ကမ်းလွန် ထောက်ပံ့ရေး စီမံကိန်းကြောင့် ရွာလုံးကျွတ်ရွှေ့ပြောင်းရဖွယ်ရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်။
မွန်ပြည်နယ် ရေးမြို့ နယ် တွင် အကောင်အထည်ဖော်မည့် ကမ်းလွန် ထောက်ပံ့ရေး စခန်း စီမံကိန်းကြောင့် ကျေးရွာလုံးကျွတ်ပြောင်းရွှေ့ရမည့် အနေအထားရှိနေသည်ဟု ဒေသခံများက ပြောသည်။
ထို့ကြောင့် အံဒင်းကျေးရွာအုပ်စု ရွာသစ်ဓမင်းဆိပ်ကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကမ်းလွန်ထောက်ပံ့ရေးစခန်းစီမံကိန်းကို ဒေသခံမျာက လက်မခံပဲ ကန့်ကွက်ကြသည်။
Forever Thanlwin Co., Ltd. မှ အကောင်အထည်ဖော် ဆောင်ရွက်မည့် အဆိုပါ ကမ်းလွန်ထောက်ပံ့ရေးစခန်း (Offshore Supply Base) စီမံကိန်းသည် ဒေသခံတို့၏ လူမှုစီးပွားဘဝ အသက်မွေးဝမ်းကြောင်းနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်သည့်အတွက် စီမံကိန်းကို လက်မခံပဲ ကန့်ကွက်ခြင်းဖြစ်သည်ဟု ဒေသခံများ က ပြောသည်။
“ဒီစီမံကိန်းကို ကျမတို့ အရင်ကတည်းက ကန့်ကွက်ထားတယ်၊ ၂၀၁၇ ခုနှစ်ကတည်းက ကုမ္ပဏီက သူတို့ ဝယ်ထားတဲ့ မြေတွေကို အခြားနည်းအသုံးပြုခွင့်လျှောက်စဉ်ကတည်းက ကျမတို့ ကန့်ကွက်ထားတယ်၊ ကြားမှာလဲ ကုမ္ပဏီကလူတွေ ကျမတို့ ဒေသကို လာနေတာတွေရှိတယ်။ ဒေသခံတွေက လက်မခံတဲ့အတွက် ပြန်သွားရတယ် အခုလည်း လူထုတွေ့ဆုံပွဲလုပ်ဖို့အတွက် စီစဉ်နေတာကို ကျမတို့ ဒေသခံတွေ ကန့်ကွက်ကြပါတယ်” ဟု အံဒင်းလူငယ်အဖွဲ့မှ မိသီရိဦး က ပြောသည်။
အကောင်အထည်ဖော်မည့် စီမံကိန်းပုံစံအရ ရွာသစ်ဓမင်းဆိပ်ကျေးရွာတစ်ခုလုံး ပြောင်းရွှေ့ရမည့်အနေအထားရှိကြောင်း ရွာသစ်ဓမင်းဆိပ်ရွာတွင် အိမ်ခြေ ၂၁၀ ခန့်ရှိပြီး လူဦးရေ ၁၄၀၀ ကျော်ရှိကာ လယ်ယာလုပ်ငန်း၊ ဥယျာဉ်ခြံလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းတို့ဖြင့် အဓိက အသက်မွေးဝမ်းကြောင်းပြုကြကြောင်း မိသိရိဦး က ဆက်ပြောသည်။
အဆိုပါ စီမံကိန်းဖြစ်ပေါ်လာပါက ငါးရှာခွင့်မရတော့ခြင်း၊ လှေငယ်များသွားလာခွင့်မရတော့ခြင်းကြောင့် လူမှုစီးပွားကို ထိခိုက်နိုင်သည့်အပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများဖြစ်ပေါ်လာမည်ကို ဒေသခံများ က စိုးရိမ်သည့်အတွက် စီမံကိန်းကို ကန့်ကွက်ကြခြင်းဖြစ်သည်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က စီမံကိန်းနှင့် ပတ်သက်၍ Environmental Impact Assessment (EIA) ဆောင်ရွက်အတွက် Third Party ဖြစ်သော See Trust Co., Ltd. နှင့် Forever Thanlwin Co., Ltd. တို့မှ အများပြည်သူတို့အား ချပြဆွေးနွေးမည်ဖြစ်ပါသောကြောင့် စိတ်ဝင်စားပါက မည်သူမဆို တက်ရောက်နိုင်ကြောင်း ကုမ္ပဏီဘက်က နိုင်ငံပိုင်သတင်းစာတွင် ကြေညာထားသည်။
