ငြိမ်းချမ်းရေးကော်မရှင် နှင့် NCA အပစ်ရပ် ၁၀ ဖွဲ့ တွေ့ဆုံ ( ဓါတ်ပုံ)
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့။
အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၁၀ ဖွဲ့ NCA EAOs တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ နံနက် ၁၀ နာရီက တွေ့ဆုံဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲတွင် JICM အမြန်ဆုံး ကျင်းပနိုင်ရေးကိစ္စ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေး မတ်လအတွင်း ကျင်းပနိုင်ရေး ကိစ္စ၊ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ခရီးစဉ် ဖြစ်ပွားခဲ့မှုအပေါ် EAO ခေါင်းဆောင်များ နောက်နောင်မဖြစ်ပေါ်ရေး ကြိုတင်ပြင်ဆင်နိုင်ရေးကိစ္စ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ လက်ရှိရင်ဆိုင်ကြုံတွေ့နေကြရသည့် အခက်အခဲ များနှင့် အစိုးရမှ နိုင်ငံတကာ ဖိအားပေးမှု ကြုံနေရသည့် အခြေအနေများအား ဆွေးနွေးခဲ့သည်ဟု သိရသည်။
ယနေ့ အစည်းအဝေးကို အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC အဖွဲ့မှ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ( အငြိမ်းစား) မှ ခေါင်းဆောင်၍ အဖွဲ့ဝင် ဦးဇော်ဌေး၊ ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦး တို့ တက်ရောက်ခဲ့ကြသည်။
တိုင်းရင်သား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၁၀ ဖွဲ့မှ ဗိုလ်မှူးကြီး စိုင်းငင်း ခေါင်းဆောင်၍ ဦးမျိုုးဝင်း၊ စောမြရာဇာလင်း၊ ဗိုလ်မှုးကြီး ဆော်လမွန်၊ ဆလိုင်း ထလာဟေး၊ ခွန်မြင့်ထွန်း၊ ဗိုလ်မှုးကြီး စောစိန်ဝင်း၊ ဗိုလ်မှုးကြီး စောကျော်ညွန့်၊ နိုင်အောင်မငေး၊ စောထောနီ တို့ တက်ရောက်ခဲ့ကြသည်။