NRPC နှင့် RCSS/SSA ချင်းမိုင်တွင်တွေ့ဆုံ (သတင်းဓာတ်ပုံ)

သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌန (NRPC) မှ တာဝန်ရှိသူများ၊ တပ်မတော်ကိုယ် စားလှယ်များနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA တို့ ထိုင်းနိုင်ငံ ချင်း မိုင်မြို့တွင် အောက်တိုဘာလ ၁၉ ရက် ယနေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်သွားနိုင်ရေး ကိစ္စ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ အစည်းအဝေး JICM တက်ရောက်နိုင်ရေး ကိစ္စ၊JMC အစည်းအဝေးခေါ်ယူနိုင်ရေးကိစ္စ၊ ဖွံ့ဖြိုးရေးကိစ္စများနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်ဟု သိရသည်။

ဆွေးနွေးပွဲသို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌန (NRPC) မှ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုး ဝင်း ဦးဆောင်၍ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယ ဗိုလ် ချုပ်ကြီး ရာပြည့်၊ ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦး၊ ဦးဇော်ဌေး၊ ဦးကျော်လင်းဦး တို့ တက်ရောက်ခဲ့ကြသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ဖက်မှ ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ပေါင်ခေး၊ ဗိုလ်မှူးကြီးစိုင်းငင်း၊ စိုင်းလျဲန်း၊ စိုင်းဟန်၊ စိုင်းနွံမိဏ်း တို့ တက်ရောက်ခဲ့ကြသည်ဟုသိရ သည်။

Zawgyi…





