ရွေ့ပြောင်းနေထိုင်သူများ ရောက်ရာ အရပ်တွင် မဲပေးခွင့်ကို တိုင်းရင်းသား ပါတီများ မကျေနပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်လိုက်သည့် ရွှေ့ပြောင်းနေထိုင်သူများ မဲပေးခွင့် ကန့်သတ်ချက်သည် ဌာနေဒေသခံတိုင်းရင်းသားများ၏ အခွင့်အရေးများကို ဆုံးရှုံးစေနိုင်သည်ဟု ကချင်ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတချို့ က ပြောသည်။

ရွှေ့ပြောင်းနေထိုင်သူများအား ရောက်ရှိနေထိုင်ရာ မဲဆန္ဒနယ်မြေတွင် ရက်ပိုင်း ၉၀ ဆက်တိုက် နေထိုင်ပါက မဲပေးခွင့်ပြုမည်ဟု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ လဆန်းပိုင်းက ကြေညာလိုက်ခြင်း ဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာ M ကောန်လ က “ဒါက ပြည်နယ်တွေတင်မဟုတ်ဘူး တိုင်းဒေသကြီးတွေနဲ့လည်း ပတ်သက်တယ်။ အားလုံးနဲ့ဆိုင်တယ်။ ကျနော် တို့ နိုင်ငံရဲ့ ရွေးကောက်ပွဲစနစ်က မြို့နယ်ကို အခြေခံပြီးလုပ်တာလေ လူမျိုးကို အခြေခံတာ မဟုတ်ဘူး။ ရှင်းရှင်းလေးရယ်။ အဓိက နိုင်ငံရေး အနှစ်သာရဖော်ဆောင်တာက ဒေသခံနိုင်ငံသားတွေရဲ့ နိုင်ငံရေး ဆုံးဖြတ်ပိုင်ခွင့်ကိုဖော်ဆောင်တာ။ အဲ့တော့ ဒေသခံနိုင်ငံသားဆိုတာ အခုမှ ၆ လလောက် လာ နေတာ ၃ လလောက်လာနေတာနဲ့ ဒေသခံတွေရဲ့ နိုင်ငံရေးလွတ်လပ်စွာ ဆုံးဖြတ်ခွင့်ကို သူတို့ကလာပြီး အနှောက်အယှက်ပေးတာလေ” ဟု ပြောသည်။

ရွှေ့ပြောင်းလုပ်သားများနှင့် ယာယီရွှေ့ ပြောင်းနေထိုင်သူများအတွက် နိုင်ငံရေးအခွင့်အလမ်းကို ၎င်းတို့၏ မူရင်းဒေသတွင်သာ ပြန်လည်အကောင်အထည်ဖော်သင့်ကြောင်း၊ ခေတ္တရောက်ရှိနေသည့် ဒေသများ အတွက် နိုင်ငံရေးအဆုံးအဖြတ်များကို ပေးခိုင်းခြင်းမှာ ဒေသခံများ၏ နိုင်ငံရေးအခွင့်အလမ်းများကို စွက်ဖက်ခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း KNC ပါတီက နိုဝင်ဘာလ ဒုတိယအပတ်တုန်းက သဘောထား ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

