ရှမ်းမြောက်တွင် နိုဝင်ဘာ လဝက်အတွင်း တိုက်ပွဲ၃၀ နီးပါး ဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နိုဝင်ဘာလ လဝက်အတွင်း တပ်မတော်နှင့် တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA တို့အကြား တိုက်ပွဲအကြိမ်ရေ ၃၀ နီးပါးခန့် ဖြစ်ပွားခဲ့သည်ဟု PSLF/TNLA က ပြောသည်။

နိုဝင်ဘာလ ၁ ရက်နေ့ မှ ၁၇ ရက်နေ့အထိ တိုက်ပွဲအကြိမ်ရေ ခပ်စိပ်စိပ်ဖြစ်ပွားလာပြီး နှစ်ဖက်တပ်များတွင် ထိခိုက်မှုများရှိသည်ဟုလည်း ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

“နိုဝင်ဘာလထဲကိုပေါ့နော် တိုက်ပွဲအကြီးအငယ် အကုန်လုံးကတော့ ဒီလထဲမှာတော့ ၃၀ နီးပါးလောက် ရှိတယ်၊ ထိခိုက်မှုကတော့ နှစ်ဘက်စလုံးက ရှိတယ်။ ထိခိုက်မှု အသေးစိတ်ကတော့ မသိရသေးဘူး”

နိုဝင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်များတွင် တပ်မတော်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု TNLA က ပြောသည်။

“လေယာဉ်နဲ့လာတိုက်တာကတော့ ဒီ ၁၅ ရက်နေ့ ၁ ကြိမ်၊ ၁၆ ရက်နေ့ ၁ ကြိမ်တော့ ရှိတယ်၊ နှစ်ရက်ဆက် တိုက် လေယာဉ်ကတော့ ၂ စီးဖြစ်တယ်” ဟု TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဗိုလ်မှူးမိုင်းအိုက်ကျော် ကပြောသည်။

တပ်မတော်ဘက်မှ ရုပ်အလောင်း ၅ လောင်း၊ လက်နက်ငယ် ၂ လက်နှင့် ခဲယမ်းမီးကျောက်မျိုးစုံကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။

ရှမ်းမြောက်ဒေသ ကွတ်ခိုင်မြို့နယ်နှင့် ကျောက်မဲမြို့နယ်တို့တွင် တိုက်ပွဲအများဆုံး ဖြစ်ပွားခဲ့ပြီး ကျောက်မဲမြို့နယ် အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် တပ်မတော်ဘက်က လက်နက်ကြီးများ သာမက ဝေဟင်ထိုးစစ်များပါ အသုံးပြုခဲ့သည်ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ဆက်ပြောသည်။

“ဒီကျောက်မဲ တပ်စခန်းကနေရယ်၊ ဒီမိုင်းငေါ့ တပ်စခန်းကနေရယ် ဒီလက်နက်ကြီး ၁၀၅ မမ ၊ ၁၂၀ မမ တွေနဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ကနေတော့ ဒီနေ့အထိပေါ့နော် တောက် လျှောက်တော့ ပစ်တယ်။ ဒီခွန်ကော်ရွာတွေ ဒီကျနော်တို့ရှိတဲ့ဘက်ပေါ့၊ အဲလိုမျိုးတောင်ပေါ်မှာ လက်နက်ကြီးတွေနဲ့လည်း ဆက်တိုက်ပစ်တယ်။”

ကျောက်မဲမြို့နယ်အတွင်းရှိ ခွန်ကော်၊ တော့ဖယ်၊ နားလွေးကျေးရွာများဘက်တွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး ကျေးရွာများအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ဒေသခံ ၃၀၀ ကျော်ခန့် စစ်ဘေးလွှတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု တအာင်းအမျိုးသမီး အဖွဲ့အစည်း TWO က ပြောသည်။

