လူထု လယ်ယာမြေကော်မတီကို ကချင်ပြည်နယ်တွင် ဖွဲ့စည်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်။

ကချင်ပြည်နယ်အတွင်းက ပြည်သူများ၏ လယ်ယာမြေပိုင်ဆိုင်မှုများကို ကာကွယ်ပေးနိုင်သော လယ်ယာမြေဥပဒေများ ပေါ်ထွန်းလာရေး ရည်ရွယ်၍ “ကချင်ပြည်နယ် လူထု လယ်ယာမြေကော်မတီ” တစ်ရပ်ကို ဖွဲ့ စည်းလိုက်သည် ဟု ကော်မတီ တာဝန်ရှိ သူများက ပြောသည်။

ပြည်သူများ၏ လယ်ယာမြေပိုင်ဆိုင်မှုများကို အကာအကွယ်မပေးသည့် ဥပဒေများ ရှိနေသည့် အတွက် ဖြစ်ပေါ်လာသော ပြဿနာများကိုလည်း ဖြေရှင်းဆောင်ရွက်သွားမည်ဟုလည်း “ကချင်ပြည်နယ် လူထုလယ်ယာမြေကော်မတီ” က တာဝန်ရှိသူများက ပြောသည်။

ကချင်အမျိုးသား ကွန်ဂရက်ပါတီ(KNC) ဥက္ကဋ္ဌ ဒေါက်တာ Mကောန်လ က “အဓိကတော့ ၂၀၁၂ လယ်ယာမြေဥပဒေရယ်၊ အဲ့ကနေ ဆက်နွယ်ပြီးတော့ ၂၀၁၈ မြေလွတ် မြေလပ် မြေရိုင်းစီမံခန့်ခွဲမှုဥပဒေ၊ ပြီးတော့ ၂၀၁၈ သစ်တောဥပဒေ၊ နောက်တစ်ခု ၂၀၁၉ မြေသိမ်း ဆည်းခြင်းနှင့် ပြန်လည်နေရာချထားခြင်းဥပဒေ၊ နောက်တစ်ခါ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ၂၀၁၃ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေရယ် အဲ့ဒါတွေဆက်စပ်နေတယ်။ ဘာကြောင့်လဲဆိုတော့ မြေလွတ် မြေလပ် မြေရိုင်းကိစ္စနဲ့ပဲ ဒေသခံတွေရဲ့ မြေတွေကို မြေလွတ်/ရိုင်းတွေ ဆိုပြီး လုပ်ချပြီးပေးလိုက်တယ်။ ဘယ်သူတွေက ပေးလည်းဆိုတော့ ၂၀၁၂ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ ၂၀၁၃ နိုင်ငံခြားသား ရင်းနှီးမြှုုပ်နှံမှု ဥပဒေတွေက ချုပ်ကိုင်ပြီးတော့ လုပ်ငန်းတွေ ဝင်လုပ်တာ” ဟု ပြောသည်။

လယ်ယာမြေနှင့် ဆက်စပ်သည့် ဥပဒေများ ပြင်ဆင်/ဖြည့်စွက်/ဖျက်သိမ်းရေးကိစ္စရပ်များကို ဥပဒေပြုရေးကဏ္ဍ လွှတ်တော် (၂) ရပ်တွင် ကြိုးပမ်းသွားရန်၊ လက်ရှိဖြစ်ပွားနေသည့် လယ်ယာမြေနှင့် ဆက်စပ်သည့် ပဋိပက္ခများကို သက်ဆိုင်ရာ အုပ်ချုပ်ရေးကဏ္ဍတွင် ကူညီဖြေရှင်းဆောင်ရွက်ပေးရန်နှင့် လယ်ယာမြေနှင့် ဆက်စပ်သည့် အစိုးရမဟုတ်သော လူမှုအဖွဲ့အစည်းများနှင့် လူထုအကျိုးပြုအပြန်အလှန် အမြင်ဖလှယ်ဆွေးနွေးသွားရန် ရည်ရွယ်ထားသည်ဟု ကော်မတီဖွဲ့စည်းရခြင်းနှင့် ပတ်သက်သည့် နိုဝင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

