ရှမ်းမြောက် စစ်ရှောင်များအတွက် အကူအညီများ အရေးပေါ် လိုအပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်တိုက်ဆိုလို ပြန်လည်ဖြစ်ပွား နေသောကြောင့် ဒေသခံ လူထု ၃၀၀ ကျော်က ဘေးလွတ်ရာ နီးစပ်ရာ ကျေးရွာများသို့ စစ်ဘေးရှောင် နေကြရသည်။

ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များအတွက် အနွေးထည်၊ စောင် နှင့် အစားအသောက် အကူ အညီများ အရေးပေါ် လိုအပ်နေသည်ဟု ကူညီဆောင်ရွက်ပေးသူများက ပြောသည်။

ထို့အပြင် တိုက်ပွဲ များကြောင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများ ရှိနေသည့် အတွက် နေအိမ်များ ထိခိုက်ပျက်ဆီးခြင်းနှင့် ဒေသခံများပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိမှုများရှိနေသည် ဟု ဒေသခံများနှင့် ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေနဲ့ စစ်ဘေးရှောင်များ၏ နောက်ဆုံး အခြေအနေများကို သတင်းနှင့် မီဒီကွန်ရက်က ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးတွင် အခြေစိုက်သည့် တအာင်း အမျိုးသမီး အဖွဲ့အစည်း TWO ပြောရေးဆိုခွင့်ရှိသူူ လွေးချိဆငါးကို ဆက်သွယ်မေးမြန်းထားပါသည်။

NMG – ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲကြောင့် ဒေသခံတွေလည်း ထွက်ပြေးလာတာတွေ ရှိတယ်လို့ကြားတယ် အဲဒီအခြေအနေက ဘယ်လိုရှိပါသလဲ။

လွေးချိဆငါး – ပြောရမယ်ဆိုရင်တော့ မနေ့ရယ် ဟိုတနေ့ရယ် တိုက်ပွဲပြင်းထန်တာတစ်ကြောင်းရယ် ပြီးတော့ ဒီလက်နက်ကြီးတွေ အသုံးပြုတာတစ်ကြောင်း ရှိတဲ့အခါကျတော့ ဒီလူထုတွေက လွတ်ရာကို ပြေးတဲ့အပိုင်း တွေတော့ရှိတယ်။ ၃၀၀ ကျော်လောက်တော့ ထွက်ပြေးရတဲ့လူတွေတော့ရှိတယ်။ လက်နက်ကြီး ကျတာကတော့ ဒီ ကျောက်မဲမြို့နယ်ထဲက ခွန်ကော်၊ တော့ဖယ်၊ နားလွေး အဲဒီ အနီးအနားက ရွာတွေပေါ့ သုံးလေးငါးရွာ လောက်ရှိတယ်။ ပြေးတာကတော့ နှစ်နေရာတော့ ရှိတယ် တစ်ချို့ကျတော့ ကျောက်မဲမြို့နယ် မန်ခေါက်ရွာတွေ ပြေးလာကြတယ်။ တစ်ချို့ကျတော့ နမ့်ဆန်မြို့နယ် ပန်နင်းရွာကို သွားကြတယ်။ အဲမှာ သွားကြတယ်။

NMG – သူတို့ရဲ့ စားဝတ်နေရေး အခြေအနေ နေရေးထိုင်ရေး အခြေအနေကကော ဘယ်လိုရှိနေသလဲ။ ဘယ် သူ တွေက တာဝန်ယူထားတာလဲ။

လွေးချိဆငါး – လောလောဆယ်ကတော့ သူတို့ပြေးပြီးတော့ ခိုလှုံနေတဲ့ ရွာတွေကလည်း မြို့နဲ့ဝေး အလှမ်းဝေး တဲ့ ဒေသဖြစ် နေတဲ့ အခါကျတော့ ဒီညနေအထိဆိုရင်တော့ ဘယ်အဖွဲ့အစည်းမှ အဲဒီအထိ သွားရောက်ပြီး ကူညီနိုင်တဲ့ အဖွဲ့အစည်းတွေ မရှိဘူးပေါ့နော။ မရှိတဲ့အခါကျတော့ သူတို့က အစားအသောက် အရေးကြီး လိုအပ်နေတဲ့ အပိုင်းတွေ ရှိသလို ဆောင်းတွင်းဝင်နေပြီဆိုတော့ အနွေးထည်တို့ လိုအပ်တဲ့ဟာ တွေတော့ ရှိတယ်။ လောလောဆယ်ကျတော့ ပြေးလာတဲ့ အဲဒီရွာရဲ့ ဘေးပတ်လည်မှာ ရှိနေတဲ့ တစ်ခြားရွာ တွေ စုပေါင်းပြီးတော့မှ တတ်နိုင်ဖက်ကနေ ကူညီပြီးတော့ အဲလိုမျိုး ရန်ပုံငွေတို့ တတ်နိုင်တဲ့ စားရေးသောက် ရေးတွေ ဝိုင်းဝန်းစီစဉ်ပေးတဲ့ အနေအထားပဲရှိတယ် တစ်ခြား ပြင်ပကနေ လာကူပေးတဲ့ အဖွဲ့ကျတော့ မရှိဘူး။

