ကရင်ဒေသ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်ရှိနေဆဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်။
ကရင့်အမျိုးသား အစည်းအရုံး KNU အဖွဲ့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားသော်လည်း မြန်မာပြည်၏ အရှေ့တောင်ပိုင်းရှိ ပြည်သူလူထုများမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ကျယ်ကျယ်ပြန့်ပြန့် ခံစားနေရဆဲဖြစ်သည်ဟု ကရင်လူ့အခွင့်အဖွဲ့ (KHRG) က ပြောဆိုလိုက်သည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မြန်မာအစိုးရတို့အကြား ၂၀၁၂ ခုနှစ် ပဏာမအပစ်ခတ် ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေထိုးပြီးနောက်တွင် သိသာထင်ရှားသည့် တိုးတက်မှုများ ရရှိလာသော်လည်း မြန်မာပြည်၏ အရှေ့တောင်ပိုင်းရှိ ပြည်သူလူထုများမှာ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ခံစားနေရသေးသည်ဟု နိုဝင်ဘာ ၁၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် “လက်လှမ်းမမှီနိုင်သေးသော အမှန်တရားများ – မြန်မာပြည်အရှေ့ တောင်ပိုင်းရှိ ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုအပေါ် ဒေသခံများ၏ အမြင်သဘောထားများ” အမည်ရှိ အစီရင်ခံစာတွင် ပါရှိသည်။
“လူ့အခွင့်အရေး ချိုးဖောက်မှုခံစားနေရတဲ့သူတွေဟာ တရားမျှတမှု လက်လှမ်းမှီနိုင်ရန်အတွက် လုပ်ဆောင်ပေးတာတွေ အနည်းငယ်ပဲရှိသေးတယ်။ လူ့အခွင့်အရေးချိုးဖောက်သူတွေကို ထိရောက်စွာ အရေးယူနိုင်ဖို့အတွက်ပါ” ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ၏ ညွှန်ကြားရေးမှူး နော်ထူးထူး က ပြောသည်။
ယခင်လူ့အခွင့်အရေးချိုးဖောက်မှုပုံစံများဖြစ်သည့် တရားလက်လွှတ်သတ်ဖြတ်မှုများ လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြုအကြမ်းဖက်မှုများ၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ အတင်းအဓမ္မ ခိုင်းစေခံရမှုများနှင့် လုယက်မှုများသည် ဆက်လက်ဖြစ်ပွားလျက်ရှိသည်ဟု KHRG က ပြောသည်။
၎င်းအပြင် တာဝန်ရှိအာဏာပိုင်များနှင့် ပုဂ္ဂလိကကုမ္ပဏီများသည် မြေယာနှင့် သဘာဝသယံဇာတများဆိုင်ရာ အကျိုးခံစားခွင့်နှင့် ပတ်သက်၍ ဒေသခံ ကရင်လူထုများ၏ အခွင့်အရေးအပေါ် ထည့်သွင်းစဉ်းစားခြင်းများ လုံးဝမရှိပေ။
လူ့အခွင့်အရေးချိုးဖောက်မှု ပုံစံအသစ်များဖြစ်သည့် မြေယာသိမ်းယူမှုများ ပိုမိုများပြားလာခြင်း သဘာဝသယံဇာတအသုံးပြုခြင်းနှင့် ပတ်သက်၍ ကျေးလက်နေ ကရင်လူထုများ၏ အခွင့်အရေးများအပေါ် လုံးဝလေးစားမှုမရှိခြင်းဘူးဟုလည်း နော်ထူးထူး က ပြောသည်။