“ဒါက ဘယ်လိုမှ လက်ခံလို့မရဘူး။ ၆ လ ပဲ ဖြစ်ဖြစ်၊ ၃ လ ပဲ ဖြစ်ဖြစ် ဒီ ၁၈၀ ပဲ ဖြစ်ဖြစ် ၉၀ ပဲ ဖြစ်ဖြစ် ကျနော်တို့က လုံးဝလက်မခံနိုင်ဘူး။ အဲ့ဒါက အဝေးရောက်မဲပေးစနစ်ပဲ သူ့ဒေသပဲ သူပြန်သွားရမယ်။ နိုင်ငံတကာမှာလည်း အဲ့ဒီအတိုင်းပဲ သွားတယ်လေ။ အဝေးရောက်မဲစနစ်၊ ကြိုတင်မဲစနစ်နဲ့ပဲလေ။ သူ့ဒေသက သူ့ကိုယ်စားလှယ်ကို သူဆုံးဖြတ်ရမှာလေ။ ခနလေးလာနေတဲ့လူတွေက လာဆုံး ဖြတ် ပေးတယ်ဆိုတာ ဘယ်လိုဖြစ်ဖြစ် လက်ခံပေးလို့မရဘူး။” ဟု ဒေါက်တာ M ကောန်လ က ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများနှင့် ပတ်သက်၍ နည်းဥပေဒ ၁၀ တွင်ပါရှိသည့် “အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်းဆိုသည့် အချက်ကို “အနည်းဆုံး ရက်ပေါင်း ၉၀ ထက်မနည်း” ဟု အစားထိုးသွားမည်ဟု အောက်တိုဘာလ ၃ ရက်နေ့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

နည်းဆုံး ရက်ပိုင်း ၁၈၀ ထက်မနည်းဆိုသည့် စကားရပ်ပဲဖြစ်ဖြစ်၊ အနည်းဆုံး ရက်ပေါင်း ၉၀ ထက်မနည်း ဆိုသည့် စကားရပ်ပဲဆိုဆို အဆိုပါ အချက်နှစ်ချက်လုံးသည် နိုင်ငံရေး နည်းလမ်းမှားနေကြောင်း၊ ထိုကဲ့သို့ိသို့ အကောင်အထည်ဖော်နေခြင်းမှာ မှားယွင်းနေကြောင်း ကချင်ပြည်နယ်ရှိ နိုင်ငံရေးပါတီအချို့ က ထောက်ပြထားကြသည်။

တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) ဥက္ကဋ္ဌ စိုင်းဌေးအောင် က “ဒီကိစ္စက ကျနော်တို့လည်း သဘောမတူပါဘူး။ ဘာကြောင့်လဲဆိုတော့ ရက် ၉၀ မပြောနဲ့ ရက်ပေါင်း ၁၈၀ တောင် မထားသင့်ပါဘူး။ တကယ်တော့ သူ့ဒေသသူမဲပေးကြပေါ့၊ ဗမာတွေကလည်း ကိုယ့်ဒေသကိုယ်ပြန်ပေး၊ ကျနော်တို့ တိုင်းရင်းသားတွေလည်း ကိုယ့်ဒေသမှာ ကိုယ်ပြန်ပေးကြပေါ့။ ဒါမှလည်း ကိုယ့်ဒေသမှာ ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ ထွက်လာမှာလေ။ မဟုတ်ရင်တော့ တခြားဒေသက လူတွေက ကိုယ်စားလှယ်တွေလာဖြစ်နေမှာလေနော်” ဟု ပြောသည်။

ထို့ကြောင့် ရွေးကောက်ပွဲကော်မရှင်နေဖြင့် အဆိုပါကိစ္စရပ်အား အလေးအနက်ထား ပြန်လည် စဉ်းစား သင့်သည်ဟု ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP က ပြောသည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာက “သူတို့ပြောတာက ရက်ပေါင်း ၉၀ လာနေတဲ့လူတွေကို ယာယီအိမ်ထောင်စု ထုတ်ပေးမယ်၊ ပြီးရင် မဲပေးခွင့်ပေးမယ်ပေါ့၊ အဲ့ဒါက ကျနော် တို့ ပြည်နယ်သားတွေအတွက် နစ်နာဆုံးရှုံးမှုရှိတယ်။ ပြည်နယ်မှရှိတဲ့ ပြည်နယ်ကို ကိုယ်စားပြုမယ့် လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်နယ်လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် အစရှိသဖြင့်ပေါ့ဗျာ အဲ့ဒါတွေကို ပြည်နယ်သားတွေကပဲ ရွေးချယ်သင့်တာ၊ ရပ်ဝေးကလူတွေ လာရွေးချယ်တာဆိုတာ သဘာဝမကျဘူး။ မမှန်ကန်ဘူး။ ဘာအကျိုးရှိမှာလဲ။ ရွေးကော်က သေချာပြန် စဉ်းစားသင့်တယ်” ဟု ပြောသည်။