ကချင်ပြည်နယ် လူထုလယ်ယာမြေကော်မတီ တွင် ပါဝင်သည့် အရပ်သား ပညာရှင်တစ်ဦးကလည်း “ကျနော်ကတော့ Freelancer အနေနဲ့ ဝင်တယ်။ နံပါတ်တစ်က ဒီသိမ်းထားတဲ့ မြေတွေကို ရွာသားတွေလက်ထဲကို ရောက်အောင် ဘယ်လိုပြန်လုပ်မလဲ၊ နံပါတ် ၂ ကတော့ အခုလက်ရှိဖြစ်လာမယ့် ကြိုးဝိုင်းထဲမှာ ရှိနေတဲ့ လယ်တွေ မြေတွေကို ဘယ်လိုပြန်လုပ်မလဲဆိုတဲ့အပိုင်း၊ နောက်တစ်ခုကတော့ ပုံစံ ၇ ကိစ္စပေါ့၊ IDPs တွေရဲ့ မြေယာတွေ လယ်ယာတွေကို ဘယ်လိုမျိုး ပြန်ရအောင်လုပ်မလဲ ပေါ့၊ နောက်ပြီး မြေလွတ်မြေရိုင်းကိစ္စတွေပေါ့၊ ရွာပိုင်မြေတွေကော ဘယ်လိုမျိုး အကာအကွယ်ပေးနိုင်မလဲ၊ ဌာနေတိုင်းရင်းသားများနဲ့ ဒေသခံတွေ သူတို့ကိုယ်တိုင်ကာကွယ်ထားတဲ့ ပိုင်နက်နယ်မြေတွေ ကို ဖော်ထုတ်မလဲဆိုပြီး လုပ်သွားဖို့ရှိတာပေါ့နော်” ဟု ပြောသည်။

အစိုးရက ပြဌာန်းထားသည့် မြေယာဥပဒေများထဲတွင် ကချင်ပြည်နယ်ရှိ ဒေသခံများ၊ ဌာနတိုင်းရင်းသားများနှင့် မကိုက်ညီသည့် အချက်များကို ပယ်ဖျက်ပြီး ကိုက်ညီမည့်အချက်များကို ပြန်လည်ပြင်ဆင်ဖြည့်စွတ်နိုင်သည့်အထိ လုပ်ဆောင် သွားမည်ဟု KNC ပါတီက ပြောသည်။

ဒေါက်တာ M ကောန်လ က “၂၀၁၈ သစ်တောဥပဒေက ကြိုးပြင်သစ်တောပေါ့ သစ်တောဦးစီးဌာနက လိုအပ်ချက်အရသတ်မှတ်တယ်။ အဲ့မှာ ဒေသခံတွေရဲ့ တောင်ယာတွေပါကုန်ရော၊ အဲ့ကြိုးပြင်သစ်တောက နိုင်ငံတော်စီးပွားရေးအထောက်အကူပြုရန်အလို့ငှာဆိုတဲ့ ခေါင်းစဉ်အောက်မှာ လိုသလိုပါသွားတာ။ အဲ့မှာ မြေလွတ်မြေရိုင်းဖြစ်ရော၊ အဲ့လိုတွေဖြစ်ကုန်တာ” ဟု ဆက်ပြောသည်။

“၂၀၁၉ မြေသိမ်း ဆည်းခြင်းနှင့် ပြန်လည်နေရာချထားခြင်း ဥပဒေဆိုရင် ယာယီမြေသိမ်းဆည်းခြင်းနှင့် အစောတလျင်မြေသိမ်းဆည်းခြင်း နှစ်ခုက တော်တော်ကြောက်စရာကောင်းတယ်။ အဲ့ဒီနှစ်ခုက တပ်မတော်ရဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အရေးပေါ်ကိစ္စအလို့ငှာဆိုပြီးတော့ စိတ်ကြိုက်ကို သိမ်းခွင့်ပေးထားတယ်။ အဲ့ဒါက ဒီမိုကရေစီဖက်ဒရယ်တည်ဆောက်မယ်ဆိုရင် မကိုက်ဘူးဗျ။ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုထဲကို ဦးစားပေးလို့မရဘူးလေနော်။”