NMG – ရှမ်းမြောက်မှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေအပေါ်မှာ ဘာများ ဖြည့်စွတ်ပြောချင်သလဲ။

လွေးချိဆငါး – ဒီအပေါ်မှာက တိုက်တယ် တိုက်ပြီဆိုကတည်းက ဖြစ်နိုင်မယ်ဆိုရင်တော့ အရပ်သား ပြည်သူ တွေ နီးနေတဲ့ နေရာတို့ အဲလိုမျိုး ဦးတည်ပြီးတော့ တိုက်ခိုက်တဲ့ ပုံစံမျိုးတော့ မဖြစ်စေချင်ဘူး။ အဲဒီမျိုးနေရာ တွေကို ရှောင် စေချင်တယ် နောက်တစ်ခုကတော့ တိုက်ပြီဆိုရင်တော့ ဘယ်ဖက်က လက်နက်ဆိုတာကိုတော့ ကျမတို့ လည်း ခွဲခြား မပြောတတ်ဘူး ဒါပေမယ့် လက်နက်ကြီး အသုံးပြုတာက ဆိုးရွားတဲ့ အရာတစ်ခုဖြစ်သလို နောက်တစ် ခုက တပ်မတော်ဖက်က ရဟတ်ယာဉ်တွေ အသုံးပြုတဲ့ အခါကျတော့ လူထုတွေ ရှိတဲ့နေရာလား မရှိတဲ့နေ ရာလား ဆိုတာ မသဲကွဲနိုင်တဲ့ အနေအထားတွေ အဲလိုမျိုး အသုံးပြုမှုတွေက ကျမတို့ အနေနဲ့က ကန့် ကွက် တယ် ရှုတ်ချတာပေါ့နော မဖြစ်စေချင်ဘူး။ နောက်တစ်ခုက အဲလိုမျိုးဖြစ်သွားတဲ့ အနေအထားပေါ်မှာ ခုန ပြောသလိုမျိုး တိုက်လိုက်တိုင်း ထိခိုက်နစ်နာတာကတော့ ကြားခံက ပြည်သူပဲ ဖြစ်နေတဲ့ အခါကျတော့ ဒီအ ပေါ်မှာ နှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်။ နှစ်ဖက်စလုံးက ဒီလူထုတွေကို အတတ်နိုင်ဆုံး ထိခိုက်တဲ့ လူတွေအ တွက်လည်း ပြန်လည်ပြီးတော့ ကုစားမှုလို့ ပြောလို့ရသလို ပြန်လည်ပြီးတော့ တစ်ခုခု တုန့်ပြန်စေ ချင်တဲ့ အနေ နဲ့ ပြုလုပ်စေချင်သလို နောက်တစ်ခုက တိုက်ပွဲဖြစ်နေတဲ့ ဧရိယာလည်း အတတ်နိုင်ဆုံး လူထုတွေ နီးတဲ့ နေရာ တွေကို ရှောင်စေချင်တယ်။

Zawgyi…

ရွမ္းေျမာက္ စစ္ေရွာင္မ်ားအတြက္ အကူအညီမ်ား အေရးေပၚ လိုအပ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ႏို၀င္ဘာလ ၁၉ ရက္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ယခုရက္ပိုင္းအတြင္း တိုက္ပြဲမ်ား ဆက္တိုက္ဆိုလို ျပန္လည္ျဖစ္ပြား ေနေသာေၾကာင့္ ေဒသခံ လူထု ၃၀၀ ေက်ာ္က ေဘးလြတ္ရာ နီးစပ္ရာ ေက်းရြာမ်ားသို႔ စစ္ေဘးေရွာင္ ေနၾကရသည္။

ထြက္ေျပးတိမ္းေရွာင္လာသည့္ စစ္ေဘးေရွာင္မ်ားအတြက္ အေႏြးထည္၊ ေစာင္ ႏွင့္ အစားအေသာက္ အကူ အညီမ်ား အေရးေပၚ လိုအပ္ေနသည္ဟု ကူညီေဆာင္ရြက္ေပးသူမ်ားက ေျပာသည္။

ထို႔အျပင္ တိုက္ပြဲ မ်ားေၾကာင့္ ေက်းရြာမ်ားအတြင္းသို႔ လက္နက္ႀကီး က်ေရာက္ေပါက္ကြဲမႈမ်ား ရွိေနသည့္ အတြက္ ေနအိမ္မ်ား ထိခိုက္ပ်က္ဆီးျခင္းႏွင့္ ေဒသခံမ်ားျပည္သူမ်ား ထိခိုက္ဒဏ္ရာ ရရွိမႈမ်ားရွိေနသည္ ဟု ေဒသခံမ်ားႏွင့္ ကူညီေဆာင္ရြက္ေပးေနသူမ်ားက ေျပာသည္။

လက္ရွိ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ျဖစ္ပြားေနသည့္ တိုက္ပြဲအေျခအေနနဲ႔ စစ္ေဘးေရွာင္မ်ား၏ ေနာက္ဆံုး အေျခအေနမ်ားကို သတင္းႏွင့္ မီဒီကြန္ရက္က ရွမ္းျပည္နယ္ ေျမာက္ပိုင္း လားရႈိးတြင္ အေျခစိုက္သည့္ တအာင္း အမ်ိဳးသမီး အဖြဲ႔အစည္း TWO ေျပာေရးဆိုခြင့္ရွိသူူ ေလြးခ်ိဆငါးကို ဆက္သြယ္ေမးျမန္းထားပါသည္။

NMG – ရွမ္းျပည္ေျမာက္ပိုင္းက တိုက္ပြဲေၾကာင့္ ေဒသခံေတြလည္း ထြက္ေျပးလာတာေတြ ရွိတယ္လို႔ၾကားတယ္ အဲဒီအေျခအေနက ဘယ္လိုရွိပါသလဲ။

ေလြးခ်ိဆငါး – ေျပာရမယ္ဆိုရင္ေတာ့ မေန႔ရယ္ ဟိုတေန႔ရယ္ တိုက္ပြဲျပင္းထန္တာတစ္ေၾကာင္းရယ္ ၿပီးေတာ့ ဒီလက္နက္ႀကီးေတြ အသံုးျပဳတာတစ္ေၾကာင္း ရွိတဲ့အခါက်ေတာ့ ဒီလူထုေတြက လြတ္ရာကို ေျပးတဲ့အပိုင္း ေတြေတာ့ရွိတယ္။ ၃၀၀ ေက်ာ္ေလာက္ေတာ့ ထြက္ေျပးရတဲ့လူေတြေတာ့ရွိတယ္။ လက္နက္ႀကီး က်တာကေတာ့ ဒီ ေက်ာက္မဲၿမိဳ႕နယ္ထဲက ခြန္ေကာ္၊ ေတာ့ဖယ္၊ နားေလြး အဲဒီ အနီးအနားက ရြာေတြေပါ့ သံုးေလးငါးရြာ ေလာက္ရွိတယ္။ ေျပးတာကေတာ့ ႏွစ္ေနရာေတာ့ ရွိတယ္ တစ္ခ်ိဳ႕က်ေတာ့ ေက်ာက္မဲၿမိဳ႕နယ္ မန္ေခါက္ရြာေတြ ေျပးလာၾကတယ္။ တစ္ခ်ိဳ႕က်ေတာ့ နမ့္ဆန္ၿမိဳ႕နယ္ ပန္နင္းရြာကို သြားၾကတယ္။ အဲမွာ သြားၾကတယ္။

NMG – သူတို႔ရဲ႕ စား၀တ္ေနေရး အေျခအေန ေနေရးထိုင္ေရး အေျခအေနကေကာ ဘယ္လိုရွိေနသလဲ။ ဘယ္ သူ ေတြက တာ၀န္ယူထားတာလဲ။

ေလြးခ်ိဆငါး – ေလာေလာဆယ္ကေတာ့ သူတို႔ေျပးၿပီးေတာ့ ခိုလႈံေနတဲ့ ရြာေတြကလည္း ၿမိဳ႕နဲ႔ေ၀း အလွမ္းေ၀း တဲ့ ေဒသျဖစ္ ေနတဲ့ အခါက်ေတာ့ ဒီညေနအထိဆိုရင္ေတာ့ ဘယ္အဖြဲ႔အစည္းမွ အဲဒီအထိ သြားေရာက္ၿပီး ကူညီႏိုင္တဲ့ အဖြဲ႔အစည္းေတြ မရွိဘူးေပါ့ေနာ။ မရွိတဲ့အခါက်ေတာ့ သူတို႔က အစားအေသာက္ အေရးႀကီး လိုအပ္ေနတဲ့ အပိုင္းေတြ ရွိသလို ေဆာင္းတြင္း၀င္ေနၿပီဆိုေတာ့ အေႏြးထည္တို႔ လိုအပ္တဲ့ဟာ ေတြေတာ့ ရွိတယ္။ ေလာေလာဆယ္က်ေတာ့ ေျပးလာတဲ့ အဲဒီရြာရဲ႕ ေဘးပတ္လည္မွာ ရွိေနတဲ့ တစ္ျခားရြာ ေတြ စုေပါင္းၿပီးေတာ့မွ တတ္ႏိုင္ဖက္ကေန ကူညီၿပီးေတာ့ အဲလိုမ်ိဳး ရန္ပံုေငြတို႔ တတ္ႏိုင္တဲ့ စားေရးေသာက္ ေရးေတြ ဝိုင္း၀န္းစီစဥ္ေပးတဲ့ အေနအထားပဲရွိတယ္ တစ္ျခား ျပင္ပကေန လာကူေပးတဲ့ အဖြဲ႔က်ေတာ့ မရွိဘူး။

NMG – ရွမ္းေျမာက္မွာ လက္ရွိျဖစ္ပြားေနတဲ့ စစ္ေရးပဋိပကၡေတြအေပၚမွာ ဘာမ်ား ျဖည့္စြတ္ေျပာခ်င္သလဲ။

ေလြးခ်ိဆငါး – ဒီအေပၚမွာက တိုက္တယ္ တိုက္ၿပီဆိုကတည္းက ျဖစ္ႏိုင္မယ္ဆိုရင္ေတာ့ အရပ္သား ျပည္သူ ေတြ နီးေနတဲ့ ေနရာတို႔ အဲလိုမ်ိဳး ဦးတည္ၿပီးေတာ့ တိုက္ခိုက္တဲ့ ပံုစံမ်ိဳးေတာ့ မျဖစ္ေစခ်င္ဘူး။ အဲဒီမ်ိဳးေနရာ ေတြကို ေရွာင္ ေစခ်င္တယ္ ေနာက္တစ္ခုကေတာ့ တိုက္ၿပီဆိုရင္ေတာ့ ဘယ္ဖက္က လက္နက္ဆိုတာကိုေတာ့ က်မတို႔ လည္း ခြဲျခား မေျပာတတ္ဘူး ဒါေပမယ့္ လက္နက္ႀကီး အသံုးျပဳတာက ဆိုးရြားတဲ့ အရာတစ္ခုျဖစ္သလို ေနာက္တစ္ ခုက တပ္မေတာ္ဖက္က ရဟတ္ယာဥ္ေတြ အသံုးျပဳတဲ့ အခါက်ေတာ့ လူထုေတြ ရွိတဲ့ေနရာလား မရွိတဲ့ေန ရာလား ဆိုတာ မသဲကြဲႏိုင္တဲ့ အေနအထားေတြ အဲလိုမ်ိဳး အသံုးျပဳမႈေတြက က်မတို႔ အေနနဲ႔က ကန္႔ ကြက္ တယ္ ရႈတ္ခ်တာေပါ့ေနာ မျဖစ္ေစခ်င္ဘူး။ ေနာက္တစ္ခုက အဲလိုမ်ိဳးျဖစ္သြားတဲ့ အေနအထားေပၚမွာ ခုန ေျပာသလိုမ်ိဳး တိုက္လိုက္တိုင္း ထိခိုက္နစ္နာတာကေတာ့ ၾကားခံက ျပည္သူပဲ ျဖစ္ေနတဲ့ အခါက်ေတာ့ ဒီအ ေပၚမွာ ႏွစ္ဖက္စလံုးမွာ တာ၀န္ရွိတယ္။ ႏွစ္ဖက္စလံုးက ဒီလူထုေတြကို အတတ္ႏိုင္ဆံုး ထိခိုက္တဲ့ လူေတြအ တြက္လည္း ျပန္လည္ၿပီးေတာ့ ကုစားမႈလို႔ ေျပာလို႔ရသလို ျပန္လည္ၿပီးေတာ့ တစ္ခုခု တုန္႔ျပန္ေစ ခ်င္တဲ့ အေန နဲ႔ ျပဳလုပ္ေစခ်င္သလို ေနာက္တစ္ခုက တိုက္ပြဲျဖစ္ေနတဲ့ ဧရိယာလည္း အတတ္ႏိုင္ဆံုး လူထုေတြ နီးတဲ့ ေနရာ ေတြကို ေရွာင္ေစခ်င္တယ္။