ႏွင့္ ေက်ာက္မဲတြင္တိုက္ပြဲမ်ား ဆက္ျဖစ္၊ လူ ၂ ဦး ဒဏ္ရာရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ႏို၀င္ဘာလ ၁၄ ရက္။
ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ ကြတ္ခို္င္ၿမိဳ႕နယ္ လြယ္ဆမ္စစ္ေတာင္ေျခအနီးႏွင့္ ေက်ာက္မဲၿမိဳ႕နယ္အတြင္း တို္က္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနၿပီး လူႏွစ္ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္ ဟု ေဒသခံမ်ားက ေျပာသည္။
မႏၱေလး-မူဆယ္ ကားလမ္းတြင္လည္း ကားမ်ား အေျခအေနၾကည့္ကာ ဆင္းတက္ေနရသည္ဟု ေဒသခံမ်ားက ေျပာသည္။
ႏိုဝင္ဘာလ ၁၄ ရက္ေန႔ (ယေန႔) နံနနက္ပိုင္း လြယ္ဆမ္စစ္(ေတာင္သံုးဆယ္) ေတာင္ေၾကာတစ္ေလ်ွာက္ ပစ္ခတ္မႈမ်ား ျဖစ္ပြားေနၿပီး ကိုယ္ပိုင္အထက္တန္းေက်ာင္းမွ ကားတစ္စီးပစ္ခတ္ခံခဲ့ရကာ ၂ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့သည္ဟု ေဒသခံမ်ား က ေျပာသည္။
ကြတ္ခိုင္ၿမိဳ႕မွ ကရုဏာလူမႈကူညီေရးအသင္းက ဦးထြန္းေအာင္က “ကိုယ္ပိုင္ေက်ာင္းကားက ေက်ာင္းသားေတြကို သြားႀကိဳဖုိ႔ သြားတဲ့အခ်ိန္မွာ ဟိုမွာပစ္ေနတဲ့အခ်ိန္ေလ အ့ဲမွာ ထိသြားတာပါ။ ေက်ာင္းဆရာရယ္၊ ဒရိုက္ဘာရယ္ေပါ့၊ မွန္စေတြ ထိသြားတာပါ။ ေသနတ္နဲ႔ပစ္တာပဲ၊ ဒီ ၇ နာရီနဲ႔ ၈ နာရီၾကားေပါ့။ ကားထဲမွာ ကေလးေတြေတာ့ မပါဘူး။ အဲ့ဒီလြယ္ဆမ္စစ္ေတာင္ေျခမွာက နည္းနည္းတင္းေနတာေလ၊ နည္းနည္းရႈပ္ေနတာ။ တုိက္ပြဲကလည္း ႀကိဳၾကားႀကိဳၾကား ဒီေန႔အထိျဖစ္ေနတုန္းပဲ” ဟု ေျပာသည္။
ထုိ႔အျပင္ ကြတ္ခိုင္-သိန္းနီလမ္းကိုလည္း ပိတ္ထားရသည္ဟု ဆက္ေျပာသည္။ လမ္းအေျခအေနအားၾကည့္၍ ကားမ်ားကို တစ္သုတ္ၿပီးတစ္သုတ္လြတ္ေပးေနရသည္ဟု ေဒသခံမ်ား က ေျပာသည္။
“ကြတ္ခိုင္တိုးဂိတ္ကေန ပိတ္ထားတယ္ေလ ကားေတြကို။ ကြတ္ခိုင္နဲ႔ သိန္းနီေတာ့ ပိတ္ထားတာေတြ႕တယ္။ တိုးဂိတ္ကေနစပိတ္ထားတာ။ ကားေတြကေတာ့ သိပ္ေတာ့ မမ်ားေသးဘူး။ တစ္ရာေလာက္ေတာ့ရွိမယ္။ အဆင္းကားေတြေလ။ မနက္ကေတာ့ တသုတ္လႊတ္္လိုက္တယ္ေလ။ကြတ္ခိုင္အတက္ ဒီကြတ္ခိုင္နဲ႔ မူဆယ္ေတာ့ ေလာေလာဆယ္ဖြင့္ထားတယ္။ ကြတ္ခိုင္ရဲ႕ လက္ရွိအေျခအေနကလည္း အထိတ္တလန္႔ေပါ့၊ ဟိုလိုလိုဒီလိုုလိုပဲ၊ ေၾကာက္ေနရတာ၊ စိတ္ခ်မႈေတာ့ မရွိဘူးေပါ့” ဟု အမည္မေဖာ္လိုသူ ကြတ္ခိုင္ ေဒသခံတစ္ဦး က ေျပာသည္။
အလားတူ ေက်ာက္မဲၿမိဳ႕နယ္အတြင္းတြင္လည္း ယေန႔နံနက္ပိုင္းတြင္လည္း တုိက္ပြဲ မ်ား ျဖစ္ပြားေနၿပီး ေဒသခံအခ်ိဳ႕လည္း စစ္ေဘးလြတ္ရာ ထြက္ေျပးေနရသည္ဟု ေက်ာက္မဲေဒသခံမ်ား က ေျပာသည္။