၎င်းကော်မတီတွင် နိုင်ငံရေးပါတီများ အစုအဖွဲ့ ၊ ဥပဒေပညာရှင်များ အဖွဲ့ ၊ အစိုးရမဟုတ်သည့် အစုအဖွဲ့၊ တောင်သူများအစုအဖွဲ့ နှင့် အရပ်သားပညာရှင်များ အစုအဖွဲ့ ဟူ၍ အစုအဖွဲ့ (၅) ဖွဲ့ ဖြင့် ဖွဲ့စည်းထားသည်ဟု ကချင်အမျိုးသား ကွန်ဂရက်ပါတီ(KNC) ဥက္ကဋ္ဌ ဒေါက်တာ Mကောန်လ က ပြောပါတယ်။

“ကျနော်တို့က လူထုကိုယ်စားပြုမှု အားကောင်းအောင်ပေါ့ ဒီ အစုအဖွဲ့ (၅)ဖွဲ့ နဲ့ ဖွဲ့စည်းတာဖြစ်တယ်။ လွှတ်တော်မှာ ဥပဒေပြင်ဖို့က အဓိကကြိုးစားနေတာလေ။ ကချင်မှာတော့ နေရာအနှံ့ပေါ့၊ သယံဇာတ ထွက်တဲ့ ဖားကန့်၊ တနိုင်းရယ်ပေါ့၊ ရွှေနဲ့ပယင်းထွက်တဲ့ တနိုင်းမှာ တပ်မတော်ကစစ်ကြောင်းထိုးပြီး ခပ်တည်တည်ပဲ ဒေသခံတွေကိုမောင်းထုတ်ပြီး တခြားလူတွေဝင်လုပ်နေတယ်။ အခုဒေသခံတွေရဲ့ မြေယာတွေ တောင်ယာတွေက စွန့်ပစ်မြေတွေဖြစ်ကုန်ရော၊ အဲ့ဒါတွေကိုသိမ်းတယ်။ ပူတာအိုဘက်လည်း အတူတူပဲ။ ပြဿနာကြီးတယ်ပေါ့နော်။ ဒါတွေဖြေရှင်းနိုင်ဖို့ပါ။”

အဆိုပါ “ကချင်ပြည်နယ် လူထုလယ်ယာမြေကော်မတီ” ဖွဲ့စည်းနိုင်ရေး ပြီးခဲ့သည့် အောက်တို ဘာလကတည်းက အစည်းအဝေးများပြုလုပ်ခဲ့ပြီးနောက် နိုဝင်ဘာလ ၁၁ ရက်နေ့က ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု ယမန်နေ့က ထုတ်ပြန်လိုက်သည်။

ကချင်ပြည်နယ်အတွင်း နန်ကျင်အထူးစီးပွားရေးဇုံစီမံကိန်း၊ မြစ်ဆုံရေကာတာစီမံကိန်းကြောင့် မြေသိမ်းခံရမှု ပြဿနာများ၊ တရုတ်စိုက်ပျိုးရေးကုမ္ပဏီများကို နှစ်ရှည်မြေယာငှားရမ်းထားမှု ပြဿနာများအတွင်း၊ အစိုးရဌာနဆိုင်ရာ၊ တပ်မတော်နှင့် အခြားသော အာဏာရှိပုဂ္ဂိုလ်များ၊ စီမံကိန်းကြီးများ၊ ရင်းနှီးမြှုပ်နှံမှု လုပ်သန်းများကြောင့် မြေယာသိမ်းဆည်းမှု ပြဿနာများ အများအပြားဖြစ်ပေါ်သည်ဟု ဒေါက်တာ M ကောန်လ က ပြောသည်။

ကချင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်လာသည့် စစ်ဘေးရှောင် ၂ သိန်းကျော်ခန့် ရှိနေပြီး အဆိုပါစစ်ဘေးရှောင်များမှာ အစိုးရက ပြဌာန်းထားသည့် မြေယာဥပဒေကြောင့် ၎င်းတို့၏မြေနေရာများ ကို ဆုံးရှုံးသွားမည်ကို စိုးရိမ်နေကြသည်။

