ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ ဒေသခံများ လက်ခံမည်မဟုတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်။
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း ကျောက်မီးသွေးဖြင့် လည်ပတ်ရန် စီစဉ်နေသည့် ဘိလပ်မြေစက်ရုံ စီမံကိန်းကို ဒေသခံများ လက်မခံမည်မဟုတ်ပဲ အခြားလောင်စာဖြင့် ပြောင်းလဲအသုံးပြုရန် တောင်းဆိုထားသည်ဟု ဒေသခံများက ပြောသည်။
ကျိုက်မရောမြို့ နယ်အတွင်း ကျောက်မီးသွေးဖြင့် လည်ပတ်ရန် စီစဉ်နေသည့် June Cement Industry Limited မှ တည်ဆောက်မည့် ဘိလပ်မြေစက်ရုံစီမံကိန်းဆိုင်ရာ ပတ်ဝန်းကျင် ဆန်းစစ်ခြင်း (Environmental Impact Assessment – EIA) အကြောင်း လူထုရှင်းလင်းပွဲကို နိုဝင်ဘာလ ၁၇ ရက်နေ့ (ယမန်နေ့) က သက်ဆိုင်ရာ ကုမ္ပဏီက ပြုလုပ်ခဲ့သည်။
အဆိုပါ လူထုရှင်းလင်းပွဲကို ဘိလပ်မြေစက်ရုံတည်ဆောက်မည့်နေရာပတ်ဝန်းကျင်ရှိ မယ်ခရိုကျေးရွာတွင် ယမန်နေ့က ပြုလုပ်ခဲ့ပြီး ပတ်ဝန်းကျင်ရှိ ကယ်ခရို၊ ကော့ဒွန်၊ ကော့ပနော်၊ ကော့ဝမ်း စသည့် ကျေးရွာ ၅ တို့မှ ဒေသခံများ တက်ရောက်ခဲ့ကြကာ ကုမ္ပဏီမှ စက်ရုံတည်ဆောက်ခြင်း၊ ကျောက်မိုင်းတူးဖော်ခြင်းအကြောင်း ရှင်းလင်းမှု ပြုလုပ်ခဲ့သည်ဟု ကျိုက်မရောဒေသခံ နိုင်ရွှေဝင်းက ဆက်ပြောသည်။
“အဓိကကတော့ EIA နဲ့ ပတ်သက်တာတွေကို ရှင်းတယ် နောက်ပြီး တော့ ကျောက်မိုင်းခွဲတာ နဲ့ပတ်သက်တာတွေ ရှင်းလင်းတယ်၊ ဒေသခံတွေဘက်ကတော့ ကျောက်မီးသွေးသုံးတာကို အလိုမရှိဘူး။”
လက်ရှိတွင် ကျိုက်မရောမြို့ နယ်အတွင်း၌ ကျောက်မီးသွေးအသုံးပြုပြီး လည်ပတ်နေသည့် MCL ဘိလပ်မြေစက်ရုံကို ဒေသခံများက ကန့်ကွက်လျက်ရှိပြီး ယခုတည်ဆောက်မည့် June ကုမ္ပဏီ ဘိလပ်မြေစက်ရုံကိုလည်း ကျောက်မီးသွေးသုံးလည်ပတ်မည်ဆိုပါက လက်မခံပဲ ကန့်ကွက်သွားမည်ဟု ဒေသခံများက ပြောသည်။
လူထုရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် ဒေသခံ နိုင်ရွှေဝင်း က “စက်ရုံမလည်ပတ်ခင် မှာ ကျောက်မီးသွေး အစား အခြားလောင်စာကို ပြောင်းလဲအသုံးပြုဖို့ ဒေသခံတွေ လက်မခံနိုင်လို့ လမ်းပေါ် ထွက်တာမျိုး ဖြစ်လာရင်တော့ ကုမ္ပဏီနဲ့ ဒေသခံနဲ့က အတူတကွသွားလို့မရတော့ဘူး စသဖြင့်ပေါ့ တင်ပြထားတယ်” ဟု က ပြောသည်။
