တိုင်းရင်းသား ဘာသာ သတင်း အစီအစဉ် ( မြန်မာဘာသာ )
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် တိုင်းရင်းသားပါတီတွေက ပြင်ဆင်မှုတွေ စတင်လုပ်ဆောင်နေသလို စစ်ရေးပဋိပက္ခတွေ၊ တိုက်ပွဲတွေရှိနေသေးတဲ့ ကချင်ပြည်နယ်မှာတော့ နယ်မြေကန့်သတ်ပြီး တစ်ပြည်နယ်လုံးအတိုင်းအနေနဲ့ ရွေးကောက်ပွဲကျင်းပခွင့်မရမှာကို စိုးရိမ်နေကြပါတယ်။
မွန်ပြည်နယ်မှာတော့ ရေးမြို့နယ် အံဒင်- ရွာသစ်ဓမင်းဆိပ်ကျေးရွာမှာ တည်ဆောက်မယ့် ကမ်းလွန်ထောက်ပံ့ရေးစခန်းစီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ချက် EIA ဆွေးနွေးပွဲကို ဒေသခံတွေ အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ ပစ်ခတ်မှုဖြစ်လို့ အရပ်သားတစ်ယောက် သေဆုံးခဲ့သလို ရွာထဲကို လက်နက်ကြီးကျလို့ နေအိမ်တချို့ မီးလောင်သွားခဲ့ပါတယ်။