ေက်ာက္မဲၿမိဳ႕နယ္အတြင္း ႏိုဝင္ဘာလ ၁၁ ရက္ေန႔ (တန္ေဆာင္မုန္းလျပည္ေန႔) မွ စတင္ကာ ယေန႔အခ်ိန္ထိ ပစ္ခတ္မႈမ်ား၊ ေသနတ္သံ၊ လက္နက္ႀကီးသံမ်ား ၾကားေနရျခင္းျဖစ္သည္ဟု ေက်ာက္မဲၿမိဳ႕က ဇီဝိတ လူမႈကူညီေရးအသင္းက ေျပာပါတယ္။
ေက်ာက္မဲေဒသခံလည္းျဖစ္၊ ဇီဝိတ လူမႈကူညီေရးအသင္းက တာဝန္ရွိသူလည္း ျဖစ္သည့္ ဦးတင္ေမာင္သိန္းက “က်ေနာ္တို႔ လျပည့္ေန႔ကတည္းက ျဖစ္ေနတာပါ။ က်ေနာ္တို႔ ေက်ာက္မဲၿမိဳ႕နဲ႔လည္း သိပ္မေဝးပါဘူး။ ေက်ာက္မဲရဲ႕ အေရွ႕ေျမာက္ဘက္ေလာက္ေပါ့၊ ၁၂ မိုင္ေလာက္ပဲေဝးတယ္။ အဲ့ဒီဘက္က ပေလာင္ရြာေတြဘက္မွာေပါ့၊ အဲ့ေဒသေတြကို တပ္မေတာ္စစ္ေၾကာင္းေတြက စစ္ဆင္ေရးလုပ္တာေပါ့။ တုိက္ပြဲေတြကေတာ့ ျဖစ္ေနတယ္။ ဒီေန႔အခ်ိန္အထိေတာ့ ရြာသားေတြ ထိခိုက္ဒဏ္ရာရတာမ်ိဳးေတာ့ မရွိပါဘူး” ဟု ေျပာသည္။
ေက်ာက္မဲၿမိဳ႕နယ္အတြင္း ျဖစ္ပြားေနသည့္ တို္က္ပြဲမ်ားေၾကာင့္ ေဒသခံမ်ား အထိတ္တလန္႔ ျဖစ္ေနရသည္ဟု ေျပာသည္။
“တို္က္ပြဲေတြက ဆက္တုိက္ျဖစ္ေနေတာ့ ေက်းရြာေတြက သတိထားေနရတယ္။ ရြာေတြကလည္း အမ်ားႀကီးပဲ။ စျဖစ္တဲ့ေနရာဆုိရင္ ၄ ရြာ အုပ္စုေပါ့၊ အဲ့ဒီဧရိယာထဲက ရြာေတြက လူေတြက သတိနဲ႔ေနေနရတယ္၊ မေမ်ွာ္လင့္ပဲ တပ္မေတာ္စစ္ေၾကာင္းေရာက္လာႏုိင္သလို TNLA စစ္ေၾကာင္းလည္း ေရာက္လာႏို္င္တယ္။ အဲ့ဒါကိုလည္း စိုးရိမ္ပူပန္ေနၾကတယ္။ ေနာက္တခုကလည္း ၿမိဳ႕ေပၚကလည္း အနီးအနားမွာ အသံေတြၾကားေနရတယ္၊ စစ္ပြဲေတြျဖစ္ေနတယ္ဆိုေတာ့ စိုးရိမ္ေၾကာင့္ၾကတာမ်ိဳးေတာ့ ရွိၾကပါတယ္” ဟု ဦးတင္ေမာင္သိန္းက ဆက္ေျပာသည္။
ေဒသခံမ်ား၏ ေျပာျပခ်က္အရ ကြတ္ခိုင္ၿမိဳ႕နယ္ႏွင့္ ေက်ာက္မဲၿမိဳ႕နယ္အတြင္း တပ္မေတာ္ႏွင့္ တအာင္းလက္နက္ကိုင္ (PSLF/TNLA) တို႔အၾကား တုိက္ပြဲျဖစ္ပြားေနျခင္း ျဖစ္သည္ဟု သိရသည္။
သို႔ေသာ္လည္း အဆုိပါ တုိ္က္ပြဲအေျခအေနမ်ားႏွင့္ ပတ္သက္၍ ႏွစ္ဖက္လက္နက္ကိုင္မ်ားကို ဆက္သြယ္ေသာ္လည္း ဆက္သြယ္၍မရေပ။
PSLF/TNLA ၏ ယမန္ေန႔က ထုတ္ျပန္ခ်က္အရ ကြတ္ခိုင္ၿမဳိ႕နယ္၊ လြယ္ဆမ္စစ္(ေတာင္သံုးဆယ္) အနီးတဝိုက္ႏွင့္ ေက်ာက္မဲၿမိဳ႕နယ္ ေတာဖယ္ေက်းရြာအနီး တိုက္ပြဲမ်ား ျဖစ္ေနေၾကာင္း ေဖာ္ျပထားသည္။
အစိုးရႏွင့္ ေျမာက္ပိုင္းမဟာမိတ္အဖြဲဲ႕မ်ားအၾကား အပစ္ခတ္ရပ္စဲေရး ေဆြးေႏြးရန္ ညွိႏိႈင္းေနခ်ိန္တြင္ ယခုကဲ့သို႔ ရွမ္းေျမာက္တြင္ တုိက္ပြဲမ်ား ျပန္လည္ ျပင္းထန္စြာ ျဖစ္ပြားလာေနျခင္းျဖစ္သည္။