June Cement Industry Limited အနေနှင့် ဘိလပ်မြေစက်ရုံကို ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားဖြင့် လည်ပတ်ရန် ပြည်ထောင်စုအစိုးရထံ ခွင့်ပြုမိန့် တင်ထားဆဲဖြစ်သည်။
June Cement Industry Limited ၏ စီမံကိန်းဒါရိုက်တာ ဦးတင်ဦးက “ခွင့်ပြုမိန့်ကျလာမှ ဆောက်နိုင်မယ် လောလောဆယ်အနေနဲ့ကတော့ ခွင့်ပြုမိန့်မကျသေးဘူး” ဟု ပြောသည်။
ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အား အသုံးပြုမည့်အပေါ် ဒေသခံတို့ စိုးရိမ်စရာမရှိအောင် ပတ်ဝန်းကျင်ထိခိုက်မှု၊ လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှုမရှိအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း စီမံကိန်းဒါရိုက်တာက ဆက်ပြောသည်။
“ဒေသခံတွေအနေနဲ့က ဘိလပ်မြေစက်ရုံ တည်ဆောက်နေတာကို ဘယ်တုန်းကမှ မကန့်ကွက်ခဲ့ဘူး။ MCL ကို ကန့်ကွက်နေတာကလည်း ကျောက်မီးသွေးကို အသုံးပြုလို့ ကန့်ကွက်နေတာပါ။ June ကုမ္ပဏီလည်း ကျောက်မီးသွေးသုံးရင် ဒေသခံတွေက ကန့်ကွက်ကြမှာပဲ” ဟု ကျိုက်မရောမြို့ မယ်ခရိုင် ဒေသခံတစ်ဦး က ပြောသည်။
တစ်နေ့လျှင် ဘိလပ်မြေတန်ချိန် ၅၀၀၀ ထုတ်လုပ်ရန် လျာထားသည့် June Cement Industry Limited သည် ၂၀၁၆ ခုနှစ် မတ်လခန့်က မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက် ရရှိထားသည်။
ကျိုက်မရေမြို့နယ်တွင် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် ခွင့်ပြုချက်ဖြင့် လုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီ (၃) ခုရှိပြီး ၎င်းတို့သည် Mawlamyine Cement Limited, June Cement Industry Limited, Myanmar-Korea Cement Group Company Limited တို့ ဖြစ်သည်။
လက်ရှိတွင် တစ်နေ့ ဘိလပ်မြေတန်ချိန် ၅၀၀၀ ထုတ်လုပ်နေသည့် Mawlamyine Cement Ltd. (MCL) စက်ရုံတစ်ခုတည်းကသာ ဒေသခံများက ကန့်ကွက်နေသည့်ကြားက ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစကာ ယနေ့အချိန်ထိထ စီးပွားဖြစ် ၂၄ နာရီ လည်ပတ်နေခြင်းဖြစ်သည်။