ကော်မတီ အနေဖြင့် ကချင်ပြည်နယ်ရှိ မြေယာပြဿနာများကို ဖြေရှင်းရန်အတွက် လွှတ်တော် နှစ်ရပ်အပြင် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ မြေယာ နှင့် ပတ်သက်သော လူမှု့အဖွဲ့အစည်းများနှင့်ကချင်ပြည်နယ်၏ အမျိုးသား အကျိုးစီးပွားအတွက် ဆွေးနွေးတိုင် ပင်ညှိနှိုင်းသွားမည်ဟု ဆိုသည်။

Zawgyi…

လူထု လယ္ယာေျမေကာ္မတီကို ကခ်င္ျပည္နယ္တြင္ ဖြဲ႔စည္း

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုနွစ္၊ ႏို၀င္ဘာလ ၁၄ ရက္။

ကခ်င္ျပည္နယ္အတြင္းက ျပည္သူမ်ား၏ လယ္ယာေျမပိုင္ဆုိင္မႈမ်ားကို ကာကြယ္ေပးႏုိင္ေသာ လယ္ယာေျမဥပေဒမ်ား ေပၚထြန္းလာေရး ရည္ရြယ္၍ “ကခ်င္ျပည္နယ္ လူထု လယ္ယာေျမေကာ္မတီ” တစ္ရပ္ကို ဖြဲ႕ စည္းလိုက္သည္ ဟု ေကာ္မတီ တာဝန္ရွိ သူမ်ားက ေျပာသည္။

ျပည္သူမ်ား၏ လယ္ယာေျမပိုင္ဆုိင္မႈမ်ားကို အကာအကြယ္မေပးသည့္ ဥပေဒမ်ား ရွိေနသည့္ အတြက္ ျဖစ္ေပၚလာေသာ ျပႆနာမ်ားကိုလည္း ေျဖရွင္းေဆာင္ရြက္သြားမည္ဟုလည္း “ကခ်င္ျပည္နယ္ လူထုလယ္ယာေျမေကာ္မတီ” က တာဝန္ရွိသူမ်ားက ေျပာသည္။

ကခ်င္အမ်ိဳးသား ကြန္ဂရက္ပါတီ(KNC) ဥကၠ႒ ေဒါက္တာ Mေကာန္လ က “အဓိကေတာ့ ၂၀၁၂ လယ္ယာေျမဥပေဒရယ္၊ အဲ့ကေန ဆက္ႏြယ္ၿပီးေတာ့ ၂၀၁၈ ေျမလြတ္ ေျမလပ္ ေျမရိုင္းစီမံခန္႔ခြဲမႈဥပေဒ၊ ၿပီးေတာ့ ၂၀၁၈ သစ္ေတာဥပေဒ၊ ေနာက္တစ္ခု ၂၀၁၉ ေျမသိမ္း ဆည္းျခင္းႏွင့္ ျပန္လည္ေနရာခ်ထားျခင္းဥပေဒ၊ ေနာက္တစ္ခါ ျမန္မာႏုိင္ငံရင္းႏွီးျမွဳပ္ႏွံမႈ ဥပေဒ၊ ၂၀၁၃ ႏုိင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈ ဥပေဒ၊ ျမန္မာႏုိင္ငံသားရင္းႏွီးျမွဳပ္ႏွံမႈဥပေဒရယ္ အဲ့ဒါေတြဆက္စပ္ေနတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ေျမလြတ္ ေျမလပ္ ေျမရိုင္းကိစၥနဲ႔ပဲ ေဒသခံေတြရဲ႕ ေျမေတြကို ေျမလြတ္/ရိုင္းေတြ ဆိုၿပီး လုပ္ခ်ၿပီးေပးလိုက္တယ္။ ဘယ္သူေတြက ေပးလည္းဆိုေတာ့ ၂၀၁၂ ႏိုင္ငံသားရင္းႏွီးျမွဳပ္ႏွံမႈဥပေဒနဲ႔ ၂၀၁၃ ႏုိင္ငံျခားသား ရင္းႏွီးျမွုဳပ္ႏွံမႈ ဥပေဒေတြက ခ်ဳပ္ကိုင္ၿပီးေတာ့ လုပ္ငန္းေတြ ဝင္လုပ္တာ” ဟု ေျပာသည္။

