ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း ၅၄

ရခိုင်ပြည်နယ်၊ ရှမ်းမြောက်ဒေသနဲ့ ကချင်ပြည်နယ်တို့လို အပစ်ရပ်လက်မှတ်မထိုးသေးပဲ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတဲ့ ဒေသနဲ့ စစ်ရေး ပဋိပက္ခ ဇုံထဲမှာ နေရတဲ့ သူတွေအတွက်တော့ စိန်ခေါ်မှုတွေ အများကြီးရှိနေပါတယ်။ အဲ့ဒီစိန်ခေါ်မှုတွေထဲမှာ အဓိကတော့ လုံခြုံရေးဆိုတဲ့ ကဏ္ဍကတော့ အကြီးမားဆုံးပဲလို့ ဆိုကြပါတယ်။

စစ်ရေးပဋိပက္ခဇုံထဲက အမျိုးသမီးတွေပဲ ဒီလုံခြုံရေးအပိုင်းမှာ စိန်ခေါ်မှုတွေကြုံနေရတာလားဆိုတော့ မဟုတ်ပါဘူး။ နှစ်ပေါင်း ၇၀ ကျော်အကြာ ပြည်တွင်းစစ်မီးထဲမှာ ရှင်သန်ခဲ့ကြတဲ့ မြန်မာနိုင်ငံထဲက အမျိုး သမီးအားလုံးမှာ လုံခြုံမှု ဆိုတာ လုံးဝမရှိဘူးလို့ပြောနေကြပါတယ်။ တိုက်ပွဲတွေ မရှိတဲ့ မြို့ ကြီးပြ ကြီးတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိတဲ့ ဒေသအသီးသီးအပြင် တခြားမြို့နယ်အသီးသီးက အမျိုးသမီးတွေလည်း ဒီခံစားချက်မျိုးရှိနေတယ်လို့ ပြောကြပါတယ်။

ဥပဒေစိုးမိုးရေးနဲ့ ဖက်ဒရယ်ရှုထောင့်ကနေ အမျိုးသမီးတွေရဲ့ လုံခြုံရေးကို အဆင့်ဆင့်ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ တောင်းဆို ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

နှစ်ပေါင်း ၇၀ ကျော် စစ်ရေးပဋိပက္ခနောက်ဆက်တွဲပြဿနာများကြောင့် ဖြစ်ပေါ်လာတဲ့ လုံခြုံရေးပြဿနာ၊ နိုင်ငံတကာ သဘောတူစာချုပ်များကို လိုက်နာဖော်ဆောင်ခြင်းမရှိတဲ့အတွက် ပေါ်ပေါက်လာတဲ့ အမျိုးသမီး များရဲ့ လုံခြုံရေးပြဿနာတွေနဲ့ ပတ်သက်ပြီး ဒီတပတ်မှာ တင်ဆက်ပေးပါ့မယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ရး၄၅ မှာ အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့်ပေး နေပြီဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို တနလာၤနေ့ မနက် – ၉း၄၅၊ ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅ ကြာသာပတေးနေ့ – ည ၁၀း၄၅ တို့မှာ Mizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။