ဒေသခံတို့မှ အဆိုပါ ချပြဆွေးနွေးပွဲကို အသိအမှတ်မပြုကြောင်း ကြေညာချက်ထုတ် ကန့်ကွက်ထားသည့်အပြင် ကမ်းလွန်ထောက်ပံ့ရေး အလိုမရှိစာသားပါ စာစောင်များ ကိုယ်စီ ကိုင်ဆောင်ပြီး လမ်းပေါ်ထွက် စောင့်ဆိုင်း ကန့်ကွက်ကြသည့်အတွက် နိုဝင်ဘာ ၁၄ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသည့် EIA ဆွေးနွေးပွဲသည်လည်း ပျက်ပြားသွားခဲ့သည်။
အံဒင်းကျေးရွာအုပ်စု ရွာသစ်ဓမင်းဆိပ်ကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကမ်းလွန်ထောက်ပံ့ရေးစခန်း စီမံကိန်းနှင့် ပတ်သက်၍ Forever Thanlwin ကုမ္ပဏီကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၌မရရှိပေ။
“ကျနော်တို့ ဒေသမှာ ကျောက်မီးသွေးစက်ရုံ စီမံကိန်းကလည်း မပြီးပြတ်သေးတဲ့အနေအထားမှာ အခု ကမ်းလွန်ထောက်ပံ့ရေးစခန်း စီမံကိန်းဝင်လာတော့ ဒေသခံတွေအနေနဲ့က စိုးရိမ်နေကြပါတယ်။ ဒါကြောင့် ဒီစီမံကိန်းကို လက်မခံကြတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
အံဒင်းကျေးရွာအုပ်စု ရွာသစ်ဓမင်းဆိပ်ကျေးရွာအနီး မြေ ၆၈ ဧကကျော်ပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကမ်းလွန်ထောက်ပံ့ရေးစခန်း စီမံကိန်းအတွက် Forever Thanlwin Co., Ltd. မှ အမေရိကန်ဒေါ်လာ ၆၃ မီလီယံ ကနဦး ရင်းနှီးမြှပ်နှံရန်ရှိသည်ဟု စီမံကိန်းအစီရင်ခံစာအရ သိရသည်။
Zawgyi…
ကမ္းလြန္ ေထာက္ပံ့ေရး စီမံကိန္းေၾကာင့္ ရြာလံုးကၽြတ္ေရႊ႔ေျပာင္းရဖြယ္ရွိ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ႏိုု၀င္ဘာလ ၁၅ ရက္။
မြန္ျပည္နယ္ ေရးၿမိဳ႕ နယ္ တြင္ အေကာင္အထည္ေဖာ္မည့္ ကမ္းလြန္ ေထာက္ပံ့ေရး စခန္း စီမံကိန္းေၾကာင့္ ေက်းရြာလံုးကၽြတ္ေျပာင္းေရႊ႕ရမည့္ အေနအထားရွိေနသည္ဟု ေဒသခံမ်ားက ေျပာသည္။
ထို႔ေၾကာင့္ အံဒင္းေက်းရြာအုပ္စု ရြာသစ္ဓမင္းဆိပ္ေက်းရြာတြင္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္မည့္ ကမ္းလြန္ေထာက္ပံ့ေရးစခန္းစီမံကိန္းကို ေဒသခံမ်ာက လက္မခံပဲ ကန္႔ကြက္ၾကသည္။
Forever Thanlwin Co., Ltd. မွ အေကာင္အထည္ေဖာ္ ေဆာင္ရြက္မည့္ အဆိုပါ ကမ္းလြန္ေထာက္ပံ့ေရးစခန္း (Offshore Supply Base) စီမံကိန္းသည္ ေဒသခံတို႔၏ လူမႈစီးပြားဘဝ အသက္ေမြးဝမ္းေၾကာင္းႏွင့္ သဘာဝပတ္ဝန္းက်င္ ထိခိုက္ႏိုင္သည့္အတြက္ စီမံကိန္းကို လက္မခံပဲ ကန္႔ကြက္ျခင္းျဖစ္သည္ဟု ေဒသခံမ်ား က ေျပာသည္။
“ဒီစီမံကိန္းကို က်မတို႔ အရင္ကတည္းက ကန္႔ကြက္ထားတယ္၊ ၂၀၁၇ ခုႏွစ္ကတည္းက ကုမၸဏီက သူတို႔ ဝယ္ထားတဲ့ ေျမေတြကို အျခားနည္းအသံုးျပဳခြင့္ေလွ်ာက္စဥ္ကတည္းက က်မတို႔ ကန္႔ကြက္ထားတယ္၊ ၾကားမွာလဲ ကုမၸဏီကလူေတြ က်မတို႔ ေဒသကို လာေနတာေတြရွိတယ္။ ေဒသခံေတြက လက္မခံတဲ့အတြက္ ျပန္သြားရတယ္ အခုလည္း လူထုေတြ႔ဆံုပြဲလုပ္ဖို႔အတြက္ စီစဥ္ေနတာကို က်မတို႔ ေဒသခံေတြ ကန္႔ကြက္ၾကပါတယ္” ဟု အံဒင္းလူငယ္အဖြဲ႔မွ မိသီရိဦး က ေျပာသည္။
