တိုင်းရင်းသား ဘာသာ သတင်း အစီအစဉ် ( မြန်မာဘာသာ) ၂၄ – ၂ – ၂၀၂၀။

ကရင်ပြည်နယ်မှာတော့ မြေယာကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရတာဝန် ရှိသူတွေက ဖယ်ရှားရှင်းလင်းမှုတွေလုပ်ခဲ့ရာမှာ ဒေသခံပြည်သူ ၁၅ ဦး ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်မှာတော့ ဘိလပ်မြေစက်ရုံကသင်္ဘောတွေ ဖြတ်သန်းသွားလာနေတဲ့အတွက် စေတီတော်ရင်ပြင် အက်ကြောင်းဖြစ်ပေါ်လာပြီး တစ်ခြမ်းနိမ့်ကျလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ်က စစ်ဘေးရှောင်တွေဟာ နေရပ်ပြန်ဖို့မဖြစ်နိုင်သေးတာကြောင့် ပြောင်းရွှေ့ အခြေချနေထိုင်နိုင်ရေးအတွက် မြေနေရာတစ်ခု စီစဉ်ပေးစေချင်တယ်လို့ စစ်ဘေးရှောင်တွေက ပြောဆိုလိုက်ပါတယ်။

ZawGyi



