COVID-19 ကာကွယ်ရေးတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်ရန် တိကျသော ပူးပေါင်းမှု ယန္တယားလိုအပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မေလ ၇ ရက်။
COVID- 19 ရောဂါ ကာကွယ် တားဆီးရေး လုပ်ငန်းများကို ထိရောက်စွာ လုပ်ဆောင်နိုင်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ လက်အောက်ရှိ ကျန်းမာရေး အဖွဲ့နှင့် အစိုးရ ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း လုပ်ဆောင်နိုင်သည့် အခင်းအကျင်းတစ်ရပ်ကို ဖန်တီးပေးရန် တိုင်းရင်းသား ကျန်းမာရေး ကော်မ တီ EHC က တောင်းဆိုလိုက်သည်။
တိုင်းရင်းသား ကျန်းမာရေး ကော်မတီ EHC မှ တွဲဖက်အတွင်းရေးမှူး စောနေထူးက “အစိုးရ ကျန်းမာရေး ဌာနနဲ့ ဒီဖက်က တိုင်းရင်းသား ကျန်းမာရေးဌာနတွေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ ယုံကြည်ချက် ရှိတယ် ဆို ရင်တော့ ဒါ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်အသိအ မှတ်ပြုတဲ့ စနစ်တွေ အပြန်အလှန် အသိအမှတ်ပြုတဲ့ နည်းနာတွေ ကျနော်တို့ ရှိဖု့ိလိုအပ်မယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီး ကျန်းမာရေး အားကစား ဦးစီးဌာနနဲ့ ကျနော်တို့ ဒီဖက် ဒီတိုင်းရင်းသား ကျန်းမာရေးဌာနတွေနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ ဒီ coordination mechanism (ပူးပေါင်းလုပ်ဆောင်မှု ယန္တယား) တစ်ခု ရှိဖို့တော့လိုမယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က Covid-19 ကာကွယ် ထိန်းချုပ် ကုသ ရေးနှင့် စပ်လျဉ်း၍ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေး ကော်မတီကို လက်မှတ်ရေးထိုးကာ ထုတ်ပြန်ခဲ့သည်။
အဆိုပါကော်မတီတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှ ဒု-ဥက္ကဋ္ဌ (၂) ဒေါက် တာ တင်မျိုးဝင်း က ဥက္ကဌ၊ ငြိမ်းချမ်း ရေးကော်မရှင် အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) က ဒု-ဥက္ကဋ္ဌ၊ တိုင်းရင်းသားလူမျိုးများ ရေးရာ ဒု-ဝန်ကြီး ဦးလှမော်ဦးက အတွင်းရေးမှူး၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေး အဖွဲ့ဝင် ဦးမိုးဇော်ဦးက အဖွဲ့ဝင်အဖြစ် ပါဝင်သည်။
သမ္မတက ဖွဲ့စည်းပေးလိုက်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ် ဆောင် မည့် ကော်မတီသည် မည်ကဲ့သို့ ပူးပေါင်းလုပ်ဆောင်မည်ဆိုသည့် တိကျရှင်းလင်းသည့် ပုံစံကိုမတွေ့ ရ သည့် အတွက် တိကျရှင်းလင်းသည့် ကော်မတီကို တိုးချဲ့ဖွဲ့စည်းပေးရန် တောင်းဆိုခြင်းဖြစ်သည်ဟု တိုင်း ရင်းသား ကျန်းမာရေး ကော်မတီ EHC မှ ဒု-ဥက္ကဋ္ဌ နိုင်ဗညားမွန် က ပြောသည်။