အေကာင္အထည္ေဖာ္မည့္ စီမံကိန္းပံုစံအရ ရြာသစ္ဓမင္းဆိပ္ေက်းရြာတစ္ခုလံုး ေျပာင္းေရႊ႔ရမည့္အေနအထားရွိေၾကာင္း ရြာသစ္ဓမင္းဆိပ္ရြာတြင္ အိမ္ေျခ ၂၁၀ ခန္႔ရွိျပီး လူဦးေရ ၁၄၀၀ ေက်ာ္ရွိကာ လယ္ယာလုပ္ငန္း၊ ဥယ်ာဥ္ၿခံလုပ္ငန္း၊ ငါးဖမ္းလုပ္ငန္းတို႔ျဖင့္ အဓိက အသက္ေမြးဝမ္းေၾကာင္းျပဳၾကေၾကာင္း မိသိရိဦး က ဆက္ေျပာသည္။
အဆိုပါ စီမံကိန္းျဖစ္ေပၚလာပါက ငါးရွာခြင့္မရေတာ့ျခင္း၊ ေလွငယ္မ်ားသြားလာခြင့္မရေတာ့ျခင္းေၾကာင့္ လူမႈစီးပြားကို ထိခိုက္ႏိုင္သည့္အျပင္ သဘာဝပတ္ဝန္းက်င္ထိခိုက္မႈမ်ားျဖစ္ေပၚလာမည္ကို ေဒသခံမ်ား က စိုးရိမ္သည့္အတြက္ စီမံကိန္းကို ကန္႔ကြက္ၾကျခင္းျဖစ္သည္။
၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလ ၁၄ ရက္ေန႔က စီမံကိန္းႏွင့္ ပတ္သက္၍ Environmental Impact Assessment (EIA) ေဆာင္ရြက္အတြက္ Third Party ျဖစ္ေသာ See Trust Co., Ltd. ႏွင့္ Forever Thanlwin Co., Ltd. တို႔မွ အမ်ားျပည္သူတို႔အား ခ်ျပေဆြးေႏြးမည္ျဖစ္ပါေသာေၾကာင့္ စိတ္ဝင္စားပါက မည္သူမဆို တက္ေရာက္ႏိုင္ေၾကာင္း ကုမၸဏီဘက္က ႏိုင္ငံပိုင္သတင္းစာတြင္ ေၾကညာထားသည္။
ေဒသခံတို႔မွ အဆိုပါ ခ်ျပေဆြးေႏြးပြဲကို အသိအမွတ္မျပဳေၾကာင္း ေၾကညာခ်က္ထုတ္ ကန္႔ကြက္ထားသည့္အျပင္ ကမ္းလြန္ေထာက္ပံ့ေရး အလိုမရွိစာသားပါ စာေစာင္မ်ား ကိုယ္စီ ကိုင္ေဆာင္ၿပီး လမ္းေပၚထြက္ ေစာင့္ဆိုင္း ကန္႔ကြက္ၾကသည့္အတြက္ ႏိုဝင္ဘာ ၁၄ ရက္ေန႔တြင္ က်င္းပရန္ စီစဥ္ထားသည့္ EIA ေဆြးေႏြးပြဲသည္လည္း ပ်က္ျပားသြားခဲ့သည္။
အံဒင္းေက်းရြာအုပ္စု ရြာသစ္ဓမင္းဆိပ္ေက်းရြာတြင္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္မည့္ ကမ္းလြန္ေထာက္ပံ့ေရးစခန္း စီမံကိန္းႏွင့္ ပတ္သက္၍ Forever Thanlwin ကုမၸဏီကို ဆက္သြယ္ခဲ့ေသာ္လည္း ဆက္သြယ္၌မရရွိေပ။
“က်ေနာ္တို႔ ေဒသမွာ ေက်ာက္မီးေသြးစက္႐ုံ စီမံကိန္းကလည္း မၿပီးျပတ္ေသးတဲ့အေနအထားမွာ အခု ကမ္းလြန္ေထာက္ပံ့ေရးစခန္း စီမံကိန္းဝင္လာေတာ့ ေဒသခံေတြအေနနဲ႔က စိုးရိမ္ေနၾကပါတယ္။ ဒါေၾကာင့္ ဒီစီမံကိန္းကို လက္မခံၾကတာ” ဟု ေဒသခံတစ္ဦးက ေျပာသည္။
အံဒင္းေက်းရြာအုပ္စု ရြာသစ္ဓမင္းဆိပ္ေက်းရြာအနီး ေျမ ၆၈ ဧကေက်ာ္ေပၚတြင္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္မည့္ ကမ္းလြန္ေထာက္ပံ့ေရးစခန္း စီမံကိန္းအတြက္ Forever Thanlwin Co., Ltd. မွ အေမရိကန္ေဒၚလာ ၆၃ မီလီယံ ကနဦး ရင္းႏွီးျမွပ္ႏွံရန္ရွိသည္ဟု စီမံကိန္းအစီရင္္ခံစာအရ သိရသည္။