ဒေသခံများအား ဦးတည်တိုက်ခိုက်မှုရှောင်ရန် ရှမ်းမြောက် အရပ်ဘက် အဖွဲ့များ တောင်းဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်။
လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် တိုက်ပွဲအတွင်း ဒေသခံပြည်သူများကို ဦးတည်တိုက်ခိုက်မှုမှ ရှောင်ရှားပေးရန်နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများကို အမြန်ဆုံးရပ်တန့်ပေးရန် ရှမ်းမြောက် ဒေသခံများက တောင်းဆိုလိုက်သည်။
“အဓိကက ခုနပြောသလိုမျိုး အရပ်သား ပြည်သူတွေကို ထိခိုက်မှု မရှိအောင် လုပ်ပါ ပြီးရင် နောက်တစ်ခုက ဘာလဲဆိုတော့ ငြိမ်းချမ်းတဲ့နည်းနဲ့ အမြန်ဆုံး နည်းလမ်းရှာ ပြန်ပြီးမှ တွေ့ဆုံပြီးမှ ငြိမ်းချမ်းရေး ကို ပြန်ပြီးမှ တွေ့ဆုံ ပြီးမှ စစ်ပွဲတွေ ရပ်တန့်ဖို့အတွက်ပေါ့နော အဲဒါကို ကျမတို့က တောက်လျှောက်တောင်းဆိုနေတာပေါ့” ဟု ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဒေသခံတစ်ဦးဖြစ်သူ မိုင်းမိုင်က ပြောသည်။
“ဒီအရပ်သား ပြည်သူတွေ သွားလာတဲ့ လမ်းပေါ်မှာပဲ ခဏခဏ တိုက်ပွဲ ဖြစ်နေတယ်။ ပြီးရင် နောက်တစ်ခုက အရပ်သား တွေရှိနေတဲ့ ပြည်သူ တွေရှိနေတဲ့ ရွာတွေမှာ လက်နက်ကြီးတွေ ပစ်တယ်ဆိုတဲ့ ဟာတွေပေါ်မှာ မူတည် ပြီးတော့ ပြောချင်တာ ဖြစ်တယ်။”
လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်တိုက်ဆိုသလို ပြန်လည် ဖြစ်ပွားလာနေသည်။
တိုက်ပွဲများကြောင့် ကျေးရွာအတွင်းသို့ လက်နက်ကြီးများကျရောက်ပေါက်ကွဲသည့်အတွက် နေအိမ်များ ပျက် ဆီးခြင်း၊ ဒေသခံများမှာ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် စစ်ဘေးရှောင်များအဖြင့် ထွက်ပြေးတိမ်း ရှောင်နေရ သည့် အတွက် အဆိုပါ လုပ်ဆောင် မှုများကို နှစ်ဖက်အဖွဲ့အစည်းများအနေဖြင့် အမြန်ဆုံး ရပ်တန့် ပေးရန် တောင်း ဆိုခြင်း ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် လက်ရှိ စစ်ရေးပဋိပက္ခအတွင်း ဒေသခံပြည်သူများကို လက်နက်ကိုင် အဖွဲ့အစည်းများက ဖမ်းဆီး ထိန်းသိမ်းခြင်းများလည်း ရှိနေသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။ ဖမ်းဆီးထိန်းသိမ်း ခံရသူ များကိုလည်း အမြန်ဆုံး ပြန်လည်လွတ်ပေးရန် တောင်းဆိုသည်ဟု ဆိုသည်။
တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO က လွေးချိဆငါး က “ဒီလူငယ်တွေ ဒီပြည်သူတွေက ဘာမှ မသက်ဆိုင် ဘူး လက်နက်ကိုင် လည်း မဟုတ်သလို တကယ့်သာမန်ပြည်သူတွေ ဖြစ်နေတဲ့အပေါ်က ဒီလိုမျိုး ဦးတည် ပြီးတော့ ဖမ်းတာတို့ ခုနလိုမျိုး ဘယ်သူဘယ်ဝါ လမ်းတစ်ဝက်မှာရော ခရီးသွားနေတဲ့ အချိန်မှာ ဖမ်းမိတဲ့ပုံစံမျိုး အဲလိုမျိုး လုပ်ခြင်းသည် ပြည်သူလူထုကို ဦးတည်ပြီး တိုက်ခိုက်တဲ့ ပုံစံလို့ ကျမတို့ သုံးသပ်လို့ ရတယ်” ဟု ပြော သည်။
နိုဝင်ဘာလအတွင်းတွင် ကွတ်ခိုင်ဈေးသို့ ဈေးသွားဝယ်ရာမှ ပြန်လာသည့် လူငယ် ၂ ဦးကို အေးရှားဝေါလ် တိုးဂိတ်တွင် အရပ်ဝတ်ထားသည့် တပ်မတော်သားများမှ ဖမ်းဆီး ခေါ်ဆောင်သွားပြီး ယခုအချိန်အထိ ပြန်လည်လွတ်ပေးခြင်း မရှိသလို မိသားစုဝင်များနှင့်လည်း တွေ့ခွင့် မပေးသေးသည့် ဖြစ်စဉ်များ ရှိသည်ဟု TWO က ဆိုသည်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ လက်နက်ကိုင် အဖွဲ့အစည်းများမှ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ဦးရေ ၂၀ ကျော် လောက် ရှိနေနိုင်ပြီး သတင်းမရရှိပဲ အစအနပျောက်သွားသူများ ၎င်းတို့လက်လှမ်းမမှီသည့် ဒေသများရှိ သူများ လည်း များစွာရှိနေသေးသည်ဟု ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲ၊ လားရှိုး၊ ကွတ်ခိုင်၊ သီပေါ၊ နမ့်ဆန်၊ နမ့်ခမ်း အစရှိသည့် မြို့နယ်များတွင် တပ်မတော်နှင့် တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ် ပွားနေပြီး လက်ရှိတွင် စစ်ရေးတင်းမာမှုများရှိနေသည်ဟု သိရသည်။
တိုက်ပွဲများ ဖြစ်ပွားနေသည့် တစ်ဖက်တွင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများလည်း ရှိနေပြီး အဆိုပါ ဆွေးနွေးမှု များကို မိုင်းမိုင်က ယခုလို သုံးသပ်သည်။