ဆယ်စုနှစ်ပေါင်းများစွာ လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားပြီးနောက် ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီမှုစာချုပ် NCA အား လက်မှတ်ရေးထိုင်းခြင်းဖြင့် အပေါင်းလက္ခဏာဆောင်သည့် အပြောင်းအလဲ အချို့ ဖြစ်ပေါ်စေခဲ့သော်လည်း အတိတ်ကာလမှ လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ဒေသခံများ၏ နေ့စဉ်ဘဝအား အမှတ်တကယ်ပင် သက်ရောက်မှုများ ဆက်လက်တည်ရှိနေသည်ဟု အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။
ထို့အပြင် ချိုးဖောက်မှုပုံစံအသစ်များသည်လည်း ဒေသခံပြည်သူလူထုများ၏ အကျိုးစီးပွားကိုပါ ထပ်လောင်း ထိခိုက်မှုများ ရှိစေသည်ဟုလည်း အစီရင်ခံစာက ဆိုသည်။
ယခုအခါတွင် ရှေ့ ဆက်ရန်ခက်ခဲနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် မြန်မာပြည်အရှေ့ တောင်ပိုင်းရှိ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အသစ်ပေါ်ထွက်လာသည့် ချိုးဖောက်မှုများအပေါ် မည်သည့်အတိုင်းအထိ ဖြေရှင်းပေးနိုင်မည်ကို ရှင်းလည်းစွာ မသိရသေးပေဟုလည်း ရေးသားထားသည်။
“အတိတ်က လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူနိုင်ဖို့အတွက် လွတ်လပ်မျှတပြီး ဘက်လိုက်မှုကင်းတဲ့ တရားစီရင်ရေးစနစ်ကို ကျင့်သုံးခြင်းမရှိဘူးဆိုရင် မြန်မာပြည်အရှေ့ တောင်ပိုင်းရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ရှေ့ ဆက်လုပ်ဆောင်ဖို့ အင်မတန် ခက်ခဲသွားမှာဖြစ်ပါတယ်” ဟု နော်ထူးထူး က ပြောသည်။
အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်များအား ထပ်ခါတလဲလဲချိုးဖောက်မှုများရှိခြင်း စစ်ဘက်ဆိုင်ရာ တိုးချဲ့ လုပ်ဆောင်မှုများ ဆက်လက်ပြုလုပ်နေခြင်း ကရင်အမျိုးသားလွတ်ရေးတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့အကြား ပစ်ခတ်နေမှုများရှိနေခြင်းအပြင် မြန်မာစစ်တပ်၏ မြေယာသိမ်းယူမှုများနှင့် ဒေသခံများ၏ ဓလေ့ထုံးတမ်းမြေယာများအား စစ်တပ်၏ အကျိုးအတွက် အသုံးပြုနေမှုတို့ကြောင့် ဒေသခံလူထုများကြားတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ယုံကြည်မှုပျက်ပြားစေသည်ဟုလည်း KHRG က ထောက်ပြထားသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့ (ယနေ့) တွင် ထုတ်ပြန်လိုက်သည့် အခန်း (၃) ခန်းပါပြီး စာမျက်နှာပေါင်း ၁၂၀ ကျော်ပါသည့် အဆိုပါ အစီရင်ခံစာသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် တရားမျှတမှု လက်လှမ်းမှီနိုင်မှုပေါ် ဒေသခံရွာသားပေါင်း ၉၅ ဦးတို့၏ အမြင်သဘောထားများ တင်ပြထားခြင်း ဖြစ်သည်။
Zawgyi…