လယ္ယာေျမႏွင့္ ဆက္စပ္သည့္ ဥပေဒမ်ား ျပင္ဆင္/ျဖည့္စြက္/ဖ်က္သိမ္းေရးကိစၥရပ္မ်ားကို ဥပေဒျပဳေရးက႑ လႊတ္ေတာ္ (၂) ရပ္တြင္ ႀကိဳးပမ္းသြားရန္၊ လက္ရွိျဖစ္ပြားေနသည့္ လယ္ယာေျမႏွင့္ ဆက္စပ္သည့္ ပဋိပကၡမ်ားကို သက္ဆုိင္ရာ အုပ္ခ်ဳပ္ေရးက႑တြင္ ကူညီေျဖရွင္းေဆာင္ရြက္ေပးရန္ႏွင့္ လယ္ယာေျမႏွင့္ ဆက္စပ္သည့္ အစိုးရမဟုတ္ေသာ လူမႈအဖြဲ႕အစည္းမ်ားႏွင့္ လူထုအက်ိဳးျပဳအျပန္အလွန္ အျမင္ဖလွယ္ေဆြးေႏြးသြားရန္ ရည္ရြယ္ထားသည္ဟု ေကာ္မတီဖြဲ႕စည္းရျခင္းႏွင့္ ပတ္သက္သည့္ ႏုိဝင္ဘာလ ၁၃ ရက္ေန႔က ထုတ္ျပန္ထားသည့္ ထုတ္ျပန္ခ်က္ထဲတြင္ ေရးသားထားသည္။

ကခ်င္ျပည္နယ္ လူထုလယ္ယာေျမေကာ္မတီ တြင္ ပါဝင္သည့္ အရပ္သား ပညာရွင္တစ္ဦးကလည္း “က်ေနာ္ကေတာ့ Freelancer အေနနဲ႔ ဝင္တယ္။ နံပါတ္တစ္က ဒီသိမ္းထားတဲ့ ေျမေတြကို ရြာသားေတြလက္ထဲကို ေရာက္ေအာင္ ဘယ္လိုျပန္လုပ္မလဲ၊ နံပါတ္ ၂ ကေတာ့ အခုလက္ရွိျဖစ္လာမယ့္ ႀကိဳးဝိုင္းထဲမွာ ရွိေနတဲ့ လယ္ေတြ ေျမေတြကို ဘယ္လိုျပန္လုပ္မလဲဆိုတဲ့အပိုင္း၊ ေနာက္တစ္ခုကေတာ့ ပံုစံ ၇ ကိစၥေပါ့၊ IDPs ေတြရဲ႕ ေျမယာေတြ လယ္ယာေတြကို ဘယ္လိုမ်ိဳး ျပန္ရေအာင္လုပ္မလဲ ေပါ့၊ ေနာက္ၿပီး ေျမလြတ္ေျမရိုင္းကိစၥေတြေပါ့၊ ရြာပိုင္ေျမေတြေကာ ဘယ္လိုမ်ိဳး အကာအကြယ္ေပးႏုိင္မလဲ၊ ဌာေနတုိင္းရင္းသားမ်ားနဲ႔ ေဒသခံေတြ သူတို႔ကိုယ္တိုင္ကာကြယ္ထားတဲ့ ပိုင္နက္နယ္ေျမေတြ ကို ေဖာ္ထုတ္မလဲဆုိၿပီး လုပ္သြားဖုိ႔ရွိတာေပါ့ေနာ္” ဟု ေျပာသည္။

အစိုးရက ျပဌာန္းထားသည့္ ေျမယာဥပေဒမ်ားထဲတြင္ ကခ်င္ျပည္နယ္ရွိ ေဒသခံမ်ား၊ ဌာနတုိင္းရင္းသားမ်ားႏွင့္ မကိုက္ညီသည့္ အခ်က္မ်ားကို ပယ္ဖ်က္ၿပီး ကိုက္ညီမည့္အခ်က္မ်ားကို ျပန္လည္ျပင္ဆင္ျဖည့္စြတ္ႏိုင္သည့္အထိ လုပ္ေဆာင္ သြားမည္ဟု KNC ပါတီက ေျပာသည္။

ေဒါက္တာ M ေကာန္လ က “၂၀၁၈ သစ္ေတာဥပေဒက ႀကိဳးျပင္သစ္ေတာေပါ့ သစ္ေတာဦးစီးဌာနက လိုအပ္ခ်က္အရသတ္မွတ္တယ္။ အဲ့မွာ ေဒသခံေတြရဲ႕ ေတာင္ယာေတြပါကုန္ေရာ၊ အဲ့ႀကိဳးျပင္သစ္ေတာက ႏိုင္ငံေတာ္စီးပြားေရးအေထာက္အကူျပဳရန္အလို႔ငွာဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ လိုသလိုပါသြားတာ။ အဲ့မွာ ေျမလြတ္ေျမရိုင္းျဖစ္ေရာ၊ အဲ့လိုေတြျဖစ္ကုန္တာ” ဟု ဆက္ေျပာသည္။

“၂၀၁၉ ေျမသိမ္း ဆည္းျခင္းႏွင့္ ျပန္လည္ေနရာခ်ထားျခင္း ဥပေဒဆိုရင္ ယာယီေျမသိမ္းဆည္းျခင္းႏွင့္ အေစာတလ်င္ေျမသိမ္းဆည္းျခင္း ႏွစ္ခုက ေတာ္ေတာ္ေၾကာက္စရာေကာင္းတယ္။ အဲ့ဒီႏွစ္ခုက တပ္မေတာ္ရဲ႕ ႏုိင္ငံေတာ္ကာကြယ္ေရးနဲ႔ လံုၿခံဳေရးဆိုင္ရာ အေရးေပၚကိစၥအလို႔ငွာဆိုၿပီးေတာ့ စိတ္ႀကိဳက္ကို သိမ္းခြင့္ေပးထားတယ္။ အဲ့ဒါက ဒီမိုကေရစီဖက္ဒရယ္တည္ေဆာက္မယ္ဆုိရင္ မကိုက္ဘူးဗ်။ လက္နက္ကိုင္တပ္ဖြဲ႕တစ္ခုထဲကို ဦးစားေပးလို႔မရဘူးေလေနာ္။”

၎ေကာ္မတီတြင္ ႏုိင္ငံေရးပါတီမ်ား အစုအဖြဲ႕ ၊ ဥပေဒပညာရွင္မ်ား အဖြဲ႕ ၊ အစိုးရမဟုတ္သည့္ အစုအဖြဲ႕၊ ေတာင္သူမ်ားအစုအဖြဲ႕ ႏွင့္ အရပ္သားပညာရွင္မ်ား အစုအဖြဲ႕ ဟူ၍ အစုအဖြဲ႕ (၅) ဖြဲ႕ ျဖင့္ ဖြဲ႕စည္းထားသည္ဟု ကခ်င္အမ်ိဳးသား ကြန္ဂရက္ပါတီ(KNC) ဥကၠ႒ ေဒါက္တာ Mေကာန္လ က ေျပာပါတယ္။

“က်ေနာ္တုိ႔က လူထုကိုယ္စားျပဳမႈ အားေကာင္းေအာင္ေပါ့ ဒီ အစုအဖြဲ႕ (၅)ဖြဲ႕ နဲ႔ ဖြဲ႕စည္းတာျဖစ္တယ္။ လႊတ္ေတာ္မွာ ဥပေဒျပင္ဖုိ႔က အဓိကႀကိဳးစားေနတာေလ။ ကခ်င္မွာေတာ့ ေနရာအႏွံ႔ေပါ့၊ သယံဇာတ ထြက္တဲ့ ဖားကန္႔၊ တႏိုင္းရယ္ေပါ့၊ ေရႊနဲ႔ပယင္းထြက္တဲ့ တႏုိင္းမွာ တပ္မေတာ္ကစစ္ေၾကာင္းထိုးၿပီး ခပ္တည္တည္ပဲ ေဒသခံေတြကိုေမာင္းထုတ္ၿပီး တျခားလူေတြဝင္လုပ္ေနတယ္။ အခုေဒသခံေတြရဲ႕ ေျမယာေတြ ေတာင္ယာေတြက စြန္႔ပစ္ေျမေတြျဖစ္ကုန္ေရာ၊ အဲ့ဒါေတြကိုသိမ္းတယ္။ ပူတာအိုဘက္လည္း အတူတူပဲ။ ျပႆနာႀကီးတယ္ေပါ့ေနာ္။ ဒါေတြေျဖရွင္းႏုိင္ဖုိ႔ပါ။”

အဆိုပါ “ကခ်င္ျပည္နယ္ လူထုလယ္ယာေျမေကာ္မတီ” ဖြဲ႕စည္းႏုိင္ေရး ၿပီးခဲ့သည့္ ေအာက္တိုဘာလကတည္းက အစည္းအေဝးမ်ားျပဳလုပ္ခဲ့ၿပီးေနာက္
ႏုိဝင္ဘာလ ၁၁ ရက္ေန႔က ဖြဲ႕စည္းလိုက္ျခင္းျဖစ္သည္ဟု ယမန္ေန႔က ထုတ္ျပန္လိုက္သည္။

ကခ်င္ျပည္နယ္အတြင္း နန္က်င္အထူးစီးပြားေရးဇံုစီမံကိန္း၊ ျမစ္ဆံုေရကာတာစီမံကိန္းေၾကာင့္ ေျမသိမ္းခံရမႈ ျပႆနာမ်ား၊ တရုတ္စိုက္ပ်ိဳးေရးကုမၸဏီမ်ားကို ႏွစ္ရွည္ေျမယာငွားရမ္းထားမႈ ျပႆနာမ်ားအတြင္း၊ အစိုးရဌာနဆိုင္ရာ၊ တပ္မေတာ္ႏွင့္ အျခားေသာ အာဏာရွိပုဂၢိဳလ္မ်ား၊ စီမံကိန္းႀကီးမ်ား၊ ရင္းႏွီးျမွဳပ္ႏွံမႈ လုပ္သန္းမ်ားေၾကာင့္ ေျမယာသိမ္းဆည္းမႈ ျပႆနာမ်ား အမ်ားအျပားျဖစ္ေပၚသည္ဟု ေဒါက္တာ M ေကာန္လ က ေျပာသည္။

ကခ်င္ျပည္နယ္တြင္ တိုက္ပြဲမ်ားေၾကာင့္ စစ္ေဘးေရွာင္လာသည့္ စစ္ေဘးေရွာင္ ၂ သိန္းေက်ာ္ခန႔္ ရွိေနၿပီး အဆိုပါစစ္ေဘးေရွာင္မ်ားမွာ အစိုးရက ျပဌာန္းထားသည့္ ေျမယာဥပေဒေၾကာင့္ ၎တို႔၏ေျမေနရာမ်ား ကို ဆုံးရႈံးသြားမည္ကို စိုးရိမ္ေနၾကသည္။

ေကာ္မတီ အေနျဖင့္ ကခ်င္ျပည္နယ္ရွိ ေျမယာျပႆနာမ်ားကို ေျဖရွင္းရန္အတြက္ လႊတ္ေတာ္ ႏွစ္ရပ္အျပင္ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ား၊ ေျမယာ ႏွင့္ ပတ္သက္ေသာ လူမႈ႕အဖြဲ႕အစည္းမ်ားႏွင့္ကခ်င္ျပည္နယ္၏ အမ်ိဳးသား အက်ိဳးစီးပြားအတြက္ ေဆြးေႏြးတိုင္ ပင္ညႇိႏႈိင္းသြားမည္ဟု ဆိုသည္။