…Zawgyi…
ေက်ာက္မီးေသြးသံုး ဘိလပ္ေျမစက္ရံု ေဒသခံမ်ား လက္ခံမည္မဟုတ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ႏို၀င္ဘာလ ၁၉ ရက္။
မြန္ျပည္နယ္ က်ိဳက္မေရာၿမိဳ႕နယ္အတြင္း ေက်ာက္မီးေသြးျဖင့္ လည္ပတ္ရန္ စီစဥ္ေနသည့္ ဘိလပ္ေျမစက္ရံု စီမံကိန္းကို ေဒသခံမ်ား လက္မခံမည္မဟုတ္ပဲ အျခားေလာင္စာျဖင့္ ေျပာင္းလဲအသံုးျပဳရန္ ေတာင္းဆိုထားသည္ဟု ေဒသခံမ်ားက ေျပာသည္။
က်ဳိက္မေရာၿမိဳ႕ နယ္အတြင္း ေက်ာက္မီးေသြးျဖင့္ လည္ပတ္ရန္ စီစဥ္ေနသည့္ June Cement Industry Limited မွ တည္ေဆာက္မည့္ ဘိလပ္ေျမစက္႐ုံစီမံကိန္းဆိုင္ရာ ပတ္ဝန္းက်င္ ဆန္းစစ္ျခင္း (Environmental Impact Assessment – EIA) အေၾကာင္း လူထုရွင္းလင္းပြဲကို ႏိုဝင္ဘာလ ၁၇ ရက္ေန႔ (ယမန္ေန႔) က သက္ဆိုင္ရာ ကုမၸဏီက ျပဳလုပ္ခဲ့သည္။
အဆိုပါ လူထုရွင္းလင္းပြဲကို ဘိလပ္ေျမစက္႐ုံတည္ေဆာက္မည့္ေနရာပတ္ဝန္းက်င္ရွိ မယ္ခ႐ုိေက်းရြာတြင္ ယမန္ေန႔က ျပဳလုပ္ခဲ့ၿပီး ပတ္ဝန္းက်င္ရွိ ကယ္ခ႐ုိ၊ ေကာ့ဒြန္၊ ေကာ့ပေနာ္၊ ေကာ့ဝမ္း စသည့္ ေက်းရြာ ၅ တို႔မွ ေဒသခံမ်ား တက္ေရာက္ခဲ့ၾကကာ ကုမၸဏီမွ စက္႐ုံတည္ေဆာက္ျခင္း၊ ေက်ာက္မိုင္းတူးေဖာ္ျခင္းအေၾကာင္း ရွင္းလင္းမႈ ျပဳလုပ္ခဲ့သည္ဟု က်ဳိက္မေရာေဒသခံ ႏိုင္ေရႊဝင္းက ဆက္ေျပာသည္။
“အဓိကကေတာ့ EIA နဲ႔ ပတ္သက္တာေတြကို ရွင္းတယ္ ေနာက္ၿပီး ေတာ့ ေက်ာက္မိုင္းခြဲတာ နဲ႔ပတ္သက္တာေတြ ရွင္းလင္းတယ္၊ ေဒသခံေတြဘက္ကေတာ့ ေက်ာက္မီးေသြးသံုးတာကို အလိုမရွိဘူး။”
လက္ရွိတြင္ က်ဳိက္မေရာၿမိဳ႕ နယ္အတြင္း၌ ေက်ာက္မီးေသြးအသံုးျပဳၿပီး လည္ပတ္ေနသည့္ MCL ဘိလပ္ေျမစက္႐ုံကို ေဒသခံမ်ားက ကန္႔ကြက္လ်က္ရွိၿပီး ယခုတည္ေဆာက္မည့္ June ကုမၸဏီ ဘိလပ္ေျမစက္႐ုံကိုလည္း ေက်ာက္မီးေသြးသံုးလည္ပတ္မည္ဆိုပါက လက္မခံပဲ ကန္႔ကြက္သြားမည္ဟု ေဒသခံမ်ားက ေျပာသည္။