ကရင္ေဒသ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈမ်ား ဆက္ရွိေနဆဲ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ႏို၀င္ဘာလ ၁၅ ရက္။
ကရင့္အမ်ဳိးသား အစည္းအရံုး KNU အဖြဲ႔က တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA ကို လက္မွတ္ေရးထိုးထားေသာ္လည္း ျမန္မာျပည္၏ အေရွ႕ေတာင္ပိုင္းရွိ ျပည္သူလူထုမ်ားမွာ လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရမႈမ်ား က်ယ္က်ယ္ျပန္႔ျပန္႔ ခံစားေနရဆဲျဖစ္သည္ဟု ကရင္လူ႔အခြင့္အဖြဲ႕ (KHRG) က ေျပာဆိုလုိက္သည္။
ကရင္အမ်ဳိးသားအစည္းအ႐ုံး (KNU) ႏွင့္ ျမန္မာအစိုးရတို႔အၾကား ၂၀၁၂ ခုႏွစ္ ပဏာမအပစ္ခတ္ ရပ္စဲေရးသေဘာတူညီခ်က္ လက္မွတ္ေရထိုးၿပီးေနာက္တြင္ သိသာထင္ရွားသည့္ တိုးတက္မႈမ်ား ရရွိလာေသာ္လည္း ျမန္မာျပည္၏ အေရွ႕ေတာင္ပိုင္းရွိ ျပည္သူလူထုမ်ားမွာ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈမ်ား က်ယ္က်ယ္ျပန္႔ျပန္႔ ခံစားေနရေသးသည္ဟု ႏိုဝင္ဘာ ၁၅ ရက္ေန႔တြင္ ထုတ္ျပန္လိုက္သည့္ “လက္လွမ္းမမွီႏိုင္ေသးေသာ အမွန္တရားမ်ား – ျမန္မာျပည္အေရွ႕ ေတာင္ပိုင္းရွိ ၿငိမ္းခ်မ္းေရး၊ တရားမွ်တမႈႏွင့္ တာဝန္ယူမႈ တာဝန္ခံမႈအေပၚ ေဒသခံမ်ား၏ အျမင္သေဘာထားမ်ား” အမည္ရွိ အစီရင္ခံစာတြင္ ပါရွိသည္။
“လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈခံစားေနရတဲ့သူေတြဟာ တရားမွ်တမႈ လက္လွမ္းမွီႏိုင္ရန္အတြက္ လုပ္ေဆာင္ေပးတာေတြ အနည္းငယ္ပဲရွိေသးတယ္။ လူ႔အခြင့္အေရးခ်ိဳးေဖာက္သူေတြကို ထိေရာက္စြာ အေရးယူႏို္င္ဖုိ႔အတြက္ပါ” ဟု ကရင္လူ႔အခြင့္အေရးအဖြဲ႔ (KHRG) ၏ ၫႊန္ၾကားေရးမွဴး ေနာ္ထူးထူး က ေျပာသည္။
ယခင္လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈပံုစံမ်ားျဖစ္သည့္ တရားလက္လႊတ္သတ္ျဖတ္မႈမ်ား လိင္ပိုင္းဆိုင္ရာႏွင့္ က်ားမအေျချပဳအၾကမ္းဖက္မႈမ်ား၊ ႐ုပ္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈမ်ား၊ အတင္းအဓမၼ ခိုင္းေစခံရမႈမ်ားႏွင့္ လုယက္မႈမ်ားသည္ ဆက္လက္ျဖစ္ပြားလ်က္ရွိသည္ဟု KHRG က ေျပာသည္။
၎အျပင္ တာဝန္ရွိအာဏာပိုင္မ်ားႏွင့္ ပုဂၢလိကကုမၸဏီမ်ားသည္ ေျမယာႏွင့္ သဘာဝသယံဇာတမ်ားဆိုင္ရာ အက်ဳိးခံစားခြင့္ႏွင့္ ပတ္သက္၍ ေဒသခံ ကရင္လူထုမ်ား၏ အခြင့္အေရးအေပၚ ထည့္သြင္းစဥ္းစားျခင္းမ်ား လံုးဝမရွိေပ။
လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈ ပံုစံအသစ္မ်ားျဖစ္သည့္ ေျမယာသိမ္းယူမႈမ်ား ပိုမိုမ်ားျပားလာျခင္း သဘာဝသယံဇာတအသံုးျပဳျခင္းႏွင့္ ပတ္သက္၍ ေက်းလက္ေန ကရင္လူထုမ်ား၏ အခြင့္အေရးမ်ားအေပၚ လံုးဝေလးစားမႈမရွိျခင္းဘူးဟုလည္း ေနာ္ထူးထူး က ေျပာသည္။