ရွှေ့ပြောင်းနေထိုင်သူများ အနေဖြင့် ရောက်ရှိနေထိုင်ရာ မဲဆန္ဒနယ်မြေတွင် ရက်ပိုင်း ၉၀ ဆက်တိုက် နေထိုင်ပါက မဲပေးခွင့်ပြုမည်ဆိုသည့် နည်းဥပဒေသည် တိုင်းရင်းသားပြည်နယ်များအတွက်သာ နစ်နာ မှုရှိခြင်းမျိုးမဟုတ်ပဲ တိုင်းဒေသကြီးများအတွက်ပါ စိန်ခေါ်မှု တစ်ရပ်ဖြစ်သည်ဟု KNC ပါတီ က ထောက်ပြထားသည်။

“တိုင်းဒေသကြီးတွေဆိုရင်လည်း ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်၊ မကွေးပေါ့ ဖွံ့ဖြိုးရေးစီမံကိန်းရှိတဲ့နေရာတိုင်းမှာပေါ့ တခြားစီမံကိန်းတွေကအစပေါ့ အဲ့ဒါအားလုံး မှာ ဒေသခံ မဟုတ်ဘူးလေ၊ အကုန်လုံးရွှေ့ပြောင်းပြီးမှ ဝင်ချလာကြတာ။ မကွေးတိုင်းအတွက် ရန်ကုန်တိုင်းက လူတွေလာဆုံးဖြတ်တာ၊ ရန်ကုန်တိုင်းအတွက် မန္တလေးတိုင်းကလူတွေ လာဆုံးဖြတ်တာ လက်ခံလားပေါ့။ ကျနော်တို့ပြောနေတာက ပြည်နယ်အတွက်ပဲ မဟုတ်ဘူး။ လက်ခံလို့ကိုမရဘူး” ဟု (KNC) ပါတီ ဥက္ကဋ္ဌ ဒေါက်တာ M ကောန်လ က ဆက်ပြောသည်။

ထို့ကဲ့သို့ တိုင်းရင်းသားများ၏ နိုင်ငံရေးအခွင့်အလမ်းများအား တားဆီးချုပ်နှောင်သည့် ၎င်းနည်း ဥပဒေ ပြင်ဆင်ချက်ကို ပြန်လည်စဉ်းစားသုံးသပ်သင့်သည့်အပြင် ရွှေ့ပြောင်းလုပ်သားများအား ကြိုတင်မဲစနစ်များ၊ နေရပ်ပြန်မဲပေးသည့် စနစ်များဖြင့်သာ တရားနည်းလမ်းကျကျ အကောင်အထည်ဖော်သင့်သည်ဟု ကချင်ပြည်နယ်အတွင်းက တိုင်းရင်းသားပါတီများက ပြောသည်။