“ဒီ NRPC က ၃ ယောက်နဲ့ ဒီဝန်ကြီးဌာန ဆိုပြီးတော့ တိုင်းရင်းသား ရေးရာ ဝန်ကြီးနှင့် ဒု-ဝန်ကြီး တစ် ယောက်သာပါတယ်။ ဆိုတော့ ပြည်နယ်အဆင့်မှာ ပြည်နယ်အဆင့်နဲ့ ပတ်သက်တဲ့ ပြည်နယ် အစိုးရ ရယ် နောက်ပြီးတော့ တကယ်တမ်း ရောဂါတိုက် ဖျက်ရေးမှာ တကယ် အရေးပါတဲ့ ပြည်ထဲရေးတို့ နယ်စပ် ရေးရာ ဝန်ကြီးဌာနတွေလည်း မပါနေဘူး။ ဒီအပေါ်မှာကျတော့ ဒီထက်ပိုမို တိကျတဲ့ အလုပ်လုပ်နိုင်တဲ့ လုပ်ငန်းကော်မတီတွေ တိုးချဲ့ပြီး လုပ်ဆောင်နိုင်မယ်ဆိုလို့ရှိရင် ဒါကဒီ ကျနော်တို့ တိုင်းရင်းသား ဒေသမှာ ကျန်းမာရေး ဖော်ဆောင်မှု လုပ်ငန်းကို ထိရောက်စွာ လုပ်ဆောင် နိုင်မယ်လို့ ကျနော်ယူဆတယ်။”
ထို့အပြင် တိုင်းရင်းသား ကျန်းမာရေး အဖွဲ့များ၏ COVID- 19 ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်း လုပ် ဆောင်မှုအပေါ် ခြိမ်းခြောက် တားမြစ်ခြင်းနှင့် စစ်ပွဲများကို ရပ်တန့်ပေးနိုင်မှသာ ရောဂါကာကွယ်တားဆီး ရေး လုပ်ငန်းများကို ထိရောက်စွာ လုပ်ဆောင်နိုင်မည်ဟု စောနေထူးက ဆက်ပြောသည်။
စောနေထူးက “နောက်တစ်ခုက ဒါတွေ အကောင်အထည် ဖော်ဖို့ဆိုတာကလည်း ပြောတစ်မျိုး လုပ်တစ်မျိုး မဟုတ်ပဲနဲ့ ပြည်တွင်းမှာ တကယ် သေနတ်သံတွေ ကြားနေရမယ်ဆိုရင်တော့ ဒါတွေကို အကောင်အထည် ဖော်ဖို့ ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စ။ အဲဒါကြောင့် လက်တွေ့ကျကျ ပြောရမယ်ဆိုရင်တော့ ပြည်တွင်းမှာ ဖြစ် နေတဲ့ စစ်မက်ပဋိပက္ခတွေကို ရပ်တန့်ပေးဖို့တော့ အရေးကြီးတယ်။ ဒါတွေ လုပ်နိုင်မှပဲ ကျနော်တို့ လိုချင်တဲ့ COVID- 19 တိုက်ဖျတ်ရေး ကိစ္စတွေ နောက်တစ်ဆင့်ဆိုရင်တော့ ငြိမ်းချမ်းရေး ကိစ္စတွေ ရယူနိုင်လိမ့်မယ်” ဟု ပြောသည်။
တိုင်းရင်းသား ကျန်းမာရေး ကော်မတီ EHC မှ ဒု-ဥက္ကဋ္ဌ နိုင်ဗညားမွန်ကလည်း “အခုဖြစ်ရှိနေတဲ့ COVID- 19 ရောဂါ တိုက်ဖျတ်ရေးမှာ အဟန့်အတား ဖြစ်စေတဲ့ စစ်ရေးပဋိပက္ခလိုမျိုး ခြိမ်းခြောက်မှုလိုမျိုး တားဆီး နိုင်မယ်ဆိုရင် ဒါက COVID- 19 ရောဂါတိုက်ဖျတ်ရေးမှာ ပိုပြီးထိရောက် မယ်လို့ ကျနော်ယူဆပါတယ်” ဟုပြောသည်။
NCA လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသား အစည်းအရုံး KNU နှင့် ရှမ်းပြည်ပြန်လည် ထူထောင် ရေး ကောင်စီ RCSS နယ်မြေများတွင် COVID- 19 ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများ လုပ်ဆောင် ခြင်းကို တပ်မတော်က ပိတ်ပင်တားဆီးမှုများနှင့် တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်း ပြည်နယ်မြောက်ပိုင်းနှင့် လမ်းဖောက်လုပ်မှုကြောင့် စစ်ရေးပဋိပက္ခ ဖြစ်နေသည့် ကရင်ပြည်နယ်မှ အခြေအနေများကို EHC က ထောက်ပြပြောဆို သွားခြင်းဖြစ်သည်။
COVID- 19 ရာဂါသည့် ကမ္ဘာ့ကပ်ရောဂါဖြစ်သည့်အတွက် အတူတကွပူးပေါင်းလုပ်ဆောင်ကြရန်နှင့် လက် ရှိဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် စစ်ရေးပဋိပက္ခများကို ရပ်တန့်ပြီး ရောဂါကာကွယ်တားဆီးရေးကို တစ် ပြေးညီ လုပ်ဆောင်ရန်လိုသည် ဟု တိုင်းရင်းသား ကျန်းမာရေး ကော်မတီ EHC ဆိုသည်။
လက်ရှိမြန်မာနိုင်ငံတွင် COVID- 19 ရောဂါ ဓာတ်ခွဲစစ်ဆေးသူ ၉၉၈၀ ဦးအနက် ရောဂါကူးစက်ခံရသူ ၁၆၂ ယောက်၊ ရောဂါမှပြန်လည် သက်သာလာသူ ၅၀ ဦးရှိပြီး ရောဂါကြောင့်သေဆုံးသူ ၆ ယောက် ရှိပြီဖြစ် သည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။