“ပြီးခဲ့တဲ့ နှစ်တွေလတွေတုန်းက အနေအထားကို ကြည့်မယ်ဆိုရင် ငြိမ်းချမ်းရေး ဆွေးနွေးတိုင်း တိုက်ပွဲတွေက ပိုပို ပြင်းထန်လာတဲ့ အနေအထားကို ကျမတို့တွေ့ရတယ်။ အဲတော့ အဲဒါကို ပြောရမယ်ဆိုရင်တော့ ကျမတို့က အကျိုးစီးပွားတွေ ပြီးရင် အတ္တတွေ မာန်တွေ လျှော့ပြီးမှပေါ့နော တစ်ယောက်နဲ့ တစ်ယောက် ဖြစ်နိုင်တဲ့ လမ်း ကြောင်းကို သွားတာက ပိုပြီးမှ အဆင်ပြေမယ်လို့ မြင်တယ်။” ဟု မိုင်းမိုင်က ပြောသည်။ ပြီးရင် နောက်တစ်ခုက ဘာလဲဆိုတော့ တိုင်းရင်း သားတွေက တောင်းဆိုနေတဲ့ အချက်တွေကို လျစ်လျူမရှု့ပဲနဲ့ပေါ့နော အမြန်ဆုံး ဖော် ဆောင်နိုင် မယ်ဆိုရင် တော့ ဒီဟာ ဒီကစ္စကတော့ အများကြီး ငြိမ်းချမ်းသွားမယ်လို့တော့ ကျမတို့ မြင်တယ်။ မျှော်လင့်တယ်ပေါ့။”
နိုဝင်ဘာလ ၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ တပ်မတော်နှင့် တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့အကြား တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး တိုက်ပွဲကြောင့် ဒေသခံများမှာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံနေရသည့်အတွက် တိုက်ပွဲများကို ရပ်တန့်ပြီး ဆွေးနွေးပွဲများကို အမြန်ဆုံး လုပ် ဆောင် ပေးပါရန် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဒေသခံများနှင့် အရပ်ဖက်အဖွဲ့အစည်းများက နှစ်ဖက် လက်နက် ကိုင် အဖွဲ့အစည်းများအား တောင်းဆိုသည်ဟု ဆိုသည်။
Zawgyi…
ေဒသခံမ်ားအား ဦးတည္တိုက္ခိုက္မႈေရွာင္ရန္ ရွမ္းေျမာက္ အရပ္ဘက္ အဖြဲ႔မ်ား ေတာင္းဆို
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ႏို၀င္ဘာလ ၁၉ ရက္။
လက္နက္ကိုင္ အဖြဲ႔အစည္းမ်ားအေနျဖင့္ တိုက္ပြဲအတြင္း ေဒသခံျပည္သူမ်ားကို ဦးတည္တိုက္ခိုက္မႈမွ ေရွာင္ရွားေပးရန္ႏွင့္ ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားကို အျမန္ဆံုးရပ္တန္႔ေပးရန္ ရွမ္းေျမာက္ ေဒသခံမ်ားက ေတာင္းဆိုလိုက္သည္။
“အဓိကက ခုနေျပာသလိုမ်ိဳး အရပ္သား ျပည္သူေတြကို ထိခိုက္မႈ မရွိေအာင္ လုပ္ပါ ၿပီးရင္ ေနာက္တစ္ခုက ဘာလဲဆိုေတာ့ ၿငိမ္းခ်မ္းတဲ့နည္းနဲ႔ အျမန္ဆံုး နည္းလမ္းရွာ ျပန္ၿပီးမွ ေတြ႕ဆံုၿပီးမွ ၿငိမ္းခ်မ္းေရး ကို ျပန္ၿပီးမွ ေတြ႕ဆံု ၿပီးမွ စစ္ပြဲေတြ ရပ္တန္႔ဖို႔အတြက္ေပါ့ေနာ အဲဒါကို က်မတို႔က ေတာက္ေလွ်ာက္ေတာင္းဆိုေနတာေပါ့” ဟု ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ေဒသခံတစ္ဦးျဖစ္သူ မိုင္းမိုင္က ေျပာသည္။