သို့သော်လည်း “ကချင်ပြည်နယ်က ကချင်တွေလည်း ရန်ကုန်၊ မန္တလေးရောက်နေတယ်။ ဒီကိုလည်း တခြားကလူတွေရောက်နေတယ်။ ဆိုတော့ အဲ့မှာ မဲပေးခွင့်မရမှာကိုတော့ စိုးရိမ်တယ်။ နောက်ပြီး ဒေသခံတွေကို ဘယ်လိုသတ်မှတ်မှာလဲ၊ အဲ့ဒါတွေလည်း ရှိတယ်။ တနိုင်ငံလုံးမှာ ရွှေ့ပြောင်း နေထိုင်နေကြတာဆိုတော့ အခြေခံဥပဒေတွေကို သေချာရေးဆွဲပြီးမှပေါ့၊ ကျနော်တို့ နိုင်ငံရဲ့ အခြေအနေက ခက်တဲ့အတွက်ပေါ့ဗျာ။ ကျနော်တို့နိုင်ငံမှာက အခြေခံဥပဒေမှာ သေချာရေးဆွဲပြီးတော့ ပြည်နယ်ဥပဒေတွေ ထွက်လာရင်တော့ အဆင်ပြေလာနိုင်တယ်။ လောလောဆယ် မဲပေးခွင့်ဆုံးရှုံးသွားမှာကိုတော့ စိုးရိမ်တယ်” ဟု လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP ဥက္ကဋ္ဌ ဦးရွှေမင်းက ပြောသည်။

အဆိုပါကိစ္စရပ်များအား ဖြေရှင်းနိုင်ရေး နိုင်ငံတကာက ရွေးကောက်ပွဲ ပုံစံများကို ပြန်လည်လေ့လာ ရန်လိုအပ်သည်ဟု ဆိုသည်။

ကချင်ပြည်နယ်မှာ ရွှေ့ပြောင်းလုပ်သားများနှင့် ယာယီပြောင်ေးရွှ့နေထိုင်သူများမှာ ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများတွင် ၃ သိန်းခန့်၊ တစ်သျှူးငှက်ပျော စီမံကိန်းများတွင် ၂ သိန်းခန့်၊ လမ်းတံတား ဆောက်လုပ်ရေးစီမံကိန်းများတွင် သောင်းကြီးပိုင်းခန့် ရှိနေသည်ဟု ကချင်ပါတီများက ပြောသည်။

၎င်းတို့မှာ ကချင်ပြည်နယ်အတွင်းရှိ သယံဇာတထွက်ရှိရာ ဖားကန့်နှင့် တနိုင်းဒေသများတွင်သာမက ပူတာအို၊ နောင်မွန်းဒေသများအပြင် ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ လွယ်ဂျယ် အစရှိသည့် ဒေသများအထိ အများအပြားရှိရောက်ရှိနေကြသည်ဟု ပြောသည်။

Zawgyi…

ေရြ႔ေျပာင္းေနထိုင္သူမ်ား ေရာက္ရာ အရပ္တြင္ မဲေပးခြင့္ကို တိုင္းရင္းသား ပါတီမ်ား မေက်နပ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ႏို၀င္ဘာလ ၁၉ ရက္။

ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္က ျပင္ဆင္လိုက္သည့္ ေရႊ႕ေျပာင္းေနထုိင္သူမ်ား မဲေပးခြင့္ ကန္႔သတ္ခ်က္သည္ ဌာေနေဒသခံတုိင္းရင္းသားမ်ား၏ အခြင့္အေရးမ်ားကို ဆံုးရံႈးေစႏုိင္သည္ဟု ကခ်င္ျပည္နယ္အေျခစိုက္ တုိင္းရင္းသားပါတီတခ်ိဳ႕ က ေျပာသည္။

ေရႊ႕ေျပာင္းေနထုိင္သူမ်ားအား ေရာက္ရွိေနထုိင္ရာ မဲဆႏၵနယ္ေျမတြင္ ရက္ပိုင္း ၉၀ ဆက္တိုက္ ေနထုိင္ပါက မဲေပးခြင့္ျပဳမည္ဟု ေရြးေကာက္ပြဲေကာ္မရွင္က ေအာက္တိုဘာလ လဆန္းပိုင္းက ေၾကညာလိုက္ျခင္း ျဖစ္သည္။