ဆယ္စုႏွစ္ေပါင္းမ်ားစြာ လက္နက္ကိုင္ပဋိပကၡမ်ားျဖစ္ပြားၿပီးေနာက္ ၂၀၁၅ ခုႏွစ္တြင္ တစ္ႏိုင္ငံလံုးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူညီမႈစာခ်ဳပ္ NCA အား လက္မွတ္ေရးထိုင္းျခင္းျဖင့္ အေပါင္းလကၡဏာေဆာင္သည့္ အေျပာင္းအလဲ အခ်ဳိ႕ ျဖစ္ေပၚေစခဲ့ေသာ္လည္း အတိတ္ကာလမွ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈမ်ားသည္ ေဒသခံမ်ား၏ ေန႔စဥ္ဘဝအား အမွတ္တကယ္ပင္ သက္ေရာက္မႈမ်ား ဆက္လက္တည္ရွိေနသည္ဟု အစီရင္ခံစာထဲတြင္ ေဖာ္ျပထားသည္။
ထို႔အျပင္ ခ်ဳိးေဖာက္မႈပံုစံအသစ္မ်ားသည္လည္း ေဒသခံျပည္သူလူထုမ်ား၏ အက်ဳိးစီးပြားကိုပါ ထပ္ေလာင္း ထိခိုက္မႈမ်ား ရွိေစသည္ဟုလည္း အစီရင္ခံစာက ဆိုသည္။
ယခုအခါတြင္ ေရွ႕ ဆက္ရန္ခက္ခဲေနသည့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္သည္ ျမန္မာျပည္အေရွ႕ ေတာင္ပိုင္းရွိ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈမ်ားႏွင့္ အသစ္ေပၚထြက္လာသည့္ ခ်ဳိးေဖာက္မႈမ်ားအေပၚ မည္သည့္အတိုင္းအထိ ေျဖရွင္းေပးႏိုင္မည္ကို ရွင္းလည္းစြာ မသိရေသးေပဟုလည္း ေရးသားထားသည္။
“အတိတ္က လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈက်ဴးလြန္သူေတြကို ထိေရာက္စြာ အေရးယူႏိုင္ဖို႔အတြက္ လြတ္လပ္မွ်တၿပီး ဘက္လိုက္မႈကင္းတဲ့ တရားစီရင္ေရးစနစ္ကို က်င့္သံုးျခင္းမရွိဘူးဆိုရင္ ျမန္မာျပည္အေရွ႕ ေတာင္ပိုင္းရွိ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဟာ ေရွ႕ ဆက္လုပ္ေဆာင္ဖို႔ အင္မတန္ ခက္ခဲသြားမွာျဖစ္ပါတယ္” ဟု ေနာ္ထူးထူး က ေျပာသည္။
အပစ္ခတ္ရပ္စဲေရးသေဘာတူညီခ်က္မ်ားအား ထပ္ခါတလဲလဲခ်ဳိးေဖာက္မႈမ်ားရွိျခင္း စစ္ဘက္ဆိုင္ရာ တိုးခ်ဲ႕ လုပ္ေဆာင္မႈမ်ား ဆက္လက္ျပဳလုပ္ေနျခင္း ကရင္အမ်ဳိးသားလြတ္ေရးတပ္မေတာ္ႏွင့္ ျမန္မာ့တပ္မေတာ္တို႔အၾကား ပစ္ခတ္ေနမႈမ်ားရွိေနျခင္းအျပင္ ျမန္မာစစ္တပ္၏ ေျမယာသိမ္းယူမႈမ်ားႏွင့္ ေဒသခံမ်ား၏ ဓေလ့ထံုးတမ္းေျမယာမ်ားအား စစ္တပ္၏ အက်ဳိးအတြက္ အသံုးျပဳေနမႈတို႔ေၾကာင့္ ေဒသခံလူထုမ်ားၾကားတြင္ ျငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အား ယံုၾကည္မႈပ်က္ျပားေစသည္ဟုလည္း KHRG က ေထာက္ျပထားသည္။
ႏိုဝင္ဘာလ ၁၅ ရက္ေန႔ (ယေန႔) တြင္ ထုတ္ျပန္လိုက္သည့္ အခန္း (၃) ခန္းပါၿပီး စာမ်က္ႏွာေပါင္း ၁၂၀ ေက်ာ္ပါသည့္ အဆိုပါ အစီရင္ခံစာသည္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ႏွင့္ တရားမွ်တမႈ လက္လွမ္းမွီႏိုင္မႈေပၚ ေဒသခံရြာသားေပါင္း ၉၅ ဦးတို႔၏ အျမင္သေဘာထားမ်ား တင္ျပထားျခင္း ျဖစ္သည္။