“ဒီအရပ္သား ျပည္သူေတြ သြားလာတဲ့ လမ္းေပၚမွာပဲ ခဏခဏ တိုက္ပြဲ ျဖစ္ေနတယ္။ ၿပီးရင္ ေနာက္တစ္ခုက အရပ္သား ေတြရွိေနတဲ့ ျပည္သူ ေတြရွိေနတဲ့ ရြာေတြမွာ လက္နက္ႀကီးေတြ ပစ္တယ္ဆိုတဲ့ ဟာေတြေပၚမွာ မူတည္ ၿပီးေတာ့ ေျပာခ်င္တာ ျဖစ္တယ္။”
လက္ရွိတြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္းအတြင္း တိုက္ပြဲမ်ား ဆက္တိုက္ဆိုသလို ျပန္လည္ ျဖစ္ပြားလာေနသည္။
တိုက္ပြဲမ်ားေၾကာင့္ ေက်းရြာအတြင္းသို႔ လက္နက္ႀကီးမ်ားက်ေရာက္ေပါက္ကြဲသည့္အတြက္ ေနအိမ္မ်ား ပ်က္ ဆီးျခင္း၊ ေဒသခံမ်ားမွာ ထိခိုက္ဒဏ္ရာရရွိျခင္းႏွင့္ စစ္ေဘးေရွာင္မ်ားအျဖင့္ ထြက္ေျပးတိမ္း ေရွာင္ေနရ သည့္ အတြက္ အဆိုပါ လုပ္ေဆာင္ မႈမ်ားကို ႏွစ္ဖက္အဖြဲ႔အစည္းမ်ားအေနျဖင့္ အျမန္ဆံုး ရပ္တန္႔ ေပးရန္ ေတာင္း ဆိုျခင္း ျဖစ္သည္ဟု ဆိုသည္။
ထို႔အျပင္ လက္ရွိ စစ္ေရးပဋိပကၡအတြင္း ေဒသခံျပည္သူမ်ားကို လက္နက္ကိုင္ အဖြဲ႔အစည္းမ်ားက ဖမ္းဆီး ထိန္းသိမ္းျခင္းမ်ားလည္း ရွိေနသည္ဟု လူ႔အခြင့္အေရး လႈပ္ရွားသူမ်ားက ေျပာသည္။ ဖမ္းဆီးထိန္းသိမ္း ခံရသူ မ်ားကိုလည္း အျမန္ဆံုး ျပန္လည္လြတ္ေပးရန္ ေတာင္းဆိုသည္ဟု ဆိုသည္။
တအာင္းအမ်ိဳးသမီးအဖြဲ႔အစည္း TWO က ေလြးခ်ိဆငါး က “ဒီလူငယ္ေတြ ဒီျပည္သူေတြက ဘာမွ မသက္ဆိုင္ ဘူး လက္နက္ကိုင္ လည္း မဟုတ္သလို တကယ့္သာမန္ျပည္သူေတြ ျဖစ္ေနတဲ့အေပၚက ဒီလိုမ်ိဳး ဦးတည္ ၿပီးေတာ့ ဖမ္းတာတို႔ ခုနလိုမ်ိဳး ဘယ္သူဘယ္ဝါ လမ္းတစ္၀က္မွာေရာ ခရီးသြားေနတဲ့ အခ်ိန္မွာ ဖမ္းမိတဲ့ပံုစံမ်ိဳး အဲလိုမ်ိဳး လုပ္ျခင္းသည္ ျပည္သူလူထုကို ဦးတည္ၿပီး တိုက္ခိုက္တဲ့ ပံုစံလို႔ က်မတို႔ သံုးသပ္လို႔ ရတယ္” ဟု ေျပာ သည္။
ႏို၀င္ဘာလအတြင္းတြင္ ကြတ္ခိုင္ေစ်းသို႔ ေစ်းသြား၀ယ္ရာမွ ျပန္လာသည့္ လူငယ္ ၂ ဦးကို ေအးရွားေဝါလ္ တိုးဂိတ္တြင္ အရပ္၀တ္ထားသည့္ တပ္မေတာ္သားမ်ားမွ ဖမ္းဆီး ေခၚေဆာင္သြားၿပီး ယခုအခ်ိန္အထိ ျပန္လည္လြတ္ေပးျခင္း မရွိသလို မိသားစု၀င္မ်ားႏွင့္လည္း ေတြ႕ခြင့္ မေပးေသးသည့္ ျဖစ္စဥ္မ်ား ရွိသည္ဟု TWO က ဆိုသည္။
၂၀၁၉ ခုႏွစ္ ႏို၀င္ဘာလအထိ လက္နက္ကိုင္ အဖြဲ႔အစည္းမ်ားမွ ဖမ္းဆီးထိန္းသိမ္းခံထားရသူ ဦးေရ ၂၀ ေက်ာ္ ေလာက္ ရွိေနႏိုင္ၿပီး သတင္းမရရွိပဲ အစအနေပ်ာက္သြားသူမ်ား ၎တို႔လက္လွမ္းမမွီသည့္ ေဒသမ်ားရွိ သူမ်ား လည္း မ်ားစြာရွိေနေသးသည္ဟု ဆိုသည္။
ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ ေက်ာက္မဲ၊ လားရႈိး၊ ကြတ္ခိုင္၊ သီေပါ၊ နမ့္ဆန္၊ နမ့္ခမ္း အစရွိသည့္ ၿမိဳ႕နယ္မ်ားတြင္ တပ္မေတာ္ႏွင့္ တအန္း(ပေလာင္) အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္တို႔အၾကား တိုက္ပြဲမ်ား ျဖစ္ ပြားေနၿပီး လက္ရွိတြင္ စစ္ေရးတင္းမာမႈမ်ားရွိေနသည္ဟု သိရသည္။
တိုက္ပြဲမ်ား ျဖစ္ပြားေနသည့္ တစ္ဖက္တြင္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈမ်ားလည္း ရွိေနၿပီး အဆိုပါ ေဆြးေႏြးမႈ မ်ားကို မိုင္းမိုင္က ယခုလို သံုးသပ္သည္။
“ၿပီးခဲ့တဲ့ ႏွစ္ေတြလေတြတုန္းက အေနအထားကို ၾကည့္မယ္ဆိုရင္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးတိုင္း တိုက္ပြဲေတြက ပိုပို ျပင္းထန္လာတဲ့ အေနအထားကို က်မတို႔ေတြ႕ရတယ္။ အဲေတာ့ အဲဒါကို ေျပာရမယ္ဆိုရင္ေတာ့ က်မတို႔က အက်ိဳးစီးပြားေတြ ၿပီးရင္ အတၱေတြ မာန္ေတြ ေလွ်ာ့ၿပီးမွေပါ့ေနာ တစ္ေယာက္နဲ႔ တစ္ေယာက္ ျဖစ္ႏိုင္တဲ့ လမ္း ေၾကာင္းကို သြားတာက ပိုၿပီးမွ အဆင္ေျပမယ္လို႔ ျမင္တယ္။” ဟု မိုင္းမိုင္က ေျပာသည္။ ၿပီးရင္ ေနာက္တစ္ခုက ဘာလဲဆိုေတာ့ တိုင္းရင္း သားေတြက ေတာင္းဆိုေနတဲ့ အခ်က္ေတြကို လ်စ္လ်ဴမရႈ႕ပဲနဲ႔ေပါ့ေနာ အျမန္ဆံုး ေဖာ္ ေဆာင္ႏိုင္ မယ္ဆိုရင္ ေတာ့ ဒီဟာ ဒီကစၥကေတာ့ အမ်ားႀကီး ၿငိမ္းခ်မ္းသြားမယ္လို႔ေတာ့ က်မတို႔ ျမင္တယ္။ ေမွ်ာ္လင့္တယ္ေပါ့။”
ႏို၀င္ဘာလ ၁ ရက္ေန႔မွ ၁၇ ရက္ေန႔အထိ တပ္မေတာ္ႏွင့္ တအန္း(ပေလာင္) အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္တို႔အၾကား တိုက္ပြဲမ်ား ခပ္စိပ္စိပ္ ျဖစ္ပြားလာၿပီး တိုက္ပြဲေၾကာင့္ ေဒသခံမ်ားမွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ားကို ခံေနရသည့္အတြက္ တိုက္ပြဲမ်ားကို ရပ္တန္႔ၿပီး ေဆြးေႏြးပြဲမ်ားကို အျမန္ဆံုး လုပ္ ေဆာင္ ေပးပါရန္ ရွမ္းျပည္နယ္ ေျမာက္ပိုင္းရွိ ေဒသခံမ်ားႏွင့္ အရပ္ဖက္အဖြဲ႔အစည္းမ်ားက ႏွစ္ဖက္ လက္နက္ ကိုင္ အဖြဲ႔အစည္းမ်ားအား ေတာင္းဆိုသည္ဟု ဆိုသည္။