ငြိမ်းချမ်းရေးအတွက်ဖက်ဒရယ် အပိုင်း (၅၃)

အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ အမှုရင်ဆိုင်ခဲ့ရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် သွားရောက် ကြားနာပြီး ထွက်ဆိုခဲ့ပါတယ်။

အစိုးရအနေနဲ့ ICJ ရုံးတော်မှာ တာဝန်ခံ တာဝန်ယူပြီး ရင်ဆိုင်ဖြေရှင်းတဲ့အပေါ် အပစ်ရပ်အဖွဲ့တွေအနေနဲ့ အသိအမှတ်ပြုကြောင်း၊ ဖြေရှင်းအဖြေရှာရာမှာလည်း တရားမျှတမှုနဲ့ အမှန်တရားအတွက် အဖြေရှာနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

မိုင်ဂျာယန်မှာ ဖွင့်လှစ်ထားတဲ့ ဖက်ဒရယ် ဥပဒေအကယ်ဒမီကျောင်းက ဥပဒေကျောင်းသားတွေကတော့ အခုလို မြန်မာနိုင်ငံအနေနဲ့ ICJ တရားရုံးတော်ကို ရောက်သွားတာဟာ တခြားတိုင်းရင်းသားတွေ နှစ်ပေါင်း ၇၀ ကျော်အကြာ ကြုံတွေ့ ခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေအတွက် တစ်စုံတစ်ရာ အထောက် အကူပြုနိုင်တယ်လို့ ဆိုကြပါတယ်။ ဒီအခြေအနေက ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ဘယ်လိုအထောက်အကူပြုနိုင်သလဲ၊ ဥပဒေပညာရှင်တွေက ဘယ်လိုသုံးသပ်ထားပါသလဲ။

ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဒီတပတ်မှာ တင်ဆက်ပေးပါ့မယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ရး၄၅ မှာ အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့်ပေး နေပြီဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို တနလာၤနေ့ မနက် – ၉း၄၅၊ ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅ ကြာသာပတေးနေ့ – ည ၁၀း၄၅ တို့မှာ Mizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။