တအာင်းအမျိုးသမီး အဖွဲ့အစည်း TWO က ပြောရေးဆိုခွင့်ရှိသူူ လွေးချိဆငါး က “မနေ့ကတည်း ဒီလက်နက်ကြီး ရွာထဲမှာ ကျရောက်တာတို့ ဘေးမှာ ကျရောက်တာတို့ ထွက်ပြေးရတဲ့ လူတွေရှိတယ်။ ၃၀၀ ကျော်လောက်တော့ ထွက်ပြေးရတဲ့လူတွေတော့ရှိတယ်။ သူတို့ထွက်ပြေးလာတဲ့ ရွာတွေကတော့ တော့ဖယ်အုပ်စုထဲက တော့ဖယ်ပါမယ်၊ နားလွေးပါမယ်၊ အဲဒီရွာတွေ က ပြေးကြတယ်။ ပြေးတာကတော့ နှစ်နေရာတော့ ရှိတယ် တချို့ ကျတော့ ကျောက်မဲမြို့နယ် မန်ခေါက်ရွာတွေ ပြေးလာကြတယ်။ တချို့ကျတော့ နမ့်ဆန်မြို့နယ် ပန်နင်းရွာကို သွားကြတယ်။ အဲမှာ သွားကြတယ်” ဟု ပြောသည်။

အဆိုပါ စစ်ဘေးရှောင်ပြည်သူများအတွက် အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု ကျောက်မဲ ဒေသခံများက ပြောသည်။

“မနေ့က ခုံငင်းမှာ အယောက် ၂၈၃ ဦး ပန်နင်းကျေးရွာ နမ့်ဆန်မြို့ နယ်ကို ပြောင်းရွှေ့ သွားပါတယ်၊ ခုံငင်းရွာမှာ ရေအခက်အခဲ ရှိတယ်။ ရွာအောက်မှာ ရေဆင်းခက်ရတယ်၊ နေဖို့ထိုင်ဖို့က သူတို့က အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ ရောက်လာတော့ အိပ်ရာ စောင်တွေ ချမ်းတဲ့အခါကျတော့ စောင်တွေ မလုံလောက်ဘူး။ အဝတ်အစားလည်း အဆင်မပြေဘူး။ ရွာက အိမ်ခြေနည်းတော့ မထောက်ပံ့နိုင်ဘူး။ အဲကြောင့် သူတို့၂ ရက် လောက်နေပြီးတော့ ပန်နင်းရွာဘက် ပြောင်းရွေးသွားတယ်။ မန်ုခေါက်ရွာမှာ ၅၇ ဦးရောက်ရှိနေတယ်”ဟု ဒေသခံ အိုမ်ခငါး က ပြောသည်။

အဆိုပါဒေသများအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ကျေးရွာများအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် နေအိမ်များ၊ ကျွဲ နွား အစရှိသည့် အိမ်မွေးတိရစ္ဆာန်များနှင့် စာသင်ကျောင်းများပါ ထိခိုက်ပျက်စီးမှုများ ရှိနေသည့်အပြင် ရွာသားအချို့လည်း အနည်းငယ်ဒဏ်ရာရရှိမှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။

၎င်းတိုက်ပွဲများနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူများအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

တိုက်ပွဲဖြစ်ရခြင်းနှင့် ပတ်သက်၍ PSLF/TNLA က “အဓိက တိုက်ပွဲဖြစ်တဲ့ အကြောင်းအရင်းကတော့ ထိုးစစ်ပေါ့နော်၊ ကျောက်မဲဘက်မှာ ဖြစ်တာကတော့ ကျနော်တို့ တပ်စခန်းရှိတဲ့နေရာက ဒီတပ်မတော်က လာတိုက်လို့ အဲကနေ စပြီးမှ တိုက်ပွဲဖြစ်တာ။ အဲကြောင့်မို့ တောက်လျှောက် တိုက်ပွဲဖြစ်တာ ဒီထိုးစစ်ကြောင့် ဒီလိုမျိုး တိုက်ပွဲဖြစ်တာပေါ့” ဟု ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲ၊ နမ့်ဆန်၊ လားရှိုး၊ သီပေါ၊ ကွတ်ခိုင်နှင့် နမ့်ဖက်ကာ ဒေသများတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်နေမှုများကို ရပ်တန့်ပေးရန် နိုဝင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ကာ တောင်းဆိုထားသည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ယခုရက်ပိုင်းအတွင်း လားရှိုးမြို့ အတွင်းဖြစ်ပွားခဲ့သည့် ရှော့တိုက်ဒုံးဟု ယူဆရသည့် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခံရမှုမှာ ဒေသခံ အရပ်သား ပြည်သူများ၏ နေအိမ်များကို ထိခိုက်ပျက်စီးစေခဲ့ခြင်းသည် အရပ်သား ပြည်သူများ၏ လုံခြုံရေးကို ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာနေပြီဟု ထောက်ပြထားသည်။

တိုက်ပွဲများ အမြန်ဆုံးရပ်တန့်ပေးရန်၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် လူ့အခွင့်အရေး ဥပဒေများကို ကျူးလွန်ခြင်းများ မပြုလုပ်ကြရန် နှစ်ဖက်တပ်များကို ထောက်ပြတောင်းဆိုထားသည်။

…Zawgyi…

ရွမ္းေျမာက္တြင္ ႏို၀င္ဘာ လ၀က္အတြင္း တိုက္ပြဲ၃၀ နီးပါး ျဖစ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ႏို၀င္ဘာလ ၁၉ ရက္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ႏုိဝင္ဘာလ လဝက္အတြင္း တပ္မေတာ္ႏွင့္ တအန္း(ပေလာင္) အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ PSLF/TNLA တို႔အၾကား တုိက္ပြဲအႀကိမ္ေရ ၃၀ နီးပါးခန္႔ ျဖစ္ပြားခဲ့သည္ဟု PSLF/TNLA က ေျပာသည္။

ႏိုဝင္ဘာလ ၁ ရက္ေန႔ မွ ၁၇ ရက္ေန႔အထိ တိုက္ပြဲအႀကိမ္ေရ ခပ္စိပ္စိပ္ျဖစ္ပြားလာၿပီး ႏွစ္ဖက္တပ္မ်ားတြင္ ထိခိုက္မႈမ်ားရွိသည္ဟုလည္း ဗိုလ္မွဴး မိုင္းအိုက္ေက်ာ္က ေျပာသည္။

“ႏို၀င္ဘာလထဲကိုေပါ့ေနာ္ တိုက္ပြဲအႀကီးအငယ္ အကုန္လံုးကေတာ့ ဒီလထဲမွာေတာ့ ၃၀ နီးပါးေလာက္ ရွိတယ္၊ ထိခိုက္မႈကေတာ့ ႏွစ္ဘက္စလံုးက ရွိတယ္။ ထိခိုက္မႈ အေသးစိတ္ကေတာ့ မသိရေသးဘူး”

ႏို၀င္ဘာ ၁၅ ရက္ႏွင့္ ၁၆ ရက္မ်ားတြင္ တပ္မေတာ္မွ ေလေၾကာင္းတိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့သည္ဟုု TNLA က ေျပာသည္။

“ေလယာဥ္နဲ ့လာတိုက္တာကေတာ့ ဒီ ၁၅ ရက္ေန ့ ၁ ႀကိမ္၊ ၁၆ ရက္ေန ့ ၁ ႀကိမ္ေတာ့ ရွိတယ္၊ ႏွစ္ရက္ဆက္ တိုက္ ေလယာဥ္ကေတာ့ ၂ စီးျဖစ္တယ္” ဟု TNLA ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴး ဗိုလ္မွဴးမိုင္းအိုက္ေက်ာ္ ကေျပာသည္။

တပ္မေတာ္ဘက္မွ ရုပ္အေလာင္း ၅ ေလာင္း၊ လက္နက္ငယ္ ၂ လက္ႏွင့္ ခဲယမ္းမီးေက်ာက္မ်ိဳးစံုကိုလည္း သိမ္းဆည္းရမိခဲ့သည္ဟု PSLF/TNLA က ထုတ္ျပန္ထားသည္။

ရွမ္းေျမာက္ေဒသ ကြတ္ခိုင္ၿမိဳ႕နယ္ႏွင့္ ေက်ာက္မဲၿမိဳ႕နယ္တို႔တြင္ တိုက္ပြဲအမ်ားဆံုး ျဖစ္ပြားခဲ့ၿပီး ေက်ာက္မဲၿမိဳ႕နယ္ အတြင္း ျဖစ္ပြားခဲ့သည့္ တိုက္ပြဲမ်ားတြင္ တပ္မေတာ္ဘက္က လက္နက္ႀကီးမ်ား သာမက ေဝဟင္ထုိးစစ္မ်ားပါ အသံုးျပဳခဲ့သည္ဟု ဗိုလ္မွဴးမိုင္းအိုက္ေက်ာ္က ဆက္ေျပာသည္။

“ဒီေက်ာက္မဲ တပ္စခန္းကေနရယ္၊ ဒီမိုင္းေငါ့ တပ္စခန္းကေနရယ္ ဒီလက္နက္ႀကီး ၁၀၅ မမ ၊ ၁၂၀ မမ ေတြနဲ ့ ႏို၀င္ဘာ ၁၁ ရက္ေန ့ကေနေတာ့ ဒီေန ့အထိေပါ့ေနာ္ ေတာက္ေလွ်ာက္ေတာ့ ပစ္တယ္။ ဒီခြန္ေကာ္ရြာေတြ ဒီက်ေနာ္တုိ ့ရွိတဲ့ဘက္ေပါ့၊ အဲလိုမ်ိဳးေတာင္ေပၚမွာ လက္နက္ႀကီးေတြနဲ႔လည္း ဆက္တုိက္ပစ္တယ္။”

ေက်ာက္မဲၿမိဳ႕နယ္အတြင္းရွိ ခြန္ေကာ္၊ ေတာ့ဖယ္၊ နားေလြးေက်းရြာမ်ားဘက္တြင္ တိုက္ပြဲမ်ား ျပင္းထန္စြာျဖစ္ပြားေနၿပီး ေက်းရြာမ်ားအတြင္း လက္နက္ႀကီးက်ည္မ်ား က်ေရာက္ေပါက္ကြဲခဲ့သည့္အတြက္ ေဒသခံ ၃၀၀ ေက်ာ္ခန္႔ စစ္ေဘးလႊတ္ရာ ထြက္ေျပးတိမ္းေရွာင္ေနရသည္ဟု တအာင္းအမ်ိဳးသမီး အဖြဲ႕အစည္း TWO က ေျပာသည္။

တအာင္းအမ်ိဳးသမီး အဖြဲ႕အစည္း TWO က ေျပာေရးဆိုခြင့္ရွိသူူ ေလြးခ်ိဆငါး က “မေန႔ကတည္း ဒီလက္နက္ႀကီး ရြာထဲမွာ က်ေရာက္တာတို႔ ေဘးမွာ က်ေရာက္တာတို႔ ထြက္ေျပးရတဲ့ လူေတြရွိတယ္။ ၃၀၀ ေက်ာ္ေလာက္ေတာ့ ထြက္ေျပးရတဲ့လူေတြေတာ့ရွိတယ္။ သူတို႔ထြက္ေျပးလာတဲ့ ရြာေတြကေတာ့ ေတာ့ဖယ္အုပ္စုထဲက ေတာ့ဖယ္ပါမယ္၊ နားေလြးပါမယ္၊ အဲဒီရြာေတြ က ေျပးၾကတယ္။ ေျပးတာကေတာ့ ႏွစ္ေနရာေတာ့ ရွိတယ္ တခ်ိဳ႕ က်ေတာ့ ေက်ာက္မဲၿမိဳ႕နယ္ မန္ေခါက္ရြာေတြ ေျပးလာၾကတယ္။ တခ်ိဳ႕က်ေတာ့ နမ့္ဆန္ၿမိဳ႕နယ္ ပန္နင္းရြာကို သြားၾကတယ္။ အဲမွာ သြားၾကတယ္” ဟု ေျပာသည္။

အဆိုပါ စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ အေရးေပၚ အကူအညီမ်ား လိုအပ္ေနသည္ဟု ေက်ာက္မဲ ေဒသခံမ်ားက ေျပာသည္။

“မေန ့က ခံုငင္းမွာ အေယာက္ ၂၈၃ ဦး ပန္နင္းေက်းရြာ နမ့္ဆန္ၿမိဳ႕ နယ္ကို ေျပာင္းေရႊ႕ သြားပါတယ္၊ ခံုငင္းရြာမွာ ေရအခက္အခဲ ရွိတယ္။ ရြာေအာက္မွာ ေရဆင္းခက္ရတယ္၊ ေနဖို ့ထိုင္ဖို ့က သူတို ့က အ၀တ္တစ္ထည္၊ ကိုယ္တစ္ခုနဲ႔ ေရာက္လာေတာ့ အိပ္ရာ ေစာင္ေတြ ခ်မ္းတဲ့အခါက်ေတာ့ ေစာင္ေတြ မလံုေလာက္ဘူး။ အ၀တ္အစားလည္း အဆင္မေျပဘူး။ ရြာက အိမ္ေျခနည္းေတာ့ မေထာက္ပံ့ႏိုင္ဘူး။ အဲေၾကာင့္ သူတို ့၂ ရက္ ေလာက္ေနၿပီးေတာ့ ပန္နင္းရြာဘက္ ေျပာင္းေရြးသြားတယ္။ မန္ုေခါက္ရြာမွာ ၅၇ ဦးေရာက္ရွိေနတယ္” ဟု ေဒသခံ အိုမ္ခငါး က ေျပာသည္။

အဆုိပါေဒသမ်ားအတြင္း ျဖစ္ပြားေနသည့္ တုိ္က္ပြဲေၾကာင့္ ေက်းရြာမ်ားအတြင္း လက္နက္ႀကီးက်ည္မ်ား က်ေရာက္ေပါက္ကြဲခဲ့သည့္အတြက္ ေနအိမ္မ်ား၊ ကြ်ဲ ႏြား အစရွိသည့္ အိမ္ေမြးတိရစၦာန္မ်ားႏွင့္ စာသင္ေက်ာင္းမ်ားပါ ထိခိုက္ပ်က္စီးမႈမ်ား ရွိေနသည့္အျပင္ ရြာသားအခ်ိဳ႕လည္း အနည္းငယ္ဒဏ္ရာရရွိမႈမ်ားရွိေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

၎တို္က္ပြဲမ်ားႏွင့္ ပတ္သက္၍ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ တာဝန္ရွိသူမ်ားအား ဆက္သြယ္ခဲ့ေသာ္လည္း ဆက္သြယ္၍ မရခဲ့ေပ။

တုိက္ပြဲျဖစ္ရျခင္းႏွင့္ ပတ္သက္၍ PSLF/TNLA က “အဓိက တိုက္ပြဲဲျဖစ္တဲ့ အေၾကာင္းအရင္းကေတာ့ ထိုးစစ္ေပါ့ေနာ္၊ ေက်ာက္မဲဘက္မွာ ျဖစ္တာကေတာ့ က်ေနာ္တို႔ တပ္စခန္းရွိတဲ့ေနရာက ဒီတပ္မေတာ္က လာတိုက္လို ့ အဲကေန စၿပီးမွ တိုက္ပြဲျဖစ္တာ။ အဲေၾကာင့္မို ့ ေတာက္ေလွ်ာက္ တိုက္ပြဲျဖစ္တာ ဒီထိုးစစ္ေၾကာင့္ ဒီလိုမ်ိဳး တိုက္ပြဲျဖစ္တာေပါ့” ဟု ေျပာသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ ေက်ာက္မဲ၊ နမ့္ဆန္၊ လားရိႈး၊ သီေပါ၊ ကြတ္ခိုင္ႏွင့္ နမ့္ဖက္ကာ ေဒသမ်ားတြင္ ျဖစ္ပြားေနသည့္ တုိက္ပြဲမ်ားတြင္ အရပ္သားျပည္သူမ်ားအား ပစ္မွတ္ထားတိုက္ခိုက္ေနမႈမ်ားကို ရပ္တန္႔ေပးရန္ ႏိုဝင္ဘာလ ၁၆ ရက္ေန႔က ထုတ္ျပန္ခ်က္တစ္ေစာင္ထုတ္ျပန္ကာ ေတာင္းဆိုထားသည္။

အဆိုပါ ထုတ္ျပန္ခ်က္ထဲတြင္ ယခုရက္ပိုင္းအတြင္း လားရိႈးၿမိဳ႕ အတြင္းျဖစ္ပြားခဲ့သည့္ ေရွာ့တိုက္ဒံုးဟု ယူဆရသည့္ လက္နက္ႀကီးမ်ားျဖင့္ တုိက္ခိုက္ခံရမႈမွာ ေဒသခံ အရပ္သား ျပည္သူမ်ား၏ ေနအိမ္မ်ားကိုု ထိခိုက္ပ်က္စီးေစခဲ့ျခင္းသည္ အရပ္သား ျပည္သူမ်ား၏ လံုၿခံဳေရးကို ၿခိမ္းေျခာက္မႈမ်ား ျဖစ္ေပၚလာေနၿပီဟု ေထာက္ျပထားသည္။

တုိက္ပြဲမ်ား အျမန္ဆံုးရပ္တန္႔ေပးရန္၊ အျပည္ျပည္ဆိုင္ရာ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ဥပေဒႏွင့္ လူ႔အခြင့္အေရး ဥပေဒမ်ားကို က်ဴးလြန္ျခင္းမ်ား မျပဳလုပ္ၾကရန္ ႏွစ္ဖက္တပ္မ်ားကို ေထာက္ျပေတာင္းဆိုထားသည္။