လူထုရွင္းလင္းပြဲသို႔ တက္ေရာက္ခဲ့သည့္ ေဒသခံ ႏိုင္ေရႊဝင္း က “စက္႐ုံမလည္ပတ္ခင္ မွာ ေက်ာက္မီးေသြး အစား အျခားေလာင္စာကို ေျပာင္းလဲအသံုးျပဳဖို႔ ေဒသခံေတြ လက္မခံႏိုင္လို႔ လမ္းေပၚ ထြက္တာမ်ဳိး ျဖစ္လာရင္ေတာ့ ကုမၸဏီနဲ႔ ေဒသခံနဲ႔က အတူတကြသြားလို႔မရေတာ့ဘူး စသျဖင့္ေပါ့ တင္ျပထားတယ္” ဟု က ေျပာသည္။
June Cement Industry Limited အေနႏွင့္ ဘိလပ္ေျမစက္႐ုံကို ေက်ာက္မီးေသြး လွ်ပ္စစ္ဓာတ္အားျဖင့္ လည္ပတ္ရန္ ျပည္ေထာင္စုအစိုးရထံ ခြင့္ျပဳမိန္႔ တင္ထားဆဲျဖစ္သည္။
June Cement Industry Limited ၏ စီမံကိန္းဒါ႐ုိက္တာ ဦးတင္ဦးက “ခြင့္ျပဳမိန္႔က်လာမွ ေဆာက္ႏိုင္မယ္ ေလာေလာဆယ္အေနနဲ႔ကေတာ့ ခြင့္ျပဳမိန္႔မက်ေသးဘူး” ဟု ေျပာသည္။
ေက်ာက္မီးေသြးသံုးလွ်ပ္စစ္ဓာတ္အား အသံုးျပဳမည့္အေပၚ ေဒသခံတို႔ စိုးရိမ္စရာမရွိေအာင္ ပတ္ဝန္းက်င္ထိခိုက္မႈ၊ ေလထုညစ္ညမ္းမႈ၊ ေရထုညစ္ညမ္းမႈမရွိေအာင္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းလည္း စီမံကိန္းဒါ႐ုိက္တာက ဆက္ေျပာသည္။
“ေဒသခံေတြအေနနဲ႔က ဘိလပ္ေျမစက္႐ုံ တည္ေဆာက္ေနတာကို ဘယ္တုန္းကမွ မကန္႔ကြက္ခဲ့ဘူး။ MCL ကို ကန္႔ကြက္ေနတာကလည္း ေက်ာက္မီးေသြးကို အသံုးျပဳလို႔ ကန္႔ကြက္ေနတာပါ။ June ကုမၸဏီလည္း ေက်ာက္မီးေသြးသံုးရင္ ေဒသခံေတြက ကန္႔ကြက္ၾကမွာပဲ” ဟု က်ဳိက္မေရာၿမိဳ႕ မယ္ခ႐ုိင္ ေဒသခံတစ္ဦး က ေျပာသည္။
တစ္ေန႔လ်ွင္ ဘိလပ္ေျမတန္ခ်ိန္ ၅၀၀၀ ထုတ္လုပ္ရန္ လ်ာထားသည့္ June Cement Industry Limited သည္ ၂၀၁၆ ခုႏွစ္ မတ္လခန္႔က ျမန္မာႏိုင္ငံရင္းႏွီးျမဳပ္ႏွံမႈေကာ္မရွင္၏ ခြင့္ျပဳခ်က္ ရရွိထားသည္။
က်ိဳက္မေရၿမိဳ႕နယ္တြင္ ျမန္မာႏိုင္ငံရင္းႏွီးျမဳပ္ႏွံမႈေကာ္မရွင္ ခြင့္ျပဳခ်က္ျဖင့္ လုပ္ငန္းေဆာင္ရြက္ေနေသာ ကုမၸဏီ (၃) ခုရွိၿပီး ၎တို႔သည္ Mawlamyine Cement Limited, June Cement Industry Limited, Myanmar-Korea Cement Group Company Limited တို႔ ျဖစ္သည္။
လက္ရွိတြင္ တစ္ေန႔ ဘိလပ္ေျမတန္ခ်ိန္ ၅၀၀၀ ထုတ္လုပ္ေနသည့္ Mawlamyine Cement Ltd. (MCL) စက္႐ုံတစ္ခုတည္းကသာ ေဒသခံမ်ားက ကန္႔ကြက္ေနသည့္ၾကားက ၂၀၁၇ ခုႏွစ္ ဇူလိုင္လ ၁ ရက္ေန႔မွစကာ ယေန႔အခ်ိန္ထိထ စီးပြားျဖစ္ ၂၄ နာရီ လည္ပတ္ေနျခင္းျဖစ္သည္။