အဆိုပါကိစၥႏွင့္ပတ္သက္၍ ကခ်င္အမ်ိဳးသားကြန္ဂရက္ပါတီ (KNC) ဥကၠ႒ ေဒါက္တာ M ေကာန္လ က “ဒါက ျပည္နယ္ေတြတင္မဟုတ္ဘူး တိုင္းေဒသႀကီးေတြနဲ႔လည္း ပတ္သက္တယ္။ အားလံုးနဲ႔ဆုိင္တယ္။ က်ေနာ္ တုိ႔ ႏုိင္ငံရဲ႕ ေရြးေကာက္ပြဲစနစ္က ၿမိဳ႕နယ္ကို အေျခခံၿပီးလုပ္တာေလ လူမ်ိဳးကို အေျခခံတာ မဟုတ္ဘူး။ ရွင္းရွင္းေလးရယ္။ အဓိက ႏုိင္ငံေရး အႏွစ္သာရေဖာ္ေဆာင္တာက ေဒသခံႏုိင္ငံသားေတြရဲ႕ ႏုိင္ငံေရး ဆံုးျဖတ္ပိုင္ခြင့္ကိုေဖာ္ေဆာင္တာ။ အဲ့ေတာ့ ေဒသခံႏုိင္ငံသားဆိုတာ အခုမွ ၆ လေလာက္ လာ ေနတာ ၃ လေလာက္လာေနတာနဲ႔ ေဒသခံေတြရဲ႕ ႏိုင္ငံေရးလြတ္လပ္စြာ ဆံုးျဖတ္ခြင့္ကို သူတို႔ကလာၿပီး အေႏွာက္အယွက္ေပးတာေလ” ဟု ေျပာသည္။

ေရႊ႕ေျပာင္းလုပ္သားမ်ားႏွင့္ ယာယီေရႊ႕ ေျပာင္းေနထုိင္သူမ်ားအတြက္ ႏုိင္ငံေရးအခြင့္အလမ္းကို ၎တို႔၏ မူရင္းေဒသတြင္သာ ျပန္လည္အေကာင္အထည္ေဖာ္သင့္ေၾကာင္း၊ ေခတၱေရာက္ရွိေနသည့္ ေဒသမ်ား အတြက္ နုိင္ငံေရးအဆံုးအျဖတ္မ်ားကို ေပးခိုင္းျခင္းမွာ ေဒသခံမ်ား၏ ႏိုင္ငံေရးအခြင့္အလမ္းမ်ားကို စြက္ဖက္ခြင့္ေပးလိုက္ျခင္းျဖစ္ေၾကာင္း KNC ပါတီက ႏုိဝင္ဘာလ ဒုတိယအပတ္တုန္းက သေဘာထား ေၾကညာခ်က္ တစ္ေစာင္ ထုတ္ျပန္ခဲ့သည္။

“ဒါက ဘယ္လိုမွ လက္ခံလို႔မရဘူး။ ၆ လ ပဲ ျဖစ္ျဖစ္၊ ၃ လ ပဲ ျဖစ္ျဖစ္ ဒီ ၁၈၀ ပဲ ျဖစ္ျဖစ္ ၉၀ ပဲ ျဖစ္ျဖစ္ က်ေနာ္တုိ႔က လံုးဝလက္မခံႏုိင္ဘူး။ အဲ့ဒါက အေဝးေရာက္မဲေပးစနစ္ပဲ သူ႔ေဒသပဲ သူျပန္သြားရမယ္။ ႏုိင္ငံတကာမွာလည္း အဲ့ဒီအတိုင္းပဲ သြားတယ္ေလ။ အေဝးေရာက္မဲစနစ္၊ ႀကိဳတင္မဲစနစ္နဲ႔ပဲေလ။ သူ႔ေဒသက သူ႔ကိုယ္စားလွယ္ကို သူဆံုးျဖတ္ရမွာေလ။ ခနေလးလာေနတဲ့လူေတြက လာဆံုး ျဖတ္ ေပးတယ္ဆိုတာ ဘယ္လိုျဖစ္ျဖစ္ လက္ခံေပးလို႔မရဘူး။” ဟု ေဒါက္တာ M ေကာန္လ က ေျပာသည္။

ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္က ျပည္သူ႔လႊတ္ေတာ္ ေရြးေကာက္ပြဲ နည္းဥပေဒမ်ားႏွင့္ ပတ္သက္၍ နည္းဥေပဒ ၁၀ တြင္ပါရွိသည့္ “အနည္းဆံုး ရက္ေပါင္း ၁၈၀ ထက္မနည္းဆိုသည့္ အခ်က္ကို “အနည္းဆံုး ရက္ေပါင္း ၉၀ ထက္မနည္း” ဟု အစားထိုးသြားမည္ဟု ေအာက္တိုဘာလ ၃ ရက္ေန႔ ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္သည္။

နည္းဆံုး ရက္ပိုင္း ၁၈၀ ထက္မနည္းဆိုသည့္ စကားရပ္ပဲျဖစ္ျဖစ္၊ အနည္းဆံုး ရက္ေပါင္း ၉၀ ထက္မနည္း ဆိုသည့္ စကားရပ္ပဲဆိုဆို အဆိုပါ အခ်က္ႏွစ္ခ်က္လံုးသည္ ႏို္င္ငံေရး နည္းလမ္းမွားေနေၾကာင္း၊ ထိုကဲ့သို႔ိသုိ႔ အေကာင္အထည္ေဖာ္ေနျခင္းမွာ မွားယြင္းေနေၾကာင္း ကခ်င္ျပည္နယ္ရွိ ႏိုင္ငံေရးပါတီအခ်ိဳ႕ က ေထာက္ျပထားၾကသည္။

တိုင္းလိုင္ (ရွမ္းနီ) အမ်ိဳးသားမ်ား ဖြံ႔ၿဖိဳးတိုးတက္ေရးပါတီ (TNDP) ဥကၠ႒ စိုင္းေဌးေအာင္ က “ဒီကိစၥက က်ေနာ္တို႔လည္း သေဘာမတူပါဘူး။ ဘာေၾကာင့္လဲဆုိေတာ့ ရက္ ၉၀ မေျပာနဲ႔ ရက္ေပါင္း ၁၈၀ ေတာင္ မထားသင့္ပါဘူး။ တကယ္ေတာ့ သူ႔ေဒသသူမဲေပးၾကေပါ့၊ ဗမာေတြကလည္း ကိုယ့္ေဒသကိုယ္ျပန္ေပး၊ က်ေနာ္တို႔ တုိင္းရင္းသားေတြလည္း ကိုယ့္ေဒသမွာ ကိုယ္ျပန္ေပးၾကေပါ့။ ဒါမွလည္း ကိုယ့္ေဒသမွာ ကိုယ္စားျပဳတဲ့ ကိုယ္စားလွယ္ေတြ ထြက္လာမွာေလ။ မဟုတ္ရင္ေတာ့ တျခားေဒသက လူေတြက ကိုယ္စားလွယ္ေတြလာျဖစ္ေနမွာေလေနာ္” ဟု ေျပာသည္။

ထို႔ေၾကာင့္ ေရြးေကာက္ပြဲေကာ္မရွင္ေနျဖင့္ အဆိုပါကိစၥရပ္အား အေလးအနက္ထား ျပန္လည္ စဥ္းစား သင့္သည္ဟု ကခ်င္ျပည္နယ္ ျပည္သူ႔႔ပါတီ KSPP က ေျပာသည္။

ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ (KSPP) ဥကၠ႒ ေဒါက္တာ မနမ္တူးဂ်ာက “သူတို႔ေျပာတာက ရက္ေပါင္း ၉၀ လာေနတဲ့လူေတြကို ယာယီအိမ္ေထာင္စု ထုတ္ေပးမယ္၊ ၿပီးရင္ မဲေပးခြင့္ေပးမယ္ေပါ့၊ အဲ့ဒါက က်ေနာ္ တုိ႔ ျပည္နယ္သားေတြအတြက္ နစ္နာဆံုးရံႈးမႈရွိတယ္။ ျပည္နယ္မွရွိတဲ့ ျပည္နယ္ကို ကိုယ္စားျပဳမယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ျပည္နယ္လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္၊ ျပည္သူ႔လႊတ္ေတာ္ အစရွိသျဖင့္ေပါ့ဗ်ာ အဲ့ဒါေတြကို ျပည္နယ္သားေတြကပဲ ေရြးခ်ယ္သင့္တာ၊ ရပ္ေဝးကလူေတြ လာေရြးခ်ယ္တာဆိုတာ သဘာဝမက်ဘူး။ မမွန္ကန္ဘူး။ ဘာအက်ိဳးရွိမွာလဲ။ ေရြးေကာ္က ေသခ်ာျပန္ စဥ္းစားသင့္တယ္” ဟု ေျပာသည္။

ေရႊ႕ေျပာင္းေနထုိင္သူမ်ား အေနျဖင့္ ေရာက္ရွိေနထုိင္ရာ မဲဆႏၵနယ္ေျမတြင္ ရက္ပိုင္း ၉၀ ဆက္တိုက္ ေနထုိင္ပါက မဲေပးခြင့္ျပဳမည္ဆိုသည့္ နည္းဥပေဒသည္ တုိင္းရင္းသားျပည္နယ္မ်ားအတြက္သာ နစ္နာ မႈရွိျခင္းမ်ိဳးမဟုတ္ပဲ တုိင္းေဒသႀကီးမ်ားအတြက္ပါ စိန္ေခၚမႈ တစ္ရပ္ျဖစ္သည္ဟု KNC ပါတီ က ေထာက္ျပထားသည္။

“တိုင္းေဒသႀကီးေတြဆုိရင္လည္း ရန္ကုန္တိုင္း၊ မႏၱေလးတိုင္း၊ စစ္ကိုင္းတိုင္း၊ ေနျပည္ေတာ္၊ မေကြးေပါ့ ဖြံ႔ၿဖိဳးေရးစီမံကိန္းရွိတဲ့ေနရာတုိင္းမွာေပါ့ တျခားစီမံကိန္းေတြကအစေပါ့ အဲ့ဒါအားလံုး မွာ ေဒသခံ မဟုတ္ဘူးေလ၊ အကုန္လံုးေရႊ႕ေျပာင္းၿပီးမွ ဝင္ခ်လာၾကတာ။ မေကြးတိုင္းအတြက္ ရန္ကုန္တုိင္းက လူေတြလာဆံုးျဖတ္တာ၊ ရန္ကုန္တုိင္းအတြက္ မႏၱေလးတိုင္းကလူေတြ လာဆံုးျဖတ္တာ လက္ခံလားေပါ့။ က်ေနာ္တုိ႔ေျပာေနတာက ျပည္နယ္အတြက္ပဲ မဟုတ္ဘူး။ လက္ခံလုိ႔ကိုမရဘူး” ဟု (KNC) ပါတီ ဥကၠ႒ ေဒါက္တာ M ေကာန္လ က ဆက္ေျပာသည္။

ထို႔ကဲ့သို႔ တုိင္းရင္းသားမ်ား၏ ႏုိင္ငံေရးအခြင့္အလမ္းမ်ားအား တားဆီးခ်ဳပ္ေႏွာင္သည့္ ၎နည္း ဥပေဒ ျပင္ဆင္ခ်က္ကို ျပန္လည္စဥ္းစားသံုးသပ္သင့့္သည့္အျပင္ ေရႊ႕ေျပာင္းလုပ္သားမ်ားအား ႀကိဳတင္မဲစနစ္မ်ား၊ ေနရပ္ျပန္မဲေပးသည့္ စနစ္မ်ားျဖင့္သာ တရားနည္းလမ္းက်က် အေကာင္အထည္ေဖာ္သင့္သည္ဟု ကခ်င္ျပည္နယ္အတြင္းက တိုင္းရင္းသားပါတီမ်ားက ေျပာသည္။

သို႔ေသာ္လည္း “ကခ်င္ျပည္နယ္က ကခ်င္ေတြလည္း ရန္ကုန္၊ မႏၱေလးေရာက္ေနတယ္။ ဒီကိုလည္း တျခားကလူေတြေရာက္ေနတယ္။ ဆိုေတာ့ အဲ့မွာ မဲေပးခြင့္မရမွာကိုေတာ့ စိုးရိမ္တယ္။ ေနာက္ၿပီး ေဒသခံေတြကို ဘယ္လိုသတ္မွတ္မွာလဲ၊ အဲ့ဒါေတြလည္း ရွိတယ္။ တႏုိင္ငံလံုးမွာ ေရႊ႕ေျပာင္း ေနထုိင္ေနၾကတာဆိုေတာ့ အေျခခံဥပေဒေတြကို ေသခ်ာေရးဆြဲၿပီးမွေပါ့၊ က်ေနာ္တုိ႔ ႏုိင္ငံရဲ႕ အေျခအေနက ခက္တဲ့အတြက္ေပါ့ဗ်ာ။ က်ေနာ္တုိ႔ႏုိင္ငံမွာက အေျခခံဥပေဒမွာ ေသခ်ာေရးဆြဲၿပီးေတာ့ ျပည္နယ္ဥပေဒေတြ ထြက္လာရင္ေတာ့ အဆင္ေျပလာႏုိင္တယ္။ ေလာေလာဆယ္ မဲေပးခြင့္ဆံုးရံႈးသြားမွာကိုေတာ့ စိုးရိမ္တယ္” ဟု လီဆူအမ်ိဳးသားဖြံ႔ၿဖိဳးတိုးတက္ေရးပါတီ LNDP ဥကၠ႒ ဦးေရႊမင္းက ေျပာသည္။

အဆိုပါကိစၥရပ္မ်ားအား ေျဖရွင္းႏိုင္ေရး ႏုိင္ငံတကာက ေရြးေကာက္ပြဲ ပံုစံမ်ားကို ျပန္လည္ေလ့လာ ရန္လိုအပ္သည္ဟု ဆိုသည္။

ကခ်င္ျပည္နယ္မွာ ေရႊ႕ေျပာင္းလုပ္သားမ်ားႏွင့္ ယာယီေျပာင္ေးရႊ႕ေနထိုင္သူမ်ားမွာ ဖားကန္႔ေဒသရွိ ေက်ာက္စိမ္းတူးေဖာ္ေရးလုပ္ငန္းမ်ားတြင္ ၃ သိန္းခန္႔၊ တစ္သ်ွဴးငွက္ေပ်ာ စီမံကိန္းမ်ားတြင္ ၂ သိန္းခန္႔၊ လမ္းတံတား ေဆာက္လုပ္ေရးစီမံကိန္းမ်ားတြင္ ေသာင္းႀကီးပိုင္းခန္႔ ရွိေနသည္ဟု ကခ်င္ပါတီမ်ားက ေျပာသည္။

၎တို႔မွာ ကခ်င္ျပည္နယ္အတြင္းရွိ သယံဇာတထြက္ရွိရာ ဖားကန္႔ႏွင့္ တႏုိင္းေဒသမ်ားတြင္သာမက ပူတာအို၊ ေနာင္မြန္းေဒသမ်ားအျပင္ ဝိုင္းေမာ္၊ ဗန္းေမာ္၊ မိုးေမာက္၊ လြယ္ဂ်ယ္ အစရွိသည့္ ေဒသမ်ားအထိ အမ်ားအျပားရွိေရာက္ရွိေနၾကသည္ဟု ေျပာသည္။