ရှမ်းမြောက်တွင် ၅ ရက် ဆက်တိုက် တိုက်ပွဲပြင်းထန်၊ အရပ်သား ထိခိုက်မှု ရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများ ၅ ရက်ဆက်တိုက်ဖြစ်နေပြီး အရပ်သား ထိခိုက် ဒဏ်ရာရမှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ကျောက်မဲ၊ နမ့်ဆန်၊ နမ့်ဖက်ကာနှင့် ကွတ်ခိုင်မြို့နယ်တို့တွင် တပ်မတော်နှင့် တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA တို့အကြား နိုဝင်ဘာ ၁၁ ရက်နေ့မှ ယနေ့အထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းဖြစ်သည်။

“ဒီနေ့မနက်ပဲ တစ်ယောက်ထပ်ပို့လိုက်တယ်။ မနေ့က ထိတဲ့တစ်ယောက်ကိုလေ၊ နမ့်ဖက်ကာ ကြံခင်းမှာ လက်နက်ကြီးထိတဲ့လူလေ မူဆယ်ဆေးရုံကြီးကိုပဲ၊ ဒဏ်ရာက လက်နက်ကြီးအစထိတာ၊ ကြံခင်းစောင့်တဲ့ တရုတ် ဘိုးတော် အသက် (၆၀) အရွယ်ပေါ့၊ ဒဏ်ရာက လက်ကောက်ဝတ်မှာ တချက်၊ ပုခုံးမှာတစ်ချက်၊ ပေါင်မှာတစ်ချက်ပေါ့၊ သုံးချက်ပေါ့။ ဲ” ဟု နမ့်ဖက်ကာ မေတ္တာရှင် လူမှုကူညီရေးအသင်း နာယက ဦးကျော်ဝင်း က ပြောသည်။

ယနေ့နံနက် စစ်တပ်ကုန်ဘက်မှ လက်နက်ကြီး ၂ ချက်ပစ်ခတ်ခဲ့ပြီး ရှုခင်းသား တာဝါတိုင်း အနီး ကားများ ပိတ်မိနေသည်ဟု သူက ဆက်ပြောသည်။

“ဒီ ၁၃ ရက်နေ့ ညနေပိုင်းက မိုင်းယုလေးရွာဘက်ကနေ နမ့်ဖက်ကာဘက်ကို ပြန်လာတဲ့ ဆိုင်ကယ်ပေါ့ ဆိုင်ကယ် ၂ စီး ရင်ခွဲတောင်အကျော်လေးမှာ သေနတ်နဲ့ အပစ်ခံရတယ်၊ သံဃာတစ်ပါးနဲ့ ရွာသားတစ်ယောက် ထိသွားတယ်။ အခုတော့ ကျနော်တို့ နမ့်ဖက်ကာတိုက်နယ်ဆေးရုံကနေ မူဆယ်ဆေးရုံကြီး ကို ပြောင်းပေးထားတယ်။”

ထို့အပြင် ကွတ်ခိုင်မြို့အဝင် လွယ်ဆမ်စစ်(တောင်သုံးဆယ်) တဝိုက်တွင်လည်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး ဧလျာဇာ ကိုယ်ပိုင်အထက်တန်းကျောင်း မှ ကျောင်းကြိုကားတစ်စီး အား သေနတ်ကျည်ထိမှန်ခဲ့ရာ (၂) ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပြောသည်။

ကွတ်ခိုင်မြို့ က ကရုဏာလူမှုကူညီရေးအသင်းက “ဒီ ၁၄ ရက်နေ့ မနက်ပေါ့ တောင်သုံးဆယ်နားမှာ ပစ်နေကြတော့ ကိုယ်ပိုင်အထက်တန်းကျောင်းက ကျောင်းကြိုကား သေနတ်ထိသွားတယ်။ အဲ့မှာ အသက် ၂၁ အရွယ် ကားမောင်းတဲ့လူတစ်ယောက်နဲ့ ကိုယ်ပိုင် ကျောင်းက ဆရာတစ်ယောက်ပေါ့ သူတို့နှစ်ယောက် ကို ထိသွားတယ်။ ဒီနောက်ပြီးတော့ ကွတ်ခိုင်ဂေါက်ကွင်းနားမှာလည်း ခရီးသွားကားပေါ့ သေနတ်ပစ်ခံရတာတွေရှိတယ်။ ဘယ်နှစ်စီးဆိုတာ အတိအကျတော့ မသိသေးဘူး။ လမ်းလည်း ပိတ်လိုက် ဖွင့်လိုက်ပဲ” ဟု ပြောသည်။

“ပြီးတော့ ၁၃ ရက်နေ့ကလည်း TEC တအာင်းဘော်ဒါဆောင်က ကလေးတွေနဲ့ ဆရာ/မ ၇၀ ကျော် ၈၀ ကို သွားကူညီပြီး ပြောင်းရွှေ့ပေးရသေးတယ်။ ကျောင်းထဲကိုလည်း လက်နက်ကြီးတွေ ကျတယ်လေ။” ဟု ဆက်ပြောသည်။

အလားတူ ကျောက်မဲမြို့နယ်အတွင်းတွင်လည်း တိုက်ပွဲများဖြစ်ပွားနေသည်မှာ ၅ ရက်နီးပါးခန့်ရှိပြီ ဖြစ်ပြီး ဒေသခံများ အထိတ်တလန့်ဖြစ်နေရသည်ဟု ကျောက်မဲဒေသခံတစ်ဦးက ပြောသည်။

“ကျောက်မဲမှာတော့ ဒီ ၁၀ ရက်နေ့ ၁၁ ရက်နေ့ကတည်းက ဖြစ်နေတာ။ ဒီနေ့အထိ နေ့တိုင်းပဲ။ ကျနော်တို့ ကျောက်မဲနဲ့လည်းမဝေးဘူး။ ပလောင်ရွာတွေဘက် မှာ ဖြစ်နေ တာပဲ။ ကျောက်မဲရဲ့ အရှေ့မြောက်ဘက်လောက်ပေါ့၊ ၁၂ မိုင်လောက်ပဲဝေးတယ်။ အဲ့ဒီဘက်က ပလောင် ရွာတွေဘက်မှာပေါ့၊ အဲ့ဒေသတွေကို တပ်မတော်စစ်ကြောင်းတွေက စစ်ဆင်ရေးလုပ်တာပေါ့။ တိုက်ပွဲတွေကတော့ ဖြစ်နေတယ်။” ဟု ပြောသည်။ သတင်း မေးမြန်းသည့် အချိန်အထိ ကျောက်မဲတဝိုက်တွင် အရပ်သား ထိခိုက်မှု မရှိသေးကြောင်းလည်း ပြောသည်။

ထို့အပြင် နိုဝင်ဘာလ ၁၀ ရက်နေ့က နမ့်ဆန်မြို့နယ် လွယ်ပိန်းကျေးရွာက နေအိမ် (၂) လုံးလည်း မိုင်းငေါ့မြို့နယ် အခြေစိုက် မြန်မာ့တ့ပ်မတော် တပ်စခန်းကုန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO က ထုတ်ပြန်ထားသည်။

ယခုရက်ပိုင်း ရှမ်းမြောက်ဒေသတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် က လည်း ယခုကဲ့သို့ ပြောသည်။

“ကျောက်မဲနဲ့ နမ့်ဆန်အစပ်မှာလည်း မနက်ကတည်းက ဖြစ်တယ်။ ဖြစ်လိုက်နားလိုက်ပဲ။ ကွတ်ခိုင်နဲ့ နမ့်ဖက်ကာကြားမှာလည်း ဖြစ်ေ နတယ်။ ဖြစ်လိုက်နားလိုက်ပဲ။ တိုက်ပွဲက ရပ်သွားတာ မရှိသေးဘူး။ အဓိက ထိုးစစ်များလာလို့ ပိုပြီးပြင်းထန် လာတာပါ။ ဒီရက်ပိုင်းဆိုရင်တော့ ၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄ ဆက်တိုက်ဖြစ်နေတာ။ တပ်ဘက်က စစ်အင်အားအလုံးအရင်းနဲ့ ကျနော်တို့ကို တိုက်ခိုက်တာပေါ့” ဟု ပြောသည်။

“RCSS ကို တစ်ခေါက်ရှင်းတာရှိတယ်။ အဲ့နောက်မှာ သူတို့ကဝင်လာတာရှိတယ်။ အဲ့ကနေ ဒီမိုင်းငေါ့စခန်းကရော လက်နက်ကြီးတွေနဲ့ ကျနော်တို့ရှိနေတဲ့ ယာယီစခန်းနေရာတွေရော၊ ကျေးရွာတွေထဲကိုရော လက်နက်ကြီးပစ်ခတ်တာတွေရှိတယ်။ လက်နက်ကြီးအကြိမ်ရေ ၁၅၀ ကျော်လောက် ပစ်ခတ်တယ်။ ဒါကြောင့် မလွှဲမရှောင်သာလို့ ပြန်လည်ခုခံတဲ့ပုံစံမျိုး ပြန်ဖြစ်တာဖြစ်တယ်။”

ကျောက်မဲမြို့နယ်၊ တောဖယ်ကျေးရွာအနီးတွင်လည်း ပစ်ခတ်မှုများ ဖြစ်ပွားနေပြီး၊ နှစ်ဖက်တပ်များ ရှိနေသေးသည့်တွက် ဒေသခံရွာသားအချို့ စစ်ဘေးလွတ်ရာ ထွက်ပြေးနေရသည်ဟု ပြောသည်။

ထို့အပြင် ကျောက်မဲမြို့ ရှိ အမြောက်တပ်နှင့် မိုင်းငေါ့မြို့နယ်ခွဲရှိ အစိုးရတပ်မတော် တပ်စခန်းမှ PSLF/TNLA ၏ ယာယီတပ်စခန်းရှိရာ နေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း၊ နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ်အတွင်း အချို့သော တအာင်းကျေးရွာများထဲသို့ လက်နက်ကြီးကျည်များ ကျရောက်ခဲ့သည့်အတွက် နေအိမ်အချို့ ပျက်စီးခဲ့ရသည်ဟု PSLF/TNLA က ပြောသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင်ပြီး ယနေ့အချိန်ထိ နှစ်ဖက်တပ်များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ဘေးလွတ်ရာ ထွက်ပြေးတိန်းရှောင်နေရသူများလည်း ရှိသည်ဟု ပြောသည်။

Zawgyi…

ရွမ္းေျမာက္တြင္ ၅ ရက္ ဆက္တိုက္ တိုက္ပြဲျပင္းထန္၊ အရပ္သား ထိခိုက္မႈ ရွိ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ႏို၀င္ဘာလ ၁၅ ရက္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္ တိုက္ပြဲမ်ား ၅ ရက္ဆက္တိုက္ျဖစ္ေနၿပီး အရပ္သား ထိခိုက္ဒဏ္ရာရမႈမ်ား ရွိေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

ေက်ာက္မဲ၊ နမ့္ဆန္၊ နမ့္ဖက္ကာႏွင့္ ကြတ္ခိုင္ၿမိဳ႕နယ္တို႔တြင္ တပ္မေတာ္ႏွင့္ တအန္း(ပေလာင္) အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ PSLF/TNLA တို႔အၾကား ႏို၀င္ဘာ ၁၁ ရက္ေန႔မွ ယေန႔အထိ တုိက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားေနျခင္းျဖစ္သည္။

“ဒီေန႔မနက္ပဲ တစ္ေယာက္ထပ္ပို႔လိုက္တယ္။ မေန႔က ထိတဲ့တစ္ေယာက္ကိုေလ၊ နမ့္ဖက္ကာ ႀကံခင္းမွာ လက္နက္ႀကီးထိတဲ့လူေလ မူဆယ္ေဆးရံုႀကီးကိုပဲ၊ ဒဏ္ရာက လက္နက္ႀကီးအစထိတာ၊ ႀကံခင္းေစာင့္တဲ့ တရုတ္ ဘိုးေတာ္ အသက္ (၆၀) အရြယ္ေပါ့၊ ဒဏ္ရာက လက္ေကာက္ဝတ္မွာ တခ်က္၊ ပုခံုးမွာတစ္ခ်က္၊ ေပါင္မွာတစ္ခ်က္ေပါ့၊ သံုးခ်က္ေပါ့။” ဟု နမ့္ဖက္ကာ ေမတၱာရွင္ လူမႈကူညီေရးအသင္း နာယက ဦးေက်ာ္ဝင္း က ေျပာသည္။

ယေန႔နံနက္ စစ္တပ္ကုန္ဘက္မွ လက္နက္ႀကီး ၂ ခ်က္ပစ္ခတ္ခဲ့ၿပီး ရႈခင္းသား တာ၀ါတိုင္း အနီး ကားမ်ား ပိတ္မိေနသည္ဟု သူက ဆက္ေျပာသည္။

“ဒီ ၁၃ ရက္ေန႔ ညေနပိုင္းက မိုင္းယုေလးရြာဘက္ကေန နမ့္ဖက္ကာဘက္ကို ျပန္လာတဲ့ ဆုိင္ကယ္ေပါ့ ဆိုင္ကယ္ ၂ စီး ရင္ခြဲေတာင္အေက်ာ္ေလးမွာ ေသနတ္နဲ႔ အပစ္ခံရတယ္၊ သံဃာတစ္ပါးနဲ႔ ရြာသားတစ္ေယာက္ ထိသြားတယ္။ အခုေတာ့ က်ေနာ္တို႔ နမ့္ဖက္ကာတိုက္နယ္ေဆးရံုကေန မူဆယ္ေဆးရံုႀကီး ကို ေျပာင္းေပးထားတယ္။”

ထို႔အျပင္ ကြတ္ခိုင္ၿမဳိ႕အဝင္ လြယ္ဆမ္စစ္(ေတာင္သံုးဆယ္) တဝိုက္တြင္လည္း တိုက္ပြဲမ်ား ျပင္းထန္စြာျဖစ္ပြားေနၿပီး ဧလ်ာဇာ ကိုယ္ပိုင္အထက္တန္းေက်ာင္း မွ ေက်ာင္းႀကိဳကားတစ္စီး အား ေသနတ္က်ည္ထိမွန္ခဲ့ရာ (၂) ဦး ဒဏ္ရာရရွိခဲ့သည္ဟု ေျပာသည္။

ကြတ္ခိုင္ၿမိဳ႕ က ကရုဏာလူမႈကူညီေရးအသင္းက “ဒီ ၁၄ ရက္ေန႔ မနက္ေပါ့ ေတာင္သံုးဆယ္နားမွာ ပစ္ေနၾကေတာ့ ကိုယ္ပိုင္အထက္တန္းေက်ာင္းက ေက်ာင္းႀကိဳကား ေသနတ္ထိသြားတယ္။ အဲ့မွာ အသက္ ၂၁ အရြယ္ ကားေမာင္းတဲ့လူတစ္ေယာက္နဲ႔ ကိုယ္ပိုင္ေက်ာင္းက ဆရာတစ္ေယာက္ေပါ့ သူတို႔ႏွစ္ေယာက္ ကို ထိသြားတယ္။ ဒီေနာက္ၿပီးေတာ့ ကြတ္ခိုင္ေဂါက္ကြင္းနားမွာလည္း ခရီးသြားကားေပါ့ ေသနတ္ပစ္ခံရတာေတြရွိတယ္။ ဘယ္ႏွစ္စီးဆိုတာ အတိအက်ေတာ့ မသိေသးဘူး။ လမ္းလည္း ပိတ္လိုက္ ဖြင့္လိုက္ပဲ” ဟု ေျပာသည္။

“ၿပီးေတာ့ ၁၃ ရက္ေန႔ကလည္း TEC တအာင္းေဘာ္ဒါေဆာင္က ကေလးေတြနဲ႔ ဆရာ/မ ၇၀ ေက်ာ္ ၈၀ ကို သြားကူညီၿပီး ေျပာင္းေရႊ႕ေပးရေသးတယ္။ ေက်ာင္းထဲကိုလည္း လက္နက္ႀကီးေတြ က်တယ္ေလ။” ဟု ဆက္ေျပာသည္။

အလားတူ ေက်ာက္မဲၿမိဳ႕နယ္အတြင္းတြင္လည္း တုိက္ပြဲမ်ားျဖစ္ပြားေနသည္မွာ ၅ ရက္နီးပါးခန္႔ရိွၿပီ ျဖစ္ၿပီး ေဒသခံမ်ား အထိတ္တလန္႔ျဖစ္ေနရသည္ဟု ေက်ာက္မဲေဒသခံတစ္ဦးက ေျပာသည္။

“ေက်ာက္မဲမွာေတာ့ ဒီ ၁၀ ရက္ေန႔ ၁၁ ရက္ေန႔ကတည္းက ျဖစ္ေနတာ။ ဒီေန႔အထိ ေန႔တုိင္းပဲ။ က်ေနာ္တို႔ ေက်ာက္မဲနဲ႔လည္းမေဝးဘူး။ ပေလာင္ရြာေတြဘက္ မွာ ျဖစ္ေန တာပဲ။ ေက်ာက္မဲရဲ႕ အေရွ႕ေျမာက္ဘက္ေလာက္ေပါ့၊ ၁၂ မိုင္ေလာက္ပဲေဝးတယ္။ အဲ့ဒီဘက္က ပေလာင္ ရြာေတြဘက္မွာေပါ့၊ အဲ့ေဒသေတြကို တပ္မေတာ္စစ္ေၾကာင္းေတြက စစ္ဆင္ေရးလုပ္တာေပါ့။ တုိက္ပြဲေတြကေတာ့ ျဖစ္ေနတယ္။” ဟု ေျပာသည္။ သတင္း ေမးျမန္းသည့္ အခ်ိန္အထိ ေက်ာက္မဲတ၀ိုက္တြင္ အရပ္သား ထိခိုက္မႈ မရွိေသးေၾကာင္းလည္း ေျပာသည္။

ထို႔အျပင္ ႏိုဝင္ဘာလ ၁၀ ရက္ေန႔က နမ့္ဆန္ၿမိဳ႕နယ္ လြယ္ပိန္းေက်းရြာက ေနအိမ္ (၂) လံုးလည္း မိုင္းေငါ့ၿမိဳ႕နယ္ အေျခစိုက္ ျမန္မာ့တ့ပ္္မေတာ္ တပ္စခန္းကုန္းမွ လက္နက္ႀကီးပစ္ခတ္မႈေၾကာင့္ ထိခိုက္ပ်က္စီးခဲ့ရသည္ဟု တအာင္းအမ်ိဳးသမီးအဖြဲ႕အစည္း TWO က ထုတ္ျပန္ထားသည္။

ယခုရက္ပိုင္း ရွမ္းေျမာက္ေဒသတြင္း ျဖစ္ပြားေနသည့္ တုိက္ပြဲမ်ားႏွင့္ ပတ္သက္၍ တအန္း(ပေလာင္) အမ်ိဳးသားလြတ္ေျမာက္ေရးတပ္္မေတာ္ PSLF/TNLA ျပန္ၾကားေရးတာဝန္ခံ ဗုိလ္မွဴးမုိင္းအိုက္ေက်ာ္ ကလည္း ယခုကဲ့သို႔ ေျပာသည္။

“ေက်ာက္မဲနဲ႔ နမ့္ဆန္အစပ္မွာလည္း မနက္ကတည္းက ျဖစ္တယ္။ ျဖစ္လိုက္နားလိုက္ပဲ။ ကြတ္ခုိင္နဲ႔ နမ့္ဖက္ကာၾကားမွာလည္း ျဖစ္ေ နတယ္။ ျဖစ္လိုက္နားလိုက္ပဲ။ တုိက္ပြဲက ရပ္သြားတာ မရွိေသးဘူး။ အဓိက ထိုးစစ္မ်ားလာလို႔ ပိုၿပီးျပင္းထန္ လာတာပါ။ ဒီရက္ပိုင္းဆိုရင္ေတာ့ ၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄ ဆက္တုိက္ျဖစ္ေနတာ။ တပ္ဘက္က စစ္အင္အားအလံုးအရင္းန႔ဲ က်ေနာ္တုိ႔ကို တုိက္ခုိက္တာေပါ့” ဟု ေျပာသည္။

“RCSS ကို တစ္ေခါက္ရွင္းတာရွိတယ္။ အဲ့ေနာက္မွာ သူတို႔ကဝင္လာတာရွိတယ္။ အဲ့ကေန ဒီမိုင္းေငါ့စခန္းကေရာ လက္နက္ႀကီးေတြနဲ႔ က်ေနာ္တို႔ရွိေနတဲ့ ယာယီစခန္းေနရာေတြေရာ၊ ေက်းရြာေတြထဲကိုေရာ လက္နက္ႀကီးပစ္ခတ္တာေတြရွိတယ္။ လက္နက္ႀကီးအႀကိမ္ေရ ၁၅၀ ေက်ာ္ေလာက္ ပစ္ခတ္တယ္။ ဒါေၾကာင့္ မလႊဲမေရွာင္သာလို႔ ျပန္လည္ခုခံတဲ့ပံုစံမ်ိဳး ျပန္ျဖစ္တာျဖစ္တယ္။”

ေက်ာက္မဲၿမိဳ႕နယ္၊ ေတာဖယ္ေက်းရြာအနီးတြင္လည္း ပစ္ခတ္မႈမ်ား ျဖစ္ပြားေနၿပီး၊ ႏွစ္ဖက္တပ္မ်ား ရွိေနေသးသည့္တြက္ ေဒသခံရြာသားအခ်ိဳ႕ စစ္ေဘးလြတ္ရာ ထြက္ေျပးေနရသည္ဟု ေျပာသည္။

ထို႔အျပင္ ေက်ာက္မဲၿမိဳ႕ ရွိ အေျမာက္တပ္ႏွင့္ မုိင္းေငါ့ၿမိဳ႕နယ္ခြဲရွိ အစိုးရတပ္မေတာ္ တပ္စခန္းမွ PSLF/TNLA ၏ ယာယီတပ္စခန္းရွိရာ ေနရာမ်ားသို႔ လက္နက္ႀကီးမ်ားျဖင့္ ပစ္္ခတ္ေနေၾကာင္း၊ နမ့္ဆန္ၿမိဳ႕နယ္ႏွင့္ မန္တံုၿမိဳ႕နယ္အတြင္း အခ်ိဳ႕ေသာ တအာင္းေက်းရြာမ်ားထဲသို႔ လက္နက္ႀကီးက်ည္မ်ား က်ေရာက္ခဲ့သည့္အတြက္ ေနအိမ္အခ်ိဳ႕ ပ်က္စီးခဲ့ရသည္ဟု PSLF/TNLA က ေျပာသည္။

ႏိုဝင္ဘာလ ၁၁ ရက္ေန႔မွ စတင္ၿပီး ယေန႔အခ်ိန္ထိ ႏွစ္ဖက္တပ္မ်ားအၾကား တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားေနၿပီး စစ္ေဘးလြတ္ရာ ထြက္ေျပးတိန္းေရွာင္ေနရသူမ်ားလည္း ရွိသည္ဟု